
ပြစ်မှုတစ်ခု
ကျူးလွန်ဖူးလို့တော့
မဟုတ်ပါ
အမှောင်ငယ်က
ချောင်ကွယ်မှာ
နေတတ်တာက
ငါ့အကျင့်ပါ
အလင်းရှေ့ကို
တိုးဖို့အားယူရင်း
မ၀ံ့မရဲ
နောက်ဆုတ်ရတာက
အမြဲ
မချင့်ရဲချင့်ရဲ
စိတ်တွေနဲ့မို့
စိတ်မရှည်ခဲ့လို့ရှိရင်
နင်ဆဲနေကျစကားလိုပဲ
ငါ့ကိုအကြိမ်ကြိမ် သေဆုံးခွင့်ပြုပါ.....
8 comments:
ဘယ်လိုဆဲလဲ ...( ဒီမသာလေး သေကိုမသေနိုင်ဘူး ) တဲ့လား ဟိဟိ ခံစားချက်တွေ ခံစားချက်တွေ အန်ကျကုန်ပြီး သိပ်မသောက်နဲ့ လို့ ပြောသားပဲ အခုတော့..........။
သေဆုံးခွင့်ပြုလိုက်သည်။ အဟိ။ :P
ကိုရွှာသားလေး ကြံကြီးစီရာဗျာ ၊၊ မလုပ်ပါနဲ့ဦး ၊၊ မိန်းမတောင် ယူရသေး
ဝူးဟုတ် ၊၊ ဟားဟား ၊၊ ခင်မင်လို့စသွားပါတယ်ဗျာ၊၊
ကိုကြီးဝီ
ကဲ ဆွီဇာလန်သွားချင်ရင်လည်း တဲ့တဲ့ပြောလေ။
အီဂျစ်ကအပြန် ဒေါ်လေးဆီဝင်ခဲ့။ အပြန်ကျ လိုက်ပို့ မယ်။
သင်သွားလိုရာသွားနိုင်သည်..
ခွင့်ပြုလိုက်သည်...:P
မဟုတ်တာ။
သူက ဒီလိုပဲ ပြောသလား။
စိတ်မကောင်းလိုက်တာ ရွာသားရာ။
ကျွန်တော်ထင်တာ မလွဲဘူးဆိုရင်တော့ မိန်းကလေးတွေ ပြောနေကျ သေလိုက်ပါလား ပဲဖြစ်ရမယ် ဟုတ်တယ်ဟုတ်
နောက်ပြန်မဆုတ်ပါနဲ့ 
အလင်းရှေ့ ကိုဆက်တိုးနိုင်ဖို့ အတွက်
သေဆုံးခွင့်ကို တောင်းဆိုဖို့ 
သိပ်စောလွန်းတယ်
Post a Comment