13 October 2008

မျက်ဝန်းညို


ပုံမှန်ပါပဲ။ အညိုရောင်အနားသတ်တွေနဲ့ အနက်ရောင်လေးတွေနဲ့ မျက်သားအဖြူရောင်နဲ့ပါပဲ။ မျက်ဆံတွေကတော့ ခပ်ညိုညို။ ဒါပေမယ့် အဲဒီမျက်ဝန်းညိုတွေကို ကျနော်ချစ်တယ်။

မိုးလေသာတဲ့တစ်နေ့မှာ Supermarket တစ်ခုကို ဈေးဝယ်ထွက်ခဲ့မိတယ်။ မသွားမဖြစ်တဲ့ကောင်တာတွေက စာအုပ်စင်နဲ့ သီချင်းခွေတွေရှိတဲ့နေရာတွေပေါ့။ အခုဒီလထွက်တဲ့ သီချင်းခွေနားမှ ခပ်ကြာကြာရပ်နေမိတယ်။

တဖျပ်ဖျပ်နဲ့ အခွေတွေလဲသွားတာ တွေ့လိုက်တယ်။ ဟိုဘက်အခြမ်းကပဲ။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အသံနောက်ကိုခြေရာခံမိတော့ မျက်နှာချင်းဆိုင်က မျက်ဝန်းညိုကို တွေ့ခဲ့သည်ပေါ့။ ကြောက်ရွှံ့ခြင်းမဟုတ်ပဲ ကြံရာမရ ဖြစ်နေတဲ့ မျက်ဝန်းရယ်လေ။ အတန်းချိန်နီးပြီမို့ အပြေးအလွှားပြန်ထွက်လာပေမယ့် ဒီမျက်ဝန်းက ညှို့ခဲ့သည်ပါ။ လှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ မျက်ဝန်းလို့များ ရေရွတ်ခဲ့မိလေသလား။

မြင်ဖူးတာပေါ့ သွားရင်းလာရင်း မျက်ဝန်းမျိုးစုံကို။ ကလေးငယ်ငယ်လေးကနေ ဘကြီးဘဒွေး ဘွားလေး ကြီးဒေါ်တွေအထိ။ ဒါပေမယ့် ဘယ်မျက်ဝန်းကိုမှ ကျနော်မစွဲလမ်းဖူးလေ။ ဖျတ်ခနဲ့ အတွေ့မှာ တစ်သက်မမေ့နိုင်တော့တဲ့ မျက်ဝန်းအစုံဖြစ်ရအောင်ထိပါ။

သတိထားမိမလားပဲ။ လူတွေအားလုံးရဲ့စိတ်ခံစားမှုကို အဲဒီမျက်ဝန်းတွေက တစ်ဆင့်မြင်ရသတဲ့။ အရယ်အပြုံးအရာအားလုံးကို အဲဒီမျက်ဝန်းက စတင်တယ်ဆိုပဲ။ အပြစ်လုပ်ထားတဲ့ မျက်ဝန်းရဲ့ မရိုးသားမှုကိုလည်း ထင်ဟပ်ပေါ်လွင်စေတယ်။ စိတ်တိုတဲ့မျက်ဝန်း၊ စိတ်ဓါတ်ကျနေတဲ့ မျက်ဝန်း၊ အပျော်တွေနဲ့မျက်ဝန်း၊ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်း… အိုးများပြားလိုက်တဲ့ မျက်ဝန်းတွေကြားထဲမှာ ကျနော်စွဲလမ်းမိသွားတာက အဲဒီနေ့က မျက်ဝန်းညိုတစ်ခုတည်းကိုပါ။

ကျနော်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ မျက်ဝန်းပိုင်ရှင်ရဲ့ စိတ်ကကြည်လင်ရှင်းသန့်နေမယ်ထင်တယ်။ လောဘဒေါသမောဟ ဆိုတဲ့ အရာတွေကင်းစင်နေတဲ့ အကြည်ဓါတ်ကြောင့် ကျနော်ညွှတ်နူးသွားတာဖြစ်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမျက်ဝန်းညိုကို ကျနော်နောက်ထပ်မတွေ့ရတော့လို့ပါ။

ဘာပဲဖြစ်ဖြစ် အဲဒီအပြစ်ကင်းတဲ့ မျက်ဝန်းညိုကို ကျနော်ချစ်မိသွားတာ ယနေ့ထက်ထိ……

5 comments:

Anonymous said...

အဲ့ဒါ အရုပ်မလေးမဟုတ်လား မြင်ဖူးတယ် ဆံပင်ဝါ၂လေးနဲ့ အရုပ်လေးတွေ မျက်ဝန်းက ညိုနေတယ် လူရှိန်အောင်မလုပ်ပါနဲ့ ညီလေးရာ အာလူးလာမပေးနဲ့  လေတွေနည်းနည်းလျှော့ :D

ကိုရုပ်ဆိုး said...

အာ ... အဲ့ဒါ ကောင်မလေးမျက်ဝန်းက သူ ၀တ်ထားတဲ့ အင်္ကျီအရောင် လာဟပ်တာနေလိမ့်မယ်။ ယောဂီ ၀တ်စုံလေးနဲ့ဆိုတော့ အေးချမ်းပြီး၊ အင်္ကျီအရောင် “အညိုရောင်”လေး လာဟပ်နေလို့ မျက်ဝန်းညိုလေး ဖြစ်သွားတာ။ :)

ဗီလိန် said...

အဲဒါ ကျနော်သိတယ်။ မျက်ဝန်းချိုရဲ့အစ်မ။ :)

ရွှေပြည်သူ (ShwePyiThu) said...

မျက်လုံးချည်းပဲတွေ့တာလား? ကြောက်စရာကြီး ကိုရွာသားလေးရယ်း)) စတာ... ဖတ်ရတာ တကယ်ကို Romantic ဖြစ်ပါတယ်...

Unknown said...

အစွဲအလန်းကြီးပါ့ကွယ်
မျက်ဝန်းညိုတဲ့လား
ဟိုတခါ မမပြောသလို ရေးပါလား
ခါကိုချနေရမယ်