20 July 2009

ဧည့်ခန်းဆောင်ထဲက ခံစားချက်

အသံတွေတိတ်ဆိတ်လို့………………………………………………………………………………….

တခါတလေ ကြားရပါလိမ့်မယ် တိုးတိုးတိတ်တိတ်ကြားက နီးလာလိုက် ဝေးလာလိုက် ခပ်ဖွဖွခြေသံတွေ။ တစ်ချက်တစ်ချက်လည်း ပွတ်တိုက်သွားမိမလိုလို။ ဒါပေမယ့် ငါတစ်ယောက်တည်းရယ်ပါလေ..

ဒီဧည့်ခန်းဆောင်မှာ ရောက်နေတာကြာခဲ့ပါပြီ။ ကိုယ်တိုင် ဟန်တွေဝံ့ မာန်တွေတင့်ပြီး အခန့်သားလာ ထိုင်နေတာတော့ မဟုတ်ပါဘူး။ မြတ်မြတ်နိုးနိုးလေးလေးစားစား အသွင်နဲ့ ဒီနေရာမှာ လာချထားခဲ့တာ။ ငွေကြေးနဲ့ မဟုတ်ပေမယ့် ဧည့်ခန်းဆောင်မှာ ထားဖို့ တစ်ခုခုတော့ အားထုတ်ခဲ့ရမှာပါ။ ယုတ်စွအဆုံး လက်ကလေးတွေတော့ လှုပ်ရှားရမှာပေါ့။

အခုတော့….

ဒူးနေရာ ဒူး တော်နေရာတော် ဆိုတာသိပါတယ်။ ဒါပေမယ့် ဧည့်ခန်းဆောင်ထဲမှာ ငုတ်တုတ်မေ့ရမယ့် အရာထက် ဧည့်ခန်းဆောင်ထဲကို ၀င်ခွင့်မရတဲ့ အရာတစ်ခု၊ ဒါမှမဟုတ် ဧည့်ခန်းဆောင်လှပရေးမှာ တံမြက်စည်းလေးဖြစ်ဖြစ် ခြေသုတ်ဖုံလေးဖြစ်ဖြစ်၊ ကြက်မွှေးလေးပဲဖြစ်ဖြစ် ဖြစ်ချင်နေမိတယ်။

ဧည့်ခန်းဆောင်ထဲကို ၀င်ခွင့်မရခဲ့ရင်လည်း အကောင်းလေ။ တန်ရာတန်ရာပေါ့။ အဝေးက ဧည့်ခန်းလေးကို ငေးရင်း ဖြေသာနိုင်မှာ သေချာပါတယ်။

ဧည့်ခန်းဆောင် အသုံးချခံပစ္စည်းတစ်ခုဆိုရင်လည်း ကျေနပ်မိမှာပါပဲ။ အနည်းဆုံး ကိုယ်ဟာ အသုံးဝင်ခဲ့တယ်ပေါ့။ ပြက္ခဒိန်ဆိုလည်း သူ့အရွက်တွေ ဆုတ်ဖြဲခံနေရရင်တောင် ကျေနပ်မိမှာပါပဲ။ သူ့ကိုစောင့်ကြည့်တဲ့ သူရှိတယ်လေ။

ဒါပေမယ့် တစ်ခုတော့ ပြောနိုင်ပါတယ်။ ဧည့်ခန်းထဲဝင်လာတဲ့သူတွေ မြင်နိုင်သားလို့။ တစ်ယောက်ယောက်တော့ ကြည့်မိပါလိမ့်မယ်။ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ တစ်ယောက်ယောက်ကို ဘယ်အချိန်ထိစောင့်ရမလဲ။

ပြီးတော့ ခန်းနားကြီးကျယ်တဲ့ ဧည့်ခန်းဆောင်ထဲမှာ တန်ရာတန်ဖိုး ကြီးတဲ့ အရာတွေကလည်း အဆောင်ဆောင်တခမ်းတနား။ ရွှေ ရွှေချင်းထပ်မြတ်၊ နေနဲ့လ ရွှေနဲ့မြတွေ ရဲ့ကြားမှာ ကိုယ်က အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါရယ်လို့ ပြောရဆိုရအောင်လည်း မဟုတ်။ မရဲတရဲ ချောင်းကြည့်နေရတဲ့ ကိုယ့်အဖြစ်မို့ ကိုယ်ဟာကိုယ် အားငယ်တယ်လည်းဆိုပါတော့။

တကယ်တမ်းက ဧည့်ခန်းဆောင်ထဲမှာ တင်ထားခံရတာ ကိုယ့်အတွက် စင်ပေါ်တင်ပြီး အလှောင်ခံရသလိုပါပဲ။ ဒေါင်းတွေအလယ်က ကျီးတစ်ကောင်လို ရှက်ရွှံ့မှုတွေနဲ့ပေါ့။ ဒေါင်းတွေ ပဲကြည့်နေကြဆို ဒေါင်းတွေနဲ့ပဲ ပြည့်စုံစေသင့်တယ်။ ကျီးတစ်ကောင်ကို ဟာသအဖြစ် တင်ထားခဲ့တာလား။ ကျီးဟာကျီးပါပဲ ဒေါင်းယောင်ဆောင်လို့မှ မဖြစ်နိုင်ပဲနော်။

တောင်းဆိုခွင့်ရှိမယ်ဆိုရင် တစ်ခုပဲအနူးအညွှတ် တောင်းဆိုချင်ပါတယ်။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခန်းဆောင်ထဲမှာ မနေရပါရစေနဲ့။ ချောင်ကွယ်မှာဖြစ်ဖြစ် မှောင်တယ်ပဲဆိုဆို ဒီဧည့်ခန်းဆောင်နဲ့ဝေးပါရစေ။

23 comments:

ကြည်ဖြူပိုင် said...

Ah Pa Pa. Today got 3 new post. Cheers!!!

သက်ဝေ said...

ဖတ်လို့ကောင်းပါတယ်...
သို့သော် မြင့်လွန်းတော့ တွေးစရာ ဉာဏ်မမှီပါလေ... အတင်းတွေးတာတောင် ရေးရေးပဲ မြင်ပါတယ်... :-P

သစ်သစ် said...

ဘာမှကိုနားမလည်ပါ နေချင်မှန်းမသိ မနေချင်မှန်းမသိ ဒီဧည့်ခန်းမှာ ...ဟူးးးးးးးးးးး

ကောင်းကင်ပြာ said...

ရုံးမှာ ဘလော့ ခိုးရေးရင် ခံစားချက်တွေ ထွက်လာတာ ထင်ပါတယ်၊

Rita said...

ဘာကြီးတုန်း !!!

စန္ဒယားကြီးလား ဂမုန်းပင်ကြီးလား စောင်းကောက်ကြီးလား ကြံ့ချိုကြီးလား ကျားခေါင်းကြီးလား

ရှင်းရှင်းပြောကွာ !!!

cockroach said...

ဖတ်လို့ကောင်းတယ် ကိုရွာသားရေ။ ရသာပေါ်လွင်တယ်။

Yu Ya said...

အပြန်ပြန် အလှန်လှန် ၁၀ ခေါက်ထက်မနည်း ဖတ်သွားခဲ့ပါတယ် ကိုရွာသားရေ... သို့ပေမယ့် အဖြေက ထွက်မလာသေးပါဘူး။ ဧည့်ခန်းထဲမှာ ထားတတ်တဲ့ ပစ္စည်းတွေလည်း တွေးတာ စုံနေပြီ။ တစ်ခုမှ စိတ်တိုင်းမကျလို့ မနက်မှပဲ စဉ်းစားတော့မယ်ဗျာ။

yu ya

khin oo may said...

နစ်ခေါက်ဖတ်.
သိသေးဘူး။

khin oo may said...

စားပွဲတင် အရုပ်ကလေးများလား။

ဝေလေး said...

ဘာလေးပါလိမ့်...... ငွေနဲ့မဟုတ်ရင်တောင် အနည်းဆုံး လက်တွေတော့လှုပ်ရမယ်လို့ဆိုပြန်တယ်။ စဉ်းစား စဉ်းစား.....
သြော်..... ဆု တစ်ခုခုများလား... အင်းး မဟုတ်ရင်လည်း မသိတော့ပါဘူး... :P

puluque said...

တစ်ယောက်ယောက်ကိုဘယ်အချိန်ထိစောင့်ရပါလိမ့်

ဘာကိုဆိုလိုတာပါလိမ့် ငါးခေါက်ထက်မနည်း ဖတ်သွားတယ် ဘာကိုဆိုလိုတာလဲဘရားသားရာ...ဒီညတော့ဒါ ဘာကိုဆိုလိုတာလဲဆိုတာ စဉ်းစားမိနေတော့မှာပဲ

Mogok Thar said...

မသိမှတ်ထား။ အဲတာ ရွာစား ရဲ့ အရုပ်တွေ တဲ့။

လူရိုင်းလေး said...

မအိပ်ခင် ဝင်ဖတ်မိတာကိုက ငါ့အမှားပါ..... ဒီညတော့ ထိုင်စဉ်းစားနေတာနဲ့ကို အိပ်ရမှာမဟုတ်တော့ဘူး

သက်ပိုင်သူ said...

ti tot buu ;;;;;; huhhhhhhhhh

ကောင်းကင်ပြာ said...

ရွာသားရေ မွှေးကို ဖိုးသင်္ကြန်နဲ့ ထည့်ပေးလိုက်တယ်နော်၊ တို့ကို ကြောက်လို့ များလိုက်မလာလေသလား၊ စိတ်မကောင်းးး

မောင်ဖားကြီး said...

ကျွန်တော့်အထင်ကတော့ ဘာမှမဟုတ်ပဲ.. ကိုယ် ကိုယ်တိုင်ပဲဖြစ်နေမလားနော်... တစ်ခါတစ်လေ အဲ့လို ဧည့်ခန်းဆောင်တွေမှာ အရေးတယူခံရခြင်းမရှိပဲနေရတာထက်... ဧည့်ခန်းဆောင်ထဲမ၀င်ရတာကမှ ပိုကောင်းသလားပဲ... ကိုယ့်ကို တန်ဖိုးထားကြည့်မယ့်သူကလဲ မလာနိုင်သေးပါလားဗျာ

မေလေး said...

ဘာရို့  မမကောင်းကိုကြောက်တာလဲ မီးမီးသိနေဒယ်နော့။ဟိဟိ

ဧည့်ခန်းဆောင်မှာမနေချင်တာ ဘာလဲဟင်။
သိပီ
ကွမ်းအစ်
ရိုက်စ်

ဘယ်မလဲ စာအုပ်
ဌားမယ်ဆို
ပုံပြောကောင်းတဲ့ ကိုကို

khin oo may said...

အဖြေများပြောမလားလို့ ပြန်လာဖတ်သည်။

khin oo may said...

မင်းသိဘို့ကောင်းတယ်. kom
(ကိုယ့်ကိုယ်ကို ပြန်ပြောသွားသည်။ မမျော်လင့်သင့်ဘူးဆိုတာ)..

မီးမီးချစ် said...

ဘယ်သူ ဘရားသားကို စိတ်ဆိုး အောင် လုပ်လိုက်တာလဲ..

Anonymous said...

ကြီးကျယ်ခမ်းနားတဲ့ ပြတိုက်တခုခုကို ရောက်ခဲ့သလားကွယ်၊ လမ်းညွှန်ပါအုံး။

ကိုလူထွေး said...

ပေါက်ပြီ..ပေါက်ပြီ...

ဒါပေမယ့်

www.ဧည့်ခန်းဆောင်.blogspot.com လို့တော့ မတွေ့မိပါဘူး...

ကိုယ့်ဘလော့ကိုကိုယ် ရည်ညွှန်းထားတာလား...

တကယ်တော့ အားလုံးက ဘဝတူတွေပဲနဲ့ တူပါတယ်ဗျာ...

းဝ)

ကြည်ဖြူပိုင် said...

ဘာပဲ ပြောပြော ..အစကတော့ ဘာမှန်းအဓိပ္ပါယ်သေချာမသိတော့ မမန့်ခဲ့ရဘူး။
ခုတော့ ကိုကြီးကလူထွင်းအိမ်ကိုသွားလည်လိုက်တာ သဲလွန်စတစ်ခုရလာပါရောလား။
အင်းးးးးးးးးးကြည်ဖြူပိုင် စုံထောက်မကြီးပဲလေ...သဲလွန်စတော့ တွေ့မှပေါ့။ နို့မို့ဆို သတင်းထောက်ဟောင်းသိက္ခာကျမယ်။ :P