အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ
သစ်ရွက်တစ်ရွက်ကြွေတာ
လေ,လာမှ မဟုတ်ပါဘူး
လေရူးကို လက်ညိုးထိုးဖို့
သစ်ကိုင်းတွေ ခဏခဏ
ကျိုးပေးရမလား
မိုးစိုလို့
ဖျားတာလား
မိုးစိုထဲသွားခဲ့တာလား
ကောင်းကင်မည်းမည်း
မြင်လျက်
ထီးမဆောင်တတ်ခဲ့
ဘယ်သူမှဇွတ်မဆွဲပဲ
ဖိနပ်ကိုဇွတ်လှည့်
ဦးတည့်တာ ဒီဘက်လို့
မတ်တပ်ရပ်
တစ်ယောက်တည်း
ငြင်းမိပြန်သတဲ့
အလွမ်းဆိုတာ
သင်ကြားခြင်းမဲ့
သင်ရိုးမရှိတဲ့
တတ်မြောက်ခြင်းမှာ
ဂုဏ်ထူးမှတ်ထွက်လို့
အံ့သြမင်သက်
အရာအားလုံးအတွက်
ဘယ်ဘက်ကိုမှ
မလှည့်ပဲ
အောက်တည့်တည့်ငုံ့ကြည့်ရင်း
မြေပြင်မှာ
ငါရှိနေတာ
သင့်လျော်ရဲ့လား
တွေးလျက်
ကိုယ်တိုင်ဆောက်တဲ့
အတ္တအိမ်ထဲမှာ
လမ်းပျောက်နေခဲ့ပြီ
အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ
ကိုယ့်ကိုကိုယ် နှစ်သိမ့်ကြည့်တာပါ။ ပြေရာပြေကြောင်းဆိုပါတော့…………
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
10 comments:
“အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ”
အဲဒါလေး အရမ်းလှတာပဲ ကိုရွာသား...
“အလွမ်းဆိုတာ
သင်ကြားခြင်းမဲ့
သင်ရိုးမရှိတဲ့
တတ်မြောက်ခြင်းမှာ
ဂုဏ်ထူးမှတ်ထွက်လို့
အံ့သြမင်သက်”
ဂုဏ်ထူးမှတ်ထွက်တာတော့ မှန်ပေမယ့် အလွမ်းမှာတော့ မဟုတ်တာသေချာတယ်။ ကြိုးစားသူတွေအတွက် အောင်မြင်မှုဆိုတာ ရစမြဲမို့ “တို့ဖြင့် မအံ့သြပေါင်” (ဒေါ်မြလေး အိုက်တင်ဖြင့် ပြောသည်။း))
Hi, bro!!! Don't worry. It will become ok.
ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ကြေး ချစ်ခြင်းမှာ နှစ်ဦးလုံး ယစ်မူးကခုန်ခဲ့ကြတာ...
သင်ရိုးမဲ့တဲ့အလွမ်းတွေပဲ ကျန်နေရစ်ခဲ့တာတော့ ငါ့ကြမ္မာသက်သက်ပဲဖြစ်လိမ့်မယ်..
ချစ်ချင်ရင် အပစ်မမြင်ကြေး
ပြေရာ ပြေကြောငိးပေါ့ ရွာသားရယ်
အချစ်ဝင်ရင်..အပြစ်မမြင်ဖူး..လို့ ..ကြားဖူးတာပဲ..
ကဗျာလေး..ကောင်းတယ်..း)
ကိုရွာသား လာလည်သွားပါတယ်နော် .... အရမ်းခံစားနေရပုံပဲနော် ... ဟဲ ဟဲ...ပျော်ရွှင်ပါစေ အစ်ကိုရေ....။
လောလောဆယ် ခံစားရတာတွေကို အနုပညာလုပ်နေနိုင်သေးရင် အဲဒါ တကယ် မခံစားရသေးဘူး။
(လောလောဆယ် လို့ ကန့်သတ်ချက် ပါတယ်နော်။ ပြီးသွားမှ အတိတ်ကို ပြန်ပြောတာ မပါ။)
စာသားတွေလှတယ်။
အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ” အမှားလို့သတ်မှတ်တယ်တဲ့လား... စိတ်မကောင်းစရာပဲ.. ကျတော်သာဆို..အမှားလို့မသတ်မှတ်ချင်ဘူး... ဟုတ်ပါတယ်လေ.မှားတယ်မှန်တယ်ဆိုတာ ကိုယ်ခံယူချက်ပေါ် မူတည်မလားမသိ။
တစ်ခါတလေနောင်တရနေမိတာလား။ ဇဝေဇဝါ မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတာလားမသိ(တတိယအပုဒ်နှင့်စတုတ္တအပိုဒ်ကိုရည်ညွန်း)
ကိုယ်တိုင်ဆောက်တဲ့
အတ္တအိမ်ထဲမှာ
လမ်းပျောက်ခဲ့ပြီး
တစ်ကယ်လား။ ထွက်မယ်ဆိုရင် ထွက်ဖို့ထွက်ပေါ့က်တွေ ရှိသေးနေပါသေးတယ်။
ဟုတ်ကဲ့အပြစ်မမြင်ပါဘူး။ အမှားလို့တော့ မသတ်မှတ်စေချင်ပါ။ ကျတော်သာဆို ငါရှဲု့အားနည်းချက်။ ငါ့ရဲ့အကျင့်လို့ ပြောမိမလားမသိ
Post a Comment