20 July 2009

ကိုယ်တိုင်ဖြေဆိုရန်မေးခွန်း

ဝါးခနဲ သမ်းတတ်ပေမယ့်
အိပ်နိုင်ဖို့သိပ်ခက်ခဲတယ်

လမ်းတစ်ဝက်နဲ့
လှည့်ပြန်ခဲ့ပေါင်းလည်း
မနည်းတော့ဘူး

စုတ်တံတစ်ခုနဲ့
တောင်ခြစ်မြောက်ခြစ်
ပန်းချီးကားတစ်ချပ်နောက်မှာ
သက်ပြင်းတွေဘယ်လောက်ရှိမလဲ

ဟင့်အင်း
မရပ်နဲ့ မရပ်နဲ့
ရှေ့ဆက်ရင်အဖြေရှိမယ်
ဒါပေမယ့်
ကိုယ်တိုင်ဖြေဆိုရန် မေးခွန်းမို့

မေးခွန်းစာရွက်မှာ
ဗလာကျင်းနေပြန်တယ်

အဖြေစာအုပ်မှာ
မေးခွန်းတွေချည်း
ရေးနေမိရင်း

အမှတ်ပေးစည်းမျဉ်းက
ဘာပါလိမ့်..................

14 comments:

ကြည်ဖြူပိုင် said...

ဝေးးးးးးးးးးဟေးဟေး နံပါတ်လေးရယ်မှ တစ်စ
ငါကွ
ဗရာဘို

ကိုလူထွေး said...

တခုမှဖြေမသွားရင် အောင်မှတ်ကလေးတော့ ရမယ် မဟုတ်လား...

းဝ) 2nd

ကြည်ဖြူပိုင် said...

စုတ်တံတစ်ခုနဲ့
့တောင်ခြစ်မြောက်ခြစ်
ပန်းချီကားတစ်ချပ်နောက်မှာ
သက်ပြင်းတွေဘယ်လောက်ရှိမလဲ



အဲဒါကောင်းတယ်အကို

khin oo may said...

ဆရာမက ဘက်လိုက်တတ်ပါတယ်။ ဖြေသာဖြေလိုက်ပါ။

khin oo may said...

ကံကောင်းပါစေ။

လူရိုင်းလေး said...

အမှတ်ပေးစည်းမျဉ်းက ရိုးရှင်းပါတယ် ကိုရွာသားလေးရယ် သူငယ်တန်းကနေ ကိုးတန်းအထိ မအောင်မနေရပါ :)

ကောင်းကင်ပြာ said...

စာအုပ်ထဲ စာပါလာရင်တောင် ဘာရေးလာလာ အအောင်ပေးတယ် ကြားဖူးတာပဲ

Htoo Aung Lwin said...

အဖြေစာအုပ်မှာ မေးခွန်တွေချည်း ရေးနေမိရင်
ကျိန်သေတာက စာမေးပွဲကျပြီပဲ....။
ဟဲ ဟဲ

Mogok Thar said...

နာတော့ဖြေဘူး။
ရွာစားဖြေတာ ထိုင်ကူးချမယ်။
ကဗျာလေးက ကောင်း၏။

ကောင်းကင်ပြာ said...

ကိုကြီးမိုးကုတ် အဲဒါကြောင့် ၅ခါကွဲတာနေမှာ ...သူများအားကိုးနေသကိုး

ရွှေပြည်သူ (ShwePyiThu) said...

ဂုဏ်ထူးထွက်ပြီးသားသူက အမှတ်ပေးစည်းမျဉ်းတွေ စဉ်းစားနေရသေးလား...း))

puluque said...

မဖြေရင်တော့ စာမေးပွဲအောင်မှာ မဟုတ်ဘူး။ ဒီစာမေးပွဲ မအောင်လို့လဲ (ငယ်ငယ်တုန်းကလိုပေါ..နင်စာမတက်ရင်ေ-ွး ဖြစ်မယ် ဘာညာလဲ မဟုတ်ပါဘူး) ဘွဲရပီး လူတစ်ယောက်အတွက် ဒစ်ပလိုမာ တစ်လုံးလိုပါပဲ။
မေးခွန်းတွေရဲ့ အဖြေက စာဖြေသူနဲ့သက်ဆိုင်သလားမသိ...စာဖြေသူက အမှန်ပါလို့ သတ်မှတ်ရင် အဲဒီမေးခွန်းရဲ့ အဖြေက မှန်နေပါလိမ့်မယ်.. အမှားလို့ သတ်မှတ်လိုက်ရင်တော့ မေးခွန်းဟာ လုံးဝကို မှားပါသဗျ.....။ စာဖြေသူနဲ့သာ သက်ဆိုင်တယ်လို့ ထင်ပါတယ် ခင်ဗျားးးးးးးးးးးးး
(ဆရာကြီလုပ် ကြည့်တာပါ)

Rita said...

မေးခွန်းက ကိုယ့်ဘာသာ ထုတ်ရမယ်ထင်တယ်။ ဖြေတာကို အမှတ်မပေးဘဲ မေးတာကို အမှတ်ပေးလိမ့်မယ်။ ကြိုးစားပြီး မေးလိုက်ပါ။

ဝေလေး said...

မေးခွန်းစာရွက်ဗလာဖြစ်နေမှတော့ ဖြေစရာမလိုဘူးပေါ့။ ဒါများလွယ်လွယ်လေး.... :P
ပြန်မေးပစ်လိုက် ပြန်မေးပစ်လိုက်