ဟိုးတစ်ခါတုန်းကတဲ့
လူတစ်ယောက်က သူ့ဘ၀မှာပျင်းရိငြီးငွေ့လှတယ်လို့ နေ့တိုင်း ညည်းညူသတဲ့။ သူ့ညည်းညူသံကိုကြားတော့ လူတစ်ချို့က စာချိုးတစ်ပုဒ်ကို ၀ိုင်းရေရွတ်ကြတယ်။ အဲ့ဒီအချိန်တုန်းကတော့ မကြားသလိုကြားသလို သူမသိချင်ယောင်ဆောင်နေခဲ့တာပေါ့။
နောက်တစ်နေ့မှာတော့ သူ့ရဲ့ အိမ်ကလေးအနားမှာ သူဟာအလုပ်ရှုပ်နေခဲ့တယ်။ သူဘာတွေလုပ်နေခဲ့တာလဲ။
မနက်တိုင်းစောစောထနေတတ်ခဲ့တယ်။ အိမ်လေးနားဝန်းကျင်မှာ သူဟာ အရိပ်တကြည့်ကြည့်ပေါ့။ နေရောင်လာလို့ တော်တော်လေးပူမှ သူဟာ အိမ်လေးထဲကို ပြန်ဝင်သွားတော့တယ်။
ရက်ကလေးနည်းနည်းရတော့ မိုးအလင်းမှာ မြေပြင်က အညှောင့်ပြူစ အရွက်ကလေးနှစ်ရွက်ကို မထိရက်မတို့ရက် စိုက်ကြည့်နေတာ တွေ့ကြရပါရောလား။ တိုက်လာတဲ့ လေပဲ ပြေးကာရ,မလို တက်လာတဲ့နေပဲ ဆွဲချရမလို ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ် ဖြစ်နေတာတော့ မျက်စိနောက်ကျတာပါပဲ။
အဲဒီရက်ကစလို့ သူ့အိမ်နားမှာ ပျင်းတယ်လို့ ညည်းညူသံမကြားတော့ဘူးဆိုပဲ။
နေထွက်မိုးချုပ် တကုပ်ကုပ်ကို အဲ့ဒီ အရွက်ကလေးတွေကို ပြုစုစောင့်ရှောက်နေတော့တယ်။ လေတိုက်လို့ အရွက်ကလေးတွေလှုပ်ရင် သူ့ကိုတီးတိုးစကားဆိုတယ်ဆိုပြီး ကြည်နူးလို့။ သူအထင် သူ့ကို ချစ်တယ် ချစ်တယ်လို့ တဖွဖွပြောနေသလိုပဲ။ တတ်လိုက်တာ ပျိုးရကျိုးနပ်ပဟဲ့ ဆိုပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထီမထင် မျက်လုံးနဲ့ ကြည့်နေတော့တာပေါ့။
တဖြည်းဖြည်းကြီးရင့်လာတော့ အရိပ်လေးတော့ ခိုရနိုးနိုး၊ အသီးလေးတော့ စားရနိုးနိုး၊ အရွက်ကလေးတော့ မြေသြဇာဖြစ်စေမယ် ရည်ရွယ်မိသတဲ့။
ဒါပေမယ့် ဗြုန်းဆို သစ်ပင်လေးရဲ့ ပိုင်ရှင် အသစ်ရောက်လာတော့တာပါပဲ။ ဒီသစ်ပင်လေးကိုရဖို့ မျိုးစေ့တစ်ခုရှိရမယ်တဲ့။ အဲ့ဒီမျိုးစေ့က သူ့ရဲ့ သစ်ပင်ကြီးဆီက ပဲဖြစ်နိုင်တယ်။ ဒီပတ်ဝန်းကျင်တစ်ခုလုံးမှာ မျိုးစိတ်ခြင်းတူတာလည်း သူတို့နှစ်ပင်တည်းဖြစ်နေပြန်တယ်။
တစ်ယောက်တည်း လူမှာ ဘာပြောရမလဲ။ ချက်နဲ့လက်နဲ့ မျိုးနဲ့ရိုးနဲ့ ဆိုတော့ ငြင်းခွင့်မသာတော့ဘူးတဲ့။ မျက်ရည်လည်ရွှဲလို့ တစိမ့်စိမ့်ရယ်ပျိုးခဲ့တဲ့ အပင်ကလည်း စိမ်းစိမ်းရယ် ကြည့်ပြန်ကော။ လက်ပြလို့ နှုတ်ဆက်လွယ်တယ်လေ တူရာတူရာမှာ ပျော်ရှာပေမပေါ့။
နောက်တစ်နေ့ကစလို့ အဲ့ဒီအိမ်လေးထဲက ဘာသံမှမကြားရတော့ဘူး။
တကယ်တော့ သူကတိုးတိုးတိတ်တိတ် ကျိန်စာတွေ ရွတ်နေခဲ့တာ။
သူရွတ်နေတဲ့ကျိန်စာက သူ့ကိုစာချိုးလေး ရွတ်ပြခဲ့တဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံး ကို။ ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို။
နီနေတဲ့ မြေတွေ ပတ်ကြားအက်လာခဲ့တယ်။ မိုးရွာတယ်ဆိုတာ ဘယ်တော့မှ မကြားရတော့ဘူး။
အဲ့ဒီအိမ် ၀န်းကျင်တစ်ဝိုက်မှာ ဘယ်တော့မှ သစ်ပင်စိုက်လို့ မရတော့ဘူး။
ပြီးတော့ ကြေကွဲစိတ်နဲ့ တစ်ယောက်တည်းသမားကိုလည်း ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့။
ဘာရယ်မဟုတ်ပါဘူး ပေါက်တတ်ကရ အတွေးလေးကို ချရေးကြည့်တာပါ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
24 comments:
hi, bro.
I am the first.
happy happy. haa haa.
:D
ဘာရယ်မဟုတ်တဲ့..ပုံပြင်က..
ဖတ်လို့ ကောင်းတယ်..ရှင့်
ပုံပြင်နားထောင်သွားတယ်ဗျ:)
ပုံပြင်အရှည်ကြီး ထပ်ပြောပြ
ဘာရယ်မဟုတ်ဘူး နဲ့ စရင် မြွေမြွေချင်း ခြေမြင်တယ်။ အရူးပြော အရူးယုံတဲ့။ လုံးဝ မယုံဘူး။ ဒါပဲ။ =)
ပုံပြောကောင်းတဲ့ ကိုကို
ကမ္ဘာကြီးပူနွေးလာရခြင်းအကြောင်းကို ဖတ်သွားတယ် :)
ကမ္ဘာကြီးပူနွေးလာရခြင်းအကြောင်းကို ဖတ်သွားတယ် :)
အင်း...ပုံပြင်လေးကို သိပ်နားမလည်ပါ...စာဖတ်သူ ဒုံးဝေးတာ ဖြစ်ပါလိမ့်မယ်ရှင်...။
ဘာကြောင့်လဲတော့ မသိဘူး ဖတ်ပြီးတစ်မျိုးကြီးပဲ ထပ်ဖတ်မယ်ကွာ.......
ဖတ်လို့ကောင်းတယ်။
စိတ်တော့ထိန်းပါ။
ဆေးလိုရင်ပြော.
ကိုရွာသားရေ အတွေးအခေါ်က ထူးဆန်းပါပေ့။ ဖတ်လို့ကောင်းတာတော့ အမှန်ပဲရှင်........
ပုံပြင်ထက် စာရေးပုံကို ပိုကြိုက်တယ်။
--- က အပင်လေးပျိုးနေတုန်း၊ နောက်က --- ရောက်လာပြီး သူ့ဟာဆိုပြီး ယူသွားတယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ဘာရယ်မဟုတ်ပါဘူး။ ပေါက်တတ်ကရ အတွေးလေးကို ချရေးကြည့်တာပါ။
စာလှ၏
ဘာရယ်မဟုတ်ဘူး.....ပေါက်တတ်ကရ အတွေးတဲ့လား.....ဒီပေါက်တတ်ကရအတွေးကို တွေးနေပြီဆိုကတည်းက ..............
အဟမ်း (လည်ချေုာင်းရှင်းတာပါ. အချိုစားတာနဲနဲများသွားလို့)
မျက်ရည်လည်ရွှဲလို့ တစိမ့်စိမ့်ရယ်ပျိုးခဲ့တဲ့ အပင်ကလည်းစိမ်းစိမ်းရယ်ကြည့်ပြန်ကော။လက်ပြလို့
နှုတ်ဆက်လွယ်တယ်လေ။ တူရာတူရာမှာပျော်ရှာပေမပေါ့။
(ဟင်း.ပုံပြင်ထဲက သစ်ပင်လေးကလဲလူဇိုး.. ခွဲနေလို့ရရက်နဲ့ တူရာမှာပြန်ပျော်ဖို့လိုက်သွားတယ်ကော)
တယောက်ထဲသမားက ဘယ်ရောက်သွားတာလဲ... ပျင်းပျင်းရှိတာနဲ့ ဓာတ်ပုံလိုက်ရိုက်နေသလား... ပန်းပုံလေးတွေတို့ အပင်ပုံလေးတွေတို့လေ... ပြီးတော့ ကဗျာတွေလဲ တွဲတွဲရေးတတ်တယ်လေ...
အမွှားပါရင်ခွေးလွှတ်ပါ
းဝ)
ပုံပြင်လေးကိုမွေးဖွားခဲ့တဲ့ အတွေးလေးကို စိတ်ဝင်စားတယ်...
အဲဒီဝန်းကျင်တ၀ိုက်မှာ ဘယ်တော့မှ သစ်ပင်စိုက်လို့ မရတော့ဘူးတဲ့လား...
Oh... i like this post.. Your thinking is amazing..
Anyway where did he go? Sucide?
ကိုရွာသားရေ... အဲဒီလူရဲ့ ကျိန်စာနဲ့ ကျွန်တော်တို့ ကိုလေးဖြူကြီးရဲ့ ကျိန်စာ ဘယ် ကျိန်စာက ကောင်းသလဲဗျ... အဟီး။
yu ya
ပေါက်ကရအတွေးက ခေါင်းစားစေလိုက်တာ၊
ဘာပဲဖြစ်ဖြစ် အဲဒီလိုရေးတတ်ချင်တယ်။
နာလဲ ၀င်ပျော်သွားတယ်
ကမ်းသာယာကို သတိလဲရသွားတယ်
Post a Comment