မြစ်တစ်စင်းရဲ့နောက်
ဒူးထောက်လို့
စီးဝင်နေခဲ့ပြီ
ဦးမော့လို့မထောင်နိုင်ပါဘူး
လှိုင်းမူးလို့
ရူးမတတ်ပါလေ
ပဲ့ကိုင်ဖို့
မလှည့်သာ
ရေလည်မှာ
ပတ်ချာဝဲနေရုံပါ
ဝဲစုပ်လို့
မြုပ်မလား
ဝဲပုတ်လို့
စုတ်မလား
တကယ်ပင်မသိခဲ့
အရှိန်ပြင်းတဲ့
မြစ်တစ်စင်းမှာမှ
စီးဝင်ခဲ့မိလေတယ်
မြစ်ပြင်ကျယ်
အတိုင်းမသိမို့
လှိုင်းအိတယ်
ထင်လျက်
မြစ်ရေလျဉ်
ဒီတစ်ကြောမှာ
မျောလို့ဘယ်မဆုံး.....
ရာသီမိုး (၂၀၁၆)
-
ဇာတ်လမ်းအကျဉ်း - မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဝယ် မိန်းကလေးငယ်တစ်ဦးသည်
မိဘများ၏ ဖိနှိပ်မှုတို့ဖြင့် အရွယ်ရောက်ခဲ့ရသည်။
မူရင်းဝတ္ထု - ကြည်အေး
ထုတ်လုပ်သူ - မေ...
1 week ago
9 comments:
ဘ၀ကိုပြောချင်တာလား..
ဒီက ထုံတယ်..
Ko Ywar Thar,
I like this poem very much, so much, infinity much. :P
very good poem.
အော်...
ကိုရွာသားလေးက ရုံးမှာ တော်တော် အလုပ်များနေတာကိုးးးးးးးးးးးး
ကဗျာလေးက ချစ်စရာလေး...
ကဗျာလေးက ရိုးရိုးလေးနဲ့ ကောင်းလှချည်ရဲ့..
ရွာသားတို့ တော်ချက်.း)
ဗေဒါလမ်းကဗျာလေးကို သတိရသွားတယ် ကိုရွာသားရေ...........။
ဟိုးအရင် ကြားဖူးတဲ့ကဗျာလေးကို သတိရတယ်
မင်းကအီးတုံး
ကိုယ်ကလှိုင်းလုံး
မြစ်ဧရာနဒီကြောမှာ မျောလို့မဆုံး
ဆိုလား..အဲလိုမျိုးလေး.
အဟဲ..လစ်မှ..ကိုရွာသားလိုက်ရိုက်တော့မယ်။
အရှိန်ပြင်းတဲ့ မြစ်တစ်စင်းမှာမှ.. စီးဝင်ခဲ့မိလေတယ်..
အင်းနော်.. မြစ်ဆိုတာကလည်း အရှိန်ပြင်း မပြင်း စီးဝင်ပြီးမှ သေချာသိမှာဆိုတော့ ခက်တာပဲ..
စီးနေတဲ့မြစ်ကို လာကြည့်သွားတယ်
စာသားလေးတွေ က အရိုင်းဆန်ပြီး(ပြုပြင်ထားတာမဟုတ်) လှပနေတယ် ကဗျာရဲ့ ရည်ရွယ်ရာနဲ့ စာသားလေးတွေ လိုက်ဖက်ပါတယ်...
ကဗျာကောင်းလေးပါ...။
(လင့်ယူသွားကြောင်းခွင့်တောင်းပါတယ်)
အသက်ကယ်ဘောလေး ပြစ်ပေးရမလား ကိုရွာသား (လေလျော့ထားတာတွေ အဆင်သင့်ရှိတယ်း))
Post a Comment