ဒီခရီးစဉ်ကို တမင်ကို မရေးပဲ ချန်လှပ်ခဲ့တာပါ။ ဒီခရီးစဉ်က ကျနော့ကို နာကျင်စေခဲ့တယ်။ သူငယ်ချင်းရေ ငါ ခံစားရသမျှတွေ ဒီအတိုင်းချရေးလိုက်ပါတယ်။ ဒါပေမယ့် ငါအဲ့ပင်လယ်ပြင်မှာပဲ ရေးခဲ့တာပါ။
ဒီတစ်ခေါက်ကျောင်းခရီးစဉ်က ငပလီတဲ့။ ကမ်းခြေကိုတစ်ခါမှ မမြင်ဖူးတဲ့ ကုန်းတွင်းသား အရိုင်းအစိုင်းလေး စိတ်ဝင်စားမှုအပြည့်နဲ့ပါ။ ပထမနှစ်တုန်းက ချောင်းသာနဲ့ ငွေဆောင်အိပ်မက်ကို မက်ခဲ့ဖူးတယ်။ အားလုံး အဆင်သင့်ဖြစ်နေပြီးမှ စီစဉ်သူတွေက ဖျက်ပစ်ခဲ့တာလေ။ ကမ်းခြေနဲ့ဝေးခဲ့တာပေါ့ဗျာ။ အခုငပလီဆိုတော့ တက်ကြွမှုတွေနဲ့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ လက်ထဲမှာလည်း ဖေပြန်လာတုန်းက ပါလာတဲ့ ကင်မရာလေးနဲ့ဆိုတော့ ကမ်းခြေမှာ အုန်းသီးတစ်လုံးနဲ့ အလုံအလောက်ကို ဖြစ်နေခဲ့ပြီ။
ထုံးစံအတိုင်း အဲ့ဒီနှစ်က မြို့ပြအင်ဂျင်နီယာ မေဂျာက ကမ်းသာယာ ပြီးတော့ သူတို့ကားတွေက အရင်ထွက်ခွာနှင့်ကြပြီ။ ကျောင်းကြီးထဲမှာ အဖွဲ့လိုက် အဖွဲ့လိုက် ကားတွေအလာကို စောင့်နေကြရတယ်။ ခရီးကို ရိုးထဲက သွားရမယ်တဲ့ ကားလမ်းကြမ်းတယ်ဆိုတဲ့ အသိတွေက ဒီခရီးကို နောက်မတွန့်စေခဲ့ဘူး။ ငပလီရယ် မင်း စွဲဆောင်လွန်းတယ်။
လမ်းခရီးမှာ သောက်ဖို့ သောက်ရေသန့်တွေကို ကိုယ့်ကားပေါ်ကိုတင်ပါဆိုတော့ ကျနော်တို့ကားပေါ်က ကိုEC က တုပ်တုပ်မှ မလှုပ်ခဲ့ဘူး။ ရေကုသိုလ်ပါလေဆိုပြီး ပုခုံးထက်အရွှဲခံသယ်ခဲ့တာပါပဲ။ ဘယ်နှစ်ခေါက်မှန်းမသိခဲ့တော့။
ခရီးစဉ်စပြီဆိုတော့ ပုဂံခရီးနဲ့ခြားနားမှုကို စတွေ့ရပြီ။ အားလုံးက တိတ်ဆိတ်နေကြပြီ။ 98အငယ်တန်းတွေအပြင် ပြည်ကျောင်း ဘက်က ဧည့်သည် ညီငယ်ညီမငယ်တွေလည်း ပါတယ်ဆိုတာ နောက်အတော်ကျမှ သိလိုက်ရတယ်။ တရွေ့ရွေ့ကားနောက်မှာ ပါနေတဲ့ အရိပ်တွေက ဇလွန်ပြည်တော်ပြန်ခရီးစဉ်နှစ်ခုပါ။ ဒီခရီးနှစ်ခုကလည်း အသက်ဝင်နေခဲ့တာ။ အားလုံးပေါင်း ကားငါးစီးထင်တယ်။ ကားအသေးလေးမှာ 95က စီနီယာ အစ်ကိုကြီးတွေ ဇကောထဲ ဇီးဖြူသီးထည့်သလိုနေကြမှာ။
ရိုးထဲကိုဖြတ်တော့မယ်ဆိုတော့ မိန်းကလေးတွေ အရှေ့မှာ အပေါ့အပါးမလွယ်တော့ပါတဲ့။ အင်း အဲ့အချိန််ကို ဖြတ်ကျော်ရတာ သူတို့အတွက် တော်တော်ခက်ခဲမယ်။ တောင်တွေအဆင့်ဆင့် ကုန်းတွေအထပ်ထပ်။ ညဖက်မို့ထင်ပါရဲ့ ချောက်တွေကို မမြင်ခဲ့မိဘူး။ မကြာပါဘူး ဆန်ပြုတ်တွေ စချက်ကြတော့တာ ပါပဲ။
နောက်နေ့မနက်မိုးလင်းတော့ မျက်နှာသစ်ရင်း အိမ်သာနေရာမှာ တန်းစီးနေခဲ့ပြီ။ ခရီးစဉ်တစ်လျှောက်လုံး ဒီဆိုင်က ပထမဆုံးမြင်ရတာ။ ထမင်းကြော်ကို မြန်မြန်စားရင်း ခရီးစဉ်ပြန်စဖို့ ဆော်သြနေကြပြီလေ။ ထူးထူးခြားခြားအကောင်လေးတစ်ကောင်ကို တွေ့ခဲ့သေးတယ်။ အန်တီကြီးလက်ထဲကနေ မကြောက်မရွံ့ လက်ပြောင်းယူပြီး ဓါတ်ပုံတွဲရိုက်ဖြစ်တယ်။ သူ့လက်ကလေးတွေက အရုပ်လက်ကလေးတွေလိုပဲ။ ဘာကြောင့်များ ဝက်ဝံတွေကို ချစ်ခင်မိမှန်းမသိခဲ့ဘူး။
ကားပေါ်မှာ ညာဘက်နဲ့ဘယ်ဘက်အခြမ်း ရုပ်ရှင်နာမည် အပြိုင်ဖွက်ကြတယ်။ ဘယ်ဘက်က နိုင်မယ်ထင်ခဲ့လဲ။ ညာဘက်အခြမ်းကို ပါချင်လွန်းလို့ အလယ်တန်းကလူတွေ သနားပါတယ်။
ဟေး………ရှေ့မှာပင်လယ်တဲ့။ လှိုင်းခေါင်းဖြူတွေမြင်နေရပြီ။ ကားရဲ့ ညာဘက်အခြမ်းမှာ ပင်လယ်ပြင် ဖြစ်သွားခဲ့တယ်။(ဘယ်ဘက်အခြမ်းလို့ ကိုတောင်ငူက ပြင်သွားပေးခဲ့ပါတယ် ကိုတောင်ငူရေ ကျေးဇူးဗျာ အဲ့ဒီကိုရွာသားဟာလေ အခုအထိ ဘယ်မှန်းညာမှန်းမသိသေးဘူး ထူပုံများတော့) ကမ်းသာယာတဲ့။ ဂွဆိုတဲ့ မြို့လေးကို ပထဝီကနေပဲ ရင်းနှီးနေခဲ့တာ အခုမှပဲ တွေ့ထိရတော့တယ်။
မြို့ပြက သူငယ်ချင်းတွေနဲ့ ပင်လယ်ပြင်ကို ဆင်းပြီးပွေ့ဖက်ကြတယ်။ ဓါတ်ပုံတွေတွဲရိုက်ရင်း လှိုင်းတွေနဲ့ စည်းချက်ညီနေတော့တာ။ ဟင့်အင်း မင်းတို့ကို ကမ်းသာယာမှာ မထားခဲ့နိုင်ဘူးတဲ့။ ငပလီထိအရောက်ပို့မှာမို့ မြို့ပြက အဖွဲ့တွေနဲ့ တွဲလက်တွေဖြုတ်ခဲ့ရတယ်။
နောက်ထပ်ခရီးရှည်ရှည် တစ်ခုဖြတ်ရပြန်ရော။ ငပလီရယ် ရောက်နိုင်ခဲလိုက်တာ……
ခရီးတစ်ခုကို ညဖက်မှာ အစပြုပြီး မိုးလင်းရင် ရောက်နေကျ ကိုယ့်အတွက် ဒီခရီးက သိပ်ရှည်လျားတယ်။ နောက်တစ်နေ့ တစ်မနက်ခင်းလုံး ကားပေါ်မှာပဲ ရှိနေခဲ့တာ။ ဆော့ကစားခြင်းတွေ တိတ်ဆိတ်ပြန်တော့ အိပ်စက်ရုံပေါ့။ သီချင်းတွေ ဘာတွေများ စပ်လာကြမလား ခေါင်းထောင်ကြည့်မိသေးတယ်။ တက်ကြွသူဟာ ကိုယ်တစ်ယောက်တည်းလား။ ငြိမ်ငြိမ်မနေနိုင်တဲ့အဆုံး ကားပေါ်က စပယ်ယာကို သီချင်းတွေ မနားတမ်းဖွင့်ခိုင်းခဲ့တာပေါ့။
ငပလီကိုမရောက်ခင် ကားလမ်းလေးက တစ်မျိုးလေးခံစားရစေတယ်။ ရောက်တော့မယ်ဆိုတဲ့ အသိနဲ့လည်းဆိုင်မယ်ထင်ပါရဲ့။
မကြာမတင်မှာ ငပလီကိုရောက်တော့ တည်းခိုဖို့နေရာ။ အားလုံးကိုစုစည်းတည်းခိုဖို့ စီစဉ်ထားခဲ့တယ်ဆိုပါတယ်။ နောက်ကျလေတဲ့ ကျနော်တို့ကားမှာ ကျနော်တို့ ယောကျင်္ားလေးတွေ အတွက်နေရာမရှိခဲ့တော့ဘူး။ EC သူငယ်ချင်းက စီစဉ်ပေးမယ်ဆိုတော့ အထုတ်လေးတွဲ ဟိုဆွဲဒီဆွဲနဲ့ သူခေါ်ရာနောက်ပေါ့။ သူများတွေ ရေထဲဆင်းနေပြီ။ ပင်လယ်ပြာပြာနဲ့ ငွေရောင်သဲဖြူကို နင်းချင်လှပြီ။ ဟိုးအဝေးးးးး အားလုံးနဲ့ဝေးတဲ့ အိမ်ကလေးတစ်ခုက အပေါ်ထပ်မှာ ကျနော်တို့ကိုနေရာပေးခဲ့တယ်။ အခန်းတစ်ခုထဲမှာ ပစ္စည်းတွေစုပုံချပြီး ထမင်းစားဖို့ ပြေးကြရတော့တာပါပဲ။
မွန်မလေးထမင်းဆိုင်က ပုဂံကတိုးတိုးဝင်းလိုပဲ လူများတော့မနိုင်တော့ဘူးလေ။ ရေမျောက်သုတ် ပုဇွန်အစိမ်းသုတ် ဂဏန်းဆိုတာတွေမှာစားရင်း ဟင်းပွဲတွေမစောင့်နိုင်တော့ ထုံးစံအတိုင်း မီးဖိုထဲဝင် ဟိုဆွဲဒီဆွဲလုပ်တော့တာ။
ညနေမတိုင်ခင်ရေထဲဆင်းတယ်။ ပင်လယ်ရေက ငန်တယ် တကယ်။ လှိုင်းအပုတ်မှာ နှာခေါင်းတွေဝင်သွားတဲ့ ပင်လယ်ရေမွှန်းခြင်းက တစ်မျိုးပါလား။ ဘောင်းဘီအိတ်တွေ အပြင်ထုတ်ပြီးချိုးတော့ အိမ်ရှင်အဖိုးကြီး ကမေးတယ် မင်းကို ဘယ်သူသင်ပေးတာလဲတဲ့။ ဒီလိုပဲစိတ်ကူးရလို့ပါ။ သဲတွေက ဘောင်းဘီထဲဝင် လေးပြီးကျွတ်ကျ မခက်လားနော်။
နောက်နေ့မနက် ကျောက်မောင်နှမသွားမယ်တဲ့။ အားလုံး ၇နာရီမှာမနက်စာစားဖို့ပါ။ ညဖက် အိပ်တော့ ပစ္စည်းထည့်မိတဲ့ အခန်းထဲမှာပဲ အားလုံး တန်းစီအိပ်ကြတယ်။ တစ်လှည့်စီအိပ်မယ်ဆိုပြီး ပထမဆုံးနေ့ ကုတင်ပေါ်သုံးယောက် အိပ်တဲ့အထဲမှာ ကျနော်ပါသွားတယ်။ နောက်နေ့တွေလည်း မလဲဖြစ်ကြတော့ဘူး။ ဗိုလ်နေမြဲ ကျားနေမြဲပေါ့။ ဆောင်းတွင်း ပင်လယ်က ချမ်းတာပါပဲလား။ မထချင် ထချင် ကြုံးရုံးထရတော့တာ။
ဖိနပ်တွေ အမျိုးမျိုး ထည့်လာတဲ့ သူငယ်ချင်းက ဒီမနက်အတွက် ဘာဖိနပ်ပေါ့။ အကျီ င်္ အနီလေးဝတ်မိခဲ့တယ်။ ပုံစံချင်းတူနေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲ့မနက်က ကောက်ရလိုက်တယ်။ ဂျပန်ရေ မှတ်မိသေးလား။ ငါတို့ တွဲရိုက်ထားတဲ့ ပုံလေးရှိသေးလားမသိ။
ဓါတ်ပုံသရဲ သူငယ်ချင်းတွေ ကြားမှာ “အလိုတော်ကြပါ ဟိုကဆွဲ ဒီကဆွဲနဲ့ ခြေတွေလက်တွေ ပြုတ်ရချည်ရဲ့ ရှင်” ဖြစ်နေတော့တာပေါ့။ လက်တုန်တဲ့ သူငယ်ချင်းကင်မရာဆရာကလည်း ပုံကောင်းတွေ အကုန်ဖျက်ခဲ့လေရဲ့။
ကျောက်မောင်နှမကလည်း လှတာပါပဲလား။ လှိုင်းတွေအပုတ် ကျောက်ဆောင်တွေပေါ် ဝေးးးးးခနဲအော်ရတာကို သည်းလှိုက်အူလှိုက်။ လှိုင်းအပုတ်ကိုရိုက်ပါဆို ငါ့ကိုဆွဲပါဟ ဟိုကျောက်ဆောင်လေးလှတယ် ဒီနားရိုက်မယ် အုန်းပင်နဲ့ အုန်းပင်နဲ့ အဖွဲ့လိုက်ရိုက်မယ် နဲ့ကို ကမ်းခြေကို ဆူညံသွားစေခဲ့တယ်။
လေဆိပ်ကိုပို့ဦးမယ်တဲ့။ နာမည်ကျော် သံတွဲလေဆိပ်ပေါ့။ လေဆိပ်ရှေ့ မှာ အားလုံး ကားငါးစင်းနဲ့ ရိုက်ဖြစ်ခဲ့တယ်။ အမြင့်ကိုရှာရင်း ကားဘက်မှန်ဘေးကို အပြေးအလွှားသွားခဲ့ကြရတာမှတ်မိသေးတယ်။ လေဆိပ်ဆိုပေမယ့် မြို့ငယ်က ဘူတာရုံလေးတစ်ခုလိုပါပဲ။
နေ့ခင်းနေ့လည် သူများတွေနားပေမယ့် ကျနော်တို့ သီးသန့်အဆောင်ရှေ့မှာတော့ ကလေးလူကြီးတွေ ဆော့နေမြဲ။ ထုပ်ဆီးတိုးမလား လက်ဖြုတ်တမ်းဆော့မလား။ အဲ သချင်္ာကဧည့်သည်တော် မမဝဝရော ဒီစာဖတ်မိရင် မှတ်မိမယ်ထင်ပါရဲ့။ သူငယ်ချင်းမိန်းကလေးတွေပါ ကျနော်တို့ အဆောင်ရှေ့မှာ တဝုန်းဝုန်းနဲ့ပေါ့။ EC သူငယ်ချင်းနှစ်ယောက်ကတော့ သူ့ဇာတ်သူနိုင်အောင် ကနေရှာမှာပါ။ သူတို့လည်းပျော်မှာပါပဲနော့။ ကျနော်တို့ အဆောင်ဖက်ကို ယောင်လို့တောင် ခြေဦးလှည့်ခဲ့ရဲ့လားမသိ။
အတူဆော့ခဲ့တဲ့သူတွေ အခုများ အိမ်ထောင်ရက်သား ကြလို့။ သူငယ်ချင်းတို့မှာ ထုတ်ဆီးတိုးနေတုန်း မီမီ့ ကောင်လေး ရိုက်သွားတဲ့ ပုံလေးရှိသေးရင် ထုတ်ကြည့်ကြပါကွာ။ အလွမ်းပြေပေါ့။
ပျော်ခဲ့လားလို့မေးရင် မပြန်ခင် နောက်ဆုံးတစ်ညမတိုင်ခင်အထိတော့ ပျော်မိပါရဲ့…………
ဆက်ပါဦးမယ်
ပုဂံခရီးစဉ်ကို အမှတ်တရ ပြန်ဖတ်ရင်း ဒီခရီးကို ရေးချင်လာမိတယ်။ အင်းမိုင်တိုင်တစ်ခုဆိုတော့ အမှတ်တရဖြစ်ပါစေတော့လေ…
17 comments:
ပင္လယ္ခရီးစဥ္ကို လာဖတ္တာ ..။ကျွန်တော်လည်း ပြီးခဲ့တဲ့ စနေနေ့က ပင်လယ်သွားတဲ့အကြောင်းလေး ရေးဖြစ်သေးတယ်....ပင်လယ်သွားရတာတော့ ဘယ်အချိန် ဖြစ်ဖြစ် ရိုးမှာ မဟုတ်ပါဘူး...
ငပလီ ကမ်းခြေကို ရောက်ချင်ပါပြီ ဆက်ရေးပေးပါအုံး
...ခင်မင်သောအားဖြင့်...
ကိုယ်လည်းပင်လယ်ကို သိပ်ကြိုက်တယ်။
ဒါပေမယ့် သုံးနာရီလောက်ပဲ ထိတွေ့ခွင့်ရခဲ့တယ်။
အလုပ်ကိစ္စနဲ့သွားတာမို့လေ။
နောက်သိပ်မကြာခင်မှာပဲ စူနာမီက ကိုယ်တို့ပုံဆွဲပေးခဲ့တဲ့ ဟော်တယ်ကို ဖျက်စီးလိုက်တယ်ဆိုပါတော့လေ။
ငပလီတော့ မရောက်ဖူးဘူး။
ရွာသားလေးရေးတာကို ခံစားမြင်ယောင်ပါ့မယ်။
နောက်တစ်ပိုင်းကို စောင့်ဖတ်မယ်ဗျာ...။ ပင်လယ် အကြောင်းဆိုတော့ စိတ်ဝင်စားသား။ ကျတော်ကတော့ အဲဒီခရီစဉ် ပါမသွားဘူး။ အဲဒီ မတိုင်ခင်က ချစ်ချစ်နဲ့ စိတ်ကောက်ထားလို့...ဒါနဲ့ ကျည်ကာဝတ်စုံတွေ လျှောဈေးနဲ့ ရောင်းနေသတဲ့....။
ဖတ်ပြီး အကိုလည်း တအားသွားချင်သွားတယ်
ဒီက အိစ်ကုတ်၊ ဆန်တိုဆာနဲ့ ချန်ဂီဘိရှ်ကို စိတ်ကုန်နေပီ ~~~
လွမ်းသွားတယ် ငပလီကို ကွာ ~~
ခင်မင်လေးစားစွာဖြင့်
ကုန်းတွင်းသားအရိုင်းအစိုင်းတဲ့လား။
သိပါဘူးတော်ရေ..။
ရိုးရိုးမှတ်တာ :D
ဒါနဲ့ ဂွတို့၊ကမ်းသာယာတို့ဆိုတော့ တို့မြို့တွေကိုဖြတ်ပြီးမှ ရောက်တာမလား။
ကိုရွာသားရေ... ၁၉၉၈ ခုနှစ်က ကျွန်တော်ရဲ့ ကမ်းသာယာနဲ့ ငပလီ ခရီးစဉ်လေးကို လွမ်းစေသားဗျာ... အခွင့်သင့်ရင် ကျွန်တော်လည်း ဖော်ပြချင်ပါရဲ့ ။ လောလောဆယ် ဓာတ်ပုံတွေက မြန်မာပြည်မှာဆိုတော့ ...
ကျေးဇူးတင်စွာဖြင့်
yu ya
ပထမဆုံး နားခဲ့တဲ့ ဆိုင်က မြစ်ကူးတံတားကြီးတစ်စင်း (နာမည်မေ့)ကို ဖြတ်ပြီးပြီးချင်း ညာဖက်အခြမ်းမှာပါ။ ဆိုင်တော်တော်ကြီးပါတယ်။ အဲဒီကနေ ပြန်ထွက်တော့ ရိုးမဖြတ်ရတယ်။ မနက်လင်းကျင်းပြီး သိပ်မကြာခင်မှာ တောတောင်ကြားထဲ ကားတွေ တန်းစီမောင်းနေရာကနေ ရုတ်တရက် ပင်လယ်ပြင်ပြာပြာနဲ့ ရေလှိုင်းဖွေးဖွေးတွေကို လမ်းရဲ့ ဘယ်ဖက်ခြမ်းမှာ မြင်လိုက်ရတော့ နိုးနေတဲ့သူတွေ ဝမ်းသာအားရ ထအော်ကြရော။ ကျွန်တော်တို့ သွားခဲ့တဲ့ လမ်းကြောင်းက ဂွကနေ ကမ်းသာယာ၊ ပြီးမှ သံတွဲ ငပလီဆိုတော့ တောင်ကနေ မြောက်အတိုင်းပါ။ အဲဒါကြောင့် ပင်လယ်ဟာ တောက်လျှောက် လမ်းရဲ့ ဘယ်ဖက်အခြမ်းမှာပဲ ရှိနေမှာပါ။း) နောက်တော့ ကမ်းသာယာကို ရောက်ပါတယ်။ အဲဒီမှာ မနက်စာ စားပါတယ်။ ပြီးမှ ငပလီကို ဆက်ထွက်ကြတာ နေ့လယ်လောက် ရောက်ပါတယ်။ နေ့လယ်စာကို ငပလီရောက်မှ စားပါတယ်။
ကားတွေကို “အောင်ရတနာ ဘုရားဖူးအဖွဲ့” ကနေ ငှားတာပါ။ Air-con bus လေးစီး၊ Mini-bus တစ်စီး အားလုံး ငါးစီးပါ။
ပြည်ကျောင်းကဆိုလို့ ယောက်ျားလေးက ကျွန်တော်တစ်ယောက်တည်းပါ။ မိန်းကလေးက ရှေ့နှစ်ဗိသုကာက အမ ၂ယောက်ပါ။ ကျွန်တော် သိခဲ့ရသလောက်တော့ ပြည်ကျောင်းက သုံးယောက်ပဲ ပါခဲ့ပါတယ်။ ဆက်ရေးပါဦး။ ကျွန်တော်လည်း တချိန်ချိန်တော့ ရေးချင်ပါသေးတယ်။
ကဲ စိတ်မရှည်သူက ဒီလိုရေးသွားတော့ ကောင်းတယ်၊ ခုတလော ရေးကြသူတွေ ဆက်ရန်တွေများနေတယ်၊ ဖတ်သူက စောင့်ရတာ မောတယ်ကွယ်
လွမ်စရာလေးတွေပေါ့ကွယ်
ဟွန်းငါလည်းအားကျမခံ ချောင်းသာခရီးရေးအုံးမှ :)
ခင်မင်စွာဖြင့်
သီဟသစ်
ငပလီကို မရောက်ဖူးဘူးဗျ။
သွားလည်ချင်တယ်။ ကားနဲ့တော့ ဟုတ်ဘူး။
ဆက်ရန်ကိုမျော်နေပါတယ်ဗျာ
ခင်တဲ့ ရီနို
နာကျင်စေခဲ့တယ်ဆိုတော့
မရဲတရဲနဲ့ဘဲ ဆက်လာဖတ်တော့မယ်...
ဘာဖြစ်မယ်မှန်းမှ မသိတာ...
(ဧည့်ခန်းဆောင်ကိုလဲ ဖတ်ခဲ့တယ်)
းဝ)
ကလူထွင်းကြီးလိုပဲ....သူများနာကျင်နေတာ
ဆိုတော့ ရဲရဲမဖတ်ရဲဘူး။ ဒီက သနားတတ်တယ်။
မျက်လုံးလေး ၂ လုံးကို လက်၁၀ချောင်းနဲ့ကာ ..ပြီးရင်လက်ချောင်းတွေကို တဖြည်းဖြည်းပြန်ချဲပြီး အဲဒိလက်ချောင်းတွေကြားက ချောင်းပြီး မရဲ တရဲ နဲ့ဆက်ဖတ်ဦးမှာ။
ပျော်စရာကြီးနော်။ အနော်လည်းအဲလိုပဲ သူငယ်ချင်းတွေစုပြီးသွားချင်လိုက်တာ။
သွားဖြစ်ခဲ့ရဘူး။ ၉၈ သမားတွေလဲပါတယ်ဆိုတော့စိတ
်ဝင်စားလိုက်တာ။မြန်မြန်ဆက်ရေးနော်။ကိုရွာသား......ငပလီဆိုတော့ပိုကြိုက်
ဘောင်းဘီအိတ်တွေ အပြင်ထုတ် ရေကူးတယ်တဲ့။ ဥာဏ်အမျှော်အမြင်ရှိတာ ငယ်ငယ်ကတည်းကပါလား။ တနလာင်္သားမို့ ထင်တယ်။ :)
ကမ်းခြေခရီးကိုဖတ်တယ်..
ကော်မန့်တွေကိုဖတ်တယ်..
မချိုသင်း ကိုယ့်ပုဇွန်ချဉ် ကိုယ်ချဉ်တာကိုလဲ ဖတ်တယ်..
ကဲ...
ဘာလိုသေးလဲ..
bungalow ကဝေးပေမဲ့၊ အဲ့ဒီနေရာလေးကိုအရမ်းကြိုက်တယ်။ လှိုင်းသံကိုနားထောင်ပြီး အိပ်ရတဲ့အရသာကိုလဲမမေ့ဘူး။ ရန်ကုန်ပြန်တုန်းကတောင် အဲဒီဓာတ်ပုံတွေယူလာသေးတယ်။ အလွမ်းပြေပေါ့....
ဆက်ပါဦးမည်ပေါ့
အလွမ်းသံပါနေသလိုလို ..
ဒီက ကမ်းခြေရော ဘယ်နှယ့်နေတုန်း
သူငယ်ချင်းတွေကိုတော့ ပြောဖြစ်တယ်
ကမ်းခြေတဲ့ ရေမြောင်းဘေးနားသွားထိုင်နေရသလိုပဲလို့ :D
ဆက်ရေးဖြစ်သေးလားဟင်? ရေးဖြစ်တယ်ဆို တို့ကို တစ်ချက်လောက် link ပေးပါ။ Thanks.
Post a Comment