15 July 2009

ရနံ့တစ်ခု၌ မူးယစ်ခြင်း



လူတိုင်း လူတိုင်း ကြိုက်နှစ်သက်တဲ့ အနံ့ဆိုတာ ရှိတတ်ကြမှာပါ။ ဒါပေမယ့် ကိုယ်မုန်းတီးတဲ့ အနံ့အသက် ဆိုတာလည်း ရှိတတ်ကြမှာပါလေ။

အဲ့ဒီကြိုက်နှစ်သက်တတ်တဲ့ အနံ့တွေထက် မုန်းတီးမိတဲ့ အနံ့တစ်ခု ကို အခုအချိန်ထိ စွဲလမ်းမူးယစ် မိခဲ့တာကကော…………..

ပထမဆုံး အဲဒီအနံ့ကို မုန်းတီး သည်ထက် မုန်းတီးအောင် အစပြုခဲ့တဲ့သူက အဘွားလေးပါပဲ။ အဘွားလေးက ကြေးကွမ်းအစ်စုံကြီးရှေ့ချပြီး တစ်ယာပြီးတစ်ယာ စားနေခဲ့တာ ဆုံမညောင်းတဲ့အတိုင်း။ သူကြိုက်လို့သူစားတာပေမယ့် ကျနော်မကြိုက်တတ်ဘူးဆိုတာ သိတော့ လာစမ်းခလေးဆိုပြီး ကျနော့ကို ဖက်နမ်းရင်း ပါးစပ်ထဲကို အတင်းထည့် ကျနော်ကလည်း တစ်အားထွေးထုတ် မြေးအဘွားနှစ်ယောက် လုံးနေကြလေ။ သားမကြိုက်ပါဘူးဆို လို့ပြောလည်း ဟဲဟဲ ငါ့မြေးကလည်း စားကောင်းပါတယ် မွှေးတောင်မွှေးသေးနဲ့ အမြဲလုပ်နေကြ။ ကွမ်းစားနေကြမို့ သူ့ပါးစပ်ဟလိုက်ရင် ကွမ်းနံ့ကထောင်းကနဲလေ။ ခပ်ဝေးဝေးကနေ စကားပြောဖို့ ကျနော်အမြဲကြိုးစားနေကြ။ ဒါပေမယ့် မရပါဘူး ဘွားလေးက နားနည်းနည်းလေးတာမို့ ရှေ့တိုးရင်းတိုးရင်း ခန္တီစရတော့တာပေါ့။ အခုနေ ပြန်တွေးကြည့်တော့ အဲဒီတုန်းကများ ယဉ်ပါးခဲ့လေသလားလို့။

ကောင်မလေးကိုတွေ့တော့ ဖြူတူတူ လုံးတုံးတုံးလေးမို့ ချစ်စဖွယ် ထင်မိတယ်။ ကရင်မလေးလားလို့မေးတိုင်း ဟုတ်ပါဘူးရယ် ဖြေတတ်တယ်။ ပါးလေးဖောင်းနေတာလည်း တစ်မျိုးလေးလို့ ထင်ခဲ့တာ။ နှုတ်ခမ်းလေးရဲတာလည်း အသားရယ်ဖြူတာကြောင့်လို့ ကောက်ချက်ဆွဲခဲ့မိတယ်။

ကောင်မလေးလက်ကို ဆွဲတော့မှ လက်ထဲက ပလတ်စတစ်ထုပ်ကို တွေ့တော့တာကိုး။ လားလား ကောင်မလေးက ကွမ်းစားသူတစ်ယောက်ပဲကော။ အခုအချိန်မှ ကျနော်ဘာပြောရမလဲ။ ဒါဟာ အကြောင်းပြချက်ကောင်းတစ်ခုမဟုတ်သလို ကျနော့အတွက် (ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချတတ်တဲ့ သူတစ်ယောက်အတွက်) ပြန်လည် ပြုပြင်ပြောင်းလဲဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ဆိုတာ သေချာနေခဲ့ပြီ။

ဒီတစ်ခါကော ကျနော် ခပ်ဝေးဝေးက နေဖို့ ကြိုးစားသင့်ပါသလား….

ကောင်မလေး စကားပြောပြီဆို ကွမ်းတံတွေးလေးတွေက နှုတ်ခမ်းစွန်းထက်မှာ ရိပ်ရိပ်လေးစွန်းတတ်တယ်။ သူများတွေလို တပျစ်ပျစ်မထွေးတတ်တာကိုက ကျနော့အတွက်တစ်မျိုး။ အ၀တ်အစားတွေ မစွန်းတာပဲ တော်လှပြီလေ။ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်မို့ သူမကိုယ်တိုင်က တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါပဲ။

အနားမရောက်ခင် အာမွှေးဆိုလား ဆစ်ဂနယ်ဆိုလား အနံ့တစ်ခုက အရင်ရောက်လာစမြဲ။ ဒါဆို နောက်လှည့်ကြည့်စရာမလိုဘူး ကောင်မလေးလာနေပြီလေ။ ပြီးတော့ ပြီးတော့ နှုတ်ခမ်းချိုချိုလေးတွေနဲ့ သမဆိုင်က ပစ္စည်းထုတ်သလို တွဲလျက်ပါလာတဲ့ အဲ့ဒီ ကွမ်းနံ့လေးတွေ။

ကောင်မလေးရယ် မတွေ့ခင်မစားပါနဲ့လားကွယ်ဆိုလည်း ဟင့်အင်း မနေနိုင်ဘူးတဲ့လေ။ တတ်နိုင်တာတော့ သွားလေးတွေ ဖွေးနေအောင် ပုံမှန်ဂရုစိုက်မယ်တဲ့။ ကောင်မလေးကတိတည်သား။ ကွမ်းချိုးတွေ မတက်အောင်တော့ ကြိုးစားရှာတယ်။

တစ်ခါသား ကွမ်းဖြတ်မယ်ဆိုတော့ ကျနော့မှာ ဖြူလေးပြာလေးခါအောင် ကွမ်းအစားထိုးတွေ City Mart ကနေ တပွေ့တပိုက်ဝယ်ပေးခဲ့တယ်။ ပူရှိန်းက တစ်မျိုး ၊ ချိုချဉ်က တစ်ဖုံ၊ ငုံဆေးဆိုတာလည်း မကျန်။ တစ်ပတ်လား နှစ်ပတ်လားခံပါတယ်။ နှုတ်ခမ်းထောင့်မှာ သွေးနီနီစွန်းပြန်ပါရော။

လူ့ဘ၀ဆိုတာလည်း ဆန်းကြယ်သား။ ကောင်မလေးလည်း ဖြူပါရဲ့။ ကွမ်းတံတွေးလည်း ရဲပါရဲ့။ ဒါပေမယ့် ကျနော်တို့ လမ်းခွဲခဲ့ရတယ်။ ဒါပေမယ့် ကွမ်းစားခြင်းဆိုတဲ့ အကြောင်းကြောင့် တော့ မဟုတ်ပါဘူး။

အခုလည်း အဝေးတစ်နေရာစီကို ရောက်နေခဲ့ပြီ။ ကောင်မလေး ကွမ်းစားတုံးပဲ ထင်ပါရဲ့။ လွမ်းစရာတွေ ထောင်ချီအောင်ရှိပေမယ့် တကယ်မက်မက်စက်စက် လွမ်းနေမိတာက အဲ့ဒီ ကွမ်းနံ့။ ချိုမြခြင်းရဲ့ နောက်ကွယ်က ကွမ်းနံ့တစ်ခုကို မူးယစ်စွာတမ်းတ နေမိတယ်တဲ့လေ။

ဖြစ်နိုင်ရင်………အင်းဖြစ်နိုင်ရင်ပေါ့ ကွမ်းယာနံ့လေး ပြန်ရချင်မိတာ ရူးတယ်ပဲ ခေါ်မလား……
ငါ့နှယ်နော်......


စနေနေ့က ကွမ်းစားတဲ့ ကွမ်းကြိုက်တဲ့ မိန်းမပျိုတစ်ယောက်ကိုမြင်ပြီး ဒီအတွေးစကိုရပါတယ်။ ထုံးစံအတိုင်း စိတ်ကူးယဉ် ပေါက်တတ်ကရဇာတ်လမ်းလေးတစ်ပုဒ် သက်သက်ရယ်ပါ။


ပုံကကြိုက်လို့ထည့်လိုက်တာပါ။ သူများစုံတွဲပုံ ရိုက်ထားပါကြောင်း (ဝေဖန်ရေး ကြိုကန်ထားပါသည်ခင်ဗျာ)

36 comments:

K. said...

ကွမ်းနံ့နဲ့ဆေးလိပ်နံ့ကိုမခံနိုင်တာအမှန်ဘဲ...
မမေ

သီဟသစ် said...

အင်း..
အဲလိုတွေရှိသကိုး

တစ်ခုခုတော့ မကတော့ဘူး

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

တခုခု မက အစုစု ကို ဖြစ်နေတာ ခြင်္သေ့လေးရေ။
စာကလဲ ရေးတတ်ပါ့။ ကွမ်းစားတဲ့ ကောင်မလေးတောင် ရင်တွေ ခုန်နေ ရှာရော့မယ်။
(မနှစ်သက်ပေမဲ့ စွဲလန်းတတ်တဲ့ အရာတွေ အများကြီးပဲဗျာ)

Phyo Evergreen said...

ဘာမှာလာမပြောနဲ့..ဘာမှာလာမပြောနဲ့.. သူများပုံလေးဘာလေးနဲ့..

ကောင်းကင်ပြာ said...

ကိုရင် တွေ ခုန်နေတယ်၊ ဘုန်းကြီးကျောင်းမှာတဲ့:P

မီယာ said...

ဓါတ်ပုံကြည့်ပြီး ဟုတ်ပြီပေါ့လို့ ပြောမလို့...
ကွမ်းစားတဲ့ ကောင်မလေးတယောက်ကို မြင်ယောင်သွားသည်။

ကိုလူထွေး said...

ကောင်မလေးကလဲ ဖြူပါရဲ့
ကွမ်းတတွေးကလဲ ရဲပါရဲ့
ရွာသားကလဲ ...... ပါရဲ့

းဝ)

(....... ကွက်လပ်များကို မှန်ကန်စွာ ဖြေဆိုပါ)

လူရိုင်းလေး said...

ဗျို့ ကိုရွာသားရေ အဲ့ဒီမှာ ကွမ်းယာ ရသလားဗျို့?

khin oo may said...

..

သစ်သစ် said...

ရွာသားပါလို့ပြောလဲ ဘယ်သူမှယုံပါဘူးကွယ် .....း)

ရွှေပြည်သူ (ShwePyiThu) said...

အဟွတ် အဟွတ်... ဇာတ်လမ်းထဲက ကွမ်းယာနံ့နဲ့ မွှန်သွားလို့ပါး))

စကားမစပ် သူများစုံတွဲပုံ ခိုးရိုက်တဲ့သူအတွက်လည်း ဝဋ်ဆိုတာ လည်ဦးမှာပါကွယ်... လည်ဦးမှာပါး))

မိုးခါး said...

အရမ်းဖတ်လို့ကောင်းတာပဲ :D
ကွမ်းယာနံ့က ကြိုက်တဲ့လူနဲ့ကျတော့လည်း မွှေးသွားတာပဲလား :D

မောင်ဖားကြီး said...

မရှင်းပြပါနဲ့လေ... ဟဲ.. ဟဲ
သူများပုံဆိုတာ ကြိုသိနေပါတယ်ဗျ အစ်ကိုရ...
ကောင်မလေးက နှုတ်ခမ်းနီဖိုးတော့ သက်သာလိမ့်မယ်ထင်တယ်ဗျ နော်အစ်ကို... အစ်ကိုပုံဖေါ်ထားတာတော့ တော်တော်ချစ်ဖို့ကောင်းတာပဲဗျ

ကြည်ဖြူပိုင် said...

ah hamm, ah hammm................something is somthing.... not nothing........:P

မဆုမွန် said...

အင်း..
ကွမ်းကြိုက်တဲ့ မိန်းကလေးတွေထဲမှာ ဆုမွန်ပါတယ်....စပ်၇ှိန်းရှိန်း ကွမ်းရွက်ကို ခပ်ဖန်ဖန် ထုံးကိုတို့ ကွမ်းသီးနဲ့ တတောက်တောက် ကိုက်ပီးတော့ မြုံ့နေရတာကို အရသာ..
ငယ်ငယ်က ကွမ်းယာချိုမွှေး ရေခဲစိမ်လေး စားရတာ အရသာ နည်းနည်းကြီးတော့ ကွမ်းယာအဆိမ့်စားရတာ အရသာ အသက်ထောက်လာတော့ ကွမ်းရွက်နဲ့ ထုံးကြမ်းနဲ့ ကွမ်းသီးခွဲပြီး ၀ါးရတာ အရသာ ဟဲဟဲ

Yu Ya said...

ဖတ်ပြီး တစ်ခုခု စဉ်းစားမိသွားတယ်...

yu ya

WWKM said...

ရောက်တယ်..ဖတ်တယ် မောင်ရွာသားရေ..

အမ စာရင်းရှင်းတမ်းပို့စ်လေးတော့တင်လိုက်ပြီ.
တချို့ လက်ခံပြေစာတွေက ထပ်မရဘူးနော်.
အဆင်ပြေသလောက် ရှိတာနဲ့ပဲတင်လိုက်ပါတယ်.
အရာရာအတွက် ကျေးဇူးပါ။ပိုက်ဆံပြတ်သွားတယ်ဆိုလို့ စိတ်မကောင်းမိပါဘူး..း)

မကြီးဝါ

JulyDream said...

ရွာသားတစ်ယောက် ဘယ်တုန်းက ပိန်ပြီး အသားဖြူသွားသလဲ မှတ်နေတာ။ အဟက်...

Rita said...

အဟက် အဟက် အဟွတ် :D
သီးသွားလို့ပါ
ဘယ်ကလာ... ကွမ်းယာ မဟုတ်ပါဘူး
ရေသောက်ရင်းသီးတာ

Anonymous said...

သူတို့ထိုင်နေတာ ဘယ်နေရာလဲဟင်။
သွားထိုင်ချင်လို့။

khin oo may said...

ဖတ်ပြီးစိတ်မကောင်းဘူး

khin oo may said...

ဟုတ်ပါရဲ့ အသားတွေဖြူသွားလိုက်တာ။

khin oo may said...

ရေထဲမှာ ခြေထောက်ကလေး လှူပ်နေရရင်ဇိမ်ဘဲ

ဝေလေး said...

ပင်နီစူလာ မှာ ကွမ်းနံ့တွေ လှိုင်လို့...... :P
ကွမ်းနံ့လွမ်းရင် အဲကိုပဲသွားလို့ ပြောမလို့ပါ ကိုယ်တွေ့မဟုတ်ပါဆိုတော့လည်း မပြောတော့ပါဘူး..... အဟီးး

puluque said...

သူများအတွဲကို အားကျနေတယ်ပေါ့လေ မြန်မြန်ရှာပါဗျာ over 30 ဆို ရှာရခက်တော့မယ်..ဟ ဟား....။
ကွမ်းနံ..အဲရိုးရိုး ကွမ်းနံကတော့ ခံလို့ရတယ်..။ ဆေးနံတွေနဲ့ ဆို စိတ်ညစ်တယ်။ ကိုရွာသားလိုပဲ ငယ်ငယ်ကတည်းက အဖွားရဲ့အမေ (ဘယ်လိုခေါ်မလဲ မသိ) က စားတာ လုစားနေကြ။ အိမ်မှာ ပါးကြီးကလည်း စားတယ်။ ထမင်းစားပြီးတိုင်း ပါကြီးက ကွမ်းယားဝါးပြီး သူ့ချစ်ချစ် (ကျတော့မေမေ)ကို ဝါးပီးသား ကျွေးနေကျ။ တစ်ခါတလေ ကျတော်တို့ က ပါကြီး ဝါးပီးသားကို တောင်းစားနေကြ။ အခုတော့ မစားတာ ကြာပကော....

mmtn (kalay) said...

ကိုရွာသားရေ ကွမ်းစားနေတဲ့ မိန်းကလေးကို ကြည့်ပြီး ဒီလိုစိတ်ကူးလေးရတာ ချီးကျူးပါတယ်။ တကယ်။ ကိုရွာသားလေးက တော်တော် စိတ်ကူးကောင်းတယ်။

ကြည်ဖြူပိုင် said...

သိလိုက်ပြီ။ သိလိုက်ပြီ။ အိမ်လည်သွားတာသဲလွန်စကိုသိလိုက်ပြီ။ အဟတ်ဟတ်။ငါဟ..စုံထောက်မကြီး :P

mmtn (kalay) said...

ုကိုရွာသားရေ.. အဲဒီကိစ္စ တော်တော်လေး ခေါင်းရှူပ်နေတာလား။ ကိုရွာသားမှာ cbox မရှိတော့ ဘယ်ကို လာအော်ရမှန်း မသိဘူး ဖြစ်နေပြီ။ ဒါလည်း ဖျက်လိုက်လို့ ရတယ်နော့။ အားမနာနဲ့။

Phyo Maw said...

ကောင်မလေးက ဘွားလေးလိုကော အတင်း.... မလုပ်ဘူးလားဟင်
တို့က ရိုးရိုးသားသား မသိလို့မေးတာပါ။
စိတ်ကူးယဉ်ပြီး ပြန်ဖြေပေးပါ O.o

mmtn (kalay) said...

ကိုရွာသားရေ.... စိတ်မရှူပ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အားတွေနာနေကြတာနဲ့ပဲ ရှူပ်ကုန်ပြီထင်တယ်။ကိုရွာသား သိချင်တာကို နားလည်ပါတယ်။ ညီမဒီမှာ မေးလ်ပေးထားခဲ့မယ်။ ကိုရွာသားပြောသလို ရပ်ဆွေ ရပ်မျိုးတွေ ဆိုတော့ အချိန်မရွေး ဆက်သွယ်လို့ရတာပေါ့။ ကိုဖားကြီးကို ခင်သလိုမျိုး ခင်နိုင်ပါတယ်။ ဒီကွန်မန့်မှာ လာရေးရမှာ အားနာနေလို့ ရေးရင်းနဲ့ပဲ အခု ၃ခုမြောက်ဖြစ်နေပြီ။ တကယ် အားနာတယ် ကိုရွာသားရေ။

NangNyi said...

ညီညီကတော့ ဆေးလိပ်နံ့.. ဆေးလိပ်နံ့မကြိုက်ပေမယ့် သူငယ်ချင်းဆီကနေပြန်ရတဲ့ ချွေးနံ့နဲ့ ဆေးလိပ်နံ့ရောနေတဲ့ ကိုယ်နံ့ကို အရမ်းသဘောကျတယ်..

(ပုံလေးလည်းမိုက်တယ်)

mmtn (kalay) said...
This comment has been removed by the author.
mmtn (kalay) said...

ကိုရွာသားရေ ဘယ်ပျောက်သွားတာလဲ။ မေးလ်က monmyatthu199@gmail.com ပါ။ အခု အပေါ်ကစာတွေ ဖျက်လိုက်အုံးမယ်နော့။ ကိုယ့်ဟာကိုယ် ဖျက်လို့ရတယ် ထင်တယ်နော်...

သက်ပိုင်သူ said...

hmmmm.. gd post

မေလေး said...

ကိုရွာသား
ဘူသူလဲဆိုတာ မေလေးသိတယ်နော်။
ဒါနဲ့ ကျုပ်ယောက်ခမကို အဲလိုလုပ်ပါနဲ့အေ။
တနားပါတယ်။
သူခမျာ ကြောက်လို့ ဒူးတွေတုန်နေတယ်။ဟိဟိ
ဒါနဲ့ မနေ့က ဘူကိုကြောက်လို့ မလာတာလဲ။
အင်းပေါ့လေ ယောင်္ကျားလေး ဆိုတော့ ပိပိပြားပြားနေရတယ်။

(ခင်လို့စသွားတာနော်)

Unknown said...

လူတယောက်မှာ အနံ့ နဲ့ ပတ်သက်လို့  အစွဲအလမ်းလေးတွေ ရှိတတ်ကြတာပဲ
စာလေးဖတ်ပြီး ရွာသားလေး ကိုယ်တွေ့ ကြုံခဲ့တာလား လို့ တောင် ထင်မှားမိတယ်
အရေးအသားလေး ထိမိတယ်
ကွမ်းစားများတဲ့သူဆီက ထွက်တဲ့အနံ့ ကတော့ နည်း၂ပြင်းပေမယ့်
တခါတရံစားတဲ့သူဆီက ကွမ်းနံ့ ကတော့ မွှေးတယ်ထင်မိတယ်
စွဲလန်းခဲ့တဲ့ အနံ့ ကလေးကို ပြန်တမ်းတမိတာ ရူးတယ်လို့  မခေါ်နိုင်ပါဘူးလေ

တို့ ဆို ဆိမ့်၂လေးနဲ့  မွှေး၂လေး ဆိုတာ ဟိုးငယ်စဉ်က တခါတလေ မေ့ဝါးဖတ်လေးစားရတဲ့အချိန်ကတည်းက ရင်းနှီးခဲ့တာ