13 May 2008

အိမ်ကလေး………………သို.

အဲဒီအိမ်ကလေးကို ကျနော်လွမ်းပါသည်။ လွမ်းမိသည်ဆိုသည်မှာ ဝေးကွာ၍သော်လည်းကောင်း မရောက်တာကြာပြီဖြစ်၍သော်လည်းကောင်း အကြောင်းမျိုးမျိုး ဖြစ်နိုင်ပါသော်လည်း ကျနော့လွမ်းခြင်းက ပြန်မရနိုင်တော့သည်မို. ထာဝရလွမ်းဆွတ်ခြင်းသာ။
ထိုအိမ်ကလေးကိုကျနော်ပိုင်ဆိုင်သည်မဟုတ်ပါ။ အိမ်ကလေးရဲ့ တည်နေရာမှာ ရန်ကုန် မန္တလေး ရထားလမ်းဘေးတွင်တည်ရှိပါသည်။ ရန်ကုန်မြို.နှင့် အလှမ်းမကွာဝေးသော်လည်း တောဆန်သော ငြိမ်းချမ်းသောမြို.လေးတစ်မြို.ဖြစ်ပါသည်။ အိမ်ကလေးရှိရာခြံဝိုင်းထဲတွင် အိမ်ထောင်ခွဲ ဖြစ်လင့်ကစား ဆွေမျိုးများနေထိုင်ရာ အိမ် ၃ အိမ်နှင့် ကျနော့ အဘိုးအဘွားတို.နေထိုင်ရာ အိမ်မကြီး (ကျနော်တို.အခေါ်) ရှိပါသည်။ အိမ်ရှေ.တွင် မြို. ၏ စည်ကားရာဈေးကိုမြင်တွေ.ရပါမည်။ အဘိုးနဲ.အဘွားအပြင် အိမ်မကြီးမှာ ဦးလေး ၄ ယောက်၊ အဒေါ်၃ ယောက် တခြား ညီအစ်ကိုမောင်နှမ ၅ယောက်နေကြပါတယ်။ အိမ်ကပျဉ်ထောင်အိမ်သွပ်မိုးပင်မယ့် ကျယ်ကျယ်ပျံ. ပျံ. ရှိလှလို.ရန်ကုန်တိုက်ခန်းတွေနဲ.စာရင် ကြိုက်နှစ်သက်မိတာအမှန်။
ကျနော်တို.လာရင်ရတတ်တဲ့နေရာက ခေါင်းရင်းခန်းရဲ့ ညာအစွန်ပါ။ အပါးရဲ့ (အဖေနဲ.အမေ အဘိုးကို ခေါ်တဲ့အတိုင်း လိုက်ခေါ်မိတာပါ) ကျယ်ပြန်.တဲ့ ဘုရားစင်အောက်မှာ လူ ၈ယောက်လောက် တန်းစီအိပ်လို.ရတယ်လေ။ အပါးတို.ကတော့ နောက်ဘေးကုတင်ပေါ်မှာပေါ့။ အဲဒီကုတင်က ကျနော့ရဲ့နေ.လည်ဘက်စာဖတ်တဲ့ နေရာပါ။ နေ.ခင်းဆိုအေးလို.လေ။ နောက်ဘေး မီးဖိုကဖွဲမီးဖိုပါ သဘာဝအတိုင်း ဖွဲကိုမီးရှို.ပြီး ချက်ရတာမို. ကျနော့အတွက်တော့အထူးအဆန်း။
အိမ်ရှေ.ကအုန်းပင်တွေကတော့ ကျနော်နွေအလည်ရောက်တိုင်း အပါးရဲ့ ဇွန်းခြစ်အုန်းသီးနုတွေအတွက်ပေါ့။ အုန်းပင်ကိုယ်စီရဲ့ အောက်မှာတော့ ချိုးရေ သုံးရေ ထည့်ထားတဲ့ စဥ့်အိုးကြီးတွေပါ။ ရေသုံးကြမ်းတဲ့ ကျနော် ကိုယ်တိုင်ရေထမ်း ကြည့်တော့ မှ ရေတစ်ထမ်းရဲ့တန်ဖိုးကိုသိတော့တယ်။ လေးလိုက်တာတအား ရေရှားတဲ့အရပ်မို. ရေကန်နဲ. အိမ်အကွာအဝေးက Bus ကား မှတ်တိုင် ၅ မှတ်တိုင်စာ အကွာလောက်ပင်မယ့် ဤခရီးနီးသလားပေါ့။ အုန်းပင်တွေနဲ. လမ်းမကျယ်ကြားမှာရှိနေတာကတော့ အဘွားရဲ.မုန်.ကြိတ်စက်လေးပါ။ ဈေးထဲမှာမုန်.ရောင်းတဲ့အဘွားအတွက်သာမက အရပ်ထဲက လာကြိတ်ကြတဲ့ လူတွေအတွက်ပါ ကြိတ်ပေးတာမို.ကုသိုလ်လည်းရ၀မ်းလည်းဝစေတဲ့ ကြိတ်ဆုံလေးပါ။ ပုံမှန်ဆိုရင် ကူကြိတ်ပေးဖို.၀န်လေးကြပင်မယ့် အားလုံးဆုံတဲ့နွေရာသီမှာ တော့ ကြိတ်ချင်ကြလွန်းလို. ရန်ဖြစ် ကြ လုကြနဲ. တပြုံးပြုံးနဲ.အဘွားက Token ပေးပြီးကြိတ်ကြရတဲ့ ကြိတ်ဆုံလေးပေါ့။
အိမ်ရှေ.လမ်းမတန်းကတော့ ညနေဆိုရေဖြန်း ညဆို ကျနော်တို.တွေမနားတမ်းဆော့ကြတဲ့နေရာပါ။ အမျိုးအင်အားကကောင်းကောင်း နဲ.ထုတ်ဆီးများတိုးလိုက်ရင် လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်ပိတ်သွားတာမို. ဘယ်တော့မှမအောင်နိုင်ခဲ့ဘူးလေ။
အခုအရွယ်ရောက်လာတော့ အားလုံးကိုယ်စီကိုယ်စီ ကိုယ့်လမ်းကိုလျှောက်၊ ကိုယ့်ဘ၀ကိုယ်ကျောင်း လွမ်းရတဲ့ အိမ်ကလေးကို မရောက်ဖြစ်တာကြာလှပါပြီ။ တချိန်ချိန်မှာ သွားဖြစ်အောင်သွား မယ်လို.စိတ်ကူးထားပေမယ့် အရင်လိုဘ၀မျိုး ပြန်မရတော့ဘူးဆိုတာတော့နားလည်ထားပါတယ်။ ဘာလို.လဲဆိုတော့ အားလုံးကဘယ်တော့များမှဆုံနိုင်ကြမလဲမသိနိုင်တော့ပြီ။
ဘယ်လိုပဲ စိတ်ကူးခဲ့စိတ်ကူးခဲ့ ဘာကြောင့်ပဲရူးသွပ်ခဲ့ရူးသွပ်ခဲ့ အခုအဲဒီအိမ်ကလေးကတော့ နောက်ဆုံးပေါ် အားလုံးရဲ့ အသည်းဆွဲကိုင်လှုပ်နိုင်တဲ့ ကိုကိုမုန်တိုင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါပြီ။
လွမ်းတယ်အိမ်လေးရယ်….. လွမ်းတယ်………မင်းကတော့မကြားနိုင်တော့ပြီ……….

4 comments:

Pan Chit Thu said...

lwan sout phwe lay yae htar tar ... sar phat tu yin ko .... taw taw hti tae.. nout htut .. de lo myo lay twe .. myar myar yae naing par say shin

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသားလေးရဲ့ post တွေထဲက အကြိုက်ဆုံးတွေထဲမှာ တစ်ခုတိုးသွားပါပြီ။ အိမ်လေးကို မျက်စိထဲ မြင်ယောင်လာအောင် ဖွဲ့နိုင်ပါတယ်။ အိမ်လေးရဲ့ အေးချမ်းတဲ့အရိပ်လေးကို တကယ်နှမြောမိပါတယ်။ အိမ်လေးအတွက် တကယ်စိတ်မကောင်းဘူး ကိုရွာသားလေးရေ...

Anonymous said...

ညီလည်း အစ်ကို့ အိမ်ကလေး တစ်လုံး ရှိခဲ့တယ် ။ အခုတော့ ထပ်တူပါပဲ လွမ်းနေရတာချင်းတူတူပေါ့ ။

Unknown said...

အဲလိုပဲ ရန်ကုန် မန်းလေး ကားလမ်းနားက မြို့ မကျ ရွာမကနေရာလေးမှာ ခုထိအိမ်လေးတလုံးရှိနေဆဲပဲ ခြံဝန်းပတ်လည်မှာ အုန်းပင်တွေနဲ့ အိမ်လေးပေါ့ ခုတော့ အထီးကျန်နေတဲ့အိမ်လေး လွမ်းစရာ ငယ်ဘ၀ကအိမ်လေး ဘယ်တော့များမှ ပြန်ရောက်နိုင်ပါ့မလဲလို့  စဉ်းစားလို့ မရနိုင်တော့တဲ့ အိမ်လေး လွမ်းမိပါရဲ့ 