မနေ.ညက Bus အပေါ်ကအဆင်းမှာ ပန်းတွေကြွေနေတဲ့ မြေပြင်တစ်ခုကိုတွေ.လိုက်ရပါတယ်။ ညအမှောင်ရယ် အဖြူရောင်ပန်းတွေရယ် ဆိုတော့ ဒီမြေပြင်က ကျနော့ကို စွဲငင်နေပါတော့တယ်။ ကိုယ်ရနေကြ မွှေးပျံ.တဲ့ရနံ့ ရယ် ရိုးတံရှည်ရှည်လေးတွေကို မမြင်ရတော့မှ ကိုယ်ဘဝထဲက ဧကရာဇ်တွေမဟုတ်ပါလားလို.သတိထားမိတယ်။ သြော်ဧကရာဇ်တွေ ခုထိလွှမ်းမိုးနေတုန်းပဲကိုး။ မမေ့သင့်ပါဘူးလေ…..မမေ့သင့်ပါဘူး။
သားငယ်ထဆိုတဲ့အသံကို ကြားမှကိုယ်အိပ်ချင်မူးတူးနဲ.ထမိတဲ့မနက်တိုင်းမှာ အာရုဏ်မတက်သေးဘူးလေ။ အုန်းမောင်းခေါက်သံမကြားခင်မှာ သူငယ်ချင်းတွေလာကြတော့မှာ။ ဘယ်သူမှ မဦးခင် သွားမှလှပတဲ့ပန်းကော်ဇောတွေကို တွေ.ရမှာဖြစ်သလို ပန်းဦးပန်းဖျားတွေရမှ ပိုရောင်းရမှာမို. အိပ်ချင်နေပေမယ့် ကျနော်နိုးထရပြန်ပါတယ်။ကျနော့ရဲ့ငယ်ဘဝလေးမှာ ဒီဧကရာဇ်တွေက အတိအကျကိုပါဝင်ခဲ့တာပေါ့။
သူငယ်ချင်းတွေနဲ.အတူ ရပ်ကွက်ပတ်လည်မှာ ရှိတဲ့ ဧကရာဇ်ပင်တိုင်းရဲ့အောက်မှာ အပြိုင်အဆိုင်ပန်းကောက်ပွဲပါပဲ။ မြေကြီးပေါ်မှာ ကျနော်တို.အပြိုင်အဆိုင်ကောက်လေ့ရှိတာက ဟောဒီ ဧကရာဇ်တွေရယ် ၊ တန်ဆောင်တိုင်မှာ မြို.မျက်နှာဖုံးတွေကြဲချလေ့ရှိတဲ့ မတ်စေ့အသစ်လေးတွေရယ်ပါ။ ကြွေနေပေမယ့် ဖယောင်းသားလေးလို အလှမပျက်ပဲ မွှေးရနံ.တွေတလှိုင်လှိုင်ပေးတတ်တဲ့ သူတို.ကိုကျနော်ချစ်ပါသည်. သြော်ချစ်ရပါသည်..
အပြိုင်အဆိုင်ကောက်ပြီး တောင်းကြီးတောင်းငယ်နဲ.ပြန်လာကြပြီး ဘုရားကပ်ဖို.မှာထားတဲ့အိမ်တွေမှာ အလှဆုံးပန်းတွေကို ပို.ရင်းကုသိုလ်ယူကြရပြန်ပါတယ်။ ကျန်တဲ့ပန်းတွေကိုတော့ ထုံးစံအတိုင်း ဖွတ်မီးကျစ်သီကြရပါတယ်။ ဒါမှလည်း မမဦးတို. မအမာတို. ဒေါ်လေးဒေါ်ဟန်ရှိတို.ပန်ဖို.ရောင်းကြရမယ်လေ။ အဖွားရဲ့စကားအရဆိုရင် အပ်တွေအပ်ချည်တွေမလိုပဲ ကိုယ်အားကိုယ်ကိုးပြီး လောကကိုအလှဆင်ပေးသတဲ့လေ။ သူမို.တွေးရက်တယ် တကယ်တော့ ကိုယ့်ရိုးတံလေးတွေကို ချိုးပြီး တစ်ပွင့်ကနေတစ်ပွင့် ချိတ်ဆက်သီရတဲ့ ပန်းလေးတွေကို ကိုယ်ကတော့ သနားပါသည်။ တွယ်တာပါသည်။ သို.ပေမယ့်လွမ်းရေးထက် ဝမ်းရေးခက်သည်မို. မသီရက်သီရက် နေ.စဉ်ရက်ဆက်သီခဲ့ပါသော ဧကရာဇ်လေးတွေကို ကျနော်မမေ့သင့်ပါဘူးနော်။ မေ့လည်းမမေ့ရက်ခဲ့ပါဘူးလေ။ ရင်ထဲကထာဝရ ဧကရာဇ်တွေရယ်ပါ……….

4 comments:
မြတ်နိုးတတ်ပါပေ့။ ရေးတတ်ပါပေ့။ နူးညံ့ပါပေ့ ရွာစား၇ယ်။
အဲတာပဲ ပြောတတ်တော့တယ်
ဧကရာဇ် ပန်းဆိုတာ ဘာပန်းကိုများ ပြောတာလဲ ....
ခရေပန်းများလား ...
ထားပါလေ ...
ပန်းနာမည်က အရေးတော့ မကြီးပါဘူး ..
အရေးကြီးတာက ပန်းတွေဖြန့်ကျဲ ထွေးဖက်ထားတဲ့ ကိုရွာသားပြောတဲ့ ဧကရာဇ်ပင်အောက်က ပန်းကောဇော ကိုပါ ...
ရောက်ဖူးချင်တယ် ..
မြင်ဖူးချင်တယ် ...
အတိုင်းအတာ တစ်ခုထိ အဲ့နေရာလေးမှာ ပန်းကြွေကောက်ရင်း ကြည်နူးခံစားကြည့်ချင်တယ် ....
ခုတော့ ပို့စ်ထဲမှာပဲပေါ့ ...
နေဒေးသစ်။
ပန်းဧကရာဇ်ရဲ့  သင်းပျံ့ ပျံ့ မွှေးရနံ့ ကိုဖြင့် လွမ်းဆွတ်မိပါရဲ့  တခါက ငယ်ဘ၀အိမ်လေးရှိတဲ့မြို့ ငယ်ငယ်လေးကိုပေါ့ ဧကရာဇ်ပန်းလို ကိုယ့်အားကိုယ်ကိုးပြီး အလှဆင်တဲ့ပန်းဆိုလို့  ဒီစာသားလေးကို နှစ်ခြိုက်မိပါတယ် ပန်းလေးတွေကိုချစ်တတ်တဲ့သူဟာ စိတ်ထားနူးညံ့တယ်တဲ့ ဟုတ်လား????
Post a Comment