24 May 2008

ပျောက်ပျက်ဆုံးရှုံးသွားခဲ့သော………

ဒီလောကမှာ ဘယ်သူမှ ကိုယ်ပိုင်ဆိုင်သောအရာများ (ရုပ်ဝတ္ထု များကိုသာမက) မပျောက်ဆုံးဖူးဘူးဆိုတာရှိနိုင်မယ်မထင်။ အသေးအဖွဲမှသည် တန်ဖိုးကြီးမားသည့် အရာများအထိ အကြောင်းအရာ အမျိုးမျိုး ဖြစ်ပျက်မှုအမျိုးမျိုးဖြင့် ပျောက်ဆုံးဖူးမည်မှာမလွဲ။ တခါတရံပျောက်ဆုံးပြီဟု မှတ်ယူထားသော အရာများ အမှတ်မထင်ပြန်လည်ရှာတွေ.တတ်ပါသေးသည်။ ထိုအခါအတိုင်းမသိပျော်ရွှင်ရပါသည်။ သို.သော် ပျောက်ဆုံးနိုင်မည် မထင်သော အရာများပျောက်ဆုံးသွားခဲ့သောအခါ………….
ကျနော် ၃နှစ်သားလောက်က ညတစ်ခုမှာ အိပ်ရာကနေလန်.နိုးလာခဲ့ပါတယ်။ အိပ်မက်မက်ခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာအိပ်မက်လည်းဆိုတာ ကျနော်မမှတ်မိတော့ပါ။သေသေချာချာမှတ်မိတာကတော့ကျနော်ရှိုက်ကြီးတငင်ငိုကြွေး နေမိခဲ့တာကိုပါ။ ဘာလို.ငိုမိတာလည်းဆိုတော့ မိဘတွေမရှိတော့ရင်ဆိုတဲ့ ဆုံးရှုံးမှုအတွေးနဲ.ပါ။ အဲဒီအတွေးကို ဒီလောက်ငယ်ရွယ်တဲ့ အချိန်မှာတွေးမိစေခဲ့တာ ဘာအိပ်မက်များပါလိမ့်နော်။
အိပ်မက်ရဲ့ ပြင်ပလက်တွေ.ဘ၀မှာတော့ တဖြည်းဖြည်းနှင့် ပျောက်ဆုံးမှုအရေအတွက်တွေများပြားစွာနဲ.ပါ။ ၄နှစ်သားလောက်မှာတော့ အဘိုး ကျနော့အမေရဲ့အဖေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရုပ်ဝတ္ထု များကတော့ ကျနော့ရဲ့ စည်းကမ်းမရှိမှု နမော်နမဲ့နိုင်မှု များနှင့် ပျောက်ဆုံးပျက်စီးရသည်ချည်းသာ။
ကလေးဘ၀ကိုဆုံးရှုံးရချိန်မှာတော့ ထိုဆုံးရှုံးမှုမှာ ပိုမိုကြီးမားပါလိမ့်မည်။ ရိုးသားသော ဖြူစင်သော လွတ်လပ်သော သန်.စင်မွန်မြတ်သော အရာအားလုံးဆုံးရှုံးခဲ့ရပါသည်။ အတ္တ
ကြီးသော မာန်မာနကြီးမားသော ကောက်ကျစ်စဉ်းလဲသော ညံ့ဖျင်းသော လူအဖြစ် မှန်ထဲမှာ နေ.စဉ်မြင်တွေ.နေရပေမယ့် အံ့သြစရာကောင်းလောက်အောင်တုန်လှုပ်ခြင်းကင်းမဲ့နေခဲ့ပါတယ်။
ကျောင်းသားဘ၀ သူငယ်ချင်းတွေမရေမတွက်မမှတ်မိနိုင်အောင်ကို ခွဲခွာခြင်းနဲ. ပျောက်ဆုံးသွားကြပြန်တယ်။ ၀န်ထမ်းမိသားစုမို. အပြောင်းအရွှေ.ကြောင့် ခွဲခွာခဲ့ ရသလို တချို.ခွဲခွာရမှုတွေကတော့ ပြိုင်ဆိုင်ခြင်း ၀န်တိုခြင်း စတဲ့ မောဟများကိုမြစ်ဖျားခံခဲ့ပါတယ်။
ကျောင်းပြီးလို.လုပ်ငန်းခွင်ဝင်ချိန်မှာတော့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို တွေလို.မှတ်ယူခဲ့ပေမယ့် ကိုယ့်ရဲ့ ခံယူချက်တွေ အားလုံးဆုံးရှုံးရပြန်တယ်။ ရာထူးရလိုမှု ၊ အထက်လူကြီးနဲ. အဆင်ပြေမှု စသည် များပြားလှသော ရလိုမှုများကြောင့်တဦးနဲ.တဦး ရန်စောင် ထေ့ငေါ့ တိုက်ခိုက်ကြရင်း ခင်မင်ရင်းနှီးမှုပျက်စီးရပြန်ပါတယ်။
ရပ်ဝေးမြေခြားရောက်ပြန်တော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ နေကြသလို ပြန်ပေါင်းစည်းဖို.လည်းခက်ခဲနေပြန်တယ်။ ကိုယ်သိထားတဲ့ ကိုယ့်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေရဲ့ ဖော်ရွေမှု ရင်းနှီးမှုတွေဟာလည်းစိမ်းကားစွာ ပျောက်ဆုံးသွားကြပြန်တယ်။
မနက်ဖြန်ဆိုဘာဖြစ်မယ်မှန်းမသိနိုင်တဲ့ ဒီလောကကြီးမှာ ကိုယ့် အတွက် ကြိုတင်မခန်.မှန်းနိုင်တဲ့ ဆုံးရှုံးမှုများက လက်ကမ်းနေမှာအမှန်ပါပဲ။ ဒါပေမယ့်လည်း ကလေးအတွေးနဲ.ကိုယ်တွေးနေမိတာက ငယ်ငယ်တုန်းကလို ပျောက်ရင် ရှာဖွေ နေကြအတိုင်း လက်တစ်ဖက်ထဲကို တံတွေးထည့်ပြီး နောက်လက်ဝါးစောင်းနဲ.ခုတ်ပြီး တံတွေးစင်တဲ့ဖက်ကို လိုက် ရှာပြီးပျောက်ဆုံးနေတဲ့ အဲဒီအရာတွေကို ပြန်တွေ.ရင်ကောင်းမယ်ဆိုပြီးတော့လေ…….အဲဒီပျောက်ဆုံးမှုတွေကိုလေ………

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

အတွေးတွေ သိပ်ကောင်းတာပဲ ကိုရွာသားလေးရေ... ဘ၀ရဲ့သဘောကိုက တွေ့ဆုံကြုံကွဲ ဆိုတာတွေမှာပဲ အခြေခံနေတော့.... ပျောက်ဆုံးမှုတွေအတွက် ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားနေကြရမှာပေါ့လေ...

Anonymous said...

အတွေးလေး အရမ်းကောင်းတယ် အစ်ကို ဟုတ်တယ် ကျနော်တို့ တွေ ဆုံးရှုံးခဲ့ရတာများပြီး အဲ့ထဲကမှ အရာဝတ္ထုတွေမဟုတ်တဲ့ နွေးထွေးတဲ့ မေတ္တာတရားတွေ ဆုံးရှုံးသွားရတာ နှမြောစရာ။

Mogok Thar said...

သယ်ရင်း၊ မိတ်ဆေါကောင်းတွေနဲ့ နွေးထွေးတဲ့ မေတ္တာကို ရွာစားလေး ခုချိန်မှာ အများကြီး ပိုင်ဆိုင် ရနေပြီ မျွှော်လင့်ပါတယ်ဗျာ။ ပျော်ရွှင်ပါစေ။

Unknown said...

မိဘတွေ မရှိတော့ရင်ဆိုတဲ့ အတွေးမျိုးတွေးမိတဲ့အချိန်မျိုးမှာ အမြဲပဲငိုမိတယ် ကျန်တာတွေက လောကသဘာဝအရပျောက်ဆုံးသွားတာတွေအတွက် မတမ်းတမိပေမယ့် ဒီလိုအိပ်မက်အတွေးမျိုးဖြစ်ခဲ့တဲ့နေ့ ဆိုရင် ကိုယ်တိုင်ပျောက်ဆုံးသွားသလို ရပ်တည်လို့ မရတော့သလို သတ္တိတွေပျောက်ဆုံးကုန်တယ် ထပ်မတွေးမိစေဖို့ ဆုတောင်းပေးပါတယ်