08 May 2008

စာအုပ်တစ်အုပ်အကြောင်း


တကယ်တမ်းတော့စာအုပ်တစ်အုပ်ဆိုတာဘာမှမဟုတ်ခဲ့ပါဘူးလေ။ ဒါပေမယ့် စာအုပ်တစ်အုပ်အကြောင်းကိုတော့ဖော်ပြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစာအုပ်က ကျနော့ကို ရသစာပေထဲ နှစ်ဝင်စေခဲ့လို.ပါပဲ။ ဘာစာအုပ်မို.လဲ………
စာအုပ်ကိုရေးသားတဲ့သူကတော့ မရှိရှာတော့ပါဘူး။ နာမည်ကြီးစာရေးဆရာတစ်ယောက်ပါပဲ။ အဲဒီစာအုပ်လေးကို အဖေ့တပည့် စာဖတ်ဝါသနာပါတဲ့ ဦးမျိုး ကျော်ကပေးလိုက်တာပါ။ စာအုပ်က ၂ အုပ်တွဲမို. ရသစာပေမဖတ်ဘူးတဲ့ ကျနော်ကစိမ်းကားစွာပဲ ပထမပိုင်းကိုပဲ ယူလာခဲ့တယ်။ စလျှင်စချင်းကဗျာတစ်ပုဒ်နဲ.ဖွင့်ထားပါတယ်။ ကျနော်ကျော်ဖတ်လိုက်တာပေါ့ နားမှမလည်တာကိုး ပြီးတော့ ဇာတ်ကောင်လေး တွေဖော်လာတယ်။ ဇာတ်လိုက်မင်းသားနာမည်က တစ်လုံးထဲ ရယ်။ ဇာတ်လမ်းတည်ထားတာကတော့ သန်လျင်မြို.မှာပါ။ မိုးတွေရွာတဲ့အချိန် ဘေးအိမ်ကကောင်မလေးပျောက်သွားလို.တဲ့ ကောင်လေးအဖေကိုပါအကူအညီတောင်းတာနဲ.ပါသွားပါတယ်။ ကလေးဆိုတော့ မလိုက်ရပေမယ့် စူးစမ်းသိချင်နေခဲ့မှာပါ။ သူ.အဖေပြန်လာတော့ ပြန်ကြားရတယ် ရှာတွေ.တယ်တဲ့။ ဗောဓိကုန်းနားမှာထင်တယ်။
နောက်နေ. မှာ ကဗျာရွတ်နေတဲ့ မျက်မှန်တပ်ထားတဲ့ ကောင်မလေးနဲ. မြယာတောမှာတွေ.ကြတယ်လေ။ ကောင်မလေးနာမည်ကလည်းတစ်လုံးထဲပါပဲ။ အဲဒီကမှ သူတို.နှစ်ယောက်ကျောင်းသွားဖက်တွေဖြစ်လာကြတယ်။ ကောင်မလေးကတစ်တန်းငယ်တယ်ထင်တယ်။ ကောင်မလေးဖက်မှာ ညီအစ်မလေးယောက်ရှိပြီး အားလုံးရဲ့နာမည်ကလည်းတလုံးစီပါပဲ။ အရွယ်ရောက်လာတော့ ညီအစ်မတွေနာမည်ပါတဲ့ ကဗျာတစ်ပုဒ်နဲ. ကာလသားတွေကစကြသတဲ့လေ။ ကောင်လေးမှာအစ်ကိုတစ်ယောက်ရှိပါတယ် ကျောင်းပိတ်လို. အိမ်ပြန်လာတဲ့အချိန်မှာသူတို.နှစ်မိသားစု မြို.ပြင်ဘက်ကခြံတခြံကိုသွားလည်ကြပါတယ်။ အရမ်းဆော့တဲ့ကလေးတွေအဲဒီက ရေကန်မှာရေနစ်တာပေါ့။ သိပ်မကြာပါဘူး ကျောင်းသားသပိတ်ဖြစ်တယ်။ စာရေးစရာရဲ့ တခန်းနဲ.တခန်း တရွက်က နေ တရွက်ခေါ်သွားလိုက်တာ ကျနော်မျက်စိတောင်ပိတ်မိရဲ့ လားမသိပါဘူး။ ပထမပိုင်းပြီးသွားတော့ ကျနော်နောင်တရမိပါတယ်။ ဒုတိယပိုင်းမယူလာမိဘူးလေ။ နောက်နေ.ရောက်ဖို.ဆုတောင်းရင်း အိပ်ရာသာဝင်သွားတယ် စိတ်မဖြောင့်ခဲ့ဘူး။ သိချင်တဲ့စိတ်ကပြင်းပျ နေပြီလေ။ နောက်နေ.ညနေ အဖေ့ကိုဂျီကျပြီး သွားယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စစ်ဖြစ်တဲ့အခြေအနေ နဲ. ဖက်ဆစ်စနစ်ရဲ့ အဖြစ်ဆိုးကို မမှီလိုက်တဲ့ ကျနော်တို.တွေသိအောင်ရေးပြထားပါတယ်။ စစ်နဲ.အတူ မိသားစုနှစ်စုလဲ ကွဲကွာခဲ့ကြရတာပေါ့။ နောင်ပြန်တွေ. တော့ ကျောင်းတွေပြန်ဖွင့်တဲ့အချိန်လေ။
မိန်းကလေးတစ်ယောက်ရဲ့အနေအထိုင်ဟာ ပတ်ဝန်းကျင်ကို ဘယ်လိုရိုက်ခတ်စေသလဲ ဆိုတာကို ပါစာရေးဆရာက ရေးပြလိုဟန်ရှိပါတယ်။ ၁၅၀၀ အချစ်နဲ. ၅၂၈ အချစ်ကြားလွန်ဆွဲ ကြတဲ့ ခေတ်သားကောင်လူငယ်တို.အဖို.ဒီဇာတ်လမ်းက နှစ်သက်စေမှာ အမှန်ပါပဲ။ တိုးတက်ရာတိုးတက်ကြောင်းရှာဖွေဖို.ကိုလည်း တစေ့တစောင်း ဖော်ပြထားပြန်ပါသေးတယ်။ နောက်ဆုံးတော့ ဇာတ်လိုက်နှစ်ယောက်မရကြတဲ့ လွမ်းစရာဇာတ်လမ်းလေး အဖြစ်အဆုံးသတ်ထားပါတယ်။ ဒီစာရေးဆရာကြီးကအလွမ်းဓာတ်ခံရှိဟန်တူပါရဲ့။
စာအုပ်တွေကို ဖတ်ရုံသာမက သိမ်းဆည်းဖို. ကြိုးစားတဲ့ အချိန်မှာ ပထမဆုံး အမှတ်တရအဖြစ် ဒီရသစာပေထဲကိုဆွဲခေါ်ခဲ့တဲ့ ဒီစာအုပ်လေးကို အမှတ်တရအဖြစ်ဝယ်ဖြစ်ခဲ့ပါတယ်။ ဘယ်နှစ်ကြိမ်မြောက်ထုတ်ဝေမှု မှန်း မမှတ်မိတော့ပေမယ့် ဒီတခါတော့ တစ်အုပ်ထဲအဖြစ်ထုတ်ဝေခဲ့ကြပါတယ်။ အဲဒီစာအုပ်လေးကတော့………………………………………..



ရေးချင်စိတ်ရှိလို.သာရေးလိုက်ရပင်မယ့် စာအုပ်ကရွာမှာပဲ ကျန်ခဲ့တာမို. မှားယွင်းဖော်ပြမှုများရှိရင် မောင်ရွာသား၏ မှားယွင်းမှု ညံ့ဖျင်းမှုသာဖြစ်ပါသည်။

3 comments:

Mogok Thar said...

လုပ်ပြီ။ ရွာစားရယ်။ စာအုပ် အမြည်းပေးပြီး ဘယ်သူရေးတယ်၊ ၀တ္ထုနာမည်က ဘာ ဆိုတာတော့ ပြောဘူး။ လူဇိုး။ ဖတ်ချင်သွားဘီ။

Anonymous said...

အဲ အဲလိုလုပ်နဲ့လေ ... ဇာတ်လမ်းတော့ ကောင်းပြီဟ .. နောက်ဆုံးကျရင်တော့ စာအုပ်နာမည်သိရမှာပဲဆိုပြီး ဖတ်လာတာ .. ကိုရွာသားတို့ နောက်ပြီ .. အတည်ပေါက်ကြီးနဲ့ ကစ်ခံထိတာပဲ ... :D
နေဒေးသစ်။

Unknown said...

သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်---ခိုင်
ကြိုင် - မြိုင် - လှိုင် - ခိုင် ပြီးတော့ မောင် နောက် ငြိမ်းမောင်
မောင့် ကို အားမလိုအားမရဖြစ်တယ်
ခိုင် ကို သနား ဒေါသဖြစ်မိတယ်
ငြိမ်းမောင်ကိုလည်း သနားမိတယ်
လှိုင် ကိုယ်စား ရင်နင့်မိတယ်
အဲ ဒီလိုရေးလို့  ၀တ္ထုစပါယ်ရှယ်လစ်လို့ မထင်လေနှင့်
စင်ကာပူရောက်မှ ၀တ္ထုဆိုတာကြီးကို စဖတ်ဖူးခြင်းပါ