18 May 2008

ကျနော်နဲ.စာဖတ်ခြင်း


စာဖတ်ခြင်းအလေ့အထကို ပျိုးထောင်ပေးခဲ့တာက မိဘနှစ်ပါးပါပဲ။ မူကြိုမတက်ချင်တဲ့ ကျနော့ ကို စာဖတ်ချင်လာအောင် စာဖတ်ချင်စိတ်ဖြစ်လာအောင်ပုံသွင်းပေးခဲ့တဲ့ သူတို.ရဲ့ ကျေးဇူးကတော့ ဆပ်မကုန်နိုင်အောင်ပါပဲ။ အပေါင်းအသင်းတွေလိုစိတ်ဆိုးစိတ်ကောက်မှာ မဟုတ်တဲ့အတွက်တကယ့်ကိုအဖော်ကောင်းတွေပါပဲ။
စဖတ်ဖြစ်တာကတော့ ရွှေသွေး တေဇ မိုးသောက်ပန်းတို.ပါ။ နေ.စဉ်မျှော်ရပါသော ရွှေသွေးနဲ. အပတ်စဉ်စောင့်ခဲ့ရပါသော တေဇ မိုးသောက်ပန်းတို.တွေပါ။ မိဘနှစ်ပါးက English လိုဖတ်စေချင်ပင်မယ့် တစ်ခါမှ ဖတ်ဖို.မကြိုးစားခဲ့ပါဘူး အဲဒါကြောင့် English ညံ့တာဖြစ်မှာပါ။
တဖြည်းဖြည်းနဲ. ရှာဖွေဖတ်တဲ့အချိန်မှာတော့ ကြီးဒေါ်တွေငယ်ငယ်ကဖတ်ခဲ့တဲ့ ကလေးဂျာနယ်၊ ရှုမ၀မဂ္ဂ္ဂဇင်းထဲက ပုံပြင်များ၊ တိုင်းရင်းမေ၊ စန္ဒာမဂ္ဂ္ဂဇင်းထဲက ကြပ်ကလေးပုံပြင်၊ ပေဖူးလွှာထဲ က စနေမောင်မောင် စသည်စသည် ဖတ်ရှုမိခဲ့ပါတယ်။ လေရူးသုန်သုန်တို. သွေးတို. စစ်နှင့်ငြိမ်းချမ်းရေးတို. စတဲ့ အဖိုးတန်ရသစာပေတွေကို ဖတ်ရကောင်းတယ်ရယ်လို. သတိမထားမိခဲ့ပါဘူး။ သတိထားမိတဲ့အချိန်မှာတော့ မရှိရှာကြတော့ပါဘူး။ ရှာဖွေစားသောက်တတ်တဲ့ အစ်ကိုဝမ်းကွဲ ရယ် စီးပွားအရှာကောင်းတဲ့ ကို Bottle ကုလားရယ် က သူတို.ကို အိမ်ပေါ်ကနှင်ချ လိုက် ကြပါတယ်။ အခွင့်အရေးဆိုတာတစ်ခါပဲရတယ်ဆိုတာဟုတ်မှာနော်။
နောက်တော့ကျနော်ဖတ်မိတာက လူကြီးတွေဖတ်ဖတ်နေတဲ့ မောင်နှင်းဆွေ မောင်ဝင်းကြွယ် သိုင်းစာအုပ် များပါ။ တော်တော်လေးစွဲလမ်းပြီး အချိန်တော်ကြာထိ ကြိုက်နှစ်သက်ခဲ့ပါတယ်။
ဒီတစ်ခါလစဉ် စောင့်ဖတ်ရတာကတော့ မဟေသီမဂ္ဂ္ဂဇင်းဖြစ်သွားပါပြီ။ ဘာလို.လဲဆိုတော့စွဲမက်စေတဲ့ အခန်းဆက်ဝတ္ထုရှည်တွေက ကျနော်နဲ.အမေ့ ကို ရန်ဖြစ်ပြီး လုဖတ်တဲ့အထိ ဆွဲဆောင်ထားလို.ပါပဲ။
စာပေပေါင်းစုံကိုဖတ်မိတဲ့ အကြောင်းရင်းခံကတော့ ထူးစာပေ ကြောင့်ဆိုရင်မှားမယ်မထင်ပါဘူး။ စာအုပ်ဆိုင်ရှင်ကလည်း စာပေချစ်မြတ်နိုးသူဖြစ်တာတကြောင်း စာအုပ်ကောင်းတွေများစွာရှိတာတကြောင်း စာအုပ်ဆိုင် ထိုင်ပေးဖို.ပြောတဲ့အခါမှာ မငြင်းမိခဲ့ပါဘူး။ စာအုပ်လည်း ငှားကူရင်း စာအုပ်တွေလည်းဖတ်ရင်းပေါ့။ စဖတ်တာကတော့ စာကောင်းပေကောင်း ကာတွန်းစာအုပ်တွေပါပဲ၊။ မြိုင်ရာဇာတွတ်ပီမှ သည် ဘယ် ကျော်၊ ကျော်အောင်မော် မှသည် စိုင်းဗေဒါ များပြားလှသော စာအုပ်ပုံထဲမှာ မကုန်မခြင်း အားသွန်ခွန်စိုက် ဖတ်ဖြစ်ခဲ့ပါတယ်။ ကျောင်းစာဆိုလို. ကတော့ စာအုပ်လက်ထဲ ရောက်တာနဲ. ပါးစပ်ကစသမ်းနေပါပြီ။ မတူမှမတူတာနော်။ ကာတွန်းတွေ ငြီးငွေ.လာတဲ့အချိန်ကြတော့ ကြည်အေးရဲ့ နွမ်းလျအိမ်အပြန်၊ ဂျုးရဲ့ အမှတ်တရ၊ လွန်းထားထားရဲ့ ရင်ခွင်နန်းတော်……….၊ ရှားရဲ့ ယနေ.ထက်တိုင်….၊ မြပုလဲခင် ရဲ့ ရန်ကြီးအောင်တို.ဇာတ်လမ်း၊ နေနော်ရဲ့ အတွင်းကြေ……ရှင်မိုး….မဆုံးနိုင်တဲ့ စာအုပ်ပုံထဲမှာနှစ်မြုပ်ရပြန်ရော…………
ဘာသာပြန်စာအုပ်တွေကိုလဲအလွတ်မပေးခဲ့ပြန်ဘူး မြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများဆိုတာဖတ်ပြီး တကယ်ပဲ အဲလိုမှတ်တမ်းရေးချင်စိတ်ဖြစ်လာရသလို တက္ကသိုလ်ဆိုတာကိုလဲရောက်အောင်သွားဖို.ဆုံးဖြတ်မိတဲ့အထိပါပဲ။
စာအုပ်တွေကိုစုဆောင်းတဲ့အကျင့်ကို သင်တန်းတစ်ခုက အစ်ကိုကြီးတစ်ယောက်စီကရရှိခဲ့တာပါ။ အခုတော့စုဆောင်းထားတဲ့စာအုပ်တွေနဲ.ဝေးရာမှာကိုယ်ရောက်နေရပြီလေ။ ကိုယ်ရဲ့အိပ်မက်ထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ကိုယ်ပိုင်စာကြည့်ခန်းလေးက ဘယ်အချိန်မှာ ဖြစ်လာမှာလဲနော်။ ဘာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ အလေ့အထအဖြစ် ကိုယ်လက်ခံထားတဲ့ စာဖတ်ခြင်းကတော့ ဆက်လက်၍……..

3 comments:

Saing Khan Tun said...

ကျွန်တော့်လည်း ကောင်းတဲ့ စာအုပ်လေးတွေ ညွှန်းပါဦး။

Anonymous said...

စာတွေ အများကြီးဖတ်တာပဲ ချစ်ကိုက လွန်းထားထား တို့လိုအချစ်ဝတ္ထုတွေလည်းဖတ်တာပဲ ဒါနဲ့ များဂျာ ဟိဟိ :)

Unknown said...

မိုးသောက်ပန်း ရွှေသွေး တေဇ တို့ ကျောင်းသား စာအုပ်လေးတွေကိုတော့ ငယ်ငယ်ကဖတ်ဖြစ်တယ် ပြောခဲ့တဲ့အိမ်လေးမှာ ခုထိရှိနေသေးတယ် နည်းနည်းကြီးတော့ မိဘတွေဖတ်တဲ့ ပေဖူးလွာ ငွေတာရီ တို့ ကိုဖတ်ဖြစ်တယ် နောက်တော့ Top English computer ဂျာနယ် နက္ခတ္တ သမိန်ပေါသွပ် ကာတွန်းအနည်းငယ် တို့ လောက်ပဲ ဖတ်ရတယ် အင်းဝတ္ထုကိုတော့ မိဘနဲ့ ဝေးတဲ့ စင်ကာပူရောက်မှပဲ ဖတ်ဖြစ်တော့တယ် (စကားမစပ် မနေ့ ညကတောင် ညီမလေးနဲ့  ငယ်ငယ်က မိဘက English လိုဖတ်စေချင်လို့ မိုးသောက်ပန်းစာအုပ်ဝယ်ပေးဖြစ်တဲ့အကြောင်းလေးတောင် ပြောဖြစ်သေးတယ်) စလုံးရောက်ကလေးတွေ စာကြည့်တိုက်က စာအုပ်လေးတွေဖတ်တာကြည့်ရင်းနဲ့ ပေါ့