30 July 2009

အလွမ်းပြေ


ဒညင်းသီးများ ချစ်ခြင်းမေတ္တာဖြင့် ပို့ပေးသော ကိုရုပ်ဆိုးနှင့်မဥမ္မာအား အထူးကျေးဇူးတင်ရှိပါကြောင်းခင်ဗျာ..

28 July 2009

ဘာကြောင့် နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ


မနှစ်က ဆော်လမွန်းငါးတို့အပြန် ဆိုတဲ့ ပို့စ်လေးကို အမှတ်တရ ရေးမိတယ်။ ဟုတ်ပါတယ်။ ဒီနေ့ဆိုရင် အမိမြေနဲ့ ခွဲခဲ့ရတာ နှစ် နှစ် တင်းတင်းပြည့်ပါပြီ။ လွန်ခဲ့တဲ့ 28-07-2007 ရက်နေ့ ည8နာရီကျော်မှာ ဟောဒီမြေကို ခြေစချခဲ့တာ။

လက်ရှိကျနော် ပြန်လည်တွေးတောရင်း အထက်ပါ မေးခွန်းတစ်ခုကို တွေးနေမိတယ်။ ပြီးတော့ ကျနော့ဆီကို ခဏတဖြုတ် စာဖတ်ရုံ ဖတ်တဲ့သူတွေ၊ပုံမှန်ဖတ်တဲ့သူတွေ၊ ကော့မန့်ပေးတတ်တဲ့သူတွေ၊ မျက်စိလည်လမ်းမှား ရောက်လာသူတွေ အားလုံး အားလုံးစီကနေ ဒီမေးခွန်းလေးရဲ့ အဖြေကို လိုချင်မိတယ်။ ခင်မင်ရင်းနှီးစွာ စကားဝိုင်းလေးတစ်ခု ဖန်တီးပေးကြပါခင်ဗျာ…………

ကျနော်ဘာကြောင့်ထွက်လာခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျနော်အရင်ဖြေပါမယ်။ ဆယ်တန်းအောင်တော့ ရန်ကုန်ကို တက်လာဖြစ်တယ်။ ရန်ကုန်ကိုမသွားခင် အိမ်မှာ နှုတ်ကတိတစ်ခုပေးခဲ့ရပါတယ်။ ဘယ်လိုသော အကြောင်းကြောင်းကြောင့်နဲ့မှ နိုင်ငံရပ်ခြားကို မသွားပါဘူးဆိုတဲ့ ကတိ။ ရန်ကုန်ကို လွှတ်ဖို့တောင် မနည်းလေ။ ဟိုးအဝေးးးးးးကြီးဆို ကျနော်တို့ မိသားစုသေးသေးလေးမှာ ခွဲခွာခြင်းဆိုတာ အကြီးမားဆုံး အခက်အခဲ။ ရေကြည့်လို့မှ လက်တစ်ဖ၀ါးတစ်ဝက်ခွဲရှိတာ။

ကျနော်ရန်ကုန်ရောက်စက Poly ဆိုတာတွေ ခေတ်စားစပြုပြီ။ ကျနော့သူငယ်ချင်းတစ်ယောက်ဆို Polyနဲ့ ဒီကိုထွက်သွားတာ အဲ့ဒီအချိန်ထဲက ပေါ့။ သင်တန်းထဲက အစ်မကြီးတစ်ချို့တစ်ဝက်လည်း ကျောင်းပြန်ဖွင့်တာ မစောင့်နိုင်တာနဲ့ ဟိုဟိုဒီဒီ ထွက်သွားကြလေရဲ့။ ကတိတစ်ခုကို တည်မှ ကြိုက်တတ်တဲ့ ကျနော်ကတော့ ကိုယ့်ကတိအတိုင်း ယောင်လို့တောင် စိတ်မ၀င်စားမိအောင် မျက်စိတွေပိတ်ပစ်ခဲ့တယ်။ ခေါင်းကို ဘယ်နှစ်ခါယမ်းမိမှန်းမသိအောင် ယမ်းရင်း overflow ဖြစ်အောင်ပေါ့။

သင်တန်းတွေတက်ရင်း တက္ကသီလာကိုလည်း တစ်ဖက်တက်ဖြစ်တယ်။ Third year လောက်မှာ NUS ဆိုတာ သိရပြန်တယ်။ ကျောင်းမှာ Presentation လာလုပ်တာမို့ သူရို့ကျောင်းတွေကို အားကျမက်မောခဲ့ရတယ်။ ဟာ libraryကြီး၊ ဟင် ကျောင်းသားတွေအတွက်အဆောင်၊ အလို..သီရေတာကြီးတွေ၊ လက်တွေ့စမ်းသပ်ခန်းတွေ ဒါပေမယ့် ငါနဲ့မှ မသက်ဆိုင်ပဲလို့ ခေါင်းငုံ့ပစ်လိုက်တယ်။ တစ်ချို့အတန်းဖော်တွေ NUS ၀င်ခွင့်ဖြေကြတယ်လည်း ကြားမိတယ်။

နောက်တစ်နှစ်တော့ အင်္ဂလန်မှာ ကျောင်းဆက်တက်နိုင်တဲ့ အခွင့်အရေး Presentation ကို သင်တန်းဖက်က တစ်ခါလာပြန်ပါလေရော။ သိပံ္ပမောင်ဝရဲ့ အောက်စဖို့ အကြောင်းကို သတိရမိပြန်တယ်။ စာထဲမှာပဲကောင်းပါတယ်လေ။ ငါ့အတွက် လက်တွေ့မဖြစ်နိုင်ဘူးလို့ စိတ်ပြန်သွင်းမိတယ်။

ကျောင်းပြီးတော့ သူငယ်ချင်းက တက်ကြွစွာ ဟေ့ကောင် ကျောင်းလျှောက် ကျောင်းလျှောက်ဆိုတော့ လျှောက်တာပေါ့လို့ ပြောပြီး လုံးဝမလျှောက်ဖြစ်ခဲ့ဖူး။ သူငယ်ချင်းက ကျောင်းပါသွားခဲ့တယ်။ ကျောင်းမှာလည်း စာမတော်တာမို့ ဆက်တက်ဖို့လည်း ရွေးချယ်ကြမှာမှ မဟုတ်ပဲ။ လျှောက်ဖြစ်တော့လည်း မရွေးချယ်ခဲ့ကြပါဘူး။

ဒါနဲ့လုပ်ငန်းခွင်ဝင်ဖြစ်တယ်။ သူငယ်ချင်း ဆယ်ယောက်ထဲမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း ထွက်သွားလိုက်ကြတာ။ နောက်ဆုံးကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ ဘာလုပ်နေတာလဲ မေးရင် Experience စုနေတယ်လို့ ဖြေမိတယ်။ ဒီအဖြေ မခိုင်လုံဘူးဆိုတာသိပေမယ့် ကျနော်တို့တွေ မသိချင်ယောင်ပဲဆောင်နေကြတာ။

ဒီလိုနဲ့ ချက်ကောင်းမိတဲ့ နေ့ကိုတော့ ရောက်လာခဲ့တာပေါ့။ သူငယ်ချင်းအဖေကလည်း အမေ့ဆရာရင်း။ သူတို့မိသားစုတွေ အလည်အပတ်သွားခဲ့တဲ့ DVD လေးပြရင်း တိုက်တွန်းနေခဲ့တာ။ ဒီမှာ ဘာလုပ်မလဲတဲ့။ ကျနော့လခက နှစ်သိန်းကျော်လောက်ပဲ ရနေခဲ့တာ။ အိမ်ကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးနိုင်ပါဘူး။ လူတန်းစေ့တယ်ဆိုရုံ နေနိုင်တဲ့ ၀န်ထမ်းမိသားစုထက် တစွန်းတစေ့မှ မပိုခဲ့။ နောက်တော့ ဖေက သူအလုပ်က ထွက်ချင်တယ်ဆိုလာတယ်။ စက်ရုံမှာ ဖြစ်တဲ့ ပြဿနာတစ်ခုက သူ့ကို တော်တော်လေး ရိုက်ခတ်ခဲ့ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကြားမှာ အလုပ်ဆက်လုပ်ဖို့ သူမနှစ်မြို့တော့ဘူးဆိုပါတော့။

အဲဒီတော့ အိမ်ရဲ့ အဓိက စားဝတ်နေရေးကို ထောက်ပံ့ပေးမယ့်အရေးက ကျနော့အရေးဖြစ်လာခဲ့ပါပြီ။ ဖေနဲ့ စတင်ဆွေးနွေးကြတယ်။ ဒီအတိုင်းဆက်သွားနေရင်တော့ ဒုံရင်းက ဒုံရင်းဖြစ်ပါမယ်လို့။ အခုအချိန်အထိ အိမ်ပိုင်တစ်ခုတောင် မရှိခဲ့သေး။ သူအလုပ်က ထွက်ပြီဆို ဘယ်မှာနေထိုင်မလဲ ဘယ်လိုနေစားကြမလဲ။ အဲဒီမှာပဲ အပြင်ထွက်ဖို့ဆိုတဲ့ ခေါင်းစဉ်ကို စတင်လိုက်ပါတယ်။ ဖေနားပြီဆို သားအလှည့်လေ။ ဆိုတော့ ဆိုတော့…

ချက်ချင်းရတဲ့ အခွင့်အရေးတစ်ခု မို့ အလုပ်ကိုထွက်စာတင်တယ်။ ပြီးတော့ ဒီခရီးကို စတင်ခဲ့ပါတယ်။
အခုမိုင်တိုင် နှစ်နှစ်စာ ကျနော်လျှောက်ခဲ့ပြီးပြီ။

ကျနော့ရဲ့ မိတ်ဆွေတွေကော ဘာအတွက် ဒီခရီးကို လျှောက်ခဲ့တာလဲ ကျနော့ကို ဝေမျှ ဆွေးနွေးပေးကြပါလား ခင်ဗျာ………….
ညီအစ်ကိုမောင်နှမတွေရဲ့ ဝေမျှဆွေးနွေးချက်လေးတွေပါ
khin oo may said...
နားထောင်သွားတယ်။
July 28, 2009 1:07 AM

ကြည်ဖြူပိုင် said...
ဆွေးနွေးရမယ်ဆိုရင်တော့အရှည်ကြီးပဲကိုရွာသားရေ........သူများလိုဆွေမျိုးသဟာဆိုတာလဲမရှိ။ အဆက်အသွယ်ဆိုတာလဲရှားပါးတဲ့ အနေအထား။မိန်းကလေးတွေလာကြတာ ရှားပါးတဲ့အချိန်။ပေးဆပ်လိုက်ရတဲ့ မိဘမိသားစုနဲ့ ခွဲခွာခြင်း။အိုးးးးးးးးးးးပြောရမယ်ဆိုရင်တကယ့်ကို အရှည်ကြီး။တစ်ထောင့်တစ်ညလို့တောင်တင်စားနိုင်ရဲ့။ အဲဒိတော့ ဒီကွန့်မန့်လေးမှာတော့ဆွေးနွေးလို့ မဖြစ်နိုင်တဲ့အနေအထားမို့ ပို့စ်အကွယ်ကပဲ သူများတွေဆွေးနွေးတာထိုင်ကြည့်ပါရစေတော့။ အရေးအသားလေးတအားညက်တယ်။ စာရေးသားတာတော်တယ်။ ဂွတ်ဒ်အနော့်ဆီလာမလည်ပေမယ့် အနော်ကတော့လာလည်ပြီး ခြေရာတွေချန်ခဲ့ပါတယ်နော် :D)
July 28, 2009 1:25 AM

Moe Cho Thinn said...
သိပ်ကောင်းတဲ့ ပို့စ်ပဲ။ မမြင်ရတဲ့ အကြောင်းတရားတွေကို ကန့်လန့်ကာ ဟ ပြလိုက်သလိုပဲ။1996 တို့ အိမ်ထောင်ကျလို့ ပထမဆုံး စင်ကာပူထွက်လာတော့ သင့်ဘ၀ မဂ္ဂဇင်းမှာ အလုပ်လုပ်နေရာက ထွက်ခဲ့ရတာ။ အဲဒီမှာ ဆရာ မောင်သစ်ဆင်းက တို့ကို မှာလိုက်တယ်။ အခု လူငယ်တွေ အများကြီး နိုင်ငံခြားကို ထွက်နေကြတာ ဘာကြောင့်လဲ ဆိုတဲ့ Why? မေးခွန်းတခုပဲ မေးရင် ခေတ်ကို ကောင်းကောင်းပုံဖော်နိုင်ပါလိမ့်မယ် တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Why? က ဦးနှောက်ယိုစီးမှုတွေ၊ လူနေမှုဘ၀တွေ၊ နိုင်ငံရေးတွေ အားလုံးကို ဖော်ပြနေလို့ပါပဲ။
July 28, 2009 1:26 AM

ကြည်ဖြူပိုင် said...
အနော်ဒီရောက်လာတာ သူငယ်ချင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့်မို့ သူ့ကိုတော့ ကျေးဇူးတင်ထိုက်သူများဆိုတဲ့ပို့စ်မှာ တစ်စိတ်တစ်ပိုင်းဖော်ပြဖူးတယ်။အဲဒါကိုပဲ သေးသေးလေးဆွေးနွေးခြင်းလို့မှတ်ယူလိုက်ပါ နော် :D
July 28, 2009 1:27 AM
khin oo may said...
http://khinoomay77.blogspot.com/2009/07/hello-singapore.htmlTuesday, July 28, 2009hello ……Singaporeကိုယ်နဲ့မဆိုင်သလိုဘဲ။ ဒါပေမဲ့လည်းဆိုင်ပါတယ်။ သာမာန်ဝန်ထမ်း မျိုးရိုးက လာတဲ့ကိုယ်ဟာ နိုင်ငံခြားဆိုတာ ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်ခဲ့မိတယ်။ ကျောင်းတက်တယ် ရိုးရိုးဘဲ။ ကျောင်းပြီးတယ။် ရိုးပါသေးတယ်။ အလုပ်ဝင်တယ်။ ဒါလည်း ရိုးသေးတယ။် အိမ်ထောင်ကျတော့ အဲဒီခောတ်က ခေတ်စားတဲ့သဘောင်္ာသားနဲ့ အိမ်ထောင်ကျပါတယ။် သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုတဲ့ ကြော်ငြာ တစ်ခုရယ်။ မြန်မာ ကျပ်ငွေ ၇၀၀တန် လက်ထပ်စာချုပ်ရယ်နဲ့ဘဲ နစ်ဦးသဘောတူ ယူခဲ့တဲ့ သူ က သဘောင်္သားဆိုတော့ကာ တစ်နစ်မှာ တစ်လ ဘဲ.နားဖြစ်ပါတယ။် ဒီလို နဲ့ နစ်ပေါင်း နဲနဲကြာလာ။ သူ လဲ သဘော်ပေါ်ကနေ ရှိုးပြောင်း ကိုယ့်ကို ခေါ်ချင်တဲ့ အရိပ်အယောင်ရှိပေမဲ့လဲ ကိုယ်က ကိုယ့်ရဲ့ အလုပ်သံယောဇဉ်ရယ်။ လေဖြတ်နေတဲ့ အဖေရဲ့သမီး ..ကို မသွားစေချင်ဘဲ သူ့အနားမှာရှိစေချင်တဲ့ ဆန္ဒကို နားလည်လို့ကိုယ်နဲ့ မဆိုင်သလိုဘဲနေခဲ့တယ။် ဒါပေမဲ့ဘွဲ့လွန်ဆက်မတက်ခဲ့မိဘူး. ဘွဲ့လွန်တက်ရင် နောက်ထပ် နစ် အနည်းငယ်ကို ထပ် ပေးဆပ်ဘို့ အ တွက် အာမမခံနိုင်ဘူး ဖြစ်နေတယ။် ဒါဟာ မှန်ပေမဲ့လည်းမှားသွားတဲ့ ဆုံးဖြတ်ချက်ဘဲလား. ဝေမခွဲနိုင်ခဲ့ဘူး။ လုပ်စရာရှိတာတွေကို ငယ်စဉ်မှာ အပြတ်ဖြတ်နိုင်ရမယ်ဆိုတာ ကို မဖြတ်နိုင်ခဲ့ဘူး။နောင် ကိုယ် တောနယ်ပိုင်းမှာမှ တော်တော်လေးချောင်ကျတဲ့နေရာကိုပြောင်းရပြီဆိုတော့မှ အလုပ်သံယောဇဉ်က ပြတ်သွားခဲ့တော့တယ။် ကိုယ်မပြတ်ပေမဲ့လဲ သူက ဖြတ် သွားပေးခဲ့ပြီလေ။ အဖေအမေ လည်း မရှိတော့တဲ့ အချိန်မှာ ကိုယ့်အတွက်တော့ ရွေးချယ်စရာမကျန်အောင်ဖြစ်ခဲ့ပြီ။ referencehttp://ywartharlay-ytu.blogspot.com/2009/07/blog-post_28.htmlPosted by khin oo may at 1:33 AM 0 comments Labels: kom
July 28, 2009 1:44 AM
khin oo may said...
future အနစ်နစ်ဆယ်တုံးက ရေးဘို့စဉ်းစားလို့မရတာဒါနဲ့ချေလိုက်ပါ။
July 28, 2009 1:44 AM

khin oo may said...
အခုမှ ဘဲ အလုံးကြီးကျသွားတော့တယ။် ဟင်း.
July 28, 2009 1:45 AM
ZT said...
အစကတော့ အဖေနဲ့ အမေက နိုင်ငံခြား ထွက်ဖို့ တိုက်တွန်းတယ်။ ကိုယ်တိုင်တော့ သိပ်စိတ်မပါ ပါဘူး။ ဒါပေမယ့် သင်တန်းတွေ တက်ရင်း သူများတွေ ဆီက ရောဂါ ကူးလာတယ်။ ကျောင်းဆက်တက်ရင် 4th year လောက် ရောက်မှ နောက်ထပ် ကျောင်း ၃ နှစ်လောက် ထပ်ပိတ်ရင် ဒုက္ခဆိုပြီး တွေးမိတာလည်း ပါပါတယ်။ ဒီပို့စ်ဖတ်ရင်း Brain Drain က Brain in the Drain ထက်စာရင် ကောင်းတယ် ဆိုတဲ့ စကားလေးကိုတော့ အမှတ်မထင် သတိရသွားတယ်။
July 28, 2009 1:59 AM

မီယာ said...
ဆယ်တန်းအောင်တော့ ဆရာဝန်ဖြစ်ချင်လွန်းလို့ ၃နှစ်အိမ်မှာ ထိုင်ပြီး ကျောင်းအဖွင့်ကိုစောင့်တယ်။ ၄လတက်ပြီး ပြန်ပိတ်သွားတော့ ဆရာဝန် အိပ်မက်ကို စွန့်လွှတ်လိုက်တယ်။ ကျောင်းတက်ဖို့ နိုင်ငံခြား ထွက်လာတယ် ဆေးပညာတော့ မသင်နိုင်ခဲ့ဘူး။ အဲ့ဒီ အချိန်ကစပြီး စိတ်လေတာ အခုထိပဲ။
July 28, 2009 3:11 AM

ဖိုးသင်္ကြန် said...
Post တစ်ခုဖြစ်သွားပြီ။ဒီည မအိပ်တာ အကို့ကြောင့်။မနက်လာဖတ်ပါ။
July 28, 2009 3:21 AM
MieMie said...
ဘာကြောင့် နိုင်ငံခြား ထွက်ခဲ့ရတာလဲ ဆိုတာကိုဖြေရရင် ကိုယ့်မိဘတွေအတွက်စဉ်းစားမိလို့ပေါ့....ဒါပေမယ့် နိုင်ငံခြားထွက်လာခဲ့တာ မိမိအတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဆိုတာကိုတော့အဖြေရှာတုန်းပါ....ရွာသားလေးရော ကံကောင်း ကံဆိုးဘယ်လိုယူဆပါသလဲ....mie nge
July 28, 2009 4:15 AM

ကိုလူထွေး said...
ကိုရွာသား ဒီထက်မက ဆထက်တပိုး အောင်မြင်ပါစေ လို့ ရေခြားမြေခြား နိုင်ဂျံဂါးကနေ ဆုတောင်းပေးပါတယ်...းဝ)
July 28, 2009 4:15 AM
လူရိုင်းလေး said...
မြန်မာနိုင်ငံမှာ မရနိုင်တဲ့ ပညာရေးကို မက်မောမိလို့ ထွက်လာခံတာပါ ကိုရွာသားရေ ဒါပေမယ့်လက်တွေ့မှာကတော့ ရုန်းကန်ခြင်းတွေနဲ့ပဲ ပြည့်နပ်နေတာပေါ့
July 28, 2009 6:59 AM

အပြုံးပန်း said...
ရေးချင်တယ်ရွာသားလေးရေ။ရေးဖြစ်အုံးမယ်။သက်ပျင်းချရင်းဖတ်သွားမိတယ်။မခင်ဦးမေပိုစ့်ရောဖတ်ပြီးပြီ။
July 28, 2009 7:24 AM

ရွှေပြည်သူ said...
စိတ်ဝင်တစား ဖတ်မိပါတယ်။ ဆယ်တန်းကို ကိုယ့်ထက်အရင်အောင်တဲ့ လူတွေထက် ကိုယ်တို့ Batch တွေမှာ နိုင်ငံခြားကို ထွက်တဲ့လူတွေ ပိုပိုများလာတာကို သတိစထားမိတဲ့ အချိန်တွေ... အခုဆို သိသမျှရွယ်တူတွေ အားလုံးနီးပါး အပြင်မှာချည်းပါပဲလေ။ “ဖေနားပြီဆို သားအလှည့်လေ” ဆိုတာကိုလည်း သဘောကျမိပါတယ်။ အားကျမိပါတယ်။ အဲဒီစကားရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး မြင်လိုက်လို့ပါ။
July 28, 2009 9:41 AM

Vigor said...
Yeah..exactly, like what ZT said, Brain Drain is absolutely better than Brain in the Drain. Cheers..
July 28, 2009 9:53 AM

Rita said...
...
July 28, 2009 10:13 AM

Talkii said...
မနှစ်ကထက် စာရေးတာတွေ အများကြီးကောင်းလာတယ်ဆိုတာရယ် ကိုယ်ကိုယ်တိုင် ခတ်တဲ့ ကျိမ်စာဆိုတာရယ် ၂ခုတွေ့သွားတယ်။ ကျန်တာတော့ ပြောချင်သေးဘူး။Brain ကို drain ထဲက ထုတ်လိုက်မယ့်အစား drain ကိုပဲ သန့်ရှင်းအောင် လုပ်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။
July 28, 2009 10:15 AM
Bagothu said...
ရွာသားလေးရေ့ အားတင်းထား။ တနေ့မှာတော့ တို့ရွှေပြည်ကြီးကို ပြန်နိုင်ရမယ်။
July 28, 2009 10:41 AM

sait phay yar said...
ရွာသားရေ... လို့ဘဲခေါ်လိုက်တော့မယ်...
July 28, 2009 10:52 AM

Mogok Thar said...
အစ်ကို ဆက်ရေးမဲ့ စနေသား မှာ အဲဒီ အကြောင်းလေး ပါတယ် ညီ။ဘာပဲဖြစ်ဖြစ် အခြေအနေတွေကတော့ လာရတဲ့ ရည်ရွယ်ချက်ချင်း တူပါတယ် ညိလေးရာ။ညိလေး ရည်မှန်းရာ ပန်းတိုင်တစ်ခုဆီ အမြန်ဆုံး ရောက်နိုင်ပါစေ။မေတ္တာဖြင့်
July 28, 2009 11:11 AM

မေဇင် said...
တူတူပါပဲ.... မိသားစု အတွက်ပေါ့...။ ရွေးချယ်စရာ... ဒီတစ်လမ်းထဲရှိတယ်... ရန်ကုန်မှာ အလုပ်လုပ်နေတာ.. အိမ်ကိုပြန်ပို့ဖို့ မဆိုထားနဲ့ ...။ ကိုယ့်ဘာသာတောင် မလောက်ငှဘူး.... ပညာတွေ သင်ပေးခဲ့တာတွေကို အားနာလာပြီ.... ၊ ဒီကြားထဲ မိသားစု ကျမ်းမာရေး ကထ ဖောက်လာတယ်...။ လက်ထဲငွေ နဲနဲ ရှိတာက အဲ့ဒီ ကျမ်းမာရေးက ဖောက်လာတော့ ကြွေးပါ ပါလာတယ်.... ကဲ.... ဒီကိုမလာလို့ ဘယ်ကို သွားမလဲ... ?
July 28, 2009 11:44 AM
ပန်းခရမ်းပြာ said...
No select No Copy လုပ်ထားတယ်လား။ လေးထောင့်တုံးတွေပဲ မြင်ရတယ်။ Copy paste လုပ်ပြီး ရုံးမှာ ဖတ်လို့ မရတော့ဘူး။ မန့်လို့ မရတော့ဘူး။ ကောင်းခန်း ရောက်မှနော်။
July 28, 2009 1:13 PM

WWKM said...
အခုမှဖတ်ဖြစ်တယ်. နောက်ကျနေပြီ. အိမ်လည်မထွက်ဖြစ်တာလေ..အလှူလိုက်ခံနေတယ် ထင်မှာစိုးလို့.. ဘယ်မှ မလည်. ဟတ်ဟတ်.း))အစ်မလည်း အလုံးကြီးကျခါနီးနေပြီ.း)ကိုယ်စခဲ့တဲ့ဇာတ် နိုင်အောင်ဆက်ကနေတာ. :D စိတ်ကြည်နူးပေမယ့် တခါတလေစိတ်ပင်ပန်းတယ်.း)အစ်မကတော့ နိုင်ငံခြားကို ဦးဥာဏ်ခေါ်လို့လိုက်လာတာပါ..ရေးစရာမရှိဘူးထင်ပါရဲ့..း)ဒီည တစ်ခုခုရေးမယ်လေ... မုဒ်သွင်းလိုက်ဦးမယ်. :Pရေးထားတာ ၃၊၄ ခု စိတ်မပါနေလို့ မတင်ဖြစ်တော့တာ. အသစ်တစ်ခုထပ်ရေးဦးမယ်.စိတ်ကူးပေါက်ရာပေါ့. သူများတွေလို စာရေးမကောင်းလေတော့စာရေးဘို့တော်တော်လေးစဉ်းစားနေရပါတယ်. :D
July 28, 2009 2:11 PM
့hnin said...
ကိုရွာသားရေ.....ဒီစားသားလေးကိုဖတ်လိုက်ရတော့သက်ပြင်းတစ်ချက်ကို ခပ်နာနာချတစ်ခုမျှသာပဲ ပြောခဲ့ပါရစေ...ဘ၀မှာ အကြွေးတွေထပ်နေလို့ဆပ်ဖို့အရေးက ရှိသေးပြန်တော့မဖြစ်မနေထွက်လာခဲ့ရလေ.....။
July 28, 2009 2:57 PM

avocado said...
ဒီကိုလာဖို့ငယ်ငယ်ကတည်းကအတွေးစိတ်ကူးမရှိခဲ့ဘူး ၁၀တန်းအောင် သင်တန်းတက် တက္ကသိုလ်တက် ပြီးတော့အလုပ်လုပ် သွားစေချင်တာအမေပါ အမေကသွားစေချင်တာပါ အဲဒါကိုတောင်ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ရှောင်နေတာ နောက်ဆုံးအမေတော်တော်စိတ်တိုမှ ဒီကိုရောက်လာတာပါ ဒီမှာကအဖေကပထမတစ်ပတ်ကူညီပေးပါတယ် ကျန်တာတော့ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့လေ ဘာပဲပြောပြောဒီရောက်တာ ၂နှစ်ပြည့်တော့မယ် ပျော်တယ်လည်းမဟုတ် မပျော်ဘူးလည်းမဟုတ် ဘယ်လိုကြီးမှန်းမသိပါဘူး
July 28, 2009 4:55 PM
သစ်သစ် said...
တကယ်ပြောရရင်တော့ ဓါတ်ပုံဆိုပြီးပြေးလာတာပါ။ နောက်ပို့စ်ဖတ်ပြီးကိုယ့်မှာစဉ်းစားစရာတွေဖြစ်သွားတယ် ။ သစ်သစ်လာတာကတော့ ရှင်းရှင်းလေးပါပဲ နင်လာလို့မရပါဘူးဆိုတဲ့ သူတစ်ယောက်ကိုနင်နေသလို ငါလည်းလာပြီးလုပ်ကိုင်နေနိုင်တယ်ဆိုတာ ပြချင်တာရယ် မြန်မာပြည်က ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ရင်မဆိုင်ချင်တော့တာရယ်ပါပဲ ကိုယ့်ရဲ့မာနက မိဘနဲ့ခွဲရခြင်းကို စတေးလိုက်ရတယ်။ ကျေနပ်ပါတယ် အတိုင်းအတာတစ်ခုထိ ထိရောက်သွားခဲ့လို့ပါပဲ ။ ပြောခွင့်ပေးလို့ ကျေးဇူးပါ ကိုလူကြမ်းရေ..း) ။
July 28, 2009 9:36 PM
Nay Linn said...
HiI came Singapore to support my family and to give them better life in Myanmar.
July 28, 2009 10:45 PM
ကလူသစ် said...
ဘာကြောင့်လဲ နှစ်ခါပြန်စဉ်းစားစရာမလိုဘူး။ စားဝတ်နေရေးကြောင့်ပါပဲ။
July 29, 2009 12:15 AM
နန်းညီ said...
ညီညီကတော့ နိုင်ငံခြားသွားရတာပျော်လို့.. လူမျိုးမတူ ဘာသာစကားမတူ အလေ့အထတွေမတူတဲ့နေရာတွေ သွားရတာ ပျော်ဖို့ကောင်းတယ်.. အဲလို နှစ်ချီပြီး မနေဖူးတော့ ဒုက္ခတွေတော့ သိပ်မသိပါဘူး.. အဟိ.. (ဓာတ်ပုံလေးကြိုက်တယ်..)
July 29, 2009 4:16 PM
ငွေဇင်ယော် said...
ပိုက်ဆံ ပိုရနိုင်မယ်လို့မျှော်လင့်တာက 50%။ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်ပေမယ့် ကြိုက်နှစ်သက်မှုလဲ မရှိတဲ့ အခြေအနေကြီးထဲ မှာ မနေချင်တာက 50%။ အခုပျော်နေလားဆိုတော့ မပျော်ဘူး။ ပြန်မလားဆိုတော့လဲ အပြီးမပြန်ချင်ဘူး။ အလည်တော့ ခဏခဏပြန်ချင်တယ်။ ရွာကို မလွမ်းတဲ့ရက် တစ်ရက်မှမရှိဘူး။ မနက်ရုံးသွားဖို့ အမ်အာတီကိုလျှောက်ရင်းနဲ့တောင် ရန်ကုန်မှာ ဘတ်စ်စကားစောင့်ရင်းရတတ်တဲ့ မုန့်ဟင်းခါးဟင်းရည်နံ့လေးကို လွမ်းတယ်။
July 29, 2009 4:37 PM

မိုးခါး said...
သူလိုကိုယ်လိုပဲ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက် ပြီးတော့လည်း ဘာမှလုပ်စရာမရှိဟိုယောင် ဒီယောင် ယောင်ရင်း ယောင်ရင်း အခြေအနေပေးလို့ ရောက်လာတာပါ .. ဒုက္ခဆိုတာ သိပ်ကြီးကြီးမားမား မတွေ့ဘူးသည့်တိုင်အောင် နေရတာ မပျော်ဘူး .. ငြီးငွေ့တယ် .. တကယ်တမ်း ပြန်မလားဆိုတော့လည်း မပြန်နိုင်သေးပါဘူး .. ကိုယ့်မှာ လုပ်ဖို့ အခွင့် အရေး အခြေအနေ ပေးတုန်း လုပ်နိုင်တာတွေ လုပ်ရဦးမယ်လေ .. ကိုယ့်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့နိုင်တော့ ဒီလိုပဲ မချစ်ပေမယ့် အောင့်နမ်းနေရတာပါပဲ .. :D
July 30, 2009 11:51 AM

သီဟသစ် said... ဘ၀အတွက်အချစ်အတွက်ကိုယ့်အတ္တတွေ အတွက်လာခဲ့တယ်။ပျော်သရွေ့နေမယ် စိတ်ကူးတယ်ဗျာ..
July 30, 2009 9:16 PM

sonata-cantata said...

ရွာသားလေးရေ ရေးလိုက်ပြီ ဒီမှာ

ပေရှည်လို့ မှားပါတယ်တော့ မအော်ကြေး

August 1, 2009 10:39 PM

26 July 2009

အဖူးကြွေ

ကျောင်းတွေ စတက်ရတဲ့ မိုးစိုစိုရာသီတစ်ခုမှာပေါ့။ ကျနော့အထင် ကျနော် ခုနှစ်တန်းနှစ်ဖြစ်မယ်။ မိုးတွေကလည်း ရွာ... ဇွန်ဇူလိုင်မှာ ရွာတဲ့မိုးစက်တွေနဲ့ အဖူးလေးတစ်ခု ကြွေခဲ့ရတယ်။ အခုဆို ဆယ်စုနှစ် နှစ်ခါကျော်ပေမယ့် အဖူးလေးတွေ ကြွေနေတုန်းတဲ့လေ…………………

အဲ့ဒီနေ့ကို ဘယ်တော့မှ မေ့မရတော့လောက်အောင် အသည်းထဲမှာ အမာရွတ် စွဲထင်နေခဲ့တာ။ နေ့လည် သုံးနာရီတိတိမှာ တစ်ကျောင်းလုံး အလံတိုင်ရှေ့ ကွင်းပြင်မှာ မနက်ခင်းအလေးပြုသလို တန်းစီခဲ့ကြရတယ်။ အားလုံး တိုးတိတ်ငြိမ်သက်လို့။ အတန်းအလိုက် နှစ်ယောက်တွဲ တန်းစီလို့ ကျောင်းဝင်း ပြင်ပ မြေနီနီလမ်းဆီကို ဖြတ်လျှောက်ကြရတယ်။ အားလုံးထက် စိတ်စောနေတဲ့ ကျနော်က ခြေလှမ်းတွေ သွက်သွက်နေမိလို့ မနည်းပြန်ဆွဲထားရတာပေါ့။ မေနဲ့ အန်တီစုစုခင်တို့ ဘယ်လိုနေမလဲ သိချင်နေတာပါ။

၄၀၀စကေး ကနေ ၄၅၀စကေး ကုန်းကိုကျော်ပြီးရင် ဆင်တူအိမ်ရာလေးတွေရှိတဲ့ ဆေးရောင်ပြာပြာ အိမ်လေးတွေကို မြင်ရပြီ။ သုံးလေးအိမ်ကျော်ရင် အန်တီစုတို့ အိမ်ရောက်ပြီ။ အိမ်ပြင်မှာ ကုလားဖျင်းတစ်ခုနဲ့ လူတွေအားလုံး ရုံးစုရုံးစုပေါ့။ ဌာနပေါင်းစုံကလူတွေနဲ့ ကျောင်းကလူတွေ အိမ်အပြင်ဘက်မှာ အားလုံးစုကြတယ်။ ကြေကွဲမှုတွေကို ဖုံးဖိလို့မနိုင်ဘူး အံကြိတ်သူကြိတ်တယ်၊ တောက်ခေါက်သူ ခေါက်တယ်။ ဝေနေတဲ့ ယပ်တောင်ပေါ်ကိုကြည့်တော့

လဲ့နှင်းဆွေ
အသက် ၈နှစ်တဲ့။

သုဿန်ကို ခြေကျင် အသော့နှင်ကြတယ်။ အခေါင်းဖွင့်မယ်တဲ့။ မကြောက်တဲ့သူတွေ အရှေ့တိုး တိုးပြီးကြည့်ကြတာပေါ့။

“ကြည့်ပါဦး အိပ်နေတဲ့အတိုင်းလေး... ဘိုမရုပ်ကလေး ကြနေတာပဲ”

“သမီးအငယ်ဆုံးလေ... တစ်ဦးတည်းသော သမီးတဲ့”

“မအေက ဆရာဝန်..... သမီးက အခုတော့ ရေတိမ်နစ်ရသတဲ့လေ”

မေ့ကိုရှာပေမယ့် လုံးဝမတွေ့ရဘူး။ မေက အန်တီစုအနားမှာ ရှိနေမှာ။ အန်တီစုကို မြင်ချင်လိုက်တာ။ အန်တီစုကို သနားနေမိတယ်။

စက်ရုံမိသားစု ကလေးတော်တော်များများမှာ အဲ့ဒီရောဂါ စဖြစ်တာပါ။ ဆရာတို့သမီးအငယ် သုံးနှစ်သမီး နွေးနွေးလေးလည်း အဲ့ရောဂါဖြစ်တယ်။ မေ့ဆီကို အပြေးတစ်ပိုင်း ရောက်လာတော့ အန်တီစုဆီပဲ ပို့ပေးလိုက်ရတာလေ။ နွေးနွေးလေးခမျာလည်း သွေးတွေဆုတ်ကုန်တာမို့ ခြေထောက်က သွေးကြောတွေ ဖောက်ပြီး ဆေးကုခဲ့ရတာ။ သူ့ခမျာ အဲ့ဒီဒဏ်တွေကြောင့် အခုထိ ခြေနှစ်ဖက် ခွင်နေရှာတုန်းပေါ့။

ကလေး တော်တော်များများ အဖြစ်များတာမို့ အန်တီစုခမျာ ဆေးရုံမှာပဲ အနေများနေခဲ့တယ်။ အိမ်မှာတော့ မိန်းမဖော်တစ်ယောက်နဲ့ ကလေး လေးယောက်ကို စိတ်ချလက်ချ ထားခဲ့မိတာပါ။ ယောင်္ကျားလေးသုံးယောက်နဲ့ မိန်းကလေးက တစ်ယောက်တည်း ပြီးတော့ အငယ်ဆုံး။ အထွေးဆုံး သမီးလေးမို့ သူ့အဖေက အချစ်ဆုံးလေ။ အဖေလုပ်သူက နိုင်ငံခြားကိုသွားနေတာမို့ မိသားစုမှာ အန်တီစု တာဝန်တွေချည်းဖြစ်နေခဲ့တယ်။

သွေးလွန်တုပ်ကွေးရာသီချိန်မို့ ကလေးတွေ မဖိတ်မစင်ရအောင် စက်ရုံတစ်ခုလုံးမှာ အန်တီစု တာဝန်ယူခဲ့တယ်။ ဘယ်ကလေးမှ အသေအပျောက်မရှိခဲ့ဘူး။ အချိန်မှီသာ ဆေးရုံရောက်ခဲ့ ကျန်တာ အားလုံးအိုကေပြီလေ။

ဒါပေမယ့် အိမ်မှာ ကျန်နေတဲ့ သမီးငယ်ကို မေ့သွားခဲ့တယ်။ အားလုံးကို ကာကွယ်ရင်း ရွှေသမင် မင်းကြီးတာက ထွက်သတဲ့လေ။ အန်နေတာလည်း မသိဘူး ဖျားနေတာလည်း မသိခဲ့ဘူး။ တကယ့်အချိန်ကျမှ အန်တီစုလက်ထဲကို သမီးရောက်လာတာ။ အများကို ကာကွယ်ရင်း ကိုယ့်ရင်သွေးအဖြစ်က မချိတင်ကဲစရာ။ မဖြစ်ထိုက်ဘူး မဖြစ်သင့်ဘူးဆိုတာ သူရူးတစ်ယောက်လို ရေရွတ်ရင်းပါ။

ဘယ်လိုပဲ ကြိုးစားပေမယ့် သမီးကို စွန့်လွှတ်ခဲ့ရတယ်။

မိသားစုထဲက တစ်ဦးတည်းသောသမီးလေး ဆုံးရှုံးခဲ့ရတယ်။ ဘယ်တော့မှ အစားမထိုးနိုင်တော့ပြီလေ။

တိုင်းပြည်အတွက်ကော အနာဂါတ်ရဲ့ သားကောင်းသမီးကောင်းပေါ့။ ယနေ့လူငယ် နောင်ဝယ်လူကြီး။ မျိုးဆက်တွေဆိုတဲ့ စကားရဲ့ နောက်မှာ ဟောဒီရင်သွေးငယ်တွေ ပါပြီလေ။

အချိန်တန်မှ ပွင့်ကြမှာပါ။ ပွင့်သောပန်းတိုင်းလည်း လှမှာပါ။ အခုတော့ အဖူးဘ၀နဲ့ ကြွေရတယ်။ ပန်းပွင့်ဖို့တောင် အခွင့်မသာခဲ့။ လေတွေတိုက်လို့ မိုးတွေက ခြွေသတဲ့လား။ သဘာဝဆိုလည်း ကာကွယ်တားဆီးသင့်တယ် မဟုတ်လား။ တားဆီးလို့ရတယ်ဆို လုပ်သင့်လုပ်ထိုက်တာကို ဘာလို့ လက်နှေးနေကြမလဲ။ အဖူးဘ၀နဲ့ မကြွေခင် အပင်ပေါ်မှာ ဝေအောင်ပွင့်ဖို့ ကျနော်တို့ မကြိုးစားကြတော့ဘူးလား…..

ငယ်တုန်းက အသည်းမှာထင်ဟပ်ခဲ့တဲ့ မှတ်တမ်းလေးတစ်ပုဒ်ပါ။ နာမည်အရင်းအတိုင်းဖော်ပြထားပါတယ်ခင်ဗျာ။ ဒီရင်နင့်ဖွယ် အဖြစ်ကိုမြင်ပြီးတဲ့ နောက် အခုတလော သွေးလွန်တုပ်ကွေးကြောင့် ကလေးတွေ ဆေးရုံတက်နေရပြီ ဆိုတဲ့ သတင်းက ကျနော့ကို တပ်လှန့်နေပြန်တယ်။ ကျနော်တို့ တစ်ခုခုတော့ လုပ်သင့်တယ်။

ဒါကြောင့် ကျနော်တို့တွေ ကြိုးစားပြီး လက်လှမ်းမှီသရွေ့ အဖူးတွေ မကြွေရအောင် ကာကွယ်ရေး လုပ်ငန်းလေး စတင်ထားပါတယ်။ ကလေးတွေ သွေးလွန်တုပ်ကွေး မဖြစ်ရအောင် သူတို့ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းစင်ကြယ်ဖို့ ခြင်အန္တရာယ်ကင်းရှင်းစေဖို့ ဦးတည်ထားပါတယ်။ အဓိက လုပ်ငန်းများအားလုံးကို Raven BDC က သွေးလှူရှင်လူငယ်တွေ လှုပ်ရှား ဆောင်ရွက်ပေးမှာပါ။





လောလောဆယ် မူလတန်းကျောင်းတွေမှာ စတင် အကောင်ထည်ဖော်နေပါပြီ။ စေတနာရှင် လူတစ်စုကောင်းမှုနဲ့ ကျနော်တို့ ဇူလိုင် ၁၈ ရက်နေ့ ၂၀၀၉ မှာ အ.မ.က (၄) အလုံမှာ စလုပ်ခဲ့ပါတယ်။ ကျောင်းက ဆင်မင်းလမ်း ဆင်မင်းရပ်ကွက် အလုံမြို့နယ်မှာ ရှိတာပါ။ ကျောင်းတွင်းနဲ့ ကျောင်းပတ်ဝန်းကျင်က ခြုံနွယ်တွေကို ခုတ်ထွင်ရှင်းလင်းခဲ့ပါတယ်။ ပြီးတော့ မြို့နယ်ကျန်မာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကျောင်းဧရိယာတစ်ဝိုက်မှာ ခြင်ဆေးမှုတ်ခဲ့ပါတယ်။ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ဦးရေမှာ စုစုပေါင်း ၈၄ဦး ရှိပါတယ်။ ကျောင်းသား ၃၄ဦး ကျောင်းသူ ၅၀ဦးပေါ့။ ကျောင်းအုပ်ဆရာကြီးက ဦးထွန်းမြင့်အောင် ပါ။ ကျောင်းတစ်ကျောင်း မှသည် နောက်တစ်ကျောင်း၊ ကျောင်းငယ်မှသည် ကျောင်းကြီး၊ ရပ်ကွက်မှ မြို့ရွာ၊ မြို့ရွာမှသည် ကျနော်တို့ နိုင်သရွှေ့ လက်လှမ်းမှီသလောက် လုပ်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

အချုပ်အားဖြင့် ဆိုရသော် ယခုလို တစ်နိုင်ကာကွယ်ရေးမှသည် ကျနော်တို့ ချစ်သောမြေမှ အနာဂါတ်အသီးအပွင့်များ အချိန်မတိုင်မှီ မကြွေလွင့်ကြစေရန် အားလုံးသောနိုင်ငံသားတိုင်းမှ အသိပညာအတတ်ပညာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းကူညီကြစေလိုကြောင်း အသိပေးတိုက်တွန်းနိုးဆော် အပ်ပါသည်ခင်ဗျား....

အခြားသက်ဆိုင်သောပို့စ်လေးများ

ကွက်လပ်ဖြည့်ကြစို့(ကိုဖိုးသင်္ကြန်)
တထောင့်တနေရာရှိပါတယ် (မရွှေပြည်သူ)

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နည်း (ဒေါ်လေးအယ်ဇီ)

Stop Dengue. Act Now! (ကို July Dream)

25 July 2009

ပထမဆုံး ကမ်းခြေခရီးစဉ်

ဒီခရီးစဉ်ကို တမင်ကို မရေးပဲ ချန်လှပ်ခဲ့တာပါ။ ဒီခရီးစဉ်က ကျနော့ကို နာကျင်စေခဲ့တယ်။ သူငယ်ချင်းရေ ငါ ခံစားရသမျှတွေ ဒီအတိုင်းချရေးလိုက်ပါတယ်။ ဒါပေမယ့် ငါအဲ့ပင်လယ်ပြင်မှာပဲ ရေးခဲ့တာပါ။

ဒီတစ်ခေါက်ကျောင်းခရီးစဉ်က ငပလီတဲ့။ ကမ်းခြေကိုတစ်ခါမှ မမြင်ဖူးတဲ့ ကုန်းတွင်းသား အရိုင်းအစိုင်းလေး စိတ်ဝင်စားမှုအပြည့်နဲ့ပါ။ ပထမနှစ်တုန်းက ချောင်းသာနဲ့ ငွေဆောင်အိပ်မက်ကို မက်ခဲ့ဖူးတယ်။ အားလုံး အဆင်သင့်ဖြစ်နေပြီးမှ စီစဉ်သူတွေက ဖျက်ပစ်ခဲ့တာလေ။ ကမ်းခြေနဲ့ဝေးခဲ့တာပေါ့ဗျာ။ အခုငပလီဆိုတော့ တက်ကြွမှုတွေနဲ့ အဆင်သင့်ဖြစ်နေခဲ့ပြီ။ လက်ထဲမှာလည်း ဖေပြန်လာတုန်းက ပါလာတဲ့ ကင်မရာလေးနဲ့ဆိုတော့ ကမ်းခြေမှာ အုန်းသီးတစ်လုံးနဲ့ အလုံအလောက်ကို ဖြစ်နေခဲ့ပြီ။

ထုံးစံအတိုင်း အဲ့ဒီနှစ်က မြို့ပြအင်ဂျင်နီယာ မေဂျာက ကမ်းသာယာ ပြီးတော့ သူတို့ကားတွေက အရင်ထွက်ခွာနှင့်ကြပြီ။ ကျောင်းကြီးထဲမှာ အဖွဲ့လိုက် အဖွဲ့လိုက် ကားတွေအလာကို စောင့်နေကြရတယ်။ ခရီးကို ရိုးထဲက သွားရမယ်တဲ့ ကားလမ်းကြမ်းတယ်ဆိုတဲ့ အသိတွေက ဒီခရီးကို နောက်မတွန့်စေခဲ့ဘူး။ ငပလီရယ် မင်း စွဲဆောင်လွန်းတယ်။

လမ်းခရီးမှာ သောက်ဖို့ သောက်ရေသန့်တွေကို ကိုယ့်ကားပေါ်ကိုတင်ပါဆိုတော့ ကျနော်တို့ကားပေါ်က ကိုEC က တုပ်တုပ်မှ မလှုပ်ခဲ့ဘူး။ ရေကုသိုလ်ပါလေဆိုပြီး ပုခုံးထက်အရွှဲခံသယ်ခဲ့တာပါပဲ။ ဘယ်နှစ်ခေါက်မှန်းမသိခဲ့တော့။

ခရီးစဉ်စပြီဆိုတော့ ပုဂံခရီးနဲ့ခြားနားမှုကို စတွေ့ရပြီ။ အားလုံးက တိတ်ဆိတ်နေကြပြီ။ 98အငယ်တန်းတွေအပြင် ပြည်ကျောင်း ဘက်က ဧည့်သည် ညီငယ်ညီမငယ်တွေလည်း ပါတယ်ဆိုတာ နောက်အတော်ကျမှ သိလိုက်ရတယ်။ တရွေ့ရွေ့ကားနောက်မှာ ပါနေတဲ့ အရိပ်တွေက ဇလွန်ပြည်တော်ပြန်ခရီးစဉ်နှစ်ခုပါ။ ဒီခရီးနှစ်ခုကလည်း အသက်ဝင်နေခဲ့တာ။ အားလုံးပေါင်း ကားငါးစီးထင်တယ်။ ကားအသေးလေးမှာ 95က စီနီယာ အစ်ကိုကြီးတွေ ဇကောထဲ ဇီးဖြူသီးထည့်သလိုနေကြမှာ။

ရိုးထဲကိုဖြတ်တော့မယ်ဆိုတော့ မိန်းကလေးတွေ အရှေ့မှာ အပေါ့အပါးမလွယ်တော့ပါတဲ့။ အင်း အဲ့အချိန််ကို ဖြတ်ကျော်ရတာ သူတို့အတွက် တော်တော်ခက်ခဲမယ်။ တောင်တွေအဆင့်ဆင့် ကုန်းတွေအထပ်ထပ်။ ညဖက်မို့ထင်ပါရဲ့ ချောက်တွေကို မမြင်ခဲ့မိဘူး။ မကြာပါဘူး ဆန်ပြုတ်တွေ စချက်ကြတော့တာ ပါပဲ။
နောက်နေ့မနက်မိုးလင်းတော့ မျက်နှာသစ်ရင်း အိမ်သာနေရာမှာ တန်းစီးနေခဲ့ပြီ။ ခရီးစဉ်တစ်လျှောက်လုံး ဒီဆိုင်က ပထမဆုံးမြင်ရတာ။ ထမင်းကြော်ကို မြန်မြန်စားရင်း ခရီးစဉ်ပြန်စဖို့ ဆော်သြနေကြပြီလေ။ ထူးထူးခြားခြားအကောင်လေးတစ်ကောင်ကို တွေ့ခဲ့သေးတယ်။ အန်တီကြီးလက်ထဲကနေ မကြောက်မရွံ့ လက်ပြောင်းယူပြီး ဓါတ်ပုံတွဲရိုက်ဖြစ်တယ်။ သူ့လက်ကလေးတွေက အရုပ်လက်ကလေးတွေလိုပဲ။ ဘာကြောင့်များ ဝက်ဝံတွေကို ချစ်ခင်မိမှန်းမသိခဲ့ဘူး။

ကားပေါ်မှာ ညာဘက်နဲ့ဘယ်ဘက်အခြမ်း ရုပ်ရှင်နာမည် အပြိုင်ဖွက်ကြတယ်။ ဘယ်ဘက်က နိုင်မယ်ထင်ခဲ့လဲ။ ညာဘက်အခြမ်းကို ပါချင်လွန်းလို့ အလယ်တန်းကလူတွေ သနားပါတယ်။
ဟေး………ရှေ့မှာပင်လယ်တဲ့။ လှိုင်းခေါင်းဖြူတွေမြင်နေရပြီ။ ကားရဲ့ ညာဘက်အခြမ်းမှာ ပင်လယ်ပြင် ဖြစ်သွားခဲ့တယ်။(ဘယ်ဘက်အခြမ်းလို့ ကိုတောင်ငူက ပြင်သွားပေးခဲ့ပါတယ် ကိုတောင်ငူရေ ကျေးဇူးဗျာ အဲ့ဒီကိုရွာသားဟာလေ အခုအထိ ဘယ်မှန်းညာမှန်းမသိသေးဘူး ထူပုံများတော့) ကမ်းသာယာတဲ့။ ဂွဆိုတဲ့ မြို့လေးကို ပထဝီကနေပဲ ရင်းနှီးနေခဲ့တာ အခုမှပဲ တွေ့ထိရတော့တယ်။

မြို့ပြက သူငယ်ချင်းတွေနဲ့ ပင်လယ်ပြင်ကို ဆင်းပြီးပွေ့ဖက်ကြတယ်။ ဓါတ်ပုံတွေတွဲရိုက်ရင်း လှိုင်းတွေနဲ့ စည်းချက်ညီနေတော့တာ။ ဟင့်အင်း မင်းတို့ကို ကမ်းသာယာမှာ မထားခဲ့နိုင်ဘူးတဲ့။ ငပလီထိအရောက်ပို့မှာမို့ မြို့ပြက အဖွဲ့တွေနဲ့ တွဲလက်တွေဖြုတ်ခဲ့ရတယ်။

နောက်ထပ်ခရီးရှည်ရှည် တစ်ခုဖြတ်ရပြန်ရော။ ငပလီရယ် ရောက်နိုင်ခဲလိုက်တာ……

ခရီးတစ်ခုကို ညဖက်မှာ အစပြုပြီး မိုးလင်းရင် ရောက်နေကျ ကိုယ့်အတွက် ဒီခရီးက သိပ်ရှည်လျားတယ်။ နောက်တစ်နေ့ တစ်မနက်ခင်းလုံး ကားပေါ်မှာပဲ ရှိနေခဲ့တာ။ ဆော့ကစားခြင်းတွေ တိတ်ဆိတ်ပြန်တော့ အိပ်စက်ရုံပေါ့။ သီချင်းတွေ ဘာတွေများ စပ်လာကြမလား ခေါင်းထောင်ကြည့်မိသေးတယ်။ တက်ကြွသူဟာ ကိုယ်တစ်ယောက်တည်းလား။ ငြိမ်ငြိမ်မနေနိုင်တဲ့အဆုံး ကားပေါ်က စပယ်ယာကို သီချင်းတွေ မနားတမ်းဖွင့်ခိုင်းခဲ့တာပေါ့။

ငပလီကိုမရောက်ခင် ကားလမ်းလေးက တစ်မျိုးလေးခံစားရစေတယ်။ ရောက်တော့မယ်ဆိုတဲ့ အသိနဲ့လည်းဆိုင်မယ်ထင်ပါရဲ့။

မကြာမတင်မှာ ငပလီကိုရောက်တော့ တည်းခိုဖို့နေရာ။ အားလုံးကိုစုစည်းတည်းခိုဖို့ စီစဉ်ထားခဲ့တယ်ဆိုပါတယ်။ နောက်ကျလေတဲ့ ကျနော်တို့ကားမှာ ကျနော်တို့ ယောကျင်္ားလေးတွေ အတွက်နေရာမရှိခဲ့တော့ဘူး။ EC သူငယ်ချင်းက စီစဉ်ပေးမယ်ဆိုတော့ အထုတ်လေးတွဲ ဟိုဆွဲဒီဆွဲနဲ့ သူခေါ်ရာနောက်ပေါ့။ သူများတွေ ရေထဲဆင်းနေပြီ။ ပင်လယ်ပြာပြာနဲ့ ငွေရောင်သဲဖြူကို နင်းချင်လှပြီ။ ဟိုးအဝေးးးးး အားလုံးနဲ့ဝေးတဲ့ အိမ်ကလေးတစ်ခုက အပေါ်ထပ်မှာ ကျနော်တို့ကိုနေရာပေးခဲ့တယ်။ အခန်းတစ်ခုထဲမှာ ပစ္စည်းတွေစုပုံချပြီး ထမင်းစားဖို့ ပြေးကြရတော့တာပါပဲ။

မွန်မလေးထမင်းဆိုင်က ပုဂံကတိုးတိုးဝင်းလိုပဲ လူများတော့မနိုင်တော့ဘူးလေ။ ရေမျောက်သုတ် ပုဇွန်အစိမ်းသုတ် ဂဏန်းဆိုတာတွေမှာစားရင်း ဟင်းပွဲတွေမစောင့်နိုင်တော့ ထုံးစံအတိုင်း မီးဖိုထဲဝင် ဟိုဆွဲဒီဆွဲလုပ်တော့တာ။

ညနေမတိုင်ခင်ရေထဲဆင်းတယ်။ ပင်လယ်ရေက ငန်တယ် တကယ်။ လှိုင်းအပုတ်မှာ နှာခေါင်းတွေဝင်သွားတဲ့ ပင်လယ်ရေမွှန်းခြင်းက တစ်မျိုးပါလား။ ဘောင်းဘီအိတ်တွေ အပြင်ထုတ်ပြီးချိုးတော့ အိမ်ရှင်အဖိုးကြီး ကမေးတယ် မင်းကို ဘယ်သူသင်ပေးတာလဲတဲ့။ ဒီလိုပဲစိတ်ကူးရလို့ပါ။ သဲတွေက ဘောင်းဘီထဲဝင် လေးပြီးကျွတ်ကျ မခက်လားနော်။

နောက်နေ့မနက် ကျောက်မောင်နှမသွားမယ်တဲ့။ အားလုံး ၇နာရီမှာမနက်စာစားဖို့ပါ။ ညဖက် အိပ်တော့ ပစ္စည်းထည့်မိတဲ့ အခန်းထဲမှာပဲ အားလုံး တန်းစီအိပ်ကြတယ်။ တစ်လှည့်စီအိပ်မယ်ဆိုပြီး ပထမဆုံးနေ့ ကုတင်ပေါ်သုံးယောက် အိပ်တဲ့အထဲမှာ ကျနော်ပါသွားတယ်။ နောက်နေ့တွေလည်း မလဲဖြစ်ကြတော့ဘူး။ ဗိုလ်နေမြဲ ကျားနေမြဲပေါ့။ ဆောင်းတွင်း ပင်လယ်က ချမ်းတာပါပဲလား။ မထချင် ထချင် ကြုံးရုံးထရတော့တာ။

ဖိနပ်တွေ အမျိုးမျိုး ထည့်လာတဲ့ သူငယ်ချင်းက ဒီမနက်အတွက် ဘာဖိနပ်ပေါ့။ အကျီ င်္ အနီလေးဝတ်မိခဲ့တယ်။ ပုံစံချင်းတူနေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲ့မနက်က ကောက်ရလိုက်တယ်။ ဂျပန်ရေ မှတ်မိသေးလား။ ငါတို့ တွဲရိုက်ထားတဲ့ ပုံလေးရှိသေးလားမသိ။

ဓါတ်ပုံသရဲ သူငယ်ချင်းတွေ ကြားမှာ “အလိုတော်ကြပါ ဟိုကဆွဲ ဒီကဆွဲနဲ့ ခြေတွေလက်တွေ ပြုတ်ရချည်ရဲ့ ရှင်” ဖြစ်နေတော့တာပေါ့။ လက်တုန်တဲ့ သူငယ်ချင်းကင်မရာဆရာကလည်း ပုံကောင်းတွေ အကုန်ဖျက်ခဲ့လေရဲ့။

ကျောက်မောင်နှမကလည်း လှတာပါပဲလား။ လှိုင်းတွေအပုတ် ကျောက်ဆောင်တွေပေါ် ဝေးးးးးခနဲအော်ရတာကို သည်းလှိုက်အူလှိုက်။ လှိုင်းအပုတ်ကိုရိုက်ပါဆို ငါ့ကိုဆွဲပါဟ ဟိုကျောက်ဆောင်လေးလှတယ် ဒီနားရိုက်မယ် အုန်းပင်နဲ့ အုန်းပင်နဲ့ အဖွဲ့လိုက်ရိုက်မယ် နဲ့ကို ကမ်းခြေကို ဆူညံသွားစေခဲ့တယ်။

လေဆိပ်ကိုပို့ဦးမယ်တဲ့။ နာမည်ကျော် သံတွဲလေဆိပ်ပေါ့။ လေဆိပ်ရှေ့ မှာ အားလုံး ကားငါးစင်းနဲ့ ရိုက်ဖြစ်ခဲ့တယ်။ အမြင့်ကိုရှာရင်း ကားဘက်မှန်ဘေးကို အပြေးအလွှားသွားခဲ့ကြရတာမှတ်မိသေးတယ်။ လေဆိပ်ဆိုပေမယ့် မြို့ငယ်က ဘူတာရုံလေးတစ်ခုလိုပါပဲ။

နေ့ခင်းနေ့လည် သူများတွေနားပေမယ့် ကျနော်တို့ သီးသန့်အဆောင်ရှေ့မှာတော့ ကလေးလူကြီးတွေ ဆော့နေမြဲ။ ထုပ်ဆီးတိုးမလား လက်ဖြုတ်တမ်းဆော့မလား။ အဲ သချင်္ာကဧည့်သည်တော် မမဝဝရော ဒီစာဖတ်မိရင် မှတ်မိမယ်ထင်ပါရဲ့။ သူငယ်ချင်းမိန်းကလေးတွေပါ ကျနော်တို့ အဆောင်ရှေ့မှာ တဝုန်းဝုန်းနဲ့ပေါ့။ EC သူငယ်ချင်းနှစ်ယောက်ကတော့ သူ့ဇာတ်သူနိုင်အောင် ကနေရှာမှာပါ။ သူတို့လည်းပျော်မှာပါပဲနော့။ ကျနော်တို့ အဆောင်ဖက်ကို ယောင်လို့တောင် ခြေဦးလှည့်ခဲ့ရဲ့လားမသိ။

အတူဆော့ခဲ့တဲ့သူတွေ အခုများ အိမ်ထောင်ရက်သား ကြလို့။ သူငယ်ချင်းတို့မှာ ထုတ်ဆီးတိုးနေတုန်း မီမီ့ ကောင်လေး ရိုက်သွားတဲ့ ပုံလေးရှိသေးရင် ထုတ်ကြည့်ကြပါကွာ။ အလွမ်းပြေပေါ့။

ပျော်ခဲ့လားလို့မေးရင် မပြန်ခင် နောက်ဆုံးတစ်ညမတိုင်ခင်အထိတော့ ပျော်မိပါရဲ့…………
ဆက်ပါဦးမယ်

ပုဂံခရီးစဉ်ကို အမှတ်တရ ပြန်ဖတ်ရင်း ဒီခရီးကို ရေးချင်လာမိတယ်။ အင်းမိုင်တိုင်တစ်ခုဆိုတော့ အမှတ်တရဖြစ်ပါစေတော့လေ…

24 July 2009

ပုံပြင်အသစ်

ဟိုးတစ်ခါတုန်းကတဲ့

လူတစ်ယောက်က သူ့ဘ၀မှာပျင်းရိငြီးငွေ့လှတယ်လို့ နေ့တိုင်း ညည်းညူသတဲ့။ သူ့ညည်းညူသံကိုကြားတော့ လူတစ်ချို့က စာချိုးတစ်ပုဒ်ကို ၀ိုင်းရေရွတ်ကြတယ်။ အဲ့ဒီအချိန်တုန်းကတော့ မကြားသလိုကြားသလို သူမသိချင်ယောင်ဆောင်နေခဲ့တာပေါ့။

နောက်တစ်နေ့မှာတော့ သူ့ရဲ့ အိမ်ကလေးအနားမှာ သူဟာအလုပ်ရှုပ်နေခဲ့တယ်။ သူဘာတွေလုပ်နေခဲ့တာလဲ။

မနက်တိုင်းစောစောထနေတတ်ခဲ့တယ်။ အိမ်လေးနားဝန်းကျင်မှာ သူဟာ အရိပ်တကြည့်ကြည့်ပေါ့။ နေရောင်လာလို့ တော်တော်လေးပူမှ သူဟာ အိမ်လေးထဲကို ပြန်ဝင်သွားတော့တယ်။

ရက်ကလေးနည်းနည်းရတော့ မိုးအလင်းမှာ မြေပြင်က အညှောင့်ပြူစ အရွက်ကလေးနှစ်ရွက်ကို မထိရက်မတို့ရက် စိုက်ကြည့်နေတာ တွေ့ကြရပါရောလား။ တိုက်လာတဲ့ လေပဲ ပြေးကာရ,မလို တက်လာတဲ့နေပဲ ဆွဲချရမလို ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ် ဖြစ်နေတာတော့ မျက်စိနောက်ကျတာပါပဲ။

အဲဒီရက်ကစလို့ သူ့အိမ်နားမှာ ပျင်းတယ်လို့ ညည်းညူသံမကြားတော့ဘူးဆိုပဲ။

နေထွက်မိုးချုပ် တကုပ်ကုပ်ကို အဲ့ဒီ အရွက်ကလေးတွေကို ပြုစုစောင့်ရှောက်နေတော့တယ်။ လေတိုက်လို့ အရွက်ကလေးတွေလှုပ်ရင် သူ့ကိုတီးတိုးစကားဆိုတယ်ဆိုပြီး ကြည်နူးလို့။ သူအထင် သူ့ကို ချစ်တယ် ချစ်တယ်လို့ တဖွဖွပြောနေသလိုပဲ။ တတ်လိုက်တာ ပျိုးရကျိုးနပ်ပဟဲ့ ဆိုပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထီမထင် မျက်လုံးနဲ့ ကြည့်နေတော့တာပေါ့။

တဖြည်းဖြည်းကြီးရင့်လာတော့ အရိပ်လေးတော့ ခိုရနိုးနိုး၊ အသီးလေးတော့ စားရနိုးနိုး၊ အရွက်ကလေးတော့ မြေသြဇာဖြစ်စေမယ် ရည်ရွယ်မိသတဲ့။

ဒါပေမယ့် ဗြုန်းဆို သစ်ပင်လေးရဲ့ ပိုင်ရှင် အသစ်ရောက်လာတော့တာပါပဲ။ ဒီသစ်ပင်လေးကိုရဖို့ မျိုးစေ့တစ်ခုရှိရမယ်တဲ့။ အဲ့ဒီမျိုးစေ့က သူ့ရဲ့ သစ်ပင်ကြီးဆီက ပဲဖြစ်နိုင်တယ်။ ဒီပတ်ဝန်းကျင်တစ်ခုလုံးမှာ မျိုးစိတ်ခြင်းတူတာလည်း သူတို့နှစ်ပင်တည်းဖြစ်နေပြန်တယ်။

တစ်ယောက်တည်း လူမှာ ဘာပြောရမလဲ။ ချက်နဲ့လက်နဲ့ မျိုးနဲ့ရိုးနဲ့ ဆိုတော့ ငြင်းခွင့်မသာတော့ဘူးတဲ့။ မျက်ရည်လည်ရွှဲလို့ တစိမ့်စိမ့်ရယ်ပျိုးခဲ့တဲ့ အပင်ကလည်း စိမ်းစိမ်းရယ် ကြည့်ပြန်ကော။ လက်ပြလို့ နှုတ်ဆက်လွယ်တယ်လေ တူရာတူရာမှာ ပျော်ရှာပေမပေါ့။

နောက်တစ်နေ့ကစလို့ အဲ့ဒီအိမ်လေးထဲက ဘာသံမှမကြားရတော့ဘူး။

တကယ်တော့ သူကတိုးတိုးတိတ်တိတ် ကျိန်စာတွေ ရွတ်နေခဲ့တာ။

သူရွတ်နေတဲ့ကျိန်စာက သူ့ကိုစာချိုးလေး ရွတ်ပြခဲ့တဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံး ကို။ ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို။

နီနေတဲ့ မြေတွေ ပတ်ကြားအက်လာခဲ့တယ်။ မိုးရွာတယ်ဆိုတာ ဘယ်တော့မှ မကြားရတော့ဘူး။

အဲ့ဒီအိမ် ၀န်းကျင်တစ်ဝိုက်မှာ ဘယ်တော့မှ သစ်ပင်စိုက်လို့ မရတော့ဘူး။

ပြီးတော့ ကြေကွဲစိတ်နဲ့ တစ်ယောက်တည်းသမားကိုလည်း ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့။

ဘာရယ်မဟုတ်ပါဘူး ပေါက်တတ်ကရ အတွေးလေးကို ချရေးကြည့်တာပါ။

ရင်လှိုက်မီး

ဘယ်သူကြောင့်မှ မဟုတ်ပါဘူး
ကိုယ်တိုင်ကိုက ဒီမီးကိုစွဲလွယ်ခဲ့သား

ဘယ်သူမှ မွှေးတဲ့မီးမဟုတ်ပါဘူး
သစ်ကိုင်းခြောက်တွေ ပွတ်တိုက်လို့ပါ

တငွေ့ငွေ့လောင်လည်း
ပူလိုက်တာ အော်မညည်းရဲ

တမြည့်မြည့်လှိုက်စားလို့
ကမ်းပါးတွေတောင်ပြိုသတဲ့

လောင်စာမရှိပါလျက်
လောင်စာပျိုးရင်း
တလောင်လောင်ငြီးပေမယ့်
လောင်မီးရယ်
စွဲမက်နေပြန်တော့
ငြိမ်းဖို့ခက်ခဲ………

Rဇာနည်ရဲ့ သီချင်းတစ်ပုဒ်ကို ဒီနေ့တစ်နေ့လုံး ဆိုနေမိတယ်။

စီးဝင်ခြင်း

မြစ်တစ်စင်းရဲ့နောက်
ဒူးထောက်လို့

စီးဝင်နေခဲ့ပြီ

ဦးမော့လို့မထောင်နိုင်ပါဘူး
လှိုင်းမူးလို့
ရူးမတတ်ပါလေ

ပဲ့ကိုင်ဖို့
မလှည့်သာ
ရေလည်မှာ
ပတ်ချာဝဲနေရုံပါ

ဝဲစုပ်လို့
မြုပ်မလား
ဝဲပုတ်လို့
စုတ်မလား
တကယ်ပင်မသိခဲ့

အရှိန်ပြင်းတဲ့
မြစ်တစ်စင်းမှာမှ

စီးဝင်ခဲ့မိလေတယ်

မြစ်ပြင်ကျယ်
အတိုင်းမသိမို့
လှိုင်းအိတယ်

ထင်လျက်
မြစ်ရေလျဉ်
ဒီတစ်ကြောမှာ
မျောလို့ဘယ်မဆုံး.....

22 July 2009

တမ်းတခြင်း

ဒီတမ်းတခြင်းတွေနဲ့
ကရွတ်ကွင်းလေးလို
မြည့်နေပါပြီလေ

လွမ်းတတ်လို့
ကမ်းတစ်ဖက်ရယ်သို့
မကူးရဲ

ဇွတ်ဆွဲလို့
ကူးပြန်တော့
လက်ဖ၀ါးတွေ
ရဲပြန်ပေါ့

လွှတ်မယ်လို့
ကြံပြန်လည်း
လက်တွေကမြဲ

မှန်းဆလို့
ရမ်းရော်
တမ်းတကြော်ကြော်
ခေါ်ပါလျက်

မေ့ရက်သူ
တစ်ချက်မငဲ့
ဆွေးချက်နဲ့
လွမ်းသွေး
တစ်စက်တစ်စက်

အေးစက်တဲ့
အမှောင်ထဲ
ချောင်အကွယ်
အငိုတိတ်အောင်

တွေးလျက်မျှော်ဆဲ………..

20 July 2009

ဧည့်ခန်းဆောင်ထဲက ခံစားချက်

အသံတွေတိတ်ဆိတ်လို့………………………………………………………………………………….

တခါတလေ ကြားရပါလိမ့်မယ် တိုးတိုးတိတ်တိတ်ကြားက နီးလာလိုက် ဝေးလာလိုက် ခပ်ဖွဖွခြေသံတွေ။ တစ်ချက်တစ်ချက်လည်း ပွတ်တိုက်သွားမိမလိုလို။ ဒါပေမယ့် ငါတစ်ယောက်တည်းရယ်ပါလေ..

ဒီဧည့်ခန်းဆောင်မှာ ရောက်နေတာကြာခဲ့ပါပြီ။ ကိုယ်တိုင် ဟန်တွေဝံ့ မာန်တွေတင့်ပြီး အခန့်သားလာ ထိုင်နေတာတော့ မဟုတ်ပါဘူး။ မြတ်မြတ်နိုးနိုးလေးလေးစားစား အသွင်နဲ့ ဒီနေရာမှာ လာချထားခဲ့တာ။ ငွေကြေးနဲ့ မဟုတ်ပေမယ့် ဧည့်ခန်းဆောင်မှာ ထားဖို့ တစ်ခုခုတော့ အားထုတ်ခဲ့ရမှာပါ။ ယုတ်စွအဆုံး လက်ကလေးတွေတော့ လှုပ်ရှားရမှာပေါ့။

အခုတော့….

ဒူးနေရာ ဒူး တော်နေရာတော် ဆိုတာသိပါတယ်။ ဒါပေမယ့် ဧည့်ခန်းဆောင်ထဲမှာ ငုတ်တုတ်မေ့ရမယ့် အရာထက် ဧည့်ခန်းဆောင်ထဲကို ၀င်ခွင့်မရတဲ့ အရာတစ်ခု၊ ဒါမှမဟုတ် ဧည့်ခန်းဆောင်လှပရေးမှာ တံမြက်စည်းလေးဖြစ်ဖြစ် ခြေသုတ်ဖုံလေးဖြစ်ဖြစ်၊ ကြက်မွှေးလေးပဲဖြစ်ဖြစ် ဖြစ်ချင်နေမိတယ်။

ဧည့်ခန်းဆောင်ထဲကို ၀င်ခွင့်မရခဲ့ရင်လည်း အကောင်းလေ။ တန်ရာတန်ရာပေါ့။ အဝေးက ဧည့်ခန်းလေးကို ငေးရင်း ဖြေသာနိုင်မှာ သေချာပါတယ်။

ဧည့်ခန်းဆောင် အသုံးချခံပစ္စည်းတစ်ခုဆိုရင်လည်း ကျေနပ်မိမှာပါပဲ။ အနည်းဆုံး ကိုယ်ဟာ အသုံးဝင်ခဲ့တယ်ပေါ့။ ပြက္ခဒိန်ဆိုလည်း သူ့အရွက်တွေ ဆုတ်ဖြဲခံနေရရင်တောင် ကျေနပ်မိမှာပါပဲ။ သူ့ကိုစောင့်ကြည့်တဲ့ သူရှိတယ်လေ။

ဒါပေမယ့် တစ်ခုတော့ ပြောနိုင်ပါတယ်။ ဧည့်ခန်းထဲဝင်လာတဲ့သူတွေ မြင်နိုင်သားလို့။ တစ်ယောက်ယောက်တော့ ကြည့်မိပါလိမ့်မယ်။ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ တစ်ယောက်ယောက်ကို ဘယ်အချိန်ထိစောင့်ရမလဲ။

ပြီးတော့ ခန်းနားကြီးကျယ်တဲ့ ဧည့်ခန်းဆောင်ထဲမှာ တန်ရာတန်ဖိုး ကြီးတဲ့ အရာတွေကလည်း အဆောင်ဆောင်တခမ်းတနား။ ရွှေ ရွှေချင်းထပ်မြတ်၊ နေနဲ့လ ရွှေနဲ့မြတွေ ရဲ့ကြားမှာ ကိုယ်က အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါရယ်လို့ ပြောရဆိုရအောင်လည်း မဟုတ်။ မရဲတရဲ ချောင်းကြည့်နေရတဲ့ ကိုယ့်အဖြစ်မို့ ကိုယ်ဟာကိုယ် အားငယ်တယ်လည်းဆိုပါတော့။

တကယ်တမ်းက ဧည့်ခန်းဆောင်ထဲမှာ တင်ထားခံရတာ ကိုယ့်အတွက် စင်ပေါ်တင်ပြီး အလှောင်ခံရသလိုပါပဲ။ ဒေါင်းတွေအလယ်က ကျီးတစ်ကောင်လို ရှက်ရွှံ့မှုတွေနဲ့ပေါ့။ ဒေါင်းတွေ ပဲကြည့်နေကြဆို ဒေါင်းတွေနဲ့ပဲ ပြည့်စုံစေသင့်တယ်။ ကျီးတစ်ကောင်ကို ဟာသအဖြစ် တင်ထားခဲ့တာလား။ ကျီးဟာကျီးပါပဲ ဒေါင်းယောင်ဆောင်လို့မှ မဖြစ်နိုင်ပဲနော်။

တောင်းဆိုခွင့်ရှိမယ်ဆိုရင် တစ်ခုပဲအနူးအညွှတ် တောင်းဆိုချင်ပါတယ်။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခန်းဆောင်ထဲမှာ မနေရပါရစေနဲ့။ ချောင်ကွယ်မှာဖြစ်ဖြစ် မှောင်တယ်ပဲဆိုဆို ဒီဧည့်ခန်းဆောင်နဲ့ဝေးပါရစေ။

နှစ်သိမ့်ခြင်း

အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ

သစ်ရွက်တစ်ရွက်ကြွေတာ
လေ,လာမှ မဟုတ်ပါဘူး
လေရူးကို လက်ညိုးထိုးဖို့
သစ်ကိုင်းတွေ ခဏခဏ
ကျိုးပေးရမလား

မိုးစိုလို့
ဖျားတာလား
မိုးစိုထဲသွားခဲ့တာလား
ကောင်းကင်မည်းမည်း
မြင်လျက်
ထီးမဆောင်တတ်ခဲ့

ဘယ်သူမှဇွတ်မဆွဲပဲ
ဖိနပ်ကိုဇွတ်လှည့်
ဦးတည့်တာ ဒီဘက်လို့
မတ်တပ်ရပ်
တစ်ယောက်တည်း
ငြင်းမိပြန်သတဲ့

အလွမ်းဆိုတာ
သင်ကြားခြင်းမဲ့
သင်ရိုးမရှိတဲ့
တတ်မြောက်ခြင်းမှာ
ဂုဏ်ထူးမှတ်ထွက်လို့
အံ့သြမင်သက်

အရာအားလုံးအတွက်
ဘယ်ဘက်ကိုမှ
မလှည့်ပဲ
အောက်တည့်တည့်ငုံ့ကြည့်ရင်း
မြေပြင်မှာ
ငါရှိနေတာ
သင့်လျော်ရဲ့လား
တွေးလျက်

ကိုယ်တိုင်ဆောက်တဲ့
အတ္တအိမ်ထဲမှာ
လမ်းပျောက်နေခဲ့ပြီ

အပြစ်မမြင်ပါနဲ့
တဆစ်ဆစ်
နစ်ဝင်ခံစားတတ်တာ
ငါ့အမှားပါ

ကိုယ့်ကိုကိုယ် နှစ်သိမ့်ကြည့်တာပါ။ ပြေရာပြေကြောင်းဆိုပါတော့…………

ကိုယ်တိုင်ဖြေဆိုရန်မေးခွန်း

ဝါးခနဲ သမ်းတတ်ပေမယ့်
အိပ်နိုင်ဖို့သိပ်ခက်ခဲတယ်

လမ်းတစ်ဝက်နဲ့
လှည့်ပြန်ခဲ့ပေါင်းလည်း
မနည်းတော့ဘူး

စုတ်တံတစ်ခုနဲ့
တောင်ခြစ်မြောက်ခြစ်
ပန်းချီးကားတစ်ချပ်နောက်မှာ
သက်ပြင်းတွေဘယ်လောက်ရှိမလဲ

ဟင့်အင်း
မရပ်နဲ့ မရပ်နဲ့
ရှေ့ဆက်ရင်အဖြေရှိမယ်
ဒါပေမယ့်
ကိုယ်တိုင်ဖြေဆိုရန် မေးခွန်းမို့

မေးခွန်းစာရွက်မှာ
ဗလာကျင်းနေပြန်တယ်

အဖြေစာအုပ်မှာ
မေးခွန်းတွေချည်း
ရေးနေမိရင်း

အမှတ်ပေးစည်းမျဉ်းက
ဘာပါလိမ့်..................

15 July 2009

ရနံ့တစ်ခု၌ မူးယစ်ခြင်း



လူတိုင်း လူတိုင်း ကြိုက်နှစ်သက်တဲ့ အနံ့ဆိုတာ ရှိတတ်ကြမှာပါ။ ဒါပေမယ့် ကိုယ်မုန်းတီးတဲ့ အနံ့အသက် ဆိုတာလည်း ရှိတတ်ကြမှာပါလေ။

အဲ့ဒီကြိုက်နှစ်သက်တတ်တဲ့ အနံ့တွေထက် မုန်းတီးမိတဲ့ အနံ့တစ်ခု ကို အခုအချိန်ထိ စွဲလမ်းမူးယစ် မိခဲ့တာကကော…………..

ပထမဆုံး အဲဒီအနံ့ကို မုန်းတီး သည်ထက် မုန်းတီးအောင် အစပြုခဲ့တဲ့သူက အဘွားလေးပါပဲ။ အဘွားလေးက ကြေးကွမ်းအစ်စုံကြီးရှေ့ချပြီး တစ်ယာပြီးတစ်ယာ စားနေခဲ့တာ ဆုံမညောင်းတဲ့အတိုင်း။ သူကြိုက်လို့သူစားတာပေမယ့် ကျနော်မကြိုက်တတ်ဘူးဆိုတာ သိတော့ လာစမ်းခလေးဆိုပြီး ကျနော့ကို ဖက်နမ်းရင်း ပါးစပ်ထဲကို အတင်းထည့် ကျနော်ကလည်း တစ်အားထွေးထုတ် မြေးအဘွားနှစ်ယောက် လုံးနေကြလေ။ သားမကြိုက်ပါဘူးဆို လို့ပြောလည်း ဟဲဟဲ ငါ့မြေးကလည်း စားကောင်းပါတယ် မွှေးတောင်မွှေးသေးနဲ့ အမြဲလုပ်နေကြ။ ကွမ်းစားနေကြမို့ သူ့ပါးစပ်ဟလိုက်ရင် ကွမ်းနံ့ကထောင်းကနဲလေ။ ခပ်ဝေးဝေးကနေ စကားပြောဖို့ ကျနော်အမြဲကြိုးစားနေကြ။ ဒါပေမယ့် မရပါဘူး ဘွားလေးက နားနည်းနည်းလေးတာမို့ ရှေ့တိုးရင်းတိုးရင်း ခန္တီစရတော့တာပေါ့။ အခုနေ ပြန်တွေးကြည့်တော့ အဲဒီတုန်းကများ ယဉ်ပါးခဲ့လေသလားလို့။

ကောင်မလေးကိုတွေ့တော့ ဖြူတူတူ လုံးတုံးတုံးလေးမို့ ချစ်စဖွယ် ထင်မိတယ်။ ကရင်မလေးလားလို့မေးတိုင်း ဟုတ်ပါဘူးရယ် ဖြေတတ်တယ်။ ပါးလေးဖောင်းနေတာလည်း တစ်မျိုးလေးလို့ ထင်ခဲ့တာ။ နှုတ်ခမ်းလေးရဲတာလည်း အသားရယ်ဖြူတာကြောင့်လို့ ကောက်ချက်ဆွဲခဲ့မိတယ်။

ကောင်မလေးလက်ကို ဆွဲတော့မှ လက်ထဲက ပလတ်စတစ်ထုပ်ကို တွေ့တော့တာကိုး။ လားလား ကောင်မလေးက ကွမ်းစားသူတစ်ယောက်ပဲကော။ အခုအချိန်မှ ကျနော်ဘာပြောရမလဲ။ ဒါဟာ အကြောင်းပြချက်ကောင်းတစ်ခုမဟုတ်သလို ကျနော့အတွက် (ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချတတ်တဲ့ သူတစ်ယောက်အတွက်) ပြန်လည် ပြုပြင်ပြောင်းလဲဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ဆိုတာ သေချာနေခဲ့ပြီ။

ဒီတစ်ခါကော ကျနော် ခပ်ဝေးဝေးက နေဖို့ ကြိုးစားသင့်ပါသလား….

ကောင်မလေး စကားပြောပြီဆို ကွမ်းတံတွေးလေးတွေက နှုတ်ခမ်းစွန်းထက်မှာ ရိပ်ရိပ်လေးစွန်းတတ်တယ်။ သူများတွေလို တပျစ်ပျစ်မထွေးတတ်တာကိုက ကျနော့အတွက်တစ်မျိုး။ အ၀တ်အစားတွေ မစွန်းတာပဲ တော်လှပြီလေ။ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်မို့ သူမကိုယ်တိုင်က တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါပဲ။

အနားမရောက်ခင် အာမွှေးဆိုလား ဆစ်ဂနယ်ဆိုလား အနံ့တစ်ခုက အရင်ရောက်လာစမြဲ။ ဒါဆို နောက်လှည့်ကြည့်စရာမလိုဘူး ကောင်မလေးလာနေပြီလေ။ ပြီးတော့ ပြီးတော့ နှုတ်ခမ်းချိုချိုလေးတွေနဲ့ သမဆိုင်က ပစ္စည်းထုတ်သလို တွဲလျက်ပါလာတဲ့ အဲ့ဒီ ကွမ်းနံ့လေးတွေ။

ကောင်မလေးရယ် မတွေ့ခင်မစားပါနဲ့လားကွယ်ဆိုလည်း ဟင့်အင်း မနေနိုင်ဘူးတဲ့လေ။ တတ်နိုင်တာတော့ သွားလေးတွေ ဖွေးနေအောင် ပုံမှန်ဂရုစိုက်မယ်တဲ့။ ကောင်မလေးကတိတည်သား။ ကွမ်းချိုးတွေ မတက်အောင်တော့ ကြိုးစားရှာတယ်။

တစ်ခါသား ကွမ်းဖြတ်မယ်ဆိုတော့ ကျနော့မှာ ဖြူလေးပြာလေးခါအောင် ကွမ်းအစားထိုးတွေ City Mart ကနေ တပွေ့တပိုက်ဝယ်ပေးခဲ့တယ်။ ပူရှိန်းက တစ်မျိုး ၊ ချိုချဉ်က တစ်ဖုံ၊ ငုံဆေးဆိုတာလည်း မကျန်။ တစ်ပတ်လား နှစ်ပတ်လားခံပါတယ်။ နှုတ်ခမ်းထောင့်မှာ သွေးနီနီစွန်းပြန်ပါရော။

လူ့ဘ၀ဆိုတာလည်း ဆန်းကြယ်သား။ ကောင်မလေးလည်း ဖြူပါရဲ့။ ကွမ်းတံတွေးလည်း ရဲပါရဲ့။ ဒါပေမယ့် ကျနော်တို့ လမ်းခွဲခဲ့ရတယ်။ ဒါပေမယ့် ကွမ်းစားခြင်းဆိုတဲ့ အကြောင်းကြောင့် တော့ မဟုတ်ပါဘူး။

အခုလည်း အဝေးတစ်နေရာစီကို ရောက်နေခဲ့ပြီ။ ကောင်မလေး ကွမ်းစားတုံးပဲ ထင်ပါရဲ့။ လွမ်းစရာတွေ ထောင်ချီအောင်ရှိပေမယ့် တကယ်မက်မက်စက်စက် လွမ်းနေမိတာက အဲ့ဒီ ကွမ်းနံ့။ ချိုမြခြင်းရဲ့ နောက်ကွယ်က ကွမ်းနံ့တစ်ခုကို မူးယစ်စွာတမ်းတ နေမိတယ်တဲ့လေ။

ဖြစ်နိုင်ရင်………အင်းဖြစ်နိုင်ရင်ပေါ့ ကွမ်းယာနံ့လေး ပြန်ရချင်မိတာ ရူးတယ်ပဲ ခေါ်မလား……
ငါ့နှယ်နော်......


စနေနေ့က ကွမ်းစားတဲ့ ကွမ်းကြိုက်တဲ့ မိန်းမပျိုတစ်ယောက်ကိုမြင်ပြီး ဒီအတွေးစကိုရပါတယ်။ ထုံးစံအတိုင်း စိတ်ကူးယဉ် ပေါက်တတ်ကရဇာတ်လမ်းလေးတစ်ပုဒ် သက်သက်ရယ်ပါ။


ပုံကကြိုက်လို့ထည့်လိုက်တာပါ။ သူများစုံတွဲပုံ ရိုက်ထားပါကြောင်း (ဝေဖန်ရေး ကြိုကန်ထားပါသည်ခင်ဗျာ)

14 July 2009

Hope you can give a hand!

Dear Students and ex-students,

your help is needed for a MTech KE 20 student.
ISS will be placing a donation box in the exam hall from tonight till Saturday.
For DipSA students, pls goto level 2 outside Matilda's office to donate.
You may donate cash or cheque.
All collections will be passed onto her next-of-kin.
Regards,

Charles PangProgramme Director, KE

Dear fellow ISS students

Sadly, one of our current Mtech KE 20 student Ms Sandar Phyo Wai has been diagnosed with colon cancer which has spread to her spinal cord and causing damage to 2 of the vertebrates. Currently, her right leg is paralyzed. Her prognosis is serious. She was admitted on Saturday to NUH and doctors are now deciding how best to treat her.
Yesterday, I met her cousin who expressed concerns about her missing the exams and the inevitable financial strain. Sandar is 28yrs old and have a cousin and brother in Singapore. Her parents have passed away. A group of us students are taking turns at the hospital to keep her company.
On behalf of her family, I am appealing to all staff & students to help her with the medical costs since the NUS medical insurance covers only the hospitilisation and not the more expensive surgery procedures. The estimated bill up to today is $35,000.
You can donate by sending a cheque payable to "Ms. Sandar Phyo Wai" and mail it to the ISS address.
Thank you for your concerns and generosity.
RegardsKyaw Htut Lin (KE 20)

Dear All friends,
On behalf of Sandar, thank you so much for all of your contribution.
This is the latest condition of Sandar.
(1) Cancer cells are spread already to liver and rectal colon.
(2) Back Bone operation was not completely removed all tumors.
(3) So, now Doctors decided to cure by two ways, radiotherapy and chemotherapy.
(4) For Radiotherapy, the estimated cost is S$7000.
(5) For chemotherapy, there are two options. First option, Singapore Cancer Research team ask Sandar to test her cancer cells for their experiment. If that meets their experiments, they will sponsor for chemotherapy. If not, Sandar will do that by herself.
(6)For implant of back bone, it costs over S$15000.All other charges for hospital fees , operation fees and consultation fees are S$ 38000 till now.( We got medical insurance S$30000)

Thanks and Best Regards
May Thet Zan

P.s : Now we are collecting donation by Sandar's Own Account. (403-15405-9 POSB saving A/C, Sandar Phyo Wai)

Please share this information to other friends.

13 July 2009

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက် နဲ့ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်


ကိုဖိုးသင်္ကြန်ရေ တဖွဖွခိုင်းလွန်းလို့ ရေးတော့ရေးလိုက်ပြီဗျ။ ကျနော်က အရေးလည်းမတတ် ဂီတကိုလည်း နားမလည်ပါးမလည် အကယ်၍ တစ်ခုခုများအမှားအယွင်းဖြစ်ပြီး လွဲချော်သွားခဲ့ရင် ခွင့်လွှတ်ပါဗျာ…..

…မိုးဇက်….မိုးဇက်…..

ဝုန်းခနဲ အသံက တံခါးရဲ့ နောက်ကွယ်မှာ။ ဘာများဖြစ်နေပါလိမ့်။

လူတစ်ယောက်လဲပြိုနေပါလား…ဟာ…လည်ပင်းမှာလည်း ဓါးနဲ့လှီးလို့။

နောက်တော့ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက်တွေနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုကို စတင်မြင်တွေ့ရပါတော့တယ်။

သူ့ဘ၀က ဒီဂီတတွေနဲ့ ယဉ်ပါးဖို့ ခဲယဉ်းပေစွ။ သူ့အဖေရဲ့ ဦးတည်ချက်တွေက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဲ့။ သူကတော့ သူဘ၀က ဂီတဖြစ်ရမယ်တဲ့။ သူဘာကိုပဲပေးဆပ်ရ ပေးဆပ်ရ။ ယုတ်စွအဆုံး ဘုရားသခင်ထံဆုတောင်းခဲ့တာသာ ကြည့်ပါတော့။

ဆုတောင်းပြည့်ခဲ့သလား (တကယ်ဆို ဒီဆုမျိုးမပြည့်သင့်ဘူးလေ) သူ့ကို ဂီတဖက်မလိုက်စေချင်တဲ့ အဖေ ရုတ်တရက်သေဆုံးရာကအစ သူဂီတ နယ်ကို ခြေစုံပစ်ဝင်နိုင်ခဲ့တယ်။

ဒါပေမယ့် မိုးဇက်နဲ့မဆုံခင်အထိပေါ့။

မိုးဇက်ကို စတွေ့တော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဒါမိုးဇက်ပါလို့ ဘုရားစူးပြောရလောက်အောင်အထိ။ ကြမ်းပြင်ပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ ထွေးလား လုံးလားနဲ့။ မြင်ရတဲ့ပုံစံကို သူ့ရဲ့ ဂီတနဲ့ လုံးဝအပ်စပ်လို့ကို မရခဲ့ဘူး။

မိုးဇက်ရဲ့ ပါရမီကို မြင်ရတာကတော့ March of welcome ကနေ အစပြုခဲ့တာပါ။ သူကိုယ်တိုင်ရေးတဲ့ သီချင်းကို မိုးဇက်က နားထောင်ရုံမျှနဲ့ တစ်ပုဒ်လုံး ပြန်လည်တီးပြခဲ့ရုံမက အတီးအသော့လေးတွေနဲ့အပြင် ဆန်းသစ်မှုတွေနဲ့ပါလုပ်ပြနိုင်ခဲ့တာမို့ သူကိုယ်တိုင် တုန်လှုပ်ခဲ့ရတာပါ။

ဂီတတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သူသိပ်ချစ်တဲ့ လက်ဖျားနဲ့တောင်မထိရက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကိုလည်း မိုးဇက်က ရရှိသွားခဲ့ပြန်တယ်။ ဘုရားသခင်ရက်စက်လွန်းလှတယ်။

မိုးဇက်ရေးတဲ့ ပြဇာတ်တွေ မိုးဇက်ရဲ့ အောင်မြင်မှုတွေ…ဒါတွေအားလုံးက သူ့ကိုလှောင်ပြောင်နေသလိုပဲ။ ဂီတက သူ့ဘ၀ ဒီဂီတအတွက် အရာအားလုံးကို သူစွန့်လွှတ်ဖို့အဆင်သင့်လေ။ ဒါပေမယ့် သူ့မှာပါရမီမပါခဲ့ဘူးထင်ပါတယ်။ သူအောင်မြင်သင့်သလောက် အောင်မြင်ပါရဲ့။ မိုးဇက်လောက်လူသိမများခဲ့ဘူး။ အခုသူ ၀န်ခံချက်ပြောနေတဲ့ တရားဟောဆရာတောင် သူ့သီချင်းကိုမသိဘူးတဲ့လေ။

အောင်မြင်မှုကို မက်မောတဲ့လူထဲက လူတစ်ယောက်၊ ပြီးတော့ ဂီတကိုအရူးအမူးဖက်တွယ်ထားတဲ့ လူတစ်ယောက် အတွက် မိုးဇက်ဟာ တကယ့်ကို နတ်ဆိုးတစ်ကောင် မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။

သူကိုယ်တိုင်ပဲ မမျှတတဲ့ ကောင်းချီးပေးခဲ့သူ ဘုရားသခင်ကို စွန့်လွှတ်လိုက်တယ်။ မိုးဇက်ပျက်စီးဖို့အရေး သူကြိုးစားလုပ်ကိုင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ခါးသီးတဲ့မုန်းတီးမှုတွေနဲ့ အရာရာကို စီမံဆောင်ရွက်ခဲ့တယ်။ အမုန်းတွေ သိပ်ကြောက်စရာကောင်းတဲ့အမုန်းတွေပေါ့။ ဒါတွေကို မိုးဇက်မသိခဲ့ဘူးလေ။

မိုးဇက်ရဲ့ တက်လမ်းတွေကို ပိတ်ဆို့ ခဲ့တာမို့ စီးပွားရေးကြပ်တည်းမှုတွေနဲ့ အကြပ်ရိုက်စေခဲ့တယ်။ မတရားသော ယှဉ်ပြိုင်မှုနဲ့ နည်းမျိုးစုံသုံးပြီး ကြိတ် အနိုင်ကျင့်ခဲ့တာ။

မိုးဇက်ကို ထိခိုက်ကြေကွဲပြီး ဘ၀ပျက်စေခဲ့တာ သူ့အဖေသေတဲ့ အချိန်ကစမယ်ထင်တယ်။ ပြီးတော့ သူကိုယ်တိုင် မိုးဇက်အဖေ၀တ်ခဲ့တဲ့ ရုပ်ဖျက်ဝတ်စုံနဲ့ မိုးဇက်ကို requiem mass ဆိုတဲ့ သီချင်းတစ်ပုဒ် ရေးစေခဲ့တယ်။ အဲ့ဒီသီချင်းနဲ့ မိုးဇက် ကိုထိုးနှက်ခဲ့တာ။ ငွေကြေးလိုအပ်နေတဲ့ မိုးဇက်ကို ဒီသီချင်းရေးဖို့ ငွေကြေးတွေနဲ့မြူဆွယ်ခဲ့တယ်။ ပြီးတော့ မိုးဇက်ကို အကြိမ်ကြိမ်တိုင် ခြောက်လှန့်သွေးပျက်စေခဲ့တာပါ။

တကယ်တမ်းတော့ မိုးဇက်ကို သူသတ်ခဲ့တာ။ သူမှားသွားခဲ့ပြီ။ ရလိုက်တဲ့နောင်တ ကြောင့် သူ့ကိုယ်သူ သတ်သေပြီး အပြစ်ကနေ ခွင့်လွှတ်ဖို့ကြိုးစားခဲ့တာတဲ့လေ…

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံခြင်းကတော့ မိုးဇက်ကို သူသတ်ခဲ့တာပါတဲ့။ သူရယ် ဘုရားသခင်ရယ်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူးတဲ့….

အောင်မြင်မှုဆိုတဲ့ နောက်ကို လူတိုင်းလိုက်နေမယ်ထင်တယ်။ ငွေကြေးလိုမက်မောတပ်မက်စေတဲ့ အရာတစ်ခုပါပဲ။ တစ်ချို့က ရိုးသားကြိုးစားပြီးအောင်မြင်တယ်။ တစ်ချို့က ဖြတ်လမ်းနည်းနဲ့အောင်မြင်တယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်ပါတယ်လို့ ကောက်ချက်ဆွဲလို့ရပေမယ့် မိမိရဲ့အောင်မြင်မှုဟာ လိပ်ပြာသန့်ရဲ့လား ဆိုတာကိုကော တွေးစေချင်မိတယ်။ ကိုယ့်အတွက် သူတစ်ပါးကို စတေးရမယ်။ အထူးသဖြင့် ဘ၀တွေ အသက်တွေ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေ(သူတစ်ပါး မို့ ကိုယ့်အတွက် တန်ဖိုးမရှိဘူးဖြစ်ချင်လည်းဖြစ်မှာပါ) စတေးရမယ်ဆိုရင်ကော အောင်မြင်ချင်သေးပါသလား။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့သူတွေလည်း ရှိမှာပါလေ။ ခံယူချက်ခြင်းမှ မတူနိုင်ပဲ။

နောက်တစ်ခုကတော့ အောင်မြင်မှုတွေ တစ်သီကြီးနဲ့ မိုးဇက်ရဲ့ ဘ၀ပါ…

ပါရမီကြောင့် လက်ချောင်းတွေ လှုပ်လိုက်တိုင်း လက်ခုပ်သံတွေ ဘ၀ဂ်ညံစေခဲ့တယ်။ သူအမြဲရွတ်တဲ့ စကားလိုပဲ ဒီမှာ လူတွေက သူ့ကိုချစ်ကြပါတယ်တဲ့လေ။ တကယ်တော့ သူ့ရဲ့ အောင်မြင်မှုကို မူးယစ်မနေသင့်ဘူးနော်။

တစ်ချိန်လုံးအောင်မြင်ခဲ့တဲ့ သူ့ဘ၀ နေ၀င်ချိန်ကတော့ သံဝေဂရစရာတွေနဲ့ပေါ့။ ငွေရေးကြေးရေးအခက်အခဲကြောင့် မာနတွေချခဲ့ရတာတွေ။ အနုပညာကို ဟင်းရွက်ကန်းစွန်းလိုရောင်းခဲ့ရတာတွေ။ ဘယ်လောက်အသည်းနာလိုက်မလဲ။

အဆိုးဆုံးကတော့ သူရေးခဲ့တဲ့ ဆင်ဖိုနီတွေ ကမ္ဘာကျော်ခဲ့ပေမယ့် မိုးဇက်တစ်ယောက် ဘယ်နားပျောက်မှန်းမသိအောင်ကို ပျောက်ဆုံးသွားခဲ့ရတာ။ ပိုက်ဆံမတတ်နိုင်လို့အုတ်ဂူသွင်းမထားနိုင်ခဲ့တဲ့အပြင် အများသူငှာနဲ့ ရောနှောပြီး mass grave မှာ မြုပ်နှံခံခဲ့ရတယ်။

ထိုက်တန်တဲ့အရာတစ်ခုကတော့ သူသေပေမယ့် သူ့သီချင်းတွေ မသေခဲ့ဘူး။ သူ့နာမည်မသေခဲ့ဘူးလေ။ ပတ္တမြားမှန်ရင် နွံမနစ်ဖူးထင်ပါရဲ့။

ဒီဇာတ်ကားကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် sound box ကိုတော့ ဖွင့်ရပါလိမ့်မယ်။ အတီးတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးက စွဲဆောင်မှုအပြည့်။ သူတို့ခေတ်ရဲ့ ပြဇာတ်ယဉ်ကျေးမှုကိုလည်း တစေ့တစောင်း မြင်ရပါလိမ့်မယ်။

အဆုံးသတ်မှာတော့ သူသိပ်မုန်းတယ်ဆိုတဲ့ မိုးဇက်ရဲ့ ရယ်သံဆန်းဆန်းကို မမေ့တော့ဘူးဆိုတာ အာမခံပါတယ်……

သူဆိုတာကတော့ Antonio Salieri ပါ........(အိပ်ချင်မူးတူးနဲ့ နာမည်မှားရေးထားပါတယ် :P)

10 July 2009

FELICITATION!!!





မြနှင်းဆီနဲ့ လီဆာ



လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က မြနှင်းဆီကို ကျနော်တွေ့ရှိခဲ့ပါတယ်။ လီဆာကိုတော့ တနေ့ကမှ တွေ့ရှိခဲ့တာပါ။ လီဆာကိုမြင်မြင်ချင်း မြနှင်းဆီကို ပြေးမြင်မိတယ်။ တကယ်တော့ မြနှင်းဆီဆိုတဲ့ မိန်းမတစ်ယောက်ကို ကျနော်မုန်းတီးခဲ့တာ ဆယ်နှစ်ကျော်ပြီပဲ။ လီဆာကိုကော…..

မြနှင်းဆီကိုဘယ်လောက်မုန်းလဲဆို အဲ့ဒီစာအုပ်ကိုမ၀ယ်ပဲ တမင်ချန်ထားခဲ့တာ။ စာအုပ်သွားဝယ်တိုင်း သူ့ကိုတွေ့တယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ တစ်ဖက်လှည့်မသိချင်ယောင်ဆောင်ခဲ့တာချည်းပဲ။ ဒါပေမယ့် ကိုရုပ်ဆိုးက ကျနော့စာအုပ်စာရင်းမှာ မပါတာမို့ မြနှင်းဆီကို ကျနော့ဆီ ပို့ခဲ့ပါတယ်။ မုန်းတီးစွာနဲ့ပဲ မြနှင်းဆီကို နောက်တစ်ခေါက်ပြန်ကြည့်မိပြန်ရော။

လီဆာကိုတော့ ရုံးက စီနီယာက ရုံမတင်ခင်မှာ ကြည့်ဖို့ပေးခဲ့တယ်။ သူပြောတာက သီချင်းတွေသိပ်ကောင်းတာပဲတဲ့။ ဟုတ်တယ် သီချင်းတွေသိပ်ကောင်းခဲ့တယ်။ ဒါပေမယ့် လီဆာကလည်း မုန်းတီးဖို့ကောင်းပြန်ပါရောလား။

မြတ်စုနဲ့ဖြူလေးကြားမှာ မြနှင်းဆီမရှိခဲ့ရင်ကောင်းမှာလို့ အကြိမ်ကြိမ်ရေရွတ်ခဲ့ဖူးတယ်။ ဒီမိန်းမကြီးကြောင့်ဆိုပြီး လက်ညိုးထိုးစွပ်စွဲချင်ခဲ့တယ်။ ဖြစ်နိုင်ရင် မြနှင်းဆီကို ဆွဲထုတ်ပစ်ချင်ခဲ့တာ။ သိပ်လှသလောက်မာယာများတဲ့ မိန်းမ။ ရှေ့အကြောင်းတွေသာမသိခဲ့ရင် ကျနော်ကိုယ်တိုင်တောင် သူ့ကိုသနားနေမိမှာ။

သာယာလှပတဲ့ ဒဲရစ်တို့ရဲ့ အိမ်ထောင်ပါပဲ။ သားကလေးမွေးတဲ့ အထိ တနင်္လာနေ့တိုင်း ချစ်ဇနီးဆီကို ပန်းတွေပို့တတ်တယ်။ အောင်မြင်တဲ့လူတစ်ယောက်ရဲ့ ဘယ်လောက်သာယာ ချမ်းမြေ့တဲ့ဘ၀လေးလဲ။ ကျနော်လည်း အဲ့လိုဘ၀မျိုးပိုင်ဆိုင်ချင်ပါတယ်။ လီဆာဆိုတဲ့ မိန်းမတစ်ယောက် မပေါ်ပေါက်ခင်အထိပေါ့။

မြနှင်းဆီက ပျော့ညံ့တဲ့ မြတ်စုဆိုတဲ့ ယောင်္ကျားတစ်ယောက်ကို မြူဆွယ်နိုင်ခဲ့တယ်။ မြတ်စုကို လက်ခုတ်ထဲကရေဖြစ်ဖို့ ကြိုးစားခဲ့တယ်။ လူပျိုလူလွတ်မြတ်စုတစ်ယောက် မြနှင်းဆီရဲ့ သွေးဆောင်ဖျားယောင်းမှုအောက်မှာ ကျရှုံးခဲ့ရတယ်။ အကျိုးဆက်ကတော့ ချစ်သူဖြူလေး နဲ့ ဝေးခဲ့ရတာပေါ့။

လီဆာက ဒဲရစ်ကိုနည်းအမျိုးမျိုးနဲ့ချဉ်းကပ်ခဲ့တယ်။ မရရအောင် ယူမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ခရစ်စမတ်ညစာစားပွဲမှာ သူ့ကိုငြင်းပယ်ခဲ့တဲ့ ဒဲရစ်ကို အငြိုးနဲ့ပါ။ ဒဲရစ်နောက်က မိသားစုဆိုတာကို မထည့်တွက်ခဲ့ဘူး။ နောက်ဆုံး မိသားစုကိုပါ လိုက်နှောင့်ယှက် ဒုက္ခပေးခဲ့တဲ့အထိ။

မြနှင်းဆီနဲ့လီဆာ နှစ်ယောက်စလုံး ပိုင်ဆိုင်တာက ရူးသွပ်တဲ့စိတ်ခံစားချက်တွေပါပဲ။ သန့်စင်မွန်မြတ်တဲ့ချစ်ခြင်းမေတ္တာကို အရောင်စွန်းအောင်လုပ်ပစ်ခဲ့ကြတာ။ အဆုံးစွန်တဲ့ မှားယွင်းမှုတွေနဲ့ သူတို့လိုချင်တဲ့ ချစ်ခြင်းကို ရအောင်ယူဖို့ကြိုးစားခဲ့ကြတာ။ မိမိကြောင့် သူတစ်ပါးဒုက္ခရောက်ပါစေလို့ ရည်ရွယ်ပြီး မိမိကိုယ်ကို အသက်သေခံသည်အထိ လုပ်ခဲ့တယ်ဆိုမှတော့ ပြောမနေပါနဲ့တော့။ သူတို့ရဲ့ချစ်ခြင်းကကော ဘာများပါလိမ့်။ မိမိချစ်တဲ့သူ ဒုက္ခရောက်မယ့် အရေးလုပ်သင့်လုပ်ထိုက်ပါသလား။

မိန်းကလေးတွေကို ကာကွယ်တဲ့ ဥပဒေအပြင် ယောင်္ကျားလေးတွေကို ကာကွယ်တဲ့ ဥပဒေမရှိသင့်ဘူးလား တွေးနေမိတယ်။ ယောင်္ကျားရင့်မာကြီး တန်ပဲလို့ မပြောပါနဲ့ဗျာ။ ကျနော်တို့မှာလည်း ကျနော်တို့ အားနည်းချက်တွေရှိတတ်ပါတယ်။ အားနည်းချက်ကို ချက်ပိုင်ပိုင် အသုံးချတတ်တဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် လူတစ်ယောက်ကြောင့် ဘ၀တစ်ခု ဒါမှမဟုတ် ဘ၀တစ်ခုနောက်က ဘ၀များစွာ ပျက်စီးသွားရမယ်ဆိုရင်ကောဗျာ။

နောက်ဆုံး ကျနော်ရလိုက်တာကတော့ အစွန်းရောက် ၀ါဒတွေရဲ့ မကောင်းကျိုးပါပဲ။ ဘယ်အရာမဆို တစ်ဖက်စွန်းရောက်သွားရင် မကောင်းမှုတွေဖြစ်တတ်ပါတယ်။ ဘုရားဟော အလယ်အလတ်လမ်းစဉ်ကိုပဲ လိုက်နာကျင့်သုံးသင့်ပါတယ်။

ကျနော့စာရင်းမှာတော့ မြနှင်းဆီနဲ့ လီဆာဆိုပြီး တိုးသွားတာပေါ့ဗျာ….

09 July 2009

အကြွေးများ







07 July 2009

မမေ့နိုင်

စက်တင်ဘာလရဲ့ အိုက်စက်တဲ့ ညတစ်ညမှာ သူ့ကိုကျနော်တွေ့ရှိခဲ့တာပါ။ ပူလောင်နေတဲ့ အိမ်ရဲ့ အပြင်ဘက်ကို ကျနော်ဂရုမစိုက်နိုင်တော့ဘူး။ တကယ်ပါ အငမ်းမရ သူ့ကိုစိုက်ကြည့်နေမိတာကိုး။ သူ့ကိုနာမည်သာ ကြားဖူးခဲ့တာ တစ်ခါမှ မဆုံဖြစ်ခဲ့ဘူးလေ။ ရင်ဆိုင်အတွေ့မှာ ဖင်ထိုင်မေ့ခဲ့တယ်ဆိုပါတော့….

အစောပိုင်းက ပို့စ်တွေမှာ ရေးခဲ့သလို woodland အိမ်ကိုပြောင်းရခြင်း အဓိကအချက်က စာအုပ်စင်။ စာအုပ်စင်ထဲက စာအုပ်တွေထဲမှာ ခင်ခင်ထူးရဲ့ အညာသူအညာသားဆွေမျိုးများ၊ နုနုရည်အင်းဝ ၂၈နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်အကြောင်း၊ အဏ္ဏ၀ါစိုးမိုးရဲ့ ပင်လယ်ပျော်တွေအကြောင်း စတာတွေကို ဒီစာအုပ်စင်က မိတ်ဆက်ပေးခဲ့တာတွေပါ။

သူ့ကိုလည်း အဲ့ဒီအောက်ဖက်ချောင်လေးထဲက ရှာတွေ့ခဲ့တာ။ ပြီးတော့ သူက clone လေးတစ်ယောက်ပဲ။ စိမ်းဝါရောင်လေးထဲမှာ သူ့ပုံလေးက အတိုင်းသား ထင်းလို့။ သူ့အကြောင်းကို ကျနော်သိခဲ့တာ နည်းနည်းလေးပဲ။ သိတယ်ဆိုရုံလောက်လေးပဲ။ ညံ့လိုက်တာများဗျာ။ တကယ်ဆို ဒီ့ထက်ပိုပြီး သိသင့်တယ်။ မြင်ဖူးတယ်ဆိုတာလည်း အိမ်အပေါ်ထပ် ထုပ်တန်းမှာ ခန့်ခန့်ကြီး ချိတ်ထားတဲ့ ဓါတ်ပုံတစ်ခုထက်မပို။

ကျနော်တွေ့ရှိခဲ့တဲ့ ကျနော်မသိသော သူ့အကြောင်းကတော့…

၁။မေးမြန်းစူးစမ်းတတ်ခြင်း

မိုးတွင်း ဆောင်းတွင်းဟု ခေါ်ကြသော်လည်း နွေရာသီကို အဘယ့်ကြောင့် နွေတွင်းဟု မခေါ်ကြသလဲ၊ ညီအစ်ကိုဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယားတစ်ဝမ်းကွဲမရှိသလဲ စသည့်မေးခွန်းများကို ငယ်ဘ၀ထဲက စဉ်းစားတွေးတော မေးမြန်းတတ်သည်။

၂။ ထူးချွန်ထက်မြက်ခြင်း

အတန်းတိုင်းတွင် ပထမရရှိခဲ့သူတစ်ဦး။ စကောလားရှစ်အပြင် ဦးရွှေခိုဆုကိုလည်း ချီးမြှင့်ခံရခဲ့သည်မှာ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်မှန်းသိသာထင်ရှားနေပါသည်။ ဘီအယ်လ် (ဥပဒေပညာ) ပထမနှစ်တွင် ကျောင်းသားကိစ္စ နိုင်ငံရေးကိစ္စ အချိန်ပြည့်ဆောင်ရွက်နေသဖြင့် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် စာမေးပွဲကျရှုံးဖူးခဲ့သည်။

၃။လေ့လာမှတ်သားဥာဏ်ကြီးခြင်း

အင်္ဂလိပ်ပါလီမန်မှ ထင်ရှားကျော်ကြားသူများ၏ မိန့်ခွန်းများကို အလွတ်ရသည်အထိ လေးနှစ်အတွင်း ဖတ်ပြီး မှတ်သားထားနိုင်သည်။ ထို့နောက်ထိရောက်စွာ အသုံးချခဲ့သည်။

၎။ ခြိုးခြံချွေတာနိုင်ခြင်း

အစားအစာ မစားပဲ နေနိုင်သည်၊ ဖြစ်သလိုနေထိုင်တတ်သည်၊ စောဒကတက်ခြင်း အလျဉ်းမရှိခဲ့သူဖြစ်သည်။ သူမတူအောင် ခြိုးခြံချွေတာပြီး သည်းခံနိုင်စွမ်းကြီးသူဖြစ်ပါသည်။

၅။ ရဲဝံ့စွန့်စားသူတစ်ယောက်ဖြစ်ခြင်း

ပန်းတိုင်အတွက် အသက်ပေးထားပြီး ဖြစ်သည့်အားလျော်စွာ သတ္တိအပြည့်ဖြင့် ရဲဝံ့စွာ တိုက်ပွဲဝင်သူတစ်ဦးအသေအချာပင် ဖြစ်ပါသည်။ ဘီအိုင်အေ အုပ်ချုပ်မှုလွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ ဗိုလ်မိုးကြိုးနှင့် အချေအတင်စကားပြောကြရာ ဗိုလ်မိုးကြိုး ကဓါးကိုဆွဲလျှင် သူကလည်း ဓါးရိုးကိုင်၍ အဆင်သင့်ဖြစ်ကြောင်း သတ္တိပြောင်ခဲ့ခြင်း။ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် သရက်ခရိုင်မင်းတုန်းနယ်တွင် ရှေ့တန်းတက်၍ မကြောက်မရွံ့ စီမံခန့်ခွဲခဲ့ခြင်း။

၆။ လူမျိုးမရွေးဘာသာမရွေးစည်းရုံးနိုင်သော သံတမန်ကောင်းဖြစ်ခြင်း

ထူးခြားသော အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ကရင်-ဗမာ၊ ကချင်-ဗမာ၊ ရှမ်းတောင်တန်း-ဗမာ ဆက်ဆံရေးအတွက် တကယ့် တံတားကြီးတစ်စင်းဖြစ်ခဲ့ပါသည်။ နောက်ထပ် သူလိုလူ တစ်ယောက် မရှိနိုင်တော့ပါ။

၇။ ရာထူးစည်းစိမ်မမက်မောခြင်း

ဘုရင်ခံက လိုချင်သောရာထူးပေးပါမည်ဆိုသည်ကိုတောင် ပန်းတိုင်ကိုမြဲမြဲစွဲကိုင်လျက် ငြင်းပယ်ခဲ့သူတစ်ဦးဖြစ်ပါသည်။

၈။ ပြတ်သားသူတစ်ယောက်ဖြစ်ခြင်း

အရာရာကိုပြတ်သားစွာ ဆုံးဖြတ်နိုင်သူဖြစ်ပါသည်။ “ယခုလို ကျွန်တော်အကြံပေးတာကိုမှ သဘောမတူပဲ အင်္ဂလိပ်လက်အောက်မှာ နေချင်သေးတယ်၊ သူတို့ပြုသမျှဘဲ ခံချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ သဘောအတိုင်းဘဲ။ သို့သော်နောင်ကို ကျွန်တော်တို့အဆိုးမဆိုပါနဲ့။ ကျွန်တော်တို့က နယ်ချဲ့သမားများကို အပြင်းအထန်ချရတော့မှာ ဖြစ်လို့ နယ်ချဲ့သမားနဲ့ပူးနေတဲ့ လူများကိုလည်း ချမှာဘဲ” စသဖြင့် ရှင်းလင်းစွာ ဝေဖန်ပိုင်းခြားပေးနိုင်သူတစ်ဦးပင်။

၉။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခြင်း

“ခေါင်းဆောင်လုပ်တဲ့သူလူတွေဟာ နောက်လိုက် လူတွေထက် ပိုပြီး အမြင်ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ ယောင်ချာချာလုပ်နေရင် ခေါင်းဆောင်မဟုတ်ဖူး။ ခေါင်းဆောင်လုပ်တဲ့သူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်၊ အသက်စွန့်သင့်တဲ့ နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမှာ သုံးရမယ်။ အချိန်အခါကိုလိုက်ပြီးလုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ် အမောင်တောင်မှန်းမြောက်မှန်း မသိဆိုရင် ခေါင်းဆောင်မဟုတ်ဖူး။”

အထက်ပါမိန့်ခွန်းကိုကြည့်ရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မဖြစ်ဆိုတာ စီစစ်စရာလိုမယ်မထင်။

စသည်စသည်ဖြင့် သူ့ကိုကျနော်တွေ့မြင်ခဲ့ရပါသည်။ သူ့အကြောင်းကိုသိလျင်သိခြင်း ကြက်သီးမွေးညှင်းထသည်အထိ တုန်လှုပ်မိသည်။ ဓါတ်ပုံကိုကြည့်ပြီးမြင်ယောင်သည်။ လက်တွေ့များ မြင်ဖူးတွေ့ဖူးလျှင် မည်မျှနေမည်မသိ။

သူသည် ကျနော်တို့အတွက် မီးရှူးတန်ဆောင်တစ်ခုပင်။ ဟုန်းခနဲတောက်သော ကောက်ရိုးမီးများလို မဟုတ်။

ထာဝရလင်းနေသည်။ အမြဲလင်းနေသည်။ ထိန်ထိန်ညီးလင်းနေသည်။

ဘယ်တော့မှ မမေ့နိုင်၍ ယနေ့တိုင်လင်းလျက် ထာဝစဉ်လင်းနေမည့် မီးရှူးတိုင်ပင်ဖြစ်ပါတော့သည်။

ကိုးကား - အောင်သန်း၏ အောင်ဆန်း