လက်ရှိကျနော် ပြန်လည်တွေးတောရင်း အထက်ပါ မေးခွန်းတစ်ခုကို တွေးနေမိတယ်။ ပြီးတော့ ကျနော့ဆီကို ခဏတဖြုတ် စာဖတ်ရုံ ဖတ်တဲ့သူတွေ၊ပုံမှန်ဖတ်တဲ့သူတွေ၊ ကော့မန့်ပေးတတ်တဲ့သူတွေ၊ မျက်စိလည်လမ်းမှား ရောက်လာသူတွေ အားလုံး အားလုံးစီကနေ ဒီမေးခွန်းလေးရဲ့ အဖြေကို လိုချင်မိတယ်။ ခင်မင်ရင်းနှီးစွာ စကားဝိုင်းလေးတစ်ခု ဖန်တီးပေးကြပါခင်ဗျာ…………
ကျနော်ဘာကြောင့်ထွက်လာခဲ့သလဲဆိုတဲ့ မေးခွန်းကို ကျနော်အရင်ဖြေပါမယ်။ ဆယ်တန်းအောင်တော့ ရန်ကုန်ကို တက်လာဖြစ်တယ်။ ရန်ကုန်ကိုမသွားခင် အိမ်မှာ နှုတ်ကတိတစ်ခုပေးခဲ့ရပါတယ်။ ဘယ်လိုသော အကြောင်းကြောင်းကြောင့်နဲ့မှ နိုင်ငံရပ်ခြားကို မသွားပါဘူးဆိုတဲ့ ကတိ။ ရန်ကုန်ကို လွှတ်ဖို့တောင် မနည်းလေ။ ဟိုးအဝေးးးးးးကြီးဆို ကျနော်တို့ မိသားစုသေးသေးလေးမှာ ခွဲခွာခြင်းဆိုတာ အကြီးမားဆုံး အခက်အခဲ။ ရေကြည့်လို့မှ လက်တစ်ဖ၀ါးတစ်ဝက်ခွဲရှိတာ။
ကျနော်ရန်ကုန်ရောက်စက Poly ဆိုတာတွေ ခေတ်စားစပြုပြီ။ ကျနော့သူငယ်ချင်းတစ်ယောက်ဆို Polyနဲ့ ဒီကိုထွက်သွားတာ အဲ့ဒီအချိန်ထဲက ပေါ့။ သင်တန်းထဲက အစ်မကြီးတစ်ချို့တစ်ဝက်လည်း ကျောင်းပြန်ဖွင့်တာ မစောင့်နိုင်တာနဲ့ ဟိုဟိုဒီဒီ ထွက်သွားကြလေရဲ့။ ကတိတစ်ခုကို တည်မှ ကြိုက်တတ်တဲ့ ကျနော်ကတော့ ကိုယ့်ကတိအတိုင်း ယောင်လို့တောင် စိတ်မ၀င်စားမိအောင် မျက်စိတွေပိတ်ပစ်ခဲ့တယ်။ ခေါင်းကို ဘယ်နှစ်ခါယမ်းမိမှန်းမသိအောင် ယမ်းရင်း overflow ဖြစ်အောင်ပေါ့။
သင်တန်းတွေတက်ရင်း တက္ကသီလာကိုလည်း တစ်ဖက်တက်ဖြစ်တယ်။ Third year လောက်မှာ NUS ဆိုတာ သိရပြန်တယ်။ ကျောင်းမှာ Presentation လာလုပ်တာမို့ သူရို့ကျောင်းတွေကို အားကျမက်မောခဲ့ရတယ်။ ဟာ libraryကြီး၊ ဟင် ကျောင်းသားတွေအတွက်အဆောင်၊ အလို..သီရေတာကြီးတွေ၊ လက်တွေ့စမ်းသပ်ခန်းတွေ ဒါပေမယ့် ငါနဲ့မှ မသက်ဆိုင်ပဲလို့ ခေါင်းငုံ့ပစ်လိုက်တယ်။ တစ်ချို့အတန်းဖော်တွေ NUS ၀င်ခွင့်ဖြေကြတယ်လည်း ကြားမိတယ်။
နောက်တစ်နှစ်တော့ အင်္ဂလန်မှာ ကျောင်းဆက်တက်နိုင်တဲ့ အခွင့်အရေး Presentation ကို သင်တန်းဖက်က တစ်ခါလာပြန်ပါလေရော။ သိပံ္ပမောင်ဝရဲ့ အောက်စဖို့ အကြောင်းကို သတိရမိပြန်တယ်။ စာထဲမှာပဲကောင်းပါတယ်လေ။ ငါ့အတွက် လက်တွေ့မဖြစ်နိုင်ဘူးလို့ စိတ်ပြန်သွင်းမိတယ်။
ကျောင်းပြီးတော့ သူငယ်ချင်းက တက်ကြွစွာ ဟေ့ကောင် ကျောင်းလျှောက် ကျောင်းလျှောက်ဆိုတော့ လျှောက်တာပေါ့လို့ ပြောပြီး လုံးဝမလျှောက်ဖြစ်ခဲ့ဖူး။ သူငယ်ချင်းက ကျောင်းပါသွားခဲ့တယ်။ ကျောင်းမှာလည်း စာမတော်တာမို့ ဆက်တက်ဖို့လည်း ရွေးချယ်ကြမှာမှ မဟုတ်ပဲ။ လျှောက်ဖြစ်တော့လည်း မရွေးချယ်ခဲ့ကြပါဘူး။
ဒါနဲ့လုပ်ငန်းခွင်ဝင်ဖြစ်တယ်။ သူငယ်ချင်း ဆယ်ယောက်ထဲမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း ထွက်သွားလိုက်ကြတာ။ နောက်ဆုံးကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ ဘာလုပ်နေတာလဲ မေးရင် Experience စုနေတယ်လို့ ဖြေမိတယ်။ ဒီအဖြေ မခိုင်လုံဘူးဆိုတာသိပေမယ့် ကျနော်တို့တွေ မသိချင်ယောင်ပဲဆောင်နေကြတာ။
ဒီလိုနဲ့ ချက်ကောင်းမိတဲ့ နေ့ကိုတော့ ရောက်လာခဲ့တာပေါ့။ သူငယ်ချင်းအဖေကလည်း အမေ့ဆရာရင်း။ သူတို့မိသားစုတွေ အလည်အပတ်သွားခဲ့တဲ့ DVD လေးပြရင်း တိုက်တွန်းနေခဲ့တာ။ ဒီမှာ ဘာလုပ်မလဲတဲ့။ ကျနော့လခက နှစ်သိန်းကျော်လောက်ပဲ ရနေခဲ့တာ။ အိမ်ကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးနိုင်ပါဘူး။ လူတန်းစေ့တယ်ဆိုရုံ နေနိုင်တဲ့ ၀န်ထမ်းမိသားစုထက် တစွန်းတစေ့မှ မပိုခဲ့။ နောက်တော့ ဖေက သူအလုပ်က ထွက်ချင်တယ်ဆိုလာတယ်။ စက်ရုံမှာ ဖြစ်တဲ့ ပြဿနာတစ်ခုက သူ့ကို တော်တော်လေး ရိုက်ခတ်ခဲ့ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကြားမှာ အလုပ်ဆက်လုပ်ဖို့ သူမနှစ်မြို့တော့ဘူးဆိုပါတော့။
အဲဒီတော့ အိမ်ရဲ့ အဓိက စားဝတ်နေရေးကို ထောက်ပံ့ပေးမယ့်အရေးက ကျနော့အရေးဖြစ်လာခဲ့ပါပြီ။ ဖေနဲ့ စတင်ဆွေးနွေးကြတယ်။ ဒီအတိုင်းဆက်သွားနေရင်တော့ ဒုံရင်းက ဒုံရင်းဖြစ်ပါမယ်လို့။ အခုအချိန်အထိ အိမ်ပိုင်တစ်ခုတောင် မရှိခဲ့သေး။ သူအလုပ်က ထွက်ပြီဆို ဘယ်မှာနေထိုင်မလဲ ဘယ်လိုနေစားကြမလဲ။ အဲဒီမှာပဲ အပြင်ထွက်ဖို့ဆိုတဲ့ ခေါင်းစဉ်ကို စတင်လိုက်ပါတယ်။ ဖေနားပြီဆို သားအလှည့်လေ။ ဆိုတော့ ဆိုတော့…
ချက်ချင်းရတဲ့ အခွင့်အရေးတစ်ခု မို့ အလုပ်ကိုထွက်စာတင်တယ်။ ပြီးတော့ ဒီခရီးကို စတင်ခဲ့ပါတယ်။
အခုမိုင်တိုင် နှစ်နှစ်စာ ကျနော်လျှောက်ခဲ့ပြီးပြီ။
ကျနော့ရဲ့ မိတ်ဆွေတွေကော ဘာအတွက် ဒီခရီးကို လျှောက်ခဲ့တာလဲ ကျနော့ကို ဝေမျှ ဆွေးနွေးပေးကြပါလား ခင်ဗျာ………….
နားထောင်သွားတယ်။
July 28, 2009 1:07 AM
ကြည်ဖြူပိုင် said...
ဆွေးနွေးရမယ်ဆိုရင်တော့အရှည်ကြီးပဲကိုရွာသားရေ........သူများလိုဆွေမျိုးသဟာဆိုတာလဲမရှိ။ အဆက်အသွယ်ဆိုတာလဲရှားပါးတဲ့ အနေအထား။မိန်းကလေးတွေလာကြတာ ရှားပါးတဲ့အချိန်။ပေးဆပ်လိုက်ရတဲ့ မိဘမိသားစုနဲ့ ခွဲခွာခြင်း။အိုးးးးးးးးးးးပြောရမယ်ဆိုရင်တကယ့်ကို အရှည်ကြီး။တစ်ထောင့်တစ်ညလို့တောင်တင်စားနိုင်ရဲ့။ အဲဒိတော့ ဒီကွန့်မန့်လေးမှာတော့ဆွေးနွေးလို့ မဖြစ်နိုင်တဲ့အနေအထားမို့ ပို့စ်အကွယ်ကပဲ သူများတွေဆွေးနွေးတာထိုင်ကြည့်ပါရစေတော့။ အရေးအသားလေးတအားညက်တယ်။ စာရေးသားတာတော်တယ်။ ဂွတ်ဒ်အနော့်ဆီလာမလည်ပေမယ့် အနော်ကတော့လာလည်ပြီး ခြေရာတွေချန်ခဲ့ပါတယ်နော် :D)
July 28, 2009 1:25 AM
Moe Cho Thinn said...
သိပ်ကောင်းတဲ့ ပို့စ်ပဲ။ မမြင်ရတဲ့ အကြောင်းတရားတွေကို ကန့်လန့်ကာ ဟ ပြလိုက်သလိုပဲ။1996 တို့ အိမ်ထောင်ကျလို့ ပထမဆုံး စင်ကာပူထွက်လာတော့ သင့်ဘ၀ မဂ္ဂဇင်းမှာ အလုပ်လုပ်နေရာက ထွက်ခဲ့ရတာ။ အဲဒီမှာ ဆရာ မောင်သစ်ဆင်းက တို့ကို မှာလိုက်တယ်။ အခု လူငယ်တွေ အများကြီး နိုင်ငံခြားကို ထွက်နေကြတာ ဘာကြောင့်လဲ ဆိုတဲ့ Why? မေးခွန်းတခုပဲ မေးရင် ခေတ်ကို ကောင်းကောင်းပုံဖော်နိုင်ပါလိမ့်မယ် တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Why? က ဦးနှောက်ယိုစီးမှုတွေ၊ လူနေမှုဘ၀တွေ၊ နိုင်ငံရေးတွေ အားလုံးကို ဖော်ပြနေလို့ပါပဲ။
July 28, 2009 1:26 AM
ကြည်ဖြူပိုင် said...
အနော်ဒီရောက်လာတာ သူငယ်ချင်းတစ်ယောက်ရဲ့ကျေးဇူးကြောင့်မို့ သူ့ကိုတော့ ကျေးဇူးတင်ထိုက်သူများဆိုတဲ့ပို့စ်မှာ တစ်စိတ်တစ်ပိုင်းဖော်ပြဖူးတယ်။အဲဒါကိုပဲ သေးသေးလေးဆွေးနွေးခြင်းလို့မှတ်ယူလိုက်ပါ နော် :D
July 28, 2009 1:27 AM
http://khinoomay77.blogspot.com/2009/07/hello-singapore.htmlTuesday, July 28, 2009hello ……Singaporeကိုယ်နဲ့မဆိုင်သလိုဘဲ။ ဒါပေမဲ့လည်းဆိုင်ပါတယ်။ သာမာန်ဝန်ထမ်း မျိုးရိုးက လာတဲ့ကိုယ်ဟာ နိုင်ငံခြားဆိုတာ ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်ခဲ့မိတယ်။ ကျောင်းတက်တယ် ရိုးရိုးဘဲ။ ကျောင်းပြီးတယ။် ရိုးပါသေးတယ်။ အလုပ်ဝင်တယ်။ ဒါလည်း ရိုးသေးတယ။် အိမ်ထောင်ကျတော့ အဲဒီခောတ်က ခေတ်စားတဲ့သဘောင်္ာသားနဲ့ အိမ်ထောင်ကျပါတယ။် သတင်းစာမှာ လက်ထပ်ပြီးစီးခြင်း ဆိုတဲ့ ကြော်ငြာ တစ်ခုရယ်။ မြန်မာ ကျပ်ငွေ ၇၀၀တန် လက်ထပ်စာချုပ်ရယ်နဲ့ဘဲ နစ်ဦးသဘောတူ ယူခဲ့တဲ့ သူ က သဘောင်္သားဆိုတော့ကာ တစ်နစ်မှာ တစ်လ ဘဲ.နားဖြစ်ပါတယ။် ဒီလို နဲ့ နစ်ပေါင်း နဲနဲကြာလာ။ သူ လဲ သဘော်ပေါ်ကနေ ရှိုးပြောင်း ကိုယ့်ကို ခေါ်ချင်တဲ့ အရိပ်အယောင်ရှိပေမဲ့လဲ ကိုယ်က ကိုယ့်ရဲ့ အလုပ်သံယောဇဉ်ရယ်။ လေဖြတ်နေတဲ့ အဖေရဲ့သမီး ..ကို မသွားစေချင်ဘဲ သူ့အနားမှာရှိစေချင်တဲ့ ဆန္ဒကို နားလည်လို့ကိုယ်နဲ့ မဆိုင်သလိုဘဲနေခဲ့တယ။် ဒါပေမဲ့ဘွဲ့လွန်ဆက်မတက်ခဲ့မိဘူး. ဘွဲ့လွန်တက်ရင် နောက်ထပ် နစ် အနည်းငယ်ကို ထပ် ပေးဆပ်ဘို့ အ တွက် အာမမခံနိုင်ဘူး ဖြစ်နေတယ။် ဒါဟာ မှန်ပေမဲ့လည်းမှားသွားတဲ့ ဆုံးဖြတ်ချက်ဘဲလား. ဝေမခွဲနိုင်ခဲ့ဘူး။ လုပ်စရာရှိတာတွေကို ငယ်စဉ်မှာ အပြတ်ဖြတ်နိုင်ရမယ်ဆိုတာ ကို မဖြတ်နိုင်ခဲ့ဘူး။နောင် ကိုယ် တောနယ်ပိုင်းမှာမှ တော်တော်လေးချောင်ကျတဲ့နေရာကိုပြောင်းရပြီဆိုတော့မှ အလုပ်သံယောဇဉ်က ပြတ်သွားခဲ့တော့တယ။် ကိုယ်မပြတ်ပေမဲ့လဲ သူက ဖြတ် သွားပေးခဲ့ပြီလေ။ အဖေအမေ လည်း မရှိတော့တဲ့ အချိန်မှာ ကိုယ့်အတွက်တော့ ရွေးချယ်စရာမကျန်အောင်ဖြစ်ခဲ့ပြီ။ referencehttp://ywartharlay-ytu.blogspot.com/2009/07/blog-post_28.htmlPosted by khin oo may at 1:33 AM 0 comments Labels: kom
July 28, 2009 1:44 AM
future အနစ်နစ်ဆယ်တုံးက ရေးဘို့စဉ်းစားလို့မရတာဒါနဲ့ချေလိုက်ပါ။
July 28, 2009 1:44 AM
အစကတော့ အဖေနဲ့ အမေက နိုင်ငံခြား ထွက်ဖို့ တိုက်တွန်းတယ်။ ကိုယ်တိုင်တော့ သိပ်စိတ်မပါ ပါဘူး။ ဒါပေမယ့် သင်တန်းတွေ တက်ရင်း သူများတွေ ဆီက ရောဂါ ကူးလာတယ်။ ကျောင်းဆက်တက်ရင် 4th year လောက် ရောက်မှ နောက်ထပ် ကျောင်း ၃ နှစ်လောက် ထပ်ပိတ်ရင် ဒုက္ခဆိုပြီး တွေးမိတာလည်း ပါပါတယ်။ ဒီပို့စ်ဖတ်ရင်း Brain Drain က Brain in the Drain ထက်စာရင် ကောင်းတယ် ဆိုတဲ့ စကားလေးကိုတော့ အမှတ်မထင် သတိရသွားတယ်။
July 28, 2009 1:59 AM
မီယာ said...
ဆယ်တန်းအောင်တော့ ဆရာဝန်ဖြစ်ချင်လွန်းလို့ ၃နှစ်အိမ်မှာ ထိုင်ပြီး ကျောင်းအဖွင့်ကိုစောင့်တယ်။ ၄လတက်ပြီး ပြန်ပိတ်သွားတော့ ဆရာဝန် အိပ်မက်ကို စွန့်လွှတ်လိုက်တယ်။ ကျောင်းတက်ဖို့ နိုင်ငံခြား ထွက်လာတယ် ဆေးပညာတော့ မသင်နိုင်ခဲ့ဘူး။ အဲ့ဒီ အချိန်ကစပြီး စိတ်လေတာ အခုထိပဲ။
July 28, 2009 3:11 AM
ဖိုးသင်္ကြန် said...
Post တစ်ခုဖြစ်သွားပြီ။ဒီည မအိပ်တာ အကို့ကြောင့်။မနက်လာဖတ်ပါ။
July 28, 2009 3:21 AM
ဘာကြောင့် နိုင်ငံခြား ထွက်ခဲ့ရတာလဲ ဆိုတာကိုဖြေရရင် ကိုယ့်မိဘတွေအတွက်စဉ်းစားမိလို့ပေါ့....ဒါပေမယ့် နိုင်ငံခြားထွက်လာခဲ့တာ မိမိအတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဆိုတာကိုတော့အဖြေရှာတုန်းပါ....ရွာသားလေးရော ကံကောင်း ကံဆိုးဘယ်လိုယူဆပါသလဲ....mie nge
July 28, 2009 4:15 AM
ကိုလူထွေး said...
ကိုရွာသား ဒီထက်မက ဆထက်တပိုး အောင်မြင်ပါစေ လို့ ရေခြားမြေခြား နိုင်ဂျံဂါးကနေ ဆုတောင်းပေးပါတယ်...းဝ)
July 28, 2009 4:15 AM
မြန်မာနိုင်ငံမှာ မရနိုင်တဲ့ ပညာရေးကို မက်မောမိလို့ ထွက်လာခံတာပါ ကိုရွာသားရေ ဒါပေမယ့်လက်တွေ့မှာကတော့ ရုန်းကန်ခြင်းတွေနဲ့ပဲ ပြည့်နပ်နေတာပေါ့
July 28, 2009 6:59 AM
အပြုံးပန်း said...
ရေးချင်တယ်ရွာသားလေးရေ။ရေးဖြစ်အုံးမယ်။သက်ပျင်းချရင်းဖတ်သွားမိတယ်။မခင်ဦးမေပိုစ့်ရောဖတ်ပြီးပြီ။
July 28, 2009 7:24 AM
ရွှေပြည်သူ said...
စိတ်ဝင်တစား ဖတ်မိပါတယ်။ ဆယ်တန်းကို ကိုယ့်ထက်အရင်အောင်တဲ့ လူတွေထက် ကိုယ်တို့ Batch တွေမှာ နိုင်ငံခြားကို ထွက်တဲ့လူတွေ ပိုပိုများလာတာကို သတိစထားမိတဲ့ အချိန်တွေ... အခုဆို သိသမျှရွယ်တူတွေ အားလုံးနီးပါး အပြင်မှာချည်းပါပဲလေ။ “ဖေနားပြီဆို သားအလှည့်လေ” ဆိုတာကိုလည်း သဘောကျမိပါတယ်။ အားကျမိပါတယ်။ အဲဒီစကားရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး မြင်လိုက်လို့ပါ။
July 28, 2009 9:41 AM
Vigor said...
Yeah..exactly, like what ZT said, Brain Drain is absolutely better than Brain in the Drain. Cheers..
July 28, 2009 9:53 AM
...
July 28, 2009 10:13 AM
Talkii said...
မနှစ်ကထက် စာရေးတာတွေ အများကြီးကောင်းလာတယ်ဆိုတာရယ် ကိုယ်ကိုယ်တိုင် ခတ်တဲ့ ကျိမ်စာဆိုတာရယ် ၂ခုတွေ့သွားတယ်။ ကျန်တာတော့ ပြောချင်သေးဘူး။Brain ကို drain ထဲက ထုတ်လိုက်မယ့်အစား drain ကိုပဲ သန့်ရှင်းအောင် လုပ်နိုင်ရင် ပိုကောင်းမယ်ထင်တယ်။
July 28, 2009 10:15 AM
ရွာသားလေးရေ့ အားတင်းထား။ တနေ့မှာတော့ တို့ရွှေပြည်ကြီးကို ပြန်နိုင်ရမယ်။
July 28, 2009 10:41 AM
sait phay yar said...
ရွာသားရေ... လို့ဘဲခေါ်လိုက်တော့မယ်...
July 28, 2009 10:52 AM
Mogok Thar said...
အစ်ကို ဆက်ရေးမဲ့ စနေသား မှာ အဲဒီ အကြောင်းလေး ပါတယ် ညီ။ဘာပဲဖြစ်ဖြစ် အခြေအနေတွေကတော့ လာရတဲ့ ရည်ရွယ်ချက်ချင်း တူပါတယ် ညိလေးရာ။ညိလေး ရည်မှန်းရာ ပန်းတိုင်တစ်ခုဆီ အမြန်ဆုံး ရောက်နိုင်ပါစေ။မေတ္တာဖြင့်
July 28, 2009 11:11 AM
မေဇင် said...
တူတူပါပဲ.... မိသားစု အတွက်ပေါ့...။ ရွေးချယ်စရာ... ဒီတစ်လမ်းထဲရှိတယ်... ရန်ကုန်မှာ အလုပ်လုပ်နေတာ.. အိမ်ကိုပြန်ပို့ဖို့ မဆိုထားနဲ့ ...။ ကိုယ့်ဘာသာတောင် မလောက်ငှဘူး.... ပညာတွေ သင်ပေးခဲ့တာတွေကို အားနာလာပြီ.... ၊ ဒီကြားထဲ မိသားစု ကျမ်းမာရေး ကထ ဖောက်လာတယ်...။ လက်ထဲငွေ နဲနဲ ရှိတာက အဲ့ဒီ ကျမ်းမာရေးက ဖောက်လာတော့ ကြွေးပါ ပါလာတယ်.... ကဲ.... ဒီကိုမလာလို့ ဘယ်ကို သွားမလဲ... ?
July 28, 2009 11:44 AM
No select No Copy လုပ်ထားတယ်လား။ လေးထောင့်တုံးတွေပဲ မြင်ရတယ်။ Copy paste လုပ်ပြီး ရုံးမှာ ဖတ်လို့ မရတော့ဘူး။ မန့်လို့ မရတော့ဘူး။ ကောင်းခန်း ရောက်မှနော်။
July 28, 2009 1:13 PM
WWKM said...
အခုမှဖတ်ဖြစ်တယ်. နောက်ကျနေပြီ. အိမ်လည်မထွက်ဖြစ်တာလေ..အလှူလိုက်ခံနေတယ် ထင်မှာစိုးလို့.. ဘယ်မှ မလည်. ဟတ်ဟတ်.း))အစ်မလည်း အလုံးကြီးကျခါနီးနေပြီ.း)ကိုယ်စခဲ့တဲ့ဇာတ် နိုင်အောင်ဆက်ကနေတာ. :D စိတ်ကြည်နူးပေမယ့် တခါတလေစိတ်ပင်ပန်းတယ်.း)အစ်မကတော့ နိုင်ငံခြားကို ဦးဥာဏ်ခေါ်လို့လိုက်လာတာပါ..ရေးစရာမရှိဘူးထင်ပါရဲ့..း)ဒီည တစ်ခုခုရေးမယ်လေ... မုဒ်သွင်းလိုက်ဦးမယ်. :Pရေးထားတာ ၃၊၄ ခု စိတ်မပါနေလို့ မတင်ဖြစ်တော့တာ. အသစ်တစ်ခုထပ်ရေးဦးမယ်.စိတ်ကူးပေါက်ရာပေါ့. သူများတွေလို စာရေးမကောင်းလေတော့စာရေးဘို့တော်တော်လေးစဉ်းစားနေရပါတယ်. :D
July 28, 2009 2:11 PM
ကိုရွာသားရေ.....ဒီစားသားလေးကိုဖတ်လိုက်ရတော့သက်ပြင်းတစ်ချက်ကို ခပ်နာနာချတစ်ခုမျှသာပဲ ပြောခဲ့ပါရစေ...ဘ၀မှာ အကြွေးတွေထပ်နေလို့ဆပ်ဖို့အရေးက ရှိသေးပြန်တော့မဖြစ်မနေထွက်လာခဲ့ရလေ.....။
July 28, 2009 2:57 PM
avocado said...
ဒီကိုလာဖို့ငယ်ငယ်ကတည်းကအတွေးစိတ်ကူးမရှိခဲ့ဘူး ၁၀တန်းအောင် သင်တန်းတက် တက္ကသိုလ်တက် ပြီးတော့အလုပ်လုပ် သွားစေချင်တာအမေပါ အမေကသွားစေချင်တာပါ အဲဒါကိုတောင်ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ရှောင်နေတာ နောက်ဆုံးအမေတော်တော်စိတ်တိုမှ ဒီကိုရောက်လာတာပါ ဒီမှာကအဖေကပထမတစ်ပတ်ကူညီပေးပါတယ် ကျန်တာတော့ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့လေ ဘာပဲပြောပြောဒီရောက်တာ ၂နှစ်ပြည့်တော့မယ် ပျော်တယ်လည်းမဟုတ် မပျော်ဘူးလည်းမဟုတ် ဘယ်လိုကြီးမှန်းမသိပါဘူး
July 28, 2009 4:55 PM
တကယ်ပြောရရင်တော့ ဓါတ်ပုံဆိုပြီးပြေးလာတာပါ။ နောက်ပို့စ်ဖတ်ပြီးကိုယ့်မှာစဉ်းစားစရာတွေဖြစ်သွားတယ် ။ သစ်သစ်လာတာကတော့ ရှင်းရှင်းလေးပါပဲ နင်လာလို့မရပါဘူးဆိုတဲ့ သူတစ်ယောက်ကိုနင်နေသလို ငါလည်းလာပြီးလုပ်ကိုင်နေနိုင်တယ်ဆိုတာ ပြချင်တာရယ် မြန်မာပြည်က ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ရင်မဆိုင်ချင်တော့တာရယ်ပါပဲ ကိုယ့်ရဲ့မာနက မိဘနဲ့ခွဲရခြင်းကို စတေးလိုက်ရတယ်။ ကျေနပ်ပါတယ် အတိုင်းအတာတစ်ခုထိ ထိရောက်သွားခဲ့လို့ပါပဲ ။ ပြောခွင့်ပေးလို့ ကျေးဇူးပါ ကိုလူကြမ်းရေ..း) ။
July 28, 2009 9:36 PM
HiI came Singapore to support my family and to give them better life in Myanmar.
July 28, 2009 10:45 PM
ဘာကြောင့်လဲ နှစ်ခါပြန်စဉ်းစားစရာမလိုဘူး။ စားဝတ်နေရေးကြောင့်ပါပဲ။
July 29, 2009 12:15 AM
ညီညီကတော့ နိုင်ငံခြားသွားရတာပျော်လို့.. လူမျိုးမတူ ဘာသာစကားမတူ အလေ့အထတွေမတူတဲ့နေရာတွေ သွားရတာ ပျော်ဖို့ကောင်းတယ်.. အဲလို နှစ်ချီပြီး မနေဖူးတော့ ဒုက္ခတွေတော့ သိပ်မသိပါဘူး.. အဟိ.. (ဓာတ်ပုံလေးကြိုက်တယ်..)
July 29, 2009 4:16 PM
ပိုက်ဆံ ပိုရနိုင်မယ်လို့မျှော်လင့်တာက 50%။ ကိုယ့်အနေနဲ့ ဘာမှမတတ်နိုင်ပေမယ့် ကြိုက်နှစ်သက်မှုလဲ မရှိတဲ့ အခြေအနေကြီးထဲ မှာ မနေချင်တာက 50%။ အခုပျော်နေလားဆိုတော့ မပျော်ဘူး။ ပြန်မလားဆိုတော့လဲ အပြီးမပြန်ချင်ဘူး။ အလည်တော့ ခဏခဏပြန်ချင်တယ်။ ရွာကို မလွမ်းတဲ့ရက် တစ်ရက်မှမရှိဘူး။ မနက်ရုံးသွားဖို့ အမ်အာတီကိုလျှောက်ရင်းနဲ့တောင် ရန်ကုန်မှာ ဘတ်စ်စကားစောင့်ရင်းရတတ်တဲ့ မုန့်ဟင်းခါးဟင်းရည်နံ့လေးကို လွမ်းတယ်။
July 29, 2009 4:37 PM
မိုးခါး said...
သူလိုကိုယ်လိုပဲ ၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တက် ပြီးတော့လည်း ဘာမှလုပ်စရာမရှိဟိုယောင် ဒီယောင် ယောင်ရင်း ယောင်ရင်း အခြေအနေပေးလို့ ရောက်လာတာပါ .. ဒုက္ခဆိုတာ သိပ်ကြီးကြီးမားမား မတွေ့ဘူးသည့်တိုင်အောင် နေရတာ မပျော်ဘူး .. ငြီးငွေ့တယ် .. တကယ်တမ်း ပြန်မလားဆိုတော့လည်း မပြန်နိုင်သေးပါဘူး .. ကိုယ့်မှာ လုပ်ဖို့ အခွင့် အရေး အခြေအနေ ပေးတုန်း လုပ်နိုင်တာတွေ လုပ်ရဦးမယ်လေ .. ကိုယ့်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့နိုင်တော့ ဒီလိုပဲ မချစ်ပေမယ့် အောင့်နမ်းနေရတာပါပဲ .. :D
July 30, 2009 11:51 AM
သီဟသစ် said... ဘ၀အတွက်အချစ်အတွက်ကိုယ့်အတ္တတွေ အတွက်လာခဲ့တယ်။ပျော်သရွေ့နေမယ် စိတ်ကူးတယ်ဗျာ..
July 30, 2009 9:16 PM
ရွာသားလေးရေ ရေးလိုက်ပြီ ဒီမှာ
ပေရှည်လို့ မှားပါတယ်တော့ မအော်ကြေး
August 1, 2009 10:39 PM