တဂ်ထားတဲ့သူကတော့ မေ့လောက်ပါပြီ။ အကြွေးရှိရင် ကျောကုန်းပိုးထားသလို ဖြစ်နေတတ်တာမို့ အကြွေးကို မြန်မြန်ဆပ်လိုက်ပါတယ်။ ကျေပါနော် မအေးစိန်…
မျက်လုံးနှစ်ဖက်ဖွင့်ကတည်းက မျက်လုံးထဲမှ မြင်မြင်သမျှက အမြင်များ အားလုံး အကျုံးဝင်နေပါတယ်။ လောလောဆယ် စိတ်ထဲက မြင်နေတဲ့ အမြင်လေးတခုကို ချပြလိုက်ပါတယ်။ အမြင်တွေအားလုံးကို ရေးရရင် ဖတ်သူတွေ ထွက်ပြေးသွားမှာစိုးတဲ့အတွက် စာမပီ ဘာမပီ ရေးလိုက်တဲ့အမြင်လေးတခု သက်သက်ပါ……….
ဖရဲသီးတွေ ရမယ် ဖရဲသီးစိပ် ချိုချိုအေးအေး မွှေးမွှေး ရေဆာပြေ ရေငတ်ပြေတယ် ဖရဲသီးတွေ…
အထူးထုတ်တွေ ကံ့ကော်ရွှေပြည် ဘယ်ဟာ ယူမလဲ ဆယ်တန်း ကိုးတန်း မြန်မြန်ဝယ်ထားနော်
နိုင်ငံခြားငွေလဲမလား အစိမ်းလား အဖြူလား အပြာလား…
ဒီမှာ ခင်ဗျာ ငါးဆယ့်တစ်ကားဂိတ်ဘယ်နားမှာပါလိမ့်
ဟင် ငါးဆယ့်တစ်ကားဂိတ်က ဒီနားတ၀ိုက်မှာပါ။ ဒါပေမယ့် ဘယ်ကိုသွားမယ့် ငါးဆယ့်တစ်လဲ ပုလဲကိုလား ဝါယာလက်လား ကျောင်းထဲဝင်မှာလား ကျောင်းထဲမ၀င်တာလား
မဟာဗန္ဓုလ ပန်းခြံတ၀ိုက်မှာတော့ ငါးဆယ့်တစ်တွေချည်းပါ။
ထွက်တော့မယ့် ဟန်ရှိတဲ့ကားတစ်စင်းပေါ်တက်လိုက်မိတယ်။
ခရီးသွားရာ ကိုယ်ချင်းစာပါဗျာ။ အားလုံးအိမ်ပြန်ချင်နေကြတာ။ တလက်မ စီလောက်တိုးကြပါ။ ငယ်ငယ်တုန်းကလို သဘောထား။ အင်္ကျီအနီကြားနဲ့ အစ်ကိုကြီး အရှေ့ကို ၀င်ပါ အရှေ့မှာ အိန္ဒြာကျော်ဇင်ရှိတယ်။ ဟိုအန်တီကြီး တန်းကို အသေကိုင်ထားတယ် သိပ်ကြိုက်တယ်ဟုတ်လား သိပ်ကြိုက်နေရင် အဆင်းမှာ ထည့်ပေးလိုက်မယ်။ အခု တော့ အရှေ့နည်းနည်းကြွ။ ချောင်ချောင်စီးချင်ရင်တော့ ကိုယ်ပိုင်ကားဝယ်စီးပါ…ဘလာ ဘလာ ဘလာ ဘလတ်…
နောက်ကခရာတုပ်တာတောင် ကားကို ရှေ့တိုးနောက်ငင်လုပ်နေသေးတယ်။ ရွှေစပယ်ယာကလည်း မမောင်းသေးနဲ့ဦးဆရာ အရှေ့ကားနဲ့ ငါးမိနစ်ပဲကွာသေးတာ ထမင်းငတ်နေဦးမယ်။ ခင်ဗျားတို့ကလည်းဗျာ ပိုက်ဆံ အပြဲပေးတာပဲ အထူးအဆန်းနဲ့ ပြန်လဲချင်နေသေးတယ်။ ဒီအတိုင်းပဲ သုံးနေတာ နှစ်ချီနေပြီ။ ရော့အင့် နှစ်ရာတန်တွေပဲရှိတယ် ကျန်တဲ့ တစ်ရာ နောက်မှယူ။ ဆွဲတော့ ဆရာ ရှေ့ကနေ ဗိုက်ပူတွေ အကုန်,မ မသွားခင် တင်သွားရအောင်။
ရှေ့တမှတ်တိုင်မှာလည်း လူအုပ်ကြီးက စောင့်နေသေးတယ်။ ပွတာပဲဆရာရေ တိုးကြပါ တိုးကြပါ ငါးဖယ်တိုးလေး လုပ်ပါ။ ကိုယ်လေးတခြမ်းစောင်းလိုက်ရင် နောက်တယောက် ၀င်သာသေးတယ်။ စံပြက အဝေးကြီးလိုသေးတယ် နောက်မှ ထွက်လာခဲ့ အခု အပြင်ကလူတွေ အထဲဝင်ပါစေဦးဗျာ။ အပေါက်ပိတ်ရင် တယောက် အစိတ် အပေါက်ဖယ်ရင် တယောက်တဆယ်ပဲ ပေးပါ။
စံပြပါတယ် ဆရာရေ့။ အမေကြီးတွေဗျာ အပျိုတုန်းကလို ဆင်းပါ ခပ်သွက်သွက်။ နောက်ကားက လာတော့မယ်။ ကဲပါဗျာ မြန်မြန်လာ…
ဂျပန်ဆေးရုံနားမှာ ဘဲဥတွေဆရာ နှစ်ရာတန်တစ်ရွက်လောက် ချခဲ့မယ်။ လာလေရော့…
လာသမျှ ကားဖမ်းတားနေတာပါပဲလား။
ပဲခူးကလပ်ပါလား ဟယ်ပင်ပါလား ခင်ဗျားတို့ကလည်း ကိုယ်ဆင်းမယ့် မှတ်တိုင် ကြိုပြင်ထားတာ မဟုတ်ဖူး။ ခုံကနေမထချင်ကြဘူး။ ပါသေးတယ် ဆရာရေ ပါသေးတယ် ရွာက အမျိုးတွေ…
မြေနီကုန်းဆင်းမယ့် သူ ပြင်ထားပါ။ အခုထွက်လာပါ..
ဆရာရေ ရှေ့ကားက ခုမှထွက်သွားတာ စက်သတ်လိုက်ပါတော့။ ခရီးသည် စောင့်ရအောင် နောက်ဆယ်မိနစ်လောက်။
တဗြဲဗြဲနဲ့ ကလေးတွေက ငို ကိုယ်ချင်းစာ စိတ်ကို မရှိဘူး ဒီလောက် မွန်းသိပ်ကြပ်တောက်နေတာကို ကားက မထွက်တဲ့နိုင်ဘူးတော်။ ငိုမနေနဲ့ နင့်အဖေ ကားမဟုတ်ဘူး………….
ဟူး………………………………
ပင်ပန်းနေတဲ့ အရှိန်နဲ့ အိပ်ပျော်သွားခဲ့တယ်
အိပ်ရာကနိုးတော့ ဟာ အေးလိုက်တာ ဆိုပြီး သတိထားမိတော့ ခုံတန်းပေါ်မှာ ကျကျနန အိပ်ပျော်နေခဲ့တာကိုး။ ဘေးဘီကို ကြည့်တော့ Eunos MRT တဲ့။
ဒါက ဘယ်လိုဖြစ်တာလဲဆိုပြီး စပယ်ယာကို လိုက်ရှာတယ်။ စပယ်ယာ ဘယ်ရောက်နေပါလိမ့်။ အံမယ် ဒရိုင်ဘာ တစ်ယောက်တည်း မောင်းနေတာပါလား။ ဒရိုင်ဘာက လည်း အ၀တ်အစားအပြည့်အစုံနဲ့။ ပုဆိုးကို ပေါင်လည် ထိဝတ်ပြီး ဂီယာကို အတင်းထိုးနေတဲ့ပုံမဟုတ်တော့ဘူး။
အံမယ် ကားထိုင်ခုံတွေက ဘေးနှစ်ဖက်ကို ကပ်ထားတာ မဟုတ်ပဲ အစီအရီဘယ်ညာညီလို့ပါလား။ လက်ကိုင်ကွင်းတွေ ချိတ်ထားတဲ့ တန်းကလည်း ၀ါးလုံးတန်း အစားထိုးကုသမှု မခံယူရသေးပဲ အော် ဖြစ်နေသေးတာ။
အိုမှတ်တိုင်မှာ လူတွေ ကလည်း တန်းစီလို့ပါလား။ ဒရိုင်ဘာက နောက်ကိုတိုးကြဖို့ please ဆိုတဲ့ စကား သုံးနေတာပါကောလား။ ကားအ၀င်မှာ တီ တီဆိုပြီး ဖြစ်သွားတာ ဘာလုပ်ကြတာပါလိမ့်။ ပိုက်ဆံထည့်တဲ့ သေတ္တာလေးနဲ့ပါလား။ အလို အလို ထူးဆန်းလှချည့်။
ကားမှတ်တိုင်တွေအားလုံး ခေါင်မိုးလေးတွေနဲ့ ခုံလေးတွေနဲ့။ လမ်းတွေကလည်း ချောလို့ ပါလား။ ဂုံးကျော် တံတားတွေကလည်း ဟိုနားတစ ဒီနားတစ ငယ်ငယ်တုန်းက ဆော့ထားသလို လွယ်လင့်တကူ ချထားသလို။ PIE ဆိုတာ ဘာပါလိမ့်။ ကားတွေ အလျှိုလျှို ထွက်လာလိုက်ကြတာ။ ဟွန်းတီးသံတွေ သိပ်မဆူပါပဲ။
မဖြစ်သေးပါဘူး တတ်သလောက် မှတ်သလောက်နဲ့ Where is the conductor? ဆိုပြီးမေးတော့မှ ဘေးနားကလူတွေက ပုဆိုးကြီးနဲ့လူကို အထူးအဆန်းနဲ့ကြည့်နေကြတယ်။ You should ask the Captain. ဆိုတဲ့စကားကို မနေနိုင်မထိုင်နိုင် လူတယောက်က ပြောတော့ အင်း ရှေ့ကိုသွားမှ ဖြစ်မယ်ဆိုပြီး အတင်းတိုးသွားမိတယ်။ 35 ဒိုင်နာတွေလောက်မှ မကြပ်ပဲ အေးဆေး ချိုင်းပလေးပေါ့။ တချက်တလေ မတော်တဆ အသားချင်း ထိလိုက်မိတဲ့သူတွေဆီက ကျွတ်စ် ဆိုတဲ့အသံကြားတော့ အံသြမိတယ်။ သူတို့တွေကို 54ကားတွေ သာကေတကားတွေ သန်လျင်ကျောက်တန်းကားတွေ ပေါ်တင်ပေးလိုက်ရင် ဘယ့်နှယ့်နေမယ်မသိဘူးဆိုပြီး ဟိလိုက်မိသေးတယ်။
တိုးရင်းတိုးရင်း ကားဒရိုင်ဘာနားရောက်တော့ ဟယ်လို ဆိုပြီး ဘာညာသာရကာ မဆလာ နေကြာကွာစေ့ တွေမေးတော့ ဒီကားက Hougang ကို သွားနေတာတဲ့။ ရှေ့နားလေးမှာ ငါဆင်းမယ်လေဆိုတော့ နိုး နိုး နိုးတဲ့။ ဟာ မီးပွိုင့်မိပြီ တံခါးဖွင့်ပေးပါဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ကြည့်တယ်။ မီးပွိုင့်မှာ အတက်အဆင်းလုပ်ခွင့်မရှိဘူးတဲ့လေ။ လူအခွင့်အရေးတွေ ဆုံးရှုံးလိုက်တာများ။
မှတ်တိုင်ရှေ့တည့်တည့်ကို ရောက်မှ ကားတွေကို ရပ်တော်မူတယ်။ တကယ်က မြန်မြန်ထက်ထက်ဆင်း မြန်မြန်ထက်ထက်တင်ပေါ့ အခုတော့ ၀ှီးချဲနဲ့လူကိုတောင် ဒရိုင်ဘာက ကားကိုစက်သပ်ပြီး ကားပေါ်ကူတင်နေသေးတော့။ တကယ့်လူတွေပဲ…
လမ်းပေါ်မှာ ကင်မရာကြီးနဲ့လူတွေ့တော့ အင်းလျားကန်ဘောင်က ရုပ်ရှင်ရိုက်ကွင်းဆိုပြီး ငေးကြည့်သေးတယ်။ သူက ကားတွေကို ရိုက်နေတာ ဧကန္တတော့ နောက်ကားမှာ မင်းသားမင်းသမီးပါမယ်ထင်တယ်။
မထူးပါဘူးဆိုပြီး လိုက်သွားမိတာ တိုက်တွေ တာတွေ ငေးရင်းမောရင်း။ ပိုက်ဆံကောက်တာလည်း အခုထိလည်းမတွေ့သေးဘူး တွေးနေတုန်း လူတယောက် အရှေ့မှာ လာရပ်တယ်။ Can I check your Card? ဆိုတော့ ကြောင်တောင်တောင်နဲ့ ကြည့်ရင်း အတော်လေး စိတ်ညစ်ပြီး ချွေးတွေ ပြန်လာတယ်။
ဟို ဟို ဟို ဒီ ဒီ ဒီ ဆိုပြီး အစရှာလို့ ဖြေရှင်းလို့ မနိုင်တော့ဘူး။ ကယ်ကြပါဦးဗျာတို့……..
ကားဂိတ်ရောက်မှ ရှင်းဆိုပြီး ဘေးနားကလူတွေ ချုပ်ပြီး ခေါ်သွားတယ်။
ရောက်ပါတော့ မြန်မြန်.....
ဟေ့လူ ဟေ့လူ ဆိုပြီး ပခုံးကိုပုတ်မှ သတိရတယ်။ အလုပ်ဆင်းရမယ့် အမှတ်သုံးလမ်းမကြီးပေါ်က အထည်ချုပ်စက်ရုံရှေ့ကို ကားကရောက်နေပြီ။ ဂိတ်လည်းဆုံးနေပြီ။ ဟိုရက်တွေက ညဆင်းတွေဆင်း ဒီမနက် ဖယ်ရီမမှီလို့ လိုင်းကားစီးလာရတဲ့အဖြစ်။
ငါးဆယ့်တစ်ကားပေါ်က အဖြစ်တွေကတော့……………………
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
19 comments:
မှတ်မိတယ် ပြန်လာခဲ့မယ် နေအုံး :p
ခု တခေါက် ပြန်တော့ ရော ၅၁ စီးခဲ့သေးလား..
ကိုသိန်းဖေက ရွာသားလေးလို့ နာမည်ပြောင်းလိုက် တယ်လား...အဲ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ... ကျေပါ့တော်...ကျေပါ့။ စာစပြန်ရေးရေးချင်း ၃ပိုစ့်မြောက်မှာ ရေးပေးတာဆိုတော့ ကျေနပ်ပါ တယ်။ ပိုကျေနပ်တာက ရေးဟန်...အဲလိုရေးဟန် ကို လေဒီယိုမှာထဲက ကြိုက်ခဲ့တာ...။
ကျေးဇူးတင်တယ်နော်...။ ရေးမဲ့ရေးတော့လည်း စာဖတ်သူတွေတောင် ဒိုင်ဂျက်မဖြစ်သေးဘူး တပုဒ်ပြီး တပုဒ်ပါလား...။ ခုဟာက အလုပ်မလုပ်ပဲ ပလော်ဖက်ရှင်နယ် ဘလော်ဂါများ လုပ်နေတာများလား....:)
နယ်ကလာတာပါ..။
စက်ဘီးသမားလေးပါ..။
ကားပေါ်က လူတန်းစားတွေအကြောင်းဖတ်သွားပါတယ်.။။
ဆက်တိုက်ရေးရင် ဆက်တိုက်ဖတ်မယ်ဗျာ။
၄၅ ကို ညနေ ၅ နာရီနောက်ပိုင်းစီးလို့ကတော့ ဖှောမျူလာဝမ်းမှာ ကိုယ်တိုင် ဝင်ခံစားရသလိုပဲ။ ရှူးမေကာတို့ အလွန်ဆိုလောက်တော့ ပျင်းတောင်ပျင်းသေး။
၅၃
ကျောင်းအပြန် ကားခမရှိလို့
ဘက်စ်ကားကျပ်ကျပ်ထဲမှာ စပယ်ရာနဲ့ ရွှေစွန်ညိုဆော့ခဲ့တဲ့ညနေတွေ
....
၃၆
လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်လုပ်ပြီးသကာလ
အိမ်အပြန်စီးလေတိုင်း
ပုဆိုးကျွတ်တဲ့ညတွေ
....
....
ဟမ် ...
အကြွေးတွေ .. အကြွေးတွေ ...
ဆပ်မဲ့ဆပ်တော့လဲ အတိုးများပါ ပါနေသေး ...
ခင်မင်စွာဖြင့်
လင်း
ဟူးးးးး..........................
51 နက်ဖန် နှစ်လုံးထီထိုးမလို့ ထီပေါ်က်ရင် အကြွေးတွေဆပ်ရမယ်း)
၅း၁ နဲ့ ဘယ်ပွဲလောင်းရင် ကောင်းမလဲ။ ..
:D
ငါးဆယ့်တစ် ဆိုလို့ အသက် အောက်မေ့ လို့ ... :)) မွေးနေ့ထင်နေတာ .. ဆူဆူညံညံ နဲ့ လိုင်းကားစီး ချင် နေသေးတာ ...
mie nge
၅၁ကားကို ထိုင်ခုံရလို့ဆိုပြီး ပတ်စီးခဲ့တာမှတ်မိသေးတယ်...ဟိ ဟိ
မရောက်တာကြာပြီ ကိုရွာသားရေ ... :)
ချစ်သောသူများနဲ့ခွဲခွာခြင်းကြီးဘယ်ပျောက် ????
ကျောင်းပိတ်ရက်တိုင်း ... 51 စီးပြီး ပုလဲ ကို သွားရတာ အမုန်းပေါ့။ တစ်ခါ မက 2 ခါ ခါးပိုက်နှိုက်ခံလိုက်ရတာလဲ မမေ့သေးဘူး.... ။ တစ်ခါက မှတ်ပုံတင် နဲ့ တစ်ခါက ဘွဲ့လက်မှတ် ပါတဲ့လက်ဆွဲအိတ်။ ဒါလဲ မမုန်းနိုင်သေးပါဘူး...ပြန်ရင်တော့ စီးရဦးမယ်။
ဟင် ၅၁ မစီးဘူး
၅၃ ဘောလုံးကားတော့ စီးရတယ်။
ဟိ ရယ်ချင်သွားတယ်။
ဓါတ်ဆီဈေးကြောင့်ကားခတွေ တက်ခါစ ၂၀၀ ပေးရမယ့် ခရီးကို မေ့ပြီး ခပ်တည်တည်နဲ့ ၅၀ တန်ပေးစီးခဲ့တာ မြင်ယောင်မိသေးတယ်။
ဒါမှ ရွာသားလေး....။
ဟုတ်ပါ့ သူရေးထားတာ ချစ်စရာ..
ပုံ
တန်းကို အသေကိုင်ထားသော အန်တီကြီး
ဘယ်သူ့တဂ်ပို့စ်များလဲလို့ လက်စသပ်တော့ အစ်မချစ်ကိုး။း)
ရန်ကုန်မှာ လိုင်းကားစီးခဲ့တုန်းက ကြုံခဲ့ရတဲ့အဖြစ်တွေ ပြန်ပြောင်းအောက်မေ့သွားတယ်။
51 လား
စီးဘူးပါ့ .. :D
နီးလာပြီ. ဟင်း.။
Post a Comment