20 June 2010

လူမှုဘ၀အတွင်းက ငှက်မွှေးမျှင်များ……



ရုတ်တရက်ကျလာတဲ့ ငှက်မွှေးမျှင်လေးတခုက ရလာစေတဲ့အတွေးတွေပါ ကလေးအတွေးဆန်မယ် ထင်ပါတယ်။

ငှက်တကောင်ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတာ ငှက်မွှေးမျှင်လေးတွေပါပဲ။ တောင်းမှာအကွပ် လူမှာအ၀တ်ဆိုသလို ငှက်တွေမှာလည်း အသွေးအရောင်အတွက် ပြီးတော့ ခန္ဓာကိုယ်နွေးထွေးလုံခြုံမှုအတွက် ဒီအမွှေးအတောင်လေးတွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါလိမ့်မယ်။ တခါတလေကျတော့ သူတို့က အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးနိုင်ပြန်တယ်။

ငှက်တကောင် ရဲ့ လှပခြင်း၊ သူ့ဘ၀လုံခြုံနွေးထွေးခြင်းဆိုတဲ့ အတိုင်းအတာကို ဖော်ဆောင်နိုင်တယ်ဆိုတဲ့နောက် ဒီငှက်မွှေးလေးတွေ ဘယ်လောက် အရေးပါတယ်ဆိုတာ ပြောဖို့ မလိုလောက်တော့ဖူး ထင်ပါတယ်။

အခု ငှက်ကလေး ရုတ်တရက် တောင်ပံခတ်လိုက်တော့ အမွှေးအမျှင်လေးတခု ပြုတ်ထွက်လာခဲ့ပြီ။ ထပျံသွားတဲ့ ငှက်ကလေးက သတိပြုမိမှာတော့ မဟုတ်ဘူး။ သူ့လားရာ တခုကို ရှေ့ရှုဖို့ အားပြုရင်း ပြုတ်ကျသွားတဲ့ ဒီငှက်မွှေးလေးက သူ့အတွက် အရာထင်မယ်မဟုတ်ဘူးလေ။

စောစောကတော့ အရေးပါသလိုလို နောက်တော့ အရေးမပါသလိုလို ဖြစ်သွားစေခဲ့တာဟာ ရပ်တည်မှု မတူလို့ ဆိုတဲ့အတွေးကို တွေးမိသွားစေခဲ့တာပါ။

လူ့ဘ၀မှာလည်း ငှက်မွှေးလေးလို အရေးပါ အရာဝင်ခဲ့မှုတွေ အဖြစ်အပျက်တွေ များစွာရှိမှာပါပဲ။ အဲ့ဒီအဖြစ်အပျက်တွေကော အကြောင်းတစုံတရာအတွက် (ငှက်လေး အတောင်ခတ်လိုက်သလို) အခုလိုပဲ ဖြစ်ပျက်သွားခဲ့တာမျိုး ရှိခဲ့ဖူးမှာပါပဲ။ ပြုတ်ကျသွားတဲ့ ငှက်မွှေးလေးကို ငှက်အတောင်တွေကြားမှာ ပြန်လည် ဆက်စပ်ဖို့ မရနိုင်သလို၊ တချို့ ဆုံးရှုံးသွားခဲ့တဲ့ အရာတွေက လက်ရှိအခြေအနေမှာ ပြန်လည် ဆက်စပ်ဖို့ မသေချာတော့ပါဘူး။

ငှက်ကလေး က ငှက်မွှေးလေး လွင့်ကျသွားတာကို အမှုမဲ့ အမှတ်မဲ့ပါပဲ

လူ့ဘ၀မှာ လွင့်ကျသွားတဲ့ ငှက်မွှေးမျှင်လေးတွေကို အမှုမဲ့ အမှတ်မဲ့ နေနိုင်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ငှက်မွှေးလေးကို စိုက်ကြည့်နေခဲ့မိတာပါ

ငှက်မွှေးလေးကတော့ လေ၏ သယ်ဆောင်ရာနောက်သို့ လွင့်ပါ………

37 comments:

:P said...

ဟားဟားဟား...
ဗိုလ်အောင်ဒင်ပြန်လာပြီ။ စာခုမှ ဖတ်မှာ

khin oo may said...

စင်စက် အစုတ်ပလုပ်။

linn said...

အင်းလေ ...
ဘယ်လိုပဲ ဖြစ်ဖြစ် တွေးပြီး ရလာတဲ့ အတွေးသစ်တွေနဲ့ ပျော်ရွှင် ချမ်းမြေ့စွာ စာများ ပြန်ရေးနိုင်ပါစေ ...
ခင်မင်စွာဖြင့်
လင်း

khin oo may said...

မခံစားချင်ဘူး။

khin oo may said...

အမှုမဲ့အမှတ်မဲ့နေနိုင်ရင်ကောင်းမယ်။ ပြီးခဲ့တဲ့အရာတွေ ဆုံးရှုးံသွားခဲ့တာတွေပြန်မရနိုင်တော့တာတွေ .........

khin oo may said...

သိတ်မစဉ်းစားနဲ့.ရူးမယ်။

သက်ဝေ said...

ငှက်မွှေးလေးက လေရဲ့ သယ်ဆောင်ရာနောက်ကို လိုက်ပါရင်း ဒီနေရာကို တခေါက် ပြန်ရောက်လာခဲ့တယ် ဆိုပါတော့...

စိတ်ချမ်းသာစွာနဲ့ စာတွေ ပြန်ရေးနိုင်ပါစေ....း))

ပန်းခရမ်းပြာ said...

Welcome back ရွာသားလေး ...
ပို့စ် အသစ် တက်နေတွေ့လိုက်လို့ ဝမ်းသာ အားရ ပြေးလာတာ ...
စင်စင် SDL လို အားပါးတရ အော်လိုက်ချင်သား ...
စာတွေ ဆက်ရေးပါဦး ...

မချို

chocothazin said...

ဒါဖြင့်... မကျွတ်အောင် ဘယ်လိုလုပ်ရပါ့။

ဘာပဲဖြစ်ဖြစ် ဘလော့ပြန်ဖွင့်တာ ဝမ်းသာပါတယ်နော်။

Maung Myo said...

ဟဲဟဲ.... ဘာပြောရမလဲမသိ လေဖြူ လေသံနဲ့ပြောရရင်

“ မင်္ဂလာပါ ခုလို ဆုံတွေ့ရတာ မင်္ဂလာပါ ”

ဝမ်းသာတယ် အစ်ကို တကယ် ။

ကောင်းကင်ပြာ said...

မင်္ဂလာ ဘာာာာာ( အာဇာနည် အသံဖြင့် ဖတ်ရန်)

အမှုမဲ့ အမှတ်မဲ့ ပစ်မထားပါဘူး..အမြဲ သတိရပါတယ်

Sein Lyan Tun said...

ငှက်မွှေးမျှင်တွေကို အမှုမဲ့ အမှတ်မဲ့ နေနိုင်ခဲ့ရင်... ဆိုတော့..

ငှက်မွှေးမျှင်တွေ ကို အမြဲပဲ သတိတရ ရှိနေဖြစ်ခဲ့တာလားဟင်...

မြရေလျဉ် said...

ဘာ ဘာ ဘာမှ မသိဘူး
ငှက်သိုက်ကတော့ အားရှိတယ်

pandora said...

ပြန်လာပြီလား.. ငှက်မွှေးလေးလို ပေါ့ပေါ့ပါးပါး..း)

ThuHninSee said...

ငှက်မွေးမကျွတ်အောင် အုန်းဆီလိမ်းလို့ရမလားမသိဘူး။
ကျွတ်လဲ ပြန်ပေါက်မှာပါ မပူပါနဲ့။
ပြန်လာတာ အထူးဝမ်းသာပါသည်။

Moe Cho Thinn said...

ရပ်တည်ချက်မတူလို့ ကျန်ခဲ့တဲ့ ငှက်မွှေးလေးတွေကို ပေါ့ပေါ့ပါးပါး ချန်ထားပစ်ခဲ့နိုင်ပါစေ။
ရွာသားရေ.. ပျောက်သွားတဲ့ မောင်လေးတယောက်ကို အမတယောက်က တော်တော် သတိရနေခဲ့ပါတယ်။
ပြန်လာတာ အထူး ကြိုဆိုပါတယ်။
:)

mirror said...

ဒီမနက်ခင်းအတွက် ကောင်းသောကြိုဆိုခြင်းပဲ။ စိတ်ထဲ ပြုံးနေမိတယ်။

ဆန်းဝင်း said...

မင်္ဂလာပါ ..
မနေ့ကပဲ သတိရနေမိတာ ကိုရွာသားလေးရေ...

Vista said...

တစ်ခါတစ်လေ အယားဖျောက်ရင်းနုတ်သီးလေးနဲ့ ဆိတ်ပြီး နုတ်ပလိုက်တာတောင်ရှိသေးတယ် ဟဲဟဲ။
ပြုတ်သွားတဲ့ငှက်မွေးနေရာမှာ အမွေးအသစ်ပြန်ပေါက်မှာပါလေ ..ငှက်ထိပ်ပြောင်မဟုတ်ခဲ့ရင်ပေါ့။

Rita said...

မှန်တာပြောရရင်တော့ မေ့နေတာ။

မျှော်လင့်ခြင်း said...

စာကို မဖတ်သေးခင် အရင်ဆုံး ပြောချင်တာတွေ ပြောလိုက်ဦးမယ်

၁) ပိတ်ထားပေမယ့် ဝင်ဝင်ကြည့်နေမိတယ်
၂) ရန်ကုန်ကို ပြန်သွားလို့ လားလို့  ထင်မိသေးတယ်
၃) စာမရေးချင်ရင်တောင် Blog ကိုတော့ ပိတ်မသွားသင့်ဘူး
၎) Photo link ထဲ က ဓါတ်ပုံတွေကိုပါ ဖျက်သွားမှာစိုးလို့  Face Book ထဲမှာ ခွင့်မတောင်းဘဲ copy လုပ်ပြီးတင်ထားလိုက်တယ်

Hmwe

Thetmar said...

၇န်ကုန်များပြန်နေလား သို့ မဟုတ် အိမ်သူ သက်ထားရသွားလို့ များ blog ရေးခွင့်  ပတ်ပင်ခံရတာလား နဲ့ စဉ်းစား တွေးထင် မိနေ ဧ။်
ဝမ်းသာပါတယ်ပြန်ရေးတာ ခံစားသီဖွဲ့ သမျှ အချိန်ရသရွေ့  ဝင် ဖတ် နေ ဦးမည်။ကွန်မန် အမြဲ့ပေးဖြစ်မယ်တော့ မထင်။ ဒေါ်ဘုမ

sait phay yar said...

တူလေး ကျန်ရာပီ... ကြိုချိုပါဒယ်။

ချစ်ကြည်အေး said...

ဪ...အမေအိမ်က စိတ်အခန့်မသင့်လို့ ထွက်သွားတဲ့သားတယောက် ပေလို့ တေလို့ ဝမှ အမေ့အိမ်ပြန်ရောက်လာသလို....။

အမ်....ဆိုင်သလားတော့ သိဘူး ခိခိ.....:))

ပုံ / ငှက်မွှေးတချောင်း အကျွတ်မခံနိုင်သူ

ဇာမဏီချစ်ကြည်

Rita said...

21 Jun 10, 10:57 AM
ရွာသားလေးဝိုင်တီယူ: မအေးမြတ်မြတ်ကို မေ့နေတယ်ဆိုတာ ကျနော်ယုံတယ်။ ခက်တာက လူတွေဗျ ခင်ဗျားရေးထားတဲ့ ပို့စ်ကို သူတို့က တကယ်ထင်နေကြတာ..

***
rofl

ဇွန်မိုးစက် said...

ရွာသား စာပြန်ရေးဖြစ်တယ်ဆိုတော့ ဝမ်းသာတယ်။း)

ဇွန်မိုးစက် said...

@Rita's comment, တကယ်မဟုတ်လို့လား?

ZT said...

ဘွားကနဲ တွေ့လိုက်တော့ သရဲများ ခြောက်သလားလို့။ Welcome back to Blogsphere. :)

kay said...

welcome back. How is your retreat? feeling better ? :)

:P said...

ကျွတ်သွားတဲ့ ငှက်မွေးလေးကို ဖုန်လှည်းတဲ့ "ကြက်မွေး"အဖြစ်သုံးနိုင်တယ်လေ။ ဒီပို့စ်က "ကြက်မွေး" ပေါ့။ ငှက်မွေးကြောင့် ဖြစ်လာတဲ့ "ကြက်မွေး"။

ရှုပ်သွားလား..ဟီးဟီး... ရှင်းရှင်းလေးကို ရှုပ်အောင်ပြောတတ်တာ အဲဒါ တို့ရဲ့ မွေးရာပါ ပါရမီ။

ကြည်ဖြူပိုင် said...

ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပြန်လာပြီဟေးးးးးးးးးးးးးးး:)))))))))
ဝမ်းသာပါတယ်ဝေးးး:)))))))
ကြိုဆိုတယ်နော်.....
ဝတုတ်တုတ်လုံးတုံးတုံးနဲ့ခုန်ပေါက်ပြီးကြိုရတာ
မောသွားပြီ...:(
အမောပြေစာဖတ်လိုက်ဦးမယ်..
ုပြီးမှသေချာမန့်မယ်

ကြည်ဖြူပိုင် said...

ပထမပိုဒ်...ကလေးအတွေးမဆန်ဘူး။ကောင်းတယ်။
ဆဌမပိုဒ်...အရမ်းမှန်တယ်။ရာနှုန်းပြည့်ထောက်ခံတယ်။

အမယ်လေး....ဘွားပြောင်ပြောင်ရဲ့မြေးလေးရယ်...
ကိုယ့်အိမ်ကိုယ်အဲသလောက်တောင်ပစ်ထားလိုက်ရသလား?
ပြောတော့ဖြင့်အိမ်ကိုသံယောဇဉ်ကြီးတယ်ဆို?
ခုတော့ ....၄လ ၃၆သီတင်းနီးပါးကို
ပစ်ထားလိုက်တာပါပဲလား။
ဘွားတို့ပရိတ်သတ်ကတော့မျှော်လိုက်ရတာ...နေမှကောင်းရဲ့လားပေါ့.....
ခုတော့ ပြန်လာသေးတော့တော်သေးသပေါ့တော်...;P
( ခံတောင်းကို ခေါင်းပေါ်မှချရင်း
ပြောသောအသံဖြင့်ပြောပါသည်။ လက်တစ်ဖက်မှလဲခေါင်းပေါင်းစဖြင့်
ချွေးသုတ်လျက်ရှိသည်။မှတ်ချက်။ ။ ကိုရွာသားဖတ်ချင်သောအသံဖြင့်
ဖတ်မည်စိုးသောကြောင့်သရုပ်ဖော်ပါ
ထည့်ရေးပါသည်။ပုံ/ pyoung pyoung)

PAUK said...

ငှက်က ...

ပျံတာ..သိပ်မြင့်တယ်


မြင်တောင် မမြင်လိုက်ရဘူး..

Thant said...

Welcome Back !!! :)))

Talkii said...

ပြန်အောင်ဒင် ဗိုလ်လာပြီ
ပြီးတော့
မတွေးရတာရော မတွေ့ရတာပာ အတှောကြာပြီ။

ဝေလေး said...

ငှက်မွှေးလေးက သူ့ထက်အရေးပါအရာရောက်လာမယ့် ငှက်မွှေးလေးတွေအတွက် နေရာဖယ်ပေးလိုက်တာများလားလို့။ ကိုယ်က အရေးမပါတော့တဲ့အချိန်မှာ နေရာမှာ တွယ်ကပ်နေတာ ငှက်လေးကိုပဲ ဒုက္ခဖြစ်စေနိုင်မယ်လေ။ အဲဒီလို ဖယ်ပေးလိုက်ရလို့လဲ ငှက်မွှေးလေးက ကျေနပ်နေနိုင်ပါလိမ့်မယ်။

ကလေးအတွေးပါ။ မှားနိုင်ပါသည်။ ဗွေမယူပါနှင့်။

Unknown said...

စာတွေပြန်ရေးတာ၊ blog ပြန်ဖွင့်တာတွေ့ရလို့ အရမ်းဝမ်းသာပါတယ်။ ကိုရွာသားရဲ့အတွေးအရေးတွေကို ပြန်ဖတ်ခွင့် ရလို့ ကျေးဇူးတင်ပါတယ်ရှင်။