21 June 2010

စလေမြို့ဝန်းကျင်

ကို ညီလင်းသစ်က ပုဂံရောက်ရင်တော့ စလေရုပ်စုံကို ဝင်သင့်တယ်ဆိုတာမို့ လက်တွေ့အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်

ရုပ်စုံကျောင်း အရှေ့မျက်နှာစာ




အရုပ်များ
ဇာတ်တော်တွေကို ဖော်ကျူးထားတာမို့ ကိုဖြိုးလို ဖော်နိုင်ရင် မုန့်ဝယ်ကျွေးမယ် လုပ်ရင် ကောင်းမလား






ရုပ်စုံကျောင်း နောက်ဖက်မျက်နှာစာ


ဘေးဘက်ရှိ အရုပ်များ



စလေက ဘကြီးတယောက်လိုက်ပြတာမို့ ကလောက နှီးဘုရားနီးတူ မံဘုရားတစ်ဆူကို ဖူးခဲ့ရပါတယ်။ ဘုရားရဲ့နောက်ကျောမှာ အပေါက်ရှိပြီး ရင်ငွေ့တော်ကို လှုံလို့ရတဲ့ ထူးခြားချက်ရှိပါတယ်။


ဦးပုညဆရာ ခင်ကြီးဗုဗ်ရဲ့ အုတ်ကျောင်းပါ


ရွှေဗဟိုရ်စည်သံကိုလှ မကြားရကြာရှည်............



စလေမြို့က နာမည်ကျော် ရှင်ပင်စာကြိုလှဘုရား
ဘုရားပွဲကျောင်းမှာ အရှေ့မှာ ရှိတဲ့ ဇရပ်တွေ အပြည့်စည်ကားတယ်ဆိုတာကို မျက်လုံးနဲ့ မြင်ယောင်ကြည့်ရင် အညာသူအညာသားတို့ရဲ့ ဘာသာရေးလိုက်စားမှု သဒ္ဓါတရားထက်သန်မှုတို့ကို ထင်ရှားစေမှာ အမှန်ပါပဲ



ယဉ်ကျေးမှုဌာနမှ ထိန်းသိမ်းထားသော တန်ဆောင်းများ




မှတ်ချက်၊ နာမည်ကျော် ဘလော်ဂါကြီး ဖုန်းနဲ့ ရိုက်တဲ့ပုံများလောက် မကောင်းတာမို့ သည်းခံကြပါခင်ဗျာ

မှတ်ချက်၏မှတ်ချက် စောင်းရေးမှန်းသိအောင် တစောင်းလေး လုပ်ထားပေးပါတယ်

20 comments:

khin oo may said...

အားရပါးရပါဘဲလား. ဒီတစ်ခါ........ပုံတွေ အများကြီး.

ပဟေလိဝှက်လဲ မဖြေနိုင်..

လှတယ်. သိတ်လှတယ်။

ရွှေပြည်သူ (ShwePyiThu) said...

ပုံတွေကို ကြည့်ရင်း... မရောက်ဖူးတဲ့ စလေကို ရောက်ဖူးချင်သွားမိတယ်...။ ဓာတ်ပုံတွေကနေ အငွေ့အသက်မျိုးစုံ ရလိုက်တယ် အစ်ကိုရွာသား...

linn said...

အိုး ... အဲဒီနေရာတွေ အကုန်ရောက်ခဲ့တယ် ...
2003 လောက်က ... အဲဒီ အချိန် တုန်းက ဒီလို ဓါတ်ပုံ ရိုက်ထားရကောင်းမှန်း မသိခဲ့ဘူး ...
ဓါတ်ပုံတွေထဲမှာ အပြင်ကထက် ပိုလှတယ် ...
ကိုယ်ရောက်ခဲ့တုန်းက အဲဒီမြို့က သူငယ်ချင်းတစ်ယောက် အိမ်မှာ ထမင်းစားဖိတ်လို့ သွားစားတာ ရှောက်ရွက်နုနုလေးတွေကို သုပ်ကျွေးလို့ ထူးထူးဆန်းဆန်း အမှတ်ရနေမိတယ် ... ရှင်ပင်စာကြိုလဲ ရောက်ပ ... စက်ဘီးနဲ့ လိုက်ပို့ကြတာ ... အားကျမခံ ကြွားတာ .. ဘယ်ရမလဲ ..
ခင်မင်စွာဖြင့်
လင်း

သက်ဝေ said...

တကယ်ပဲ အခုတလော စောင်းရေးတာတွေ ခေတ်စားနေရော့သလား... စာလုံးတွေ တင်မကဘူး ပုံထဲက တိုင်တွေပါ စောင်းနေတယ်...

ပုံ/
စောင်းနေတာတွေကို သည်းမခံနိုင်သူတဦး

Maung Myo said...

ဦးပုည မွေးတာ အဲ့စလေမှာလား ???

;)

လင်းဒီပ said...

ဒီလူကြီးက ပိုစ့်တွေ ပြန်တင်တော့လည်း ဆက်တိုက်...။
ညနေကမှ ငှက်မွှေးအကြောင်း ဆက်စဉ်းစားနေတုန်းရှိသေးတယ် အခု စလေ ရောက်သွားပြီ ။
Carry on!!!

ကောင်းကင်ပြာ said...

ပုံတွေ လာကြည့်တာ..း)

Talkii said...

တေမိမင်းရယ် ဝေသနဿတရာရယ်ပဲ သိတယ်။
စလေကို ရောက်ဖူးသလိုလို မရောက်ဘူးသလိုလို။

ပြန်ရောက်တာခုမှသိတယ်။ ပြောင်းနေလိုက်တာ တမေ့တဆွေး။

PAUK said...

စလေဆို..စလေဦးပုညပဲသိတယ်..
စလေဇီးသီးလား..
ဘာလား..

မျှော်လင့်ခြင်း said...

တောထွက်ချင်စိတ်ကယ်နှင့်
သပိတ်ကိုလွယ်
သားရေနွယ်ကွဲ့  ရှာတုန်း

ချောင်အနီးမှာပေ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုန်း။

ဦးပုည ရဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရ သွားမိတယ်
စလေမြို့  တခါမှ မရောက်ဘူးခဲ့ဘူး
သွားဖို့  ကြိုးစားပါဦးမယ် ။

ဂရေစ့် said...

I like to see photo. Thanks for this post. Just greeting!

Vista said...

စောင်းမှန်းသိသာလိုက်တာ အောက်ဖက်ကပုံတွေက
အရုပ်စုံပုံတွေလှလိုက်တာ ..သွားချင်စိတ်တောင်ပေါ်လာတယ်

ဇွန်မိုးစက် said...

မရောက်ဖူးသေးဘူး။ ပုံတွေအတွက် ကျေးဇူးစ်။

mirror said...

ကြည့်ဖူးသားပဲ။ (ငါကွ) :D

ဧပရယ်လ်ပူး@ပူးတေ said...

မရောက်ဖူးတဲ့ နေရာတွေက ပုံတွေကို ကြည့်ခွင့်ရလို့ ဗဟုသုတရပါတယ်...
အခွင့်သင့်ရင် အလည်တခေါက်ရောက်ချင်သေးတယ်...

အစ်ကိုရေ... တလက်စတည်း လင့်ထားပါရစေလို့ ပြောပါရစေ...

ပုံတွေ ကြည့်ရတဲ့အတွက်ရော.. လင့်အတွက်ရော ကျေးဇူးပါ။

ကြည်ဖြူပိုင် said...

ဒီကိုလာမိတော့ ၇၀% အလွမ်းကနေ ..၁၀၀%ထိ
အလွမ်းကိုနင့်နင့်သည်းသည်းခံစားလိုက်ရတယ်။
ညက..ငယ်တုန်းကမိသားစုနဲ့နေခဲ့သွားခဲ့ပျော်ခဲ့တဲ့
အကြောင်းလေးတွေမြင်ယောင်ရင်းအတိတ်ကို
လွမ်းနေခဲ့တာ ၃နာရီထိုးမှအိပ်ပျော်ခဲ့တယ်..မြင်ယောင်မိတဲ့ထဲမှာတော့ ရုပ်စုံကျောင်းမပါဘူး...
ခုကျောင်းရှေ့လှေခါးထစ်လေးရယ်.
နောက်ဖက်မျက်နှာစာရယ်တွေ့ရတော့.....
လှေခါးထစ်လေးကနေ...ဒူးနာနေတဲ့ကြီးမေကို
လက်ကတစ်ဖက်တစ်ချက်ဆွဲလို့
မောင်နှမတွေဝရုန်းသုန်းကားနဲ့
ပြေးတက်ခဲ့ရင်း ကြီးမေနဲ့အတူ အားပါးတရရီခဲ့တဲ့ရီသံတွေကိုခုထိကြားမိတုန်း
(ခုတော့ကြီးမေလဲမရှိရှာတော့ဘူး)။
ကျောင်းနောက်ဖက်ရောက်တော့ညီအမ၂ယောက်ခြေလေးတွဲလောင်းချဆင်းပြီး ပါလာတဲ့မုန့်တွေဖြည်ချစားတော့..အကိုငယ်က အစားပုတ်တဲ့ညီအမ...ဒီတိုင်းဓာတ်ပုံရိုက်မယ်ဆိုလို့ ကမန်းကတန်းထရပ်ပြီး အိုက်တင်အပြည့်အမြန်ထုတ်လိုက်ရတော့
့ကြီးမေကသဘောကျပြီးတဟားဟားရီတာကိုလဲ
မှတ်မိသွားတယ်။
အတိတ်ကိုမမေ့တတ်တဲ့..အစွဲအလမ်းကြီးသူဆိုတော့လဲခက်တယ်ဗျာ...
အဲဒိ၂ပုံကိုကြည့်ပြီး..မျက်ရည်ကျမိတယ် (ခုတလောလူကအားနေတာလဲပါတာပေါ့...အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လေ)
ကိုရွာသားရေ.ကွန့်မန့်ဆိုတာထက်..ခံစားချက်ကိုဖွင့်ချသလိုဖြစ်နေတယ်....
(တိုက်ဆိုင်သွားလို့ပြောစရာများသွားတာကို
ကျေးဇူးပြုပြီးခွင့်ပြု)

ဓာတ်ပုံလေးတွေအရမ်းကောင်းပါတယ်။
ရုပ်လုံးကြွအသက်ဝင်နေတယ်။
အပြင်မှာတကယ်မရောက်ဖူးတဲ့လူတွေကိုရောက်အောင်ခေါ်သွားနိုင်ပြီး....
အပြင်မှာရောက်ဖူးသူတွေကို တချိုန်ကအဖြစ်အပျက်လေးတွေ
ကွက်ကွက်ကွင်းကွင်းမြင်သွားစေတယ်....
U r Pro

တန်ခူး said...

ပြန်ရေးတာ အရမ်းဝမ်းသာပါတယ် ရွာသားရေ...
စလေကို ရောက်ဖူးပေမယ့် တကယ့်မြို့ ဖြတ်ရုံလေးဆိုတော့ ရွာသားပြောတဲ့နေရာလေးတွေ တခါမှ မရောက်ဖူးပါဘူး... အညာအငွေ့ အသက်လေးနဲ့  အမပူရအငွေ့ အသက်လေးတွေလို ခံစားရတဲ့ သမိုင်းရှိတဲ့နေရာလေးကို ဒီတခေါက်တော့ ရောက်အောင်သွားမယ်လို့  ဆုံးဖြတ်မိတဲ့အထိ ပုံလေးတွေက ဆွဲဆောင်နိုင်ပါတယ်

WWKM said...

ကိုရွာသား အသက်ပြန်ရှင်လာပြီပဲ။
ဝမ်းသာစွာနဲ့ အလည်လာရောက်သွားပါတယ်ရွာသားရေ။
၂၀ ရက်နေ့က မောင်ဇင်ယော်လာလည်တွေ့ဆုံသွားပါတယ်။
မြောင်ဇင်ယော်က ကြွားချင်လို့ အစ်မကိုလာတွေ့တာသိလား။း) သူကအားကိုးရှိသွားပြီလေ။း))) ဘယ်ရမလဲ အစ်မကလည်း နေ့လည်စာလိုက်စားပြီး ဂုဏ်ပြုပေးလိုက်ပါတယ်။း)

ကျန်းမာပါစေ။

မကြီးဝါ

ဝေလေး said...

ကိုရွာသားဓာတ်ပုံတွေ ကြည့်ရင်း မြန်မာပြည်ပြန်ရင် သွားချင်တဲ့နေရာတွေ တိုးတိုးလာပြီ။ :)

sait phay yar said...

အပြင်ကထက်လှနေတယ်... ပြင်ထားတာလား