26 June 2010

ပုဂံ

သရပါ



မနှိုးထသေးတဲ့ ပုဂံ



နေရောင်ခြည်တွေနဲ့ မင်္ဂလာပုဂံနံနက်ခင်း




ဆည်းဆာအလှ ပုဂံ








ဓါတ်ပုံအက်ဆေးကို အမ မခင်ဦးမေမှ ရေးသားထားပါသည်။ အမ မခင်ဦးမေ ကျေးဇူးကမ္ဘာပါခင်ဗျာ

ပုဂံဘုရားဓါတ်ပုံများကို တူရာတူရာစု၍ အလျဉ်းသင့်သလို တင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ စာဖတ်ပရိတ်သတ်များ အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင် ကျော်ပြီးကြည့်နိုင်ပါတယ်...

17 comments:

khin oo may said...

စာလေးများမစီချင်ဘူးလား............

khin oo may said...

ပုံတွေသိတ်လှတယ်လို့ ကိုယ့်ဘာသာကို ပိုစ်တင်တိုင်းမှာ ထည့်ဖတ်လိုက်ပါ. (ကျွန်တော့ကိုယ်စား)

khin oo may said...
This comment has been removed by the author.
ဇွန်မိုးစက် said...

ခုထိ မရောက်ဖူးသေးသူအတွက် ပိုလို့သွားချင်လာအောင် ပုံတွေက တွန်းအားပေးနေတယ်။း(

khin oo may said...

ရူးသွပ်မိမတတ်.ဆောက်တည်ရာမရတဲ့အချိန်မှာ ရှေ့ဆက်လို့ မဖြစ်တာကြောင့် ကျွန်တော် ခဏပြန်ခဲ့တယ်။ ဘယ်သူမှ မမျော်လင့် တဲ့အချိန်. ကျွန်တော်ပြန်ခဲ့တယ်။

ပုဂံကိုရောက်ခဲ့တယ်။ မြို့ရိုးက ကျွန်တော့ကိုကြိုဆိုတယ်။ မြင်းလှည်းတစ်စီးကို အပေါ်က နေ ငုံကြည့်ရင်း ကျွန်တော့စိတ်တွေ မြင်းလှည်းနဲ့အတူပါသွားတယ်။ ကျွန်တော်ပါသွားတယ်။ မနည်းပြန်ခေါ်ခဲ့ရတယ် ကျွန်တော်စိတ်တွေ အနည်မထိုင်သေးဘူး. ။

မနိုးသေးတဲ့ပုဂံမှာ မြစ်ကြီးတစ်စင်းဘေးမှ ကျွန်တော်ရပ်နေခဲ့တယ်။ ကောင်းကင်ကျယ်ကြီးရင် မြစ်ပြင်ရယ် တိမ်တွေ ရယ်ဟာ ကျွန်တော့စိတ်ကို ဆွဲဆောင်ထားတယ် ကျွန်တော်လှုပ်လို့မရခဲ့ဘူး။။

တိမ်တွေ တိမ်တွေ. မနက်ခင်းနေလုံးကြီးနဲ့တိမ်တစ်စု အားပြိုင်နေကြတယ်။ နောက်ဆုံးတော့ နေလုံးကြီးနိုင်သွားတယ် ပုဂံမြို့ကြီးလင်းသွားတယ်။ ရေတွေ နဲ့လင်းလက်နေတဲ့ ဘုရားကိုကြည့်ရင်း ကျွန်တော့စိတ်တွေ ကြက်သိမ်းတွေ ထလာတယ်။ မြစ်နဲ့အတူလိုက်သွားချင်တဲ့စိတ်တွေ မနည်းထိန်းထားရတယ်။

ကြည့်နေရင်းနဲ့ နေလုံးကြီးဟာ မြင့်ရာက တခါအောက်ဆင်းလာပြန်တယ်။ ကျွန်တော်ထိုင်က်ြည့နေခဲ့တယ်။ ကျွန်တော့စိတ်တွေ ခြောက်ခြားလားတယ် နေမင်းကြီးရယ်မဝင်ပါနဲ့ဦး.ျကျွန်တော်ထိုင်ကြည့်နေပါတယ်ဗျာ. ကြည့်ရင်းနဲ့ လွမ်းဆွတ်လာမိတယ်။

သူ..ကျွန်တော့ကို သတိမှ ရပါ့မလား. အာာာာာာာာာာာာား နေလုံးကြီးတောင်အောက်ကို ဝင်သွားတော့မယ် နေပါဦးလားဗျာ. ကျွန်တော် အားငယ်လို့ပါ. ဟင်း………..ခင်ဗျား ကျွန်တော့စကားနားမထောင်ဘူး.......................ပျောက်သွာြးီ့ပီ........................
.
ကျွန်တော် ထိုင်နေပါတယ်ဗျာ........................အားနာပါဦးတော့လား.။

khin oo may said...

http://khinoomay77.blogspot.com/2010/06/joint-post.html

ချစ်ကြည်အေး said...

ပုံတွေ လှလိုက်တာ...လွမ်းသွားတယ် ပုဂံကို.....

yehtutnaung said...

ပုဂံသွားပြီး အရမ်းရိုက်ချင်စိတ်တွေတောင် ပေါ်လာတယ်ဗျာ..
နေ၀င်သွားတဲ့ပုံတွေကို အတော် စိတ်ရှည်ရှည်နဲ့  ရိုက်ခဲ့ရမှာပဲဗျာ..။
စကားမစပ် flickr မှာလဲ update လုပ်ပါဦးဗျို့ ..။

သိင်္ဂါကျော် said...

ပုဂံကို ထပ်သွားချင်နေတာ..
ပုံတွေကြည့်ပြီး ပိုသွားချင်သွားတယ်..

Maung Myo said...

စာဖတ် ပိရိသတ်များ ကိုယ်စား အဆိုတင်သွင်းပါတယ် အနှောင့်ယှက်မဖြစ်ပါဘူးလို့း)

ပုဂံရောက်ဖူးချင်သေးတယ် ။ တစ်နေ့တော့ ဖြစ်လာမှာပါ.........................

ကိုအောင် said...

ဓါတ်ပုံတွေ အရမ်းလှတယ်ဗျာ၊ အရမ်းလွမ်းစရာပါပဲ။

ကိုသက်ဝင်း said...

အကို အချစ်ဆုံး မြန်မာရဲ့ အလှပါ။
ပုဂံကို လေးငါးခေါက် ရောက်ခဲ့ပြီးပေမယ့်.....
ဘယ်တော့မှ နေလို့မ၀တဲ့နေရာပါ။ ကြက်သီးတဖျန်းဖျန်းထအောင် ကျေနပ် ကြည်နူးတဲ့နေရာပါ။
ကျေးဇူးတင်ပါတယ် ရွာသားလေးရေ။

ပန်းခရမ်းပြာ said...

ပုဂံကိုေ၇ာက်ဖူးချင်တယ်။
ခုတော့ ဓါတ်ပုံတွေကိုပဲ ကြည့်သွားတယ်။
ရိုက်တဲ့သူ တော်လို့ ပုံတွေ လှတာ ပေါ့နော် ...
ဆည်းဆာအလှပုဂံ ပထမဆုံးပုံကို အကြိုက်ဆုံး ...
မမကွန် အက်ဆေးထဲက " သူ " ရဲ့ ပုံများ ပါမလားလို့ ရှာလိုက်ရတာ ..

မချို

နေ၀သန် said...

ပုဂံကို လွမ်းတယ်ဗျာ....

ခင်မင်တဲ့
နေ၀သန်

မောင် လေး said...

ပုံတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ် အကို...။
ပုံတွေကိုကြည့်ပြီး ပုဂံ ကိုချက်ချင်းပြန်သွားချင်လာတယ်...။

Anonymous said...

ငယ်မူငယ်သွေးအချိန်တွေကို
ပြန်သတိယလာအောင်လုပ်တဲ့ ပုံတွေပဲ၊

မခင်ဦးမေ ရေးထားတဲ့ စာနဲ့ပဲ ကျေနပ်လိုက်ပါတယ်။

Moe Cho Thinn said...

မြစ်ကြီးနဲ့အတူတော့ လိုက်မသွားပါနဲ့ဦးလေ.. :)