ဒီမနက် ကျနော့ဘလော့ကို ပိတ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဘာအတွက်လဲ။ တကယ်က ထာဝရပိတ်တော့မယ်လို့ ရည်ရွယ်ခဲ့တာပါ။
ဒီဘလော့မှာ စာရေးတိုင်း ကျနော့စိတ်ထဲမှာ ရိုးသားမှုတွေ ကြည်လင်မှုတွေ အမြဲရှိနေခဲ့တယ်။ ရှိနေအောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညက ကျနော့မရိုးသားမှုကို ကျနော်မြင်ခဲ့ရတယ်။ မကောင်းလိုက်တဲ့ စိတ်ဓါတ်လို့လည်း ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်မိတယ်။ အဲဒီတော့ ရိုးသားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီဘလော့ရဲ့ ရပ်တည်မှု ပျောက်ဆုံးသွားသလိုပါပဲ။ ကျနော်စာဆက်ရေးနေလို့ကော ရပါဦးမတဲ့လား။
တစ်ချို့က စာပဲလာဖတ်ကြတယ်။ တစ်ချို့ကတော့ကော့မန့်လေးတွေပေးသွားကြတယ်။ တစ်ချို့က တစ်ခေါက်ပဲလာတယ်။ တစ်ချို့က တစ်ခေါက်မကလာတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သူတို့ပေးလိုက်ရတဲ့ အချိန်အတွက် ကျနော့ဘက်က ထိုက်တန်တဲ့ အရာတစ်ခု ပြန်ပေးချင်မိတယ်။ အခုအချိန်မှာ ကျနော်ရေးတဲ့ စာတွေက ဘာမှမဟုတ်လေတော့ တတ်နိုင်သမျှ ရိုးသားမှုလေးတော့ ပြန်ပေးဆပ်ချင်မိတယ်။
မနေ့ညက ကျနော့စာတစ်ပုဒ်မှာ ရှိနေတဲ့ ကော့မန့်တစ်ခုအတွက် စာဖတ်သူတစ်ယောက်နဲ့ ထုံးစံအတိုင်း အငြင်းအခုံဖြစ်ကြတယ်။ စာဖတ်သူက ပြောပါတယ် နှစ်ယောက်လုံးမှန်တယ်တဲ့။ ကျနော်က နှစ်ဖက်လုံးတော့ မမှန်နိုင်ဘူးဆိုပြီး အကိုးအကား အကြောင်းအချက်နဲ့ ရှင်းမိတယ်။ ရှင်းမိတယ်ဆိုပေမယ့် သေချာတာကတော့ ကျနော်မှန်တယ်လို့ တစ်ဖတ်သတ်ပြောမိတာပါ။ ပြောရင်း အရှိန်တွေ လွန်ပြီး ဒေါသတွေပါ ပါမိသလို ကျနော်ခံစားရတယ်။ တစ်ဖက်က စာဖတ်သူကတော့ အေးအေးဆေးဆေးပါပဲ။ ကျနော့ဖြေရှင်းချက်တွေကိုလည်း မငြင်းပယ်ပါဘူး။ သူလက်ခံခဲ့ပါတယ်။
အားလုံးပြီးသွားတော့ ကျနော်ပြန်စဉ်းစားမိသွားတယ်။ မေးခွန်းတွေ တန်းစီထုတ်မိတယ်။ ဘာကြောင့်များ တစ်ဖတ်သတ်ငြင်းဆန်ခဲ့မိတာပါလိမ့်။ ကျနော်မှန်တယ်လို့ကော ဘာကြောင့် တထစ်ချပြောနိုင်ခဲ့တာလဲ။ ကိုယ်တိုင်က ဘာမှမဟုတ်လေတဲ့ ငပမွှားကောင်လေး စာရေးတာတစ်နှစ်ကျော်တာလေးနဲ့ပဲ ကိုယ့်ကိုကိုယ် မာန်တက်နေမိပြီလား။
မေးခွန်းတွေအားလုံးကို စေ့ငုအောင် ပြန်သုံးသပ်မိတယ်။ ကျနော့ကိုယ်ကျနော်ထိတ်လန့်သွားမိတယ်။ ကိုယ့်အတ္တက သိပ်ကြီးမားပါလား။ ငါရေးတာ အမှန်လို့ ကို တန်းတန်းစွဲဖြစ်မိတဲ့ အတ္တ။ အဲဒီအတ္တနဲ့ တစ်ညလုံးလောင်ကျွမ်းမိတော့တာကိုး။ ဒီအချိန်မှာ ဘယ်သူလာပြောပြော ဘာကိုမှ လက်မခံချင်တော့။ ဘယ်မှာလဲ ရိုးသားတယ်ဆိုတဲ့ ရွာသား။ အဘယ်ရိုးသားမှုတွေကိုပေးမတဲ့လဲ။ ဘာစာတွေဆက်ရေး မလဲ။ ကိုယ်ထင်တာတွေ ရေးပြီး အမှန်တွေလို့ ထင်နေဦးမှာပဲ မဟုတ်လား။
အဲဒီစိတ်ကို ရွံ့မုန်းမိတာမို့ ကျနော့ဘလော့ကို ပိတ်လိုက်မိပါတယ်။ ဘလော့တည်ဆောက်ပေးတဲ့ ညီမငယ်ရယ်၊ ကျနော်လေးစားတဲ့ ဆရာမတစ်ယောက်ရယ် စာအရေးကောင်းတဲ့ကျနော့အမကြီးတစ်ယောက်ရယ်၊ စာအမြဲလာဖတ်ပြီး အားပေးလေ့ရှိတဲ့ ညီငယ်တစ်ယောက်ရယ်က ခွန်အားတွေ ပေးခဲ့ပါတယ်။ နွေးထွေးမှုတွေရှိနေသေးပါလား။ ကျနော်မရိုးသားပင်မယ့် သူတို့ ကျနော့ကို ၀ိုင်းဝန်းအားပေးခဲ့ကြပါတယ်။
အခုဒီဘလော့ကို ဆက်ဖွင့်ထားပါမယ်။ စာတော့ ရေးဖြစ်ဦးမယ်မဟုတ်ပါခင်ဗျာ…
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
40 comments:
ဖြစ်တတ်ပါတယ်...
This is not a big deal.
You don't need to pull yourself back.
Keep going.
စာတွေဆက်ရေးပါ ငါ့ညီရဲ့...
မျှဝေချင်လို့ ရေးနေတယ်ဆိုရင် ဘာဖြစ်ဖြစ် ဆက်လက်မျှ ဝေနေဖို့ပါပဲ...
လူကတကာကို သြဇာညောင်းနေအောင်
လုပ်နေတာမှ မဟုတ်တာ...
တကယ်တော့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်ထင်မြင်ယူဆတာကို အမှန်လို့ပဲ စွဲမှတ်တတ်ကြတာ လူသားအားလုံးပါပဲ...
လူသားဆန်တဲ့သူတွေ ပြုမူတတ်တဲ့ အရာပါပဲ...
ဒါဟာ ဘာမှ မထူးဆန်းပါဘူးလေ...
ဒါဟာ မရိုးသားမှု တခုမှ မဟုတ်တာ...
အဲလောက် အတွေး မခေါင် ပါနဲ့...
လူတကာကို သြဇာညောင်းချင်နေတာကသာ မရိုးသားမှုတခုပါ...
ဆက်ရေးမယ့် စာတွေကို စောင့်ဖတ်နေမှာပါ...
အစစ အရာရာ အဆင်ပြေပါစေ...
အတ္တရဲ့ အလယ်ဗဟိုလ်က မှောင်မိုက်ခြင်းတဲ့
ကိုရွာသားက ကျွန်တော့်ထက်အများကြီး ပိုရင့်ကျက်ပါတယ်။
အရာရာမှာ ဘယ်သူတွေက အကုန်မှန်လို့လဲ
ကိုလဲ တစ်ခါတော့ မှားဘူး မိုက်ဘူးရမှာပေါ့။
အမှားပေါ်ကနေ အမှန်မြင်နိုင်မှ အနိုင်ရတာ။
ကျွန်တော့်ထက် အများကြီး ဘလော့ပေါ် ချစ်တတ်တဲ့ ကိုရွာသား ဘလော့ကို ဘာလို့ ဆက်မရေးရမှာလဲ..........
ရေးကိုရေးမယ်နော် ဟုတ်တယ်မလား။
ဖြူစင်လွန်းတဲ့ စာရွက်တွေပေါ်မှာ ဆေးမည်းစက်လေး တစ်စက်ကျရင်တောင် အရမ်းသိသာတတ်ပါတယ်။ ငါ့အစ်ကိုလည်း ကိုယ့်စိတ်ကို ပြန်ကြည့်တဲ့အခါ (ဆေးမည်းစက်လို့ ကိုယ့်ဘာသာ ထင်မိတဲ့ အရာတချို့အတွက်) အဲဒီလိုမျိုး ပြန်မြင်တာလို့ပဲ ထင်မိပါတယ်။ တကယ်တော့ ဆေးမည်းစက်လည်း မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ်ပိုင်အတ္တလေးတွေ ကိုယ်ယုံကြည်ရာ အမှန်တရားတွေနဲ့ ရှင်သန်နေကြသူချည်းမို့ တခါတလေ အဲဒီအတွက် စွဲလမ်းမှု၊ ဆန့်ကျင်ဘက်ကို လက်မခံမှု ဆိုတာ ရှိလာတတ်တာပါပဲ။ အဲဒါတစ်ခုထဲအတွက်နဲ့တော့ ငါ့အစ်ကိုရဲ့ ရိုးသားမှုဟာ အရောင်လွင့် မသွားနိုင်ပါဘူး။ ကျွန်မအမြင်မှာတော့ လွန်ခဲ့တဲ့ ၉နှစ်ကျော် ၁၀နှစ် နီးပါးကတည်းက ကျွန်မသိခဲ့တဲ့... ရိုးသားတဲ့... ကိုရွာသားလေးဟာ ခုချိန်အထိ ရိုးသားနေဆဲပါပဲ။ အရင်လို စာတွေအများကြီး ပြန်ရေးမယ့်အချိန်ကို စောင့်နေပါ့မယ်။
း) ဟယ်. ရေးပါအေ။
ညည်းကလဲ။
ဒါတွေက သိပ်တော့မဆန်းပါဘူးအစ်ကိုရေ့ ဝေဖန် ခံရတာတွေက တကယ့်ကို အသေးမွှားလေးပါ ။ အဓိက က ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ ဖြူစင်တယ်ဆိုတာ သူများမြင်သာတာ မမြင်သာတာထက် ကိုယ့်ရင်ဘတ် ကိုယ်ပြန်ငုံ့ကြည့်လိုက်တာ ဖြူနေရင် ကျေနပ် ပြီး ။ဆိုးစမ်းပါ အရောင်တွေ အတွင်းပိုင်းထိတော့ အဲ့အရောင်တွေ စိမ့်မ၀င်နိုင်ပါဘူး ။ ဥပမာလေးတစ်ခုပေးရရင်တော့ ဘလော့ထဲက ကိစ္စ ဘလော့မှာပဲထား အပြင်ကိုယူမလာနိုင်ရင် အကောင်းဆုံးပါပဲ ဒီလိုဖြစ်ဖို့လည်း ကိုယ်တိုင်တောင် ကြိုးစားရအုံးမယ်။ အဲ့...ကောင်လေးက ဘလော့သက် တစ်နှစ်ကျော်လေးပဲဆိုတော့ ဦးထက်တော့ နူုတာပေါ့ စကားနားထောင်ပါ ။ အမှိုက်ကို အမှိုက်ခြင်းထဲပဲ ပစ်ပါ အိမ်ရှေ့ဧည့်ခန်းက စားပွဲပေါ်တင်မထားပါနဲ့ မျက်စေ့နောက်တယ် ခေါင်းရှုပ်နေလိမ့်မယ် ။ကိုယ်ရေးတဲ့စာကို ဘယ်သူမှ မထောက်ချင်နေပါစေကိုယ်တိုင် မှန်တယ်ထင်ရင်တော့ ဆက်သားရေ ဘယ်သူတစ်ဦင်္းတစ်ယောက်ကိုမှ ထိခိုက်တာမဟုတ်ဘူး ဖတ်တဲ့သူကလည်း မှန်တယ် မှားတယ် သူ့ပါသာဆုံးဖြတ်သွားလိမ့်မှာပါ။ကျနော့်အတွက်ကတော့
အစ်ကိုက အမြဲဖြူစင်ရိုးသားပြီး ရင့်ကျက်တဲ့ အစ်ကိုတစ်ယောက်ပါ ဒီလောက်လေးနဲ့ စိတ်ပျက် သွားမယ်မထင် ။ဘာပဲဖြစ်ဖြစ် ဆက်ရှိနေပေးပါး) လွတ်လပ်သေးတဲ့ အချိန်ထိပေါ့ ။ နေရာချင်းသာ လဲလိုက်ချင်တယ် ၀ုန်း ဒိုင်း ဂုန်း ဂွမ်း အဲ့တာ မြည်သံစွဲ အလကာင်္တွေပေါ့ ကျနော်သာဆိုရင်တော့ ခုလောက်ဆို ဗုံးဖောက်မိပြီး ။နောက်တစ်ခါ ဘလော့ပိတ်ရင် သတ်မယ် ဒါပဲ မောလိုက်တာ ပြောရဆိုရခက်တဲ့ ကိုရွာသားပါလားနော် ။
ရွာသားလေးရေ… အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတဲ့ အဖြစ်လေးနဲ့  ပွင့်လင်းစွာရေးပြတဲ့ ဒီပို့ စ်လေးအတွက် အရမ်းလေးစားမိပါတယ်… ဘလော့ဂ်ရေးခြင်းက အများနဲ့ ဆက်ဆံရတဲ့ အလုပ်မို့  ဒါမျိုးလေးတွေက ကြုံကိုကြုံရမှာပါပဲ… အမလက်ကိုင်ထားတာ တခုတော့ရှိတယ်… (လက်ကိုင်ထားပေမယ့် တခါတခါလဲ မေ့လျော့သတိလွတ်သွားတတ်ပါတယ်)… အများကို ဝေမျှတဲ့အခါ ကိုယ်က အမြဲနောက်တလှမ်းဆုတ်ပေးရမယ်ဆိုတာပါပဲ… စာလာဖတ်တဲ့အထဲမှာ ကိုယ့်ကို ကြိုက်တဲ့သူပါနိုင်သလို ကိုယ့်ကို လာမြည်းစမ်းသူ ကိုယ့်ကို မကြိုက်တဲ့သူတွေလဲ ပါမယ်ဆိုတာ အစကတည်းက တွေးပြီး စိတ်လျော့ထားလိုက်တယ်… ပုဂ္ဂိုလ်ဆန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကတော့ ကိုယ့်စာဖတ်ပရိသတ်လို့ ကို ထည့်တွက်စရာမလိုဘူးလေ… အဲဒီလို စိတ်လျော့ထားတော့ ကိုယ့်ဘက်က မျှော်လင့်ထားတာတွေ လျော့နည်းသွားပြီး စိတ်သက်သာတယ် သိလား… စိတ်ချမ်းသာစွာ ဘလော့ဂ်နိုင်ပါစေ….
ကိုရွာသား.. စာတွေဆက်ရေးဖို့  အကြံပေးချင်ပါတယ်ဗျာ။ လူဆိုတာ မှားခဲ့မိမှာပဲ.. ဒါမှမဟုတ် ကိုယ်လုပ်တာဟာ တဖက်သတ်မှန်နေတယ်လို့  ထင်ခဲ့မိမှာပဲ... ဒါပေမယ့် တချိန်မှာ ကျိုးကြောင်းဆင်ခြင်နိုင်ခဲ့ပြီ (ပြီးပြီ) ဆိုရင် ရပ်တည်ချက် မှန်ကန်တဲ့ဘက်ကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်ဖို့  အားပေးချင်ပါတယ်ဗျာ... ။
ဘလော့ဂ်ရေးသထက် ရေးနိုင်ပါစေ။
ကိုယ့်ကိုကိုယ် မာန်တက်နေတယ်လို့ မမြင်ပဲ လူသားဆန်ခြင်းလို့ မြင်ကြည့်ပါလား။ အတ္တကင်းမှတော့ ပုတုဇဉ် ဖြစ်နိုင်ပါဦးမလားဗျာ။
အင်းဖြစ်တတ်ပါတယ်.. ပါးစပ်လေးပိတ်ပြီးဖတ်သွားတယ်..။
အော်ကွယ်- ဖြစ်မှ ဖြစ်ရလေတယ်။
ဒါလေးများ- ဘာမီတွန်သောက်း)
ရွာသားလေးက..သိပ်ခံစားလွယ်တာကိုး။
ဘလော့တွေပေါ်မှာ မြင်နေရတဲ့..ဒီ့ထက်ဆိုးတဲ့ အခက်အခဲ စိတ်အနှောင့်အယှက်တွေ ဆို ဘယ်လိုလုပ်မတုံး။
ထူထူထဲထဲ လေ နေပေးအုံးလေ။း)
ကွန်မန့်တွေ အရမ်းမပေးဖြစ်ပေမဲ့.. ခင်မင်အားပေးလျက်-
ထိလွယ် ရှလွယ်နေတာလား။
ကိုယ်ထင်တာကို ငြင်းခုန်ပြောကြတာလည်း သဘာဝပဲလေ။ ငြင်းခုန်မှတော့ လေပြေလေးနဲ့ ဘယ်ဟုတ်မလဲ။
့ကိုယ်ပြောတာမှ မှန်တယ်။ ကိုယ့်ကိုကိုယ် ဆရာကြီး သဘာကြီး ထင်တတ်တာလည်း လူ့ သဘာဝပါပဲ။
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တတ်တယ်ဆိုတော့ ကောင်းပါတယ်။
ဒေါ်လေးကတော့ ဘလော့ရေးတာ ကိုယ့်အတွက် ရေးတာပါ။
ပြောချင်တာတွေ ချရေးတယ်။
ခံစားရတာ ရေးတယ်။
တွေးမိတာ ရေးတယ်။
လွမ်းတာလည်း ရေးတယ်။
သတိရတာလည်း ရေးတယ်။
ခေါင်းထဲပေါ်လာတာ ရေးတာပါပဲ။
ကိုယ်သိတယ်ထင်တာလည်းရေးတယ်။
မှန်တယ်ထင်တာလည်းရေးတယ်။
ယုံတယ်ထင်တာလည်းရေးတာပေါ့။
ဒါ့ကြောင့် ဘာကြောင့်မှ မပိတ်ဘူး။
ကိုယ့်ဖက်ကကြည့်တော့ လက်ဖ၀ါး။ သူ့ ဖက်ကကြည့်တော့ လက်ဝါးတဲ့။
အကြိုက်မတူတာကောင်းပါတယ်။ နို့ မဟုတ် မင်းဦးလေးကို ကောင်မလေးတွေ ၀ိုင်းကြိုက်ရင် ဘယ်လို လုပ်မလဲ။
မိဝေးဖဝေး အိမ်မပြန်ရလို့ ဒီကိုက်တိုင်း လျှောက်တွေးမနေနဲ့ ။
ပျော်အောင်နေပါ။
ရွာသားလေးရေ..
အစ်မလည်းဘီးဇီးနေလို့ မရောက်တာ ၂ရက်ရှိသွားပြီ.
ဘာတွေဖြစ်လဲ မသိလိုက်ဘူးရယ်..
ရွာသားလေးရေးထားတဲ့ ပို့စ်လေးဖတ်ပြီးမှ စိတ်မကောင်းဖြစ်မိပါတယ်... ဒါမျိုးလေးတွေက ဖြစ်တတ်ပါတယ် ရွာသားလေးရေ....
လူတိုင်းမှာ အတ္တဆိုတာရှိတတ်တာပဲလေ.. အစ်မမှာလည်းရှိတာပဲ...
စိတ်ကိုအေးအောင်ထား... ဒီလိုကိစ္စလေးတွေဆိုတာ
အသေးအမွှားကိစ္စလေးတွေပါကွယ်...
ဘ၀မှာ ဒီထက်မက ကြီးမားတဲ့ အခက်အခဲတွေ ၊
အနှောက်အယှက်တွေ ၊ပြဿနာတွေ အများကြီးရှိနိုင်
ပါသေးတယ်... ဘယ်သူကမှ အခက်အခဲ မရှိပဲ လွယ်လွယ်နဲ့ မအောင်မြင်နိုင်ကြပါဘူးနော့....
ရွာသားလေးက စာရေးကောင်းတယ်...
ဒီကိစ္စလေးအတွက် အရမ်းမခံစားနေနဲ့နော့...
ပျော်ပျော်နေကြတာပေါ့... အစ်မက အသက်ပိုကြီးလို့
ဆရာကြီးလုပ်သွားတယ်နော်.. မောင်နှမချင်းတွေပဲ...
စိတ်မဆိုနဲ့ဦး..
မနေ့ညတုန်းက အိုရာစုမီနာဆိုင်း လာလုပ်သွားလို့
ဝမ်းသာနေတာ.. ပြန်လာလည်ပြီးပြော မလို့ပဲ..ဒါပေ
မယ့် လူက ပင်ပန်းလွန်းလို့ စင်္ကာပူအထိမလာနိုင်တော့
တာနဲ့ အစ်မစီဘုံးမှာပဲ ရွာသားလေးကို ပြန်နှုတ်ဆက်ပြီး
အိပ်ပျော်သွားလိုက်တော့တာပဲ..
စိတ်အေးအေးထားနော့...
ပျော်ရွှင်ပါစေ..
အခုအချိန် စိတ်မဆိုးနေဘူးဆိုရင် လာနှုတ်ဆက်ပါဦး
နော့.. :D KONNICHIWA ( ခွန်နိချိဝ)
မကြီးဝါ
ပေးချင်တဲ့ကော့မန့် ပေးကြပါစေ။
ဘေးထွက်တွေးပြီး ပေးပေး
အပြင်ထွက် တွေးပြီးပေးပေး
ဘေးတိုက်တွေးပြီးပေးပေး
အပေါ်တက်တွေးပြီးပေးပေး
အောက်... အဲလေ ဘယ်လိုပေးပေးပေါ့။
ကိုယ်မတွေးမိတာ သူတွေးပေးတာ ။ ကျေးဇူးတင်စရာပါ။
ဒါဆိုလဲ စာရေးတာ ခဏရပ်၊ အိမ်လိုက်လည်နေလိုက်ပေါ့။ အချိန်တန်လို့ ပြောစရာတွေ ရှိလာရင် ပြန်လာပေါ့ဗျာ။ အားလုံးက စောင့်နေမှာပါ။
စိတ်မပျက်ပါနဲ့ဗျာ။ postတစ်ခု၊ စာတစ်လုံးဖြစ်လာဖို့ ဘယ်လိုအားထုတ်ရတယ်ဆိုတာ ရေးနေတဲ့သူတိုင်းသိကြပါတယ်။ ကောင်းတယ်၊မကောင်းဘူး၊ ဖတ်တယ်၊ မဖတ်ဘူးဆိုတာထက် ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ပဲလိုတာပါ။
(ကျွန်တော်ဆို ကိုယ့်Blogကိုယ်ဖတ်တာ Hitsတက်နေတာရဲ့ ၁၀ဆလောက်ရှိမယ်ထင်ရဲ့။)
ဘလော့ ဘာလို့ပိတ်ရမှာလည်း။ ရိုးသားခြင်း မရိုးသားခြင်းဆိုတာ အတ္တရှိတာမရှိတာနဲ့မဆိုင်ပါဘူး။ လူတိုင်းကတော့ ကိုယ်လုပ်တာ မှန်တယ်ထင်နေတတ်ကြတာကြီးပဲမဟုတ်လား။ စာတွေဆက်ရေးပါ။ ကွန်မန့်မပေးဖြစ်တော့ပေမယ့် လာဖတ်ဖြစ်နေပါတယ်။ မရောက်ဖြစ်လိုက်တဲ့ တစ်နေ့အတွင်းမှာ ဖြစ်သွားတာတွေများပြားလိုက်တာ....
ဘလော့ကိုပစ်မသွားဘူးလို့ထင်ပါတယ်။ အစ်ကိုပြောဖူးသလိုဆိုရင်ပေါ့..... "ကိုယ့်သားသမီးကိုယ်ပြန်သတ်သလိုပဲ" တဲ့......
အစ်ကိုကတော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ထင်ပါတယ်နော်..... :)
ဆက်ရေးမယ့်စာတွေစောင့်မျှော်နေမယ်......
OK......
P.S သိပ်မတွေးနဲ့။ ခေါင်းဖြူလာဦးမယ်...... ဟီးး... :P :P
ရွာသားလေးရေ..
စာဆက်ရေးပါ.. ဘ၀မှာ Perfect ဖြစ်အောင် ကြိုးစားနေရင်းပဲ.. မှားနေကြတာ အများကြီးပါ...။
ဘလော့တခု တည်ဆောက်ဖို့ စာဖတ်ပရိသတ် ရလာဖို့ ဆိုတာ မလွယ်ပါဘူး.. ။ ဘလော့ ရပ်လိုက်တယ်ဆိုတာက အရမ်းလွယ်ပါတယ်...။
လူဖြစ်လာရင် ဘယ်သူမှ အတ္တနဲ့ မကင်းပါဘူး... အတ္တ ပုံစံ ကွဲသွားတာပဲရှိတယ်..။
တခုခု ဖြစ်တိုင်း ခံစားတိုင်း မှားတိုင်းသာ ရပ်လိုက်ရင်.. ဘ၀မှာ လိုခြင်တာတွေ ဘာမှ ရမှာ မဟုတ်ဘူး...။
ကိုယ့်လုပ်မိတဲ့ ကိုယ့်စိတ်ကိုယ် ရွံ့ မုန်းတယ်ဆိုရင် ကိုယ်လုပ်တာမှားတယ်လို့ ထင်ရင် ဒီအဖြစ်အပျက်ထဲက သင်ခန်းစာ ယူလိုက်ပါ...။
ကိုယ် ၀ါသနာပါတဲ့ အလုပ်နဲ့ ကိုယ့်ရဲ့  စာဖတ်ပရိသတ်ကို ကြည့် ပြီး ဘလော့ကို ရေးလို့ ရတဲ့ အချိန်ထိ ရေးပါလို့ တောင်းဆိုခြင်ပါတယ်..။
လေးစားစွာဖြင့်
မေရီ
ဆက်သာရေးပါဗျာ
ကိုယ်ပြောချင်တာက တစ်မျိုး
သူခံစားမိတာက တစ်မျိုး......
နှစ်မျိုး.....
ကိုယ်ပေးတာကတစ်ခု
သူယူတာက နောက်တစ်ခု...
နှစ်ခု....
ကိုယ်သိတာက တစ်ခု
သူသိတာက တစ်ခု.... နှစ်ခု...
(လာနောက်သလို ဖြစ်နေလားမသိဘူး..ဟီး)
ပြောချင်တာက ရှင်သန်ကြီးပြင်း လာခဲ့တာပေါ် တည်ပြီး အမြင်မတူတာကို ပြောတာပါ..။
အမြင်မတူတာတွေ အတူတူရှိနေတာကိုက အရောင်စုံတာပါ..
အရောင်စုံတော့ ပိုလှတာပေါ့..။
တခါတလေ ငြင်းရတာလည်း ပျော်စရာ..။
အကို
လာလာ.. RIT သင်္ကြန်ပွဲ သွားကြည့်မယ်။
ပြက်လုံးတွေ ရယ်ရတယ်။ သင်္ကြန်ရေနဲ့ မျောပါသွားပါစေ။
ရေးပါ...
please!
ဘာများလဲလို့ဗျာ။ လူဆိုတာမှားတတ်တာပါပဲ။ မှားတတ်တာပဲဆိုတာကို အခွင့်ကောင်းယူပြီး ကိုယ့်ကိုကိုယ် ရသေ့င်္စိတ်ဖြေလုပ်မနေဖို့ပဲ အရေးကြီးတာပါ။ လူဆိုတာမှားတတ်တာပါပဲ ဆိုတာကို လူတော့လူ ဒါပေမဲ့ မှန်အောင်ကျိုးစားမယ်ဆိုတာမျိုး ဖြစ်သင့်တာပါ။ ခုလဲ ငြင်းခုံကြတဲ့အကြောင်းအရာက ဘယ်သူမှန်တယ်၊ မှားတယ် အပထား။ ကိုယ့်စိတ်ကို ပြန်ကြည့်လို့ မှားသွားတယ်ထင်တာကို အမှန်ဖက်ရောက်အောင် ထိန်းကျောင်းထားနိုင်ပြီပဲ။ ဆက်ရေးဖို့၊ ဆက်တွေးဖို့ပဲ ကျန်တော့တယ်။ မကြာခင် စာပြန်ရေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဘာဖြစ်တယ်သေချာမသိပေမယ့် ကိုယ့်ကိုယ် ဒီလောက်အပြစ်တင်ဖို့လိုမယ်မထင်ပါဘူး ..
ငါတို့ဆက်ပြီး ရိုးသားနိုင်အောင် ကြိုးစားဖို့ပဲလိုတယ် ..
ဖြစ်ခဲ့တဲ့ကိစ္စအတွက် နမူနာယူပေါ့ ..
အားတင်းထားရွာသားလေးရေ
အားပေးနေမယ် .. နောက်စာတွေကိုလည်း မျှော်နေမယ်နော် ..
အချိန်တခုယူပြီး အမြန်ဆုံး ပြန်လာနိုင်အောင်ကြိုးစားပါး)
ဘလောက်လောကဓံလှိုင်းလုံးကြီး ပုတ်တိုင်း မြုပ်ရမယ်ဆိုရင်ဖြင့်ကွာ ... ညီရာ ...
အနုပညာသမားက မှားတဲ့အခါလည်း မှားမယ်
မှားတာကို မှားတယ်လို့မြင်ရင် အနုပညာသမားပီသတယ်
အနုပညာသမားက မှန်တဲ့အခါလည်း မှန်မယ်
မှန်တာကို မျှဝေပေးရင် အနုပညာသမား ပီသမယ် ...
ကဲ ... ကိုယ့်ညီ
အဲလှိုင်းလုံးကြီးကြားက ဘွားကနဲ ပေါ်ထွက်အလာကို စောင့်မျှော်နေမယ် ...
အားတင်းထား ...
လေးစားမှုများစွာဖြင့်
အဲဒီလို ရိုးသားမှုလေးတွေနဲ့ပဲ ရွာသားလေး ဖြစ်လာတာ...။ ဘာကိုမဆို ရိုးရိုးသားသား ရင်ဆိုင် တုံ့ပြန် ရင်ဖွင့်ခဲ့ကတည်းက အားလုံး စင်ကြယ်သွားပါပြီ..။
ဒီတော့ လမ်းဆက်လျှောက်ပါ..
Cheers !!
ရွာသားလေးရဲ့ ရိုးရိုးသားသားစာလေးတွေကို မက်မက်မောမော သဘောကျမိလို့ ဒီဘလော့ဂ်ကို အမြဲလာနေရတာ။
ခံနိုင်ရည် ရှိမှပေါ့ ဟုတ်ဖူးလား။
နားချင် ခဏနား၊ ပိတ်တော့ မပစ်နဲ့။
မရောက်တာ နည်းနည်းကြာသွားတာနဲ့ ဘာတွေ ဖြစ်လဲ မသိလိုက်ဘူး... ဧပြီဖူးလုပ်တာများလား... ဘလော့တော့ မပိတ်ပါနဲ့ဟယ်... လာလာဖတ်တဲ့ သူတွေ အများကြီးရှိနေတာ.. ရေးစရာ တွေ့ရင် ရေးပါ.. တခါတလေလည်း ဖြစ်တတ်ပါတယ်။
အစ်ကိုရေ ကျွန်တော်မြင်တာ နည်းနည်းပြောကြည့်မယ်နော်။
ရိုးသားမှုတွေထည့်ပြီးရေးတတ်တယ်ဆိုတာကောင်းပါတယ်။ ဒါပေမဲ့ မရိုးသားမှုပါသွားတာကို မြင်လိုက်ရတယ်ဆိုတော့ တစ်မျိုးပြန်တွေးကြည့်မယ်ဆိုရင် အစ်ကို အနေနဲ့ မရိုးသားမှုကို တွေ့လိုက်ရတဲ့အတွက် ပြင်ဆင်ခွင့်ရသွားတာ မကောင်းဘူးလား။ လူတိုင်း တစ်ခါတစ်လေ အမှားလုပ်တတ်ကြတာပါပဲ။ အမှားသေးနဲ့ ကြီးမားတဲ့ အမှားဆိုတာပဲ ကွာမှာပါ။ အမှားမလုပ်ဖူးတဲ့သူဟာ တစ်ခါမှ မကြိုးစားခဲ့ဘူးတဲ့သူပဲတဲ့။ အစ်ကိုမှားခဲ့ရင်တောင် ပြန်ပြီး ပြင်ခွင့်ရှိနေပြီပဲ။ အစ်ကို့အပေါ် ကျွန်တော်အမြင်ကို
ဒီပုံလေး ကဖော်ပြနေပါတယ်။ ကျန်တဲ့သူတွေလည်း ကျွန်တော်လိုပဲ အဖြူရောင်ကွက်လပ်ကို မြင်ပြီး အမည်းရောင် အစက်ကလေးကိုတော့ ခြွင်းချက်အနေနဲ့ သတ်မှတ်ပေးကြနိုင်လိမ့်မယ်လို့ထင်ပါတယ်။
PS: Task 1. Write more
Task 2. Go to task 1
စာပြန်ရေးပါဟေ့.. ရွာသားလေးရေ..
ဒီမှာ မမ ရဲ့ ကဗျာလေး တစ ထားခဲ့တယ်
..
ပျော်စရာ...
တွေ့လာရင်ပျော်လိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...
ငိုစရာ...
တွေ့လာရင် ငိုလိုက်...
ရင်ထဲခိုက်အောင် မဟုတ်ပါ...
နေ့...
ည...
ရာသီ...
သံသရာ ဒီစက်ဝန်းမှာ...
နေရတာ ဘာမဟုတ်...
.....
အခုတစ်လောဘလော့တွေသိတ်များတယ။် ဖောင်းပွလာတယ်လို့တောင်ခံစားရတယ။် အဆင့်မှီစေဘို့ဘာပေတံ့နဲ့တိုင်းမလဲ။ တိုင်းစရာမရှိဘူး။ ဆယ်တန်းအောင် မှ တက္ကသိုလ်တက်ရမယ်လို့ကန့်သတ်ချက်ရှိပေမဲ့ ဘလော့ရေးဘို့ဘာ ကွာလလီဖီကေးရှင်း ရှိရမယ်လို့သတ်မှတ်ချက်မရှိဘူး။အင်တာနက် တစ်ခုရှိရင်ရပြီ။ မြန်မာဖောင့်ကောင်းကောင်း မရိုက်ချင်တဲ့သူတောင် ဘလော့ရေးလို့ ရတဲ့ အချိန်မှာ ရင်ထဲရှိတာတွေ ချရေးခွှုင့်ရတဲ့ ဘလော့ဟာ အားလုံးအတွက်တော့ အိုအေစစ်ကလေးဘဲ။ အိုအေစစ်ကလေးကို လာဖတ်နေတတ်တဲ့သူတစ်ယောက်အတွက်တွက် အိုအေစ်စစ် တိုင်းကို လိုက်ဖတ်ရင်းနဲ့ ရေမွန်းလာတယ်။ မနိုင်လောက်အောင် ဖြစ်လာတယ။် ကိုယ်လဲအားနာလာမိတယ။် နဲနဲလျော့ပေးရင်သူများတွေ များလာဖတ်ရတာသက်သာလေ မလား စဥ်းစားပြီး မရေးတော့ဘီု့ များများမရေးတော့ဘို့လို့စဉ်းစားတယ်။မနေနိုင်ပါဘူး။ ကဲ ရေးမိတယ်။ စိတ်မကောင်းပါဘူး။ လာဖတ်ရင်းနဲ့ ရေနစ်သွားရင် စိတ်မကောင်းပါဘူး.။ ဒါပေမဲ့ မတတ်နိုငး။ ကိုယ့်ရင်ထဲ မှာ စာတွေ ရေးချင်လွန်းလို့ပေါက်ကွဲနေတယ။် ရေးချင်တာ ရေးမိမယ်။ မှားတာလဲရှီမယ်။ မှန်တာလဲရှိမယ။် မှားတာလုပ်မိလဲ ဟုတ်တယ် မှားတယ်လို့ ဝန်ခံပြီး ရှေ့ချှီတက်မယ။် အမှားတစ်ခု လုပ်မိတဲ့ အတွက်ကြောက်မို့ လို့ခံစားပြီးးရပ်နေလိုက်လို့တော့ မဖြစ်သေးဘူး. လောကထဲ မှာ ဒီထက် ခံစားစရာတွေ ရှိသေးတယ။်
ဖြစ်တာကတော့ဖြစ်ပြီးခဲ့ပြီး။ထားခဲ့တော့။
ဖတ်ဘူးမိဲမဲ့ စာလေးအတိုင်းဘဲ. ဆိုင်ချင်မှ လဲဆိုငမယ။် မှတ်မိတာကတော့ ရေအိုင်ကလေးကို ဖြတ်ကျော်ဘို့ မာတုဂါမ ကို ပွေ့ချှီပြိး ဖြတ်ကျော်မိတဲ့ ရဟန်းကို ကျန်ရဟန်းက အခဲမကြေနိုင်တဲ့ အခါ ကူညီခဲ့တဲ့ ရဟန်းက သိတ်ခံစားမနေဘို့ သူ့အနေနဲ့ အဲဒီမာတုဂါမ ကို ရေအိုင်လေး ဘေးမှာဘဲထားခြဲီ့ပီဆိုတာ ကို ရှင်းပြချင်သလိုဘဲ။ အခုလဲဖြစ်ခဲ့တာတွေ ကို မေ့ထားခဲ့ဘို့လို့ရှေ့ဆက် ခံစားမိတဲ့ အခါ ဆက်ရေးမိဘို့လို့ လာတိုက်တွန်းပါတယ။်
တို့လိုကောင်တောင်ေ၇းချင်လို့ရင်ထဲပေါက်ကွဲမိသေးတယ။် ရွာသားလေး လို လူမျိုးအတွက်တော့ အရမ်းခံစားရမှာပါ။ အတ္တတွေ သိတ်များခဲ့ရင်လည်းဝီုငးသတိပေးကြမှာပါ။ ဒီလောက်မများသေးပါဘူး။ လူဆိုတာ လူသားပါဘဲ။
ဘလော့အများကြီးကတည်းက ကိုယ်နစ်သက်တဲ့ဘလော့ကလေး ရပ်နားသွားမှာကို အန်မတန်စိုးရီမ်မိပါတယ။်
အားနာမယ်ဆိုခဲ့ရင်..ဆက်ရေးပါ။
(ပြီးခဲ့တဲ့ရက်ပိုင်းက အစ်မ အရမ်းရှုပ်သွားလို့။ အမြဲကတော့သတိရနေပါတယ။် )
ဘာအတွက်ရယ်သေချာမသိပေမဲ့ ငြင်းခုန်မှုတစ်ခုမှာအနိုင်ရလိုက်ပြီးအမှားအမှန်ကိုတစ်ယောက်တည်းဝေဖန်နေပါလားနော်။ ကိုယ့်ကိုယ်ကိုမကျေနပ်တာနဲ့ block ကိုပိတ်ချင်ရတယ်ဆိုတော့မဆိုင်လိုက်တာနော်။
အကိုရေ..အမှန်တရားဆိုတာ..အမှားတရံတဲ့။ တရံတခါတော့မှားပြီးမှ အမှန်ကိုရောက်သတဲ့လေ။ ဘုန်းကြီးတွေသော် မတော်တဆအပြစ်ကျူးလွန်မိရင် အချင်းချင်းဖြစ်စေ ၀ါကြီးတဲ့သူတွေဆီမှာဖြစ်စေ၀န်ခံပြီးအာဖတ်ဖြေရင်ပြေသေးတာပဲ။ အခုလဲအကိုကအာဖတ်ဖြေပြီးသွားပြီလေ.....
စိတ်ရဲ့ဖောက်ပြန်မှုဆိုရင်တော့ အစ်ကိုရေ
စဉ်းစားတာနဲ့ကို မဆုံးနိုင်ဘူး ...
ဒါပေမယ့် စိတ်ကိုပြန်သိပြန်ထိမ်းကွပ်လိုက်တာလည်း
စိတ်ပဲ .............
ဆိုတော့ကာ အဲဒီစိတ်လေးနဲ့ပဲ စာဆက်ရေးပါအစ်ကိုရေ ......
မှားမယ် ပြန်မှန်မယ် ပြန်မှားကြမယ် ပြန်မှန်ကြမယ်ဗျာ ...
ကောင်းသောနေ့ပါအစ်ကိုရေ ..........
စိတ်နဲ့ လူနဲ့အဆင်မပြေတာတွေက မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်ဗျာ....၊
ခဏနားပြီး အပြောင်းအလဲအဖြစ် သူများတွေဆီ ဘလော့ဂ်လည်ထွက်ချင်ထွက်၊ ဒါမှမဟုတ်လည်း ဘယ်ဘလော့ဂ်ကိုမှ မသွားဘဲ ဘလော့ဂ်နဲ့ ဘာမှမဆိုင် တာတွေပဲ လုပ်ချင်လုပ်နေပေါ့လေ၊
စိတ်အခြေငြိမ်းတဲ့အခါ ပေါ့ပါးကြည်လင်စွာ ပြန်လာနိုင် မှာပါ....။
နားလည်ပါတယ်။
စာရေးတဲ့ သံယောဇဉ်က တော်တော်ဖြတ်ဖို့  ခက်တယ်ဆိုတာလည်း နားလည်ပါတယ်။
ပေါက်ကွဲနေတော့ စာရေးလို့  ပိုမကောင်းဘူးလား။
ရေးချင်တာရေးပါ။
လူတစ်ယောက်ရဲ့  ရင်ဘတ်ထဲက ပကတိအသံ။ လူတိုင်းကြားချင်တာ။
နောက် အမြဲတမ်းလာဖတ်ပါ့မယ်။
အကိုရေ ဖြစ်တတ်တဲ့ သဘာဝလေးပါပဲ
လူဆိုတာ အမှားနဲ့ မကင်းဘူးလေဗျာ
ဖြစ်ရလေ ကာရွာသိုးကြီး.. ခုမှသိတယ်ဗျို့ အဆက်ပြတ်နေတာကလား.. ရေးနော်.. စိတ်ပြန်လည်မှရေး..း)
ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်ပြီးရင်.. ဝင်းဦးရဲ့ ကိုယ်ပြန်လာပြီ သီချင်း ဆက်နားထောင်ပေါ့...
အားလုံးကကြိုဆိုနေမယ်ဆိုတာ ကိုလူထွင်းလည်း ယုံကြည်ပါတယ်...
နောက်မဆုတ်နဲ့ ဝိုင်တီယူ
ရွာသားလေးရေ..
ရေးချင်တဲ့အခါ ရေးပေါ့ ဖတ်ချင်တဲ့အခါ ဖတ်ပေါ့။
ဒီလိုပါပဲ နောက်တော့လဲ ပြီးသွားတာပါပဲ..
စာဆက်ရေးစေချင်ပါတယ်
ရွားသားလေးရေ..
မောင်နှမတွေအားလုံး ၀ိုင်းပြီးအားပေးနေကြတာ.စာပြန်
ရေးပါတော့နော်... ကဲ..အစ်မကို တစ်ခါမေးဘူးတယ်.
မကြီးဝါ ဘယ်လိုပို့စ်လေးမျိုး ဖတ်ချင်သလဲတဲ့... အခု
ပြောမယ်နော်...
ရွာသားလေးရေ..
သင်္ကြန်ပို့စ်ကောင်းကောင်းလေး တစ်ပုဒ်လောက်နော့်.း)
အစ်မအခုတလော..ခေါင်းတွေမကြည်.. နုံးချိ ၊ မောပမ်း
ပြီး အားနည်းနေတယ်.. home sick ရနေတယ်... ဒါပေ
မယ့် မောင်နှမတွေအားလုံးကို ပျော်ရွှင်စေချင်ပါတယ်.
အာဂျားးးအာဂျားးး ဖိုက်တင်.
ခင်မင်စွာနဲ့
မကြီးဝါ
( ဒုတိယအကြိမ် အားပေးသွားခြင်း)
ဘာတွေဖြစ်သွားခဲ့မှန်းသိလိုက်ဘူးတော်။ ဘီးဇီးနေလို့။ ခုမှ မြေလှန်ပြန်ဖတ်တော့တွေ့တာ။ တော်သေးတာပေါ့။ စာပြန်ရေးလို့အနော်တို့ဖတ်ရသေးတာ
အင်း ဖတ်ပြီး စိတ်ကလေး နောက်တကြိမ် ထပ်မဖောက်ပါစေနဲ့ လို့  ဆုတောင်းနေမိတယ်
လူဆိုတာလည်း ခက်သားလား
တခါတလေ စိတ်များဟာ တယ်ပြီးအစိုးမရပေဘူး
စာဆိုတာမျိုးက ဘာအကြောင်းပဲရေးရေး ယူတတ်ရင် ပညာဆိုတာ ရကြတာကြီးပါပဲ
ဖတ်တဲ့သူရဲ့  ဉာဏ်ရည် တွေးခေါ် သုံးသပ် စဉ်းစား ဆင်ခြင်နိုင်မှုအပေါ်မူတည်ပြီး ကွဲသွားတတ်ကြတာပဲ
ပွင့်၂လင်း၂ ပြောတတ်တာကိုက ရိုးသားမှုရှိလို့ ပဲပေါ့
တခါတလေ သိပ်ကြီး မစဉ်းစားပဲ ပါးပါးလေးပဲ စဉ်းစား
Post a Comment