05 April 2009

ရင်ရက္ကန်း ဘလော့ချည်ထည်

လွမ်းချည်မျှင်
စင်ရက္ကန်းမှာ
ရက်တဲ့ချည်ထည်
လွန်းထိုးကာ
ဟိုဒီပြေးလို့
ရက်ခဲ့လေတယ်

အလွမ်းပြေ
ရက်လေတယ်
တိုင်ချည်မသိ
တိုင်ရှိတိုင်း
ယက်တဲ့အထည်

လက်ခတ်သံ
ညံလွန်းလေလား
လွန်းထိုးသံ
ရင်ဘတ်ကြားမှာ
ကြားဖို့ခက်ခဲ

လွန်းရာကျော်
စင်မမှန်း
ချည်ချောရယ်
မြင်သူမက်ရင်
ကျေနပ်ပါရဲ့….

စာတွေလျှောက်ရေးနေမိပါတယ်။ ဘယ်သို့ရေး၍ ဘယ်သို့ချီရမယ် ဘယ်ပုံသွင်းပြီး ဘယ်သို့ယွန်းရမယ် တကယ်နားမလည်။ ဘာအတွက်ရေးနေတယ်ဆိုတဲ့ မေးခွန်းတိုင်းအတွက် ရိုးသားတဲ့ အဖြေတစ်ခုက ခံစားချက်တွေ ဝေမျှရုံသက်သက် ၀ါသနာကို ဖြေချရုံသက်သက်ရယ်ပါ။

10 comments:

ရွှေပြည်သူ (ShwePyiThu) said...

အတွေးနဲ့ခိုင်းနှိုင်းပုံလေး သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ ကိုရွာသားလေးရေ။

“လွန်းရာကျော်
စင်မမှန်း
ချည်ချောရယ်
မြင်သူမက်ရင်
ကျေနပ်ပါရဲ့...”

ဒါတော့ ဟုတ်တယ်။

Phyo Evergreen said...

အဟမ်းအဟမ်း မြင်သူမက်လား.. မက်သူမြင်လား..

Anonymous said...

သူလို ကိုယ်လိုတွေကြီးပဲ ဘယ်သူမှ အမှီးနှစ်ခွပါတာမဟုတ် ။

“ ခံစားချက်တွေ ဝေမျှရုံသက်သက် ၀ါသနာကို ဖြေချရုံသက်သက်ရယ်ပါ။ ” ဖြေမနေနဲ့အားညောင်းတယ် အားလို့ရေးနေတာပါလို့ ရှင်းကော ...........။

ညီကတော့ အယားပြေရေးတာပါ စာမရေးရရင် လက်ကယားနေလို့ :P

yehtutnaung said...

ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ။

အိုင်လွယ်ပန် said...

လွန်းရာကျော်
စင်မမှန်း
ချည်ချောရယ်
မြင်သူမက်ရင်
ကျေနပ်ပါရဲ့….

အဖွဲ့လေး လှတယ်ဗျာ ....

kay said...

စာရေးတာ..ရေးချင်လို့ ရေးတာပါ။ ဘာမှ တွေးမနေပါနဲ့။း)

မေငြိမ်း said...

ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး...


အလွမ်းပြေ
ရက်လေတယ်
တိုင်ချည်မသိ
တိုင်ရှိတိုင်း
ယက်တဲ့အထည်....

အတွေးလေး လှတာ...

ဂရေစ့် said...

လွမ်းချည်မျှင်
စင်ရက္ကန်းမှာ
ရက်တဲ့ချည်ထည်
လွန်းထိုးကာ
ဟိုဒီပြေးလို့
ရက်ခဲ့လေတယ်

အလွမ်းပြေ
ရက်လေတယ်
တိုင်ချည်မသိ
တိုင်ရှိတိုင်း
ယက်တဲ့အထည်

လက်ခတ်သံ
ညံလွန်းလေလား
လွန်းထိုးသံ
ရင်ဘတ်ကြားမှာ
ကြားဖို့ခက်ခဲ

လွန်းရာကျော်
စင်မမှန်း
ချည်ချောရယ်
မြင်သူမက်ရင်
ကျေနပ်ပါရဲ့…


လှလိုက်တဲ့ကဗျာလေး....ယက္ကန်းယက်နေသလိုလိုနဲ့ လက်စသတ်တော့လွမ်းနေတာပါရောလား။ ကဗျာရေးတဲ့သူဟာမိန်းကလေးဖြစ်သင့်တာ....ဒါမှမဟုတ်ရင်လွမ်းတတ်တဲ့မိန်းကလေးတစ်ယောက်နဲ့ ခံစားချက်တွေနားလည်နိုင်လောက်အောင်ကိုရင်းနှီးလွန်းတာဖြစ်နိုင်တယ်။

ဝေလေး said...

နောက်ဆုံးအပိုဒ်လေးကြိုက်တယ်....... ဘာကြောင့်ရေးရေး ရေးနေဖြစ်ဖို့အဓိကပဲလေ... ရင်လှိုက်ပိုးကလွယ်လွယ်နဲ့မသေတတ်ပါဘူး ဟုတ်တယ်ဟုတ်..... :)

Unknown said...

လျှောက်ရေးနေလို့ သာပဲ
ဖတ်တဲ့သူရင်ထဲ ထိမိတဲ့ကဗျာ
အဖွဲ့ အနွဲ့ ရယ်ကောင်းလေတော့
နှစ်သက် သဘောကျမိတာ

စိတ်ကူးလေးသိပ်ကောင်းတာပဲ
ဦးဏှောက်ကလေးနဲ့  ရင်ဘတ်လေး ခဏငှားပါ