28 May 2008

မိုးတွေရွာစွေ

အခုတလော မိုးတွေရွာပါသည်။ သည်းသည်းမည်းမည်းရွာတတ်ပါသည်။ မိုးတွေရွာရင် ဘာလို.မှန်းမသိ လွမ်းစရာမရှိသော်လည်း ထိုမရှိသည့်အရာကိုလွမ်းနေတတ်ပြန်ရော။ လူတိုင်းလွမ်းတတ်ကြသည်ဆိုပဲ။ သိပံ္ပဆရာများဘာကြောင့် အဲဒါကိုအဖြေရှာမကြည့်မိတာပါလိမ့်။ ရှုပ်ပါတယ်လေ ကိုယ့်ဘာသာလွမ်းစရာရှိတာဆက်လွမ်းမယ်။
အခုလိုမိုးတွေမရွာခင် တဖြေးဖြေးမွှေးလာတတ်တဲ့ မြေသင်းရနံ.ကြောင့် ကမ္ဘာဦးအစက မြေကြီးကိုစားကြတယ်ဆိုတာ အဲလိုအချိန်မျိုးဆိုလက်ခံမိမှာပဲ။ ကိုယ်လဲစားကြည့်မလားလို. မကောင်းတတ်လို.။ တကယ်ကိုမွှေးတာဗျ။ ပြီးရင်လေးအေးအေးလေး အရှိန်မြင့်လာသလို ရေစက်လေးတွေ ပါလာတယ်လေ။ ကျနော်အကြိုက်ဆုံးက အဲဒီရေစက်ကလေးတွေ မျက်နှာကိုလာစဉ်တဲ့အရသာ။ ဘာနဲ.မှမလဲနိုင်ဘူး။ မိုးတွေရွာတိုင်း ပြတင်းပေါက်ကိုပြေးရတယ် အဲလို မျိုးခံစားကြည့်ချင်လို.လေ။
မိုးတွေအရမ်းရွာရင်ကော ပက်လက်ကုလားထိုင်တစ်လုံးကိုဆွဲ အိမ်တံစက်မြိတ်အောက်က ရေတွေစီးကျနေတာကို ငေးရင်းဆွေးရပြန်ရော။ ကော်ဖီတစ်ခွက်ရယ် စာအုပ်ထူထူတစ်အုပ်ရယ် စောင်နွေးနွေးလေးကို ခြေထောက်မှာခြုံ ကက်ဆက်ကနေ ကိုကြီးခင်ဝမ်းရဲ့ မိုးတွေရွာစွေဖြစ်ဖြစ် လွှမ်းမိုးရဲ့မိုးစက်တင်လေဖြစ်ဖြစ်ဖွင့် (မိုးဒေ၀ါတို. တိမ်တမာန်တို. လဲကြိုက်ပါတယ်ဗျ) ကွေးလိုက်ရရင်ဇိမ်ပဲဗျာ။
တူ…….တူဆိုပြီးဖုန်းမည်သံနဲ. အတူ အတွေးယာဉ်ကြောကခဏရပ်မှ သတိရမိတယ် ကိုယ်အလုပ်တွေလုပ်ရအုန်းမှာပါလေ။ အပြင်မှာမိုးတွေရွာနေပေမယ့် မိုးတွေရွာနေတာကိုတောင်မသိနိုင်လောက်တဲ့ (အသံလည်းမကြားနိုင်တဲ့) အခန်းထဲမှာကိုယ့်ရဲ့နေ.စဉ် လက်တွေ.ဘ၀မို. မိုးတွေရွာတုန်းကလေဆိုပြီးလွမ်းနေယုံကလွဲပြီး............

27 May 2008

ဧကရာဇ်တွေဖြင့် တွယ်ကျစ်လို.စီရရီ

မနေ.ညက Bus အပေါ်ကအဆင်းမှာ ပန်းတွေကြွေနေတဲ့ မြေပြင်တစ်ခုကိုတွေ.လိုက်ရပါတယ်။ ညအမှောင်ရယ် အဖြူရောင်ပန်းတွေရယ် ဆိုတော့ ဒီမြေပြင်က ကျနော့ကို စွဲငင်နေပါတော့တယ်။ ကိုယ်ရနေကြ မွှေးပျံ.တဲ့ရနံ့ ရယ် ရိုးတံရှည်ရှည်လေးတွေကို မမြင်ရတော့မှ ကိုယ်ဘဝထဲက ဧကရာဇ်တွေမဟုတ်ပါလားလို.သတိထားမိတယ်။ သြော်ဧကရာဇ်တွေ ခုထိလွှမ်းမိုးနေတုန်းပဲကိုး။ မမေ့သင့်ပါဘူးလေ…..မမေ့သင့်ပါဘူး။
သားငယ်ထဆိုတဲ့အသံကို ကြားမှကိုယ်အိပ်ချင်မူးတူးနဲ.ထမိတဲ့မနက်တိုင်းမှာ အာရုဏ်မတက်သေးဘူးလေ။ အုန်းမောင်းခေါက်သံမကြားခင်မှာ သူငယ်ချင်းတွေလာကြတော့မှာ။ ဘယ်သူမှ မဦးခင် သွားမှလှပတဲ့ပန်းကော်ဇောတွေကို တွေ.ရမှာဖြစ်သလို ပန်းဦးပန်းဖျားတွေရမှ ပိုရောင်းရမှာမို. အိပ်ချင်နေပေမယ့် ကျနော်နိုးထရပြန်ပါတယ်။ကျနော့ရဲ့ငယ်ဘဝလေးမှာ ဒီဧကရာဇ်တွေက အတိအကျကိုပါဝင်ခဲ့တာပေါ့။
သူငယ်ချင်းတွေနဲ.အတူ ရပ်ကွက်ပတ်လည်မှာ ရှိတဲ့ ဧကရာဇ်ပင်တိုင်းရဲ့အောက်မှာ အပြိုင်အဆိုင်ပန်းကောက်ပွဲပါပဲ။ မြေကြီးပေါ်မှာ ကျနော်တို.အပြိုင်အဆိုင်ကောက်လေ့ရှိတာက ဟောဒီ ဧကရာဇ်တွေရယ် ၊ တန်ဆောင်တိုင်မှာ မြို.မျက်နှာဖုံးတွေကြဲချလေ့ရှိတဲ့ မတ်စေ့အသစ်လေးတွေရယ်ပါ။ ကြွေနေပေမယ့် ဖယောင်းသားလေးလို အလှမပျက်ပဲ မွှေးရနံ.တွေတလှိုင်လှိုင်ပေးတတ်တဲ့ သူတို.ကိုကျနော်ချစ်ပါသည်. သြော်ချစ်ရပါသည်..
အပြိုင်အဆိုင်ကောက်ပြီး တောင်းကြီးတောင်းငယ်နဲ.ပြန်လာကြပြီး ဘုရားကပ်ဖို.မှာထားတဲ့အိမ်တွေမှာ အလှဆုံးပန်းတွေကို ပို.ရင်းကုသိုလ်ယူကြရပြန်ပါတယ်။ ကျန်တဲ့ပန်းတွေကိုတော့ ထုံးစံအတိုင်း ဖွတ်မီးကျစ်သီကြရပါတယ်။ ဒါမှလည်း မမဦးတို. မအမာတို. ဒေါ်လေးဒေါ်ဟန်ရှိတို.ပန်ဖို.ရောင်းကြရမယ်လေ။ အဖွားရဲ့စကားအရဆိုရင် အပ်တွေအပ်ချည်တွေမလိုပဲ ကိုယ်အားကိုယ်ကိုးပြီး လောကကိုအလှဆင်ပေးသတဲ့လေ။ သူမို.တွေးရက်တယ် တကယ်တော့ ကိုယ့်ရိုးတံလေးတွေကို ချိုးပြီး တစ်ပွင့်ကနေတစ်ပွင့် ချိတ်ဆက်သီရတဲ့ ပန်းလေးတွေကို ကိုယ်ကတော့ သနားပါသည်။ တွယ်တာပါသည်။ သို.ပေမယ့်လွမ်းရေးထက် ဝမ်းရေးခက်သည်မို. မသီရက်သီရက် နေ.စဉ်ရက်ဆက်သီခဲ့ပါသော ဧကရာဇ်လေးတွေကို ကျနော်မမေ့သင့်ပါဘူးနော်။ မေ့လည်းမမေ့ရက်ခဲ့ပါဘူးလေ။ ရင်ထဲကထာဝရ ဧကရာဇ်တွေရယ်ပါ……….

24 May 2008

ပျောက်ပျက်ဆုံးရှုံးသွားခဲ့သော………

ဒီလောကမှာ ဘယ်သူမှ ကိုယ်ပိုင်ဆိုင်သောအရာများ (ရုပ်ဝတ္ထု များကိုသာမက) မပျောက်ဆုံးဖူးဘူးဆိုတာရှိနိုင်မယ်မထင်။ အသေးအဖွဲမှသည် တန်ဖိုးကြီးမားသည့် အရာများအထိ အကြောင်းအရာ အမျိုးမျိုး ဖြစ်ပျက်မှုအမျိုးမျိုးဖြင့် ပျောက်ဆုံးဖူးမည်မှာမလွဲ။ တခါတရံပျောက်ဆုံးပြီဟု မှတ်ယူထားသော အရာများ အမှတ်မထင်ပြန်လည်ရှာတွေ.တတ်ပါသေးသည်။ ထိုအခါအတိုင်းမသိပျော်ရွှင်ရပါသည်။ သို.သော် ပျောက်ဆုံးနိုင်မည် မထင်သော အရာများပျောက်ဆုံးသွားခဲ့သောအခါ………….
ကျနော် ၃နှစ်သားလောက်က ညတစ်ခုမှာ အိပ်ရာကနေလန်.နိုးလာခဲ့ပါတယ်။ အိပ်မက်မက်ခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာအိပ်မက်လည်းဆိုတာ ကျနော်မမှတ်မိတော့ပါ။သေသေချာချာမှတ်မိတာကတော့ကျနော်ရှိုက်ကြီးတငင်ငိုကြွေး နေမိခဲ့တာကိုပါ။ ဘာလို.ငိုမိတာလည်းဆိုတော့ မိဘတွေမရှိတော့ရင်ဆိုတဲ့ ဆုံးရှုံးမှုအတွေးနဲ.ပါ။ အဲဒီအတွေးကို ဒီလောက်ငယ်ရွယ်တဲ့ အချိန်မှာတွေးမိစေခဲ့တာ ဘာအိပ်မက်များပါလိမ့်နော်။
အိပ်မက်ရဲ့ ပြင်ပလက်တွေ.ဘ၀မှာတော့ တဖြည်းဖြည်းနှင့် ပျောက်ဆုံးမှုအရေအတွက်တွေများပြားစွာနဲ.ပါ။ ၄နှစ်သားလောက်မှာတော့ အဘိုး ကျနော့အမေရဲ့အဖေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ရုပ်ဝတ္ထု များကတော့ ကျနော့ရဲ့ စည်းကမ်းမရှိမှု နမော်နမဲ့နိုင်မှု များနှင့် ပျောက်ဆုံးပျက်စီးရသည်ချည်းသာ။
ကလေးဘ၀ကိုဆုံးရှုံးရချိန်မှာတော့ ထိုဆုံးရှုံးမှုမှာ ပိုမိုကြီးမားပါလိမ့်မည်။ ရိုးသားသော ဖြူစင်သော လွတ်လပ်သော သန်.စင်မွန်မြတ်သော အရာအားလုံးဆုံးရှုံးခဲ့ရပါသည်။ အတ္တ
ကြီးသော မာန်မာနကြီးမားသော ကောက်ကျစ်စဉ်းလဲသော ညံ့ဖျင်းသော လူအဖြစ် မှန်ထဲမှာ နေ.စဉ်မြင်တွေ.နေရပေမယ့် အံ့သြစရာကောင်းလောက်အောင်တုန်လှုပ်ခြင်းကင်းမဲ့နေခဲ့ပါတယ်။
ကျောင်းသားဘ၀ သူငယ်ချင်းတွေမရေမတွက်မမှတ်မိနိုင်အောင်ကို ခွဲခွာခြင်းနဲ. ပျောက်ဆုံးသွားကြပြန်တယ်။ ၀န်ထမ်းမိသားစုမို. အပြောင်းအရွှေ.ကြောင့် ခွဲခွာခဲ့ ရသလို တချို.ခွဲခွာရမှုတွေကတော့ ပြိုင်ဆိုင်ခြင်း ၀န်တိုခြင်း စတဲ့ မောဟများကိုမြစ်ဖျားခံခဲ့ပါတယ်။
ကျောင်းပြီးလို.လုပ်ငန်းခွင်ဝင်ချိန်မှာတော့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို တွေလို.မှတ်ယူခဲ့ပေမယ့် ကိုယ့်ရဲ့ ခံယူချက်တွေ အားလုံးဆုံးရှုံးရပြန်တယ်။ ရာထူးရလိုမှု ၊ အထက်လူကြီးနဲ. အဆင်ပြေမှု စသည် များပြားလှသော ရလိုမှုများကြောင့်တဦးနဲ.တဦး ရန်စောင် ထေ့ငေါ့ တိုက်ခိုက်ကြရင်း ခင်မင်ရင်းနှီးမှုပျက်စီးရပြန်ပါတယ်။
ရပ်ဝေးမြေခြားရောက်ပြန်တော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ နေကြသလို ပြန်ပေါင်းစည်းဖို.လည်းခက်ခဲနေပြန်တယ်။ ကိုယ်သိထားတဲ့ ကိုယ့်ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေရဲ့ ဖော်ရွေမှု ရင်းနှီးမှုတွေဟာလည်းစိမ်းကားစွာ ပျောက်ဆုံးသွားကြပြန်တယ်။
မနက်ဖြန်ဆိုဘာဖြစ်မယ်မှန်းမသိနိုင်တဲ့ ဒီလောကကြီးမှာ ကိုယ့် အတွက် ကြိုတင်မခန်.မှန်းနိုင်တဲ့ ဆုံးရှုံးမှုများက လက်ကမ်းနေမှာအမှန်ပါပဲ။ ဒါပေမယ့်လည်း ကလေးအတွေးနဲ.ကိုယ်တွေးနေမိတာက ငယ်ငယ်တုန်းကလို ပျောက်ရင် ရှာဖွေ နေကြအတိုင်း လက်တစ်ဖက်ထဲကို တံတွေးထည့်ပြီး နောက်လက်ဝါးစောင်းနဲ.ခုတ်ပြီး တံတွေးစင်တဲ့ဖက်ကို လိုက် ရှာပြီးပျောက်ဆုံးနေတဲ့ အဲဒီအရာတွေကို ပြန်တွေ.ရင်ကောင်းမယ်ဆိုပြီးတော့လေ…….အဲဒီပျောက်ဆုံးမှုတွေကိုလေ………

18 May 2008

ကျနော်နဲ.စာဖတ်ခြင်း


စာဖတ်ခြင်းအလေ့အထကို ပျိုးထောင်ပေးခဲ့တာက မိဘနှစ်ပါးပါပဲ။ မူကြိုမတက်ချင်တဲ့ ကျနော့ ကို စာဖတ်ချင်လာအောင် စာဖတ်ချင်စိတ်ဖြစ်လာအောင်ပုံသွင်းပေးခဲ့တဲ့ သူတို.ရဲ့ ကျေးဇူးကတော့ ဆပ်မကုန်နိုင်အောင်ပါပဲ။ အပေါင်းအသင်းတွေလိုစိတ်ဆိုးစိတ်ကောက်မှာ မဟုတ်တဲ့အတွက်တကယ့်ကိုအဖော်ကောင်းတွေပါပဲ။
စဖတ်ဖြစ်တာကတော့ ရွှေသွေး တေဇ မိုးသောက်ပန်းတို.ပါ။ နေ.စဉ်မျှော်ရပါသော ရွှေသွေးနဲ. အပတ်စဉ်စောင့်ခဲ့ရပါသော တေဇ မိုးသောက်ပန်းတို.တွေပါ။ မိဘနှစ်ပါးက English လိုဖတ်စေချင်ပင်မယ့် တစ်ခါမှ ဖတ်ဖို.မကြိုးစားခဲ့ပါဘူး အဲဒါကြောင့် English ညံ့တာဖြစ်မှာပါ။
တဖြည်းဖြည်းနဲ. ရှာဖွေဖတ်တဲ့အချိန်မှာတော့ ကြီးဒေါ်တွေငယ်ငယ်ကဖတ်ခဲ့တဲ့ ကလေးဂျာနယ်၊ ရှုမ၀မဂ္ဂ္ဂဇင်းထဲက ပုံပြင်များ၊ တိုင်းရင်းမေ၊ စန္ဒာမဂ္ဂ္ဂဇင်းထဲက ကြပ်ကလေးပုံပြင်၊ ပေဖူးလွှာထဲ က စနေမောင်မောင် စသည်စသည် ဖတ်ရှုမိခဲ့ပါတယ်။ လေရူးသုန်သုန်တို. သွေးတို. စစ်နှင့်ငြိမ်းချမ်းရေးတို. စတဲ့ အဖိုးတန်ရသစာပေတွေကို ဖတ်ရကောင်းတယ်ရယ်လို. သတိမထားမိခဲ့ပါဘူး။ သတိထားမိတဲ့အချိန်မှာတော့ မရှိရှာကြတော့ပါဘူး။ ရှာဖွေစားသောက်တတ်တဲ့ အစ်ကိုဝမ်းကွဲ ရယ် စီးပွားအရှာကောင်းတဲ့ ကို Bottle ကုလားရယ် က သူတို.ကို အိမ်ပေါ်ကနှင်ချ လိုက် ကြပါတယ်။ အခွင့်အရေးဆိုတာတစ်ခါပဲရတယ်ဆိုတာဟုတ်မှာနော်။
နောက်တော့ကျနော်ဖတ်မိတာက လူကြီးတွေဖတ်ဖတ်နေတဲ့ မောင်နှင်းဆွေ မောင်ဝင်းကြွယ် သိုင်းစာအုပ် များပါ။ တော်တော်လေးစွဲလမ်းပြီး အချိန်တော်ကြာထိ ကြိုက်နှစ်သက်ခဲ့ပါတယ်။
ဒီတစ်ခါလစဉ် စောင့်ဖတ်ရတာကတော့ မဟေသီမဂ္ဂ္ဂဇင်းဖြစ်သွားပါပြီ။ ဘာလို.လဲဆိုတော့စွဲမက်စေတဲ့ အခန်းဆက်ဝတ္ထုရှည်တွေက ကျနော်နဲ.အမေ့ ကို ရန်ဖြစ်ပြီး လုဖတ်တဲ့အထိ ဆွဲဆောင်ထားလို.ပါပဲ။
စာပေပေါင်းစုံကိုဖတ်မိတဲ့ အကြောင်းရင်းခံကတော့ ထူးစာပေ ကြောင့်ဆိုရင်မှားမယ်မထင်ပါဘူး။ စာအုပ်ဆိုင်ရှင်ကလည်း စာပေချစ်မြတ်နိုးသူဖြစ်တာတကြောင်း စာအုပ်ကောင်းတွေများစွာရှိတာတကြောင်း စာအုပ်ဆိုင် ထိုင်ပေးဖို.ပြောတဲ့အခါမှာ မငြင်းမိခဲ့ပါဘူး။ စာအုပ်လည်း ငှားကူရင်း စာအုပ်တွေလည်းဖတ်ရင်းပေါ့။ စဖတ်တာကတော့ စာကောင်းပေကောင်း ကာတွန်းစာအုပ်တွေပါပဲ၊။ မြိုင်ရာဇာတွတ်ပီမှ သည် ဘယ် ကျော်၊ ကျော်အောင်မော် မှသည် စိုင်းဗေဒါ များပြားလှသော စာအုပ်ပုံထဲမှာ မကုန်မခြင်း အားသွန်ခွန်စိုက် ဖတ်ဖြစ်ခဲ့ပါတယ်။ ကျောင်းစာဆိုလို. ကတော့ စာအုပ်လက်ထဲ ရောက်တာနဲ. ပါးစပ်ကစသမ်းနေပါပြီ။ မတူမှမတူတာနော်။ ကာတွန်းတွေ ငြီးငွေ.လာတဲ့အချိန်ကြတော့ ကြည်အေးရဲ့ နွမ်းလျအိမ်အပြန်၊ ဂျုးရဲ့ အမှတ်တရ၊ လွန်းထားထားရဲ့ ရင်ခွင်နန်းတော်……….၊ ရှားရဲ့ ယနေ.ထက်တိုင်….၊ မြပုလဲခင် ရဲ့ ရန်ကြီးအောင်တို.ဇာတ်လမ်း၊ နေနော်ရဲ့ အတွင်းကြေ……ရှင်မိုး….မဆုံးနိုင်တဲ့ စာအုပ်ပုံထဲမှာနှစ်မြုပ်ရပြန်ရော…………
ဘာသာပြန်စာအုပ်တွေကိုလဲအလွတ်မပေးခဲ့ပြန်ဘူး မြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများဆိုတာဖတ်ပြီး တကယ်ပဲ အဲလိုမှတ်တမ်းရေးချင်စိတ်ဖြစ်လာရသလို တက္ကသိုလ်ဆိုတာကိုလဲရောက်အောင်သွားဖို.ဆုံးဖြတ်မိတဲ့အထိပါပဲ။
စာအုပ်တွေကိုစုဆောင်းတဲ့အကျင့်ကို သင်တန်းတစ်ခုက အစ်ကိုကြီးတစ်ယောက်စီကရရှိခဲ့တာပါ။ အခုတော့စုဆောင်းထားတဲ့စာအုပ်တွေနဲ.ဝေးရာမှာကိုယ်ရောက်နေရပြီလေ။ ကိုယ်ရဲ့အိပ်မက်ထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ကိုယ်ပိုင်စာကြည့်ခန်းလေးက ဘယ်အချိန်မှာ ဖြစ်လာမှာလဲနော်။ ဘာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ အလေ့အထအဖြစ် ကိုယ်လက်ခံထားတဲ့ စာဖတ်ခြင်းကတော့ ဆက်လက်၍……..

17 May 2008

ငြိမ်းချမ်းပါစေချစ်တဲ့မြေ


တနေ.ပါလာ သတင်းစာ
ဒီမြေပေါ်မှ သတင်းများ
ဆရာတော်မှသည် ပြည်သူများ
ဆူပူလှုပ်ရှားသတင်းများ
ပစ်ပြန်ပြီတဲ့ခတ်ပြန်ပြီ
ကျည်ဆန်စမ်းနေသည်………

သီရီလင်္ကာ၊ ပါကီတွေ
အသေခံပြီး ဗုံးခွဲမလေ
ကိုယ့် အသက်ကိုပင်
ပဓာနမထား
အာဇာနည်တဲ့လား……….

တိဘက်တရုတ်
ဖြစ်ပြန်တယ်
အိုလံပစ် Torch
အခက်ကြုံတယ်
ဘယ်သူလေမှန်တယ်ထား
ခံစားရသူ သူတို.မသနား။

မုန်တိုင်းတိုက်လို.
ပျက်စီးနေ
သေသေကြေကြေ
ဆင်းရဲပလေ
ထူဖို.လေ ဒို.ကြိုးစား
ပြန်လဲနေတော့
အခက်သား…….

လှုပ်လိုက်ပါတဲ့မဟာပထ၀ီ
ကျောင်းများပြိုလို.ပိပြန်ပြီ
နောင်အနာဂါတ်ခေါင်းဆောင်များ
အရှင်လတ်လတ်မြေမြိုသွား…..

ဆိုးရွားလှတဲ့ ဘေးရန်စွယ်
အသက်အိုးအိမ်ဆုံးရှုံးမယ်
လူမျိုးရေးနဲ.
အာဏာရှင်
တိုက်ကြခိုက်ကြ
ထီမထင်…….

ကြားရမြင်ရ
သတင်းတွေ
စိတ်နှလုံးကြေလို.
ငြိုးချုံးသလေ
အားလုံးလေဆုတောင်းစို.
ဤမြေပေါ်မှာ ငြိမ်းချမ်းဖို.

15 May 2008

How clever this baby?

အခုတလော သောကတွေ အပူအပင်တွေများရလွန်းလို. ရယ်မောပျော်ရွှင်ရအောင် ဒီ Video File လေးတွေ share ပေးလိုက်ပါတယ်...ငြိမ်းချမ်းကြပါစေဗျာ။


video

13 May 2008

MadTV Budget Airline

video

အိမ်ကလေး………………သို.

အဲဒီအိမ်ကလေးကို ကျနော်လွမ်းပါသည်။ လွမ်းမိသည်ဆိုသည်မှာ ဝေးကွာ၍သော်လည်းကောင်း မရောက်တာကြာပြီဖြစ်၍သော်လည်းကောင်း အကြောင်းမျိုးမျိုး ဖြစ်နိုင်ပါသော်လည်း ကျနော့လွမ်းခြင်းက ပြန်မရနိုင်တော့သည်မို. ထာဝရလွမ်းဆွတ်ခြင်းသာ။
ထိုအိမ်ကလေးကိုကျနော်ပိုင်ဆိုင်သည်မဟုတ်ပါ။ အိမ်ကလေးရဲ့ တည်နေရာမှာ ရန်ကုန် မန္တလေး ရထားလမ်းဘေးတွင်တည်ရှိပါသည်။ ရန်ကုန်မြို.နှင့် အလှမ်းမကွာဝေးသော်လည်း တောဆန်သော ငြိမ်းချမ်းသောမြို.လေးတစ်မြို.ဖြစ်ပါသည်။ အိမ်ကလေးရှိရာခြံဝိုင်းထဲတွင် အိမ်ထောင်ခွဲ ဖြစ်လင့်ကစား ဆွေမျိုးများနေထိုင်ရာ အိမ် ၃ အိမ်နှင့် ကျနော့ အဘိုးအဘွားတို.နေထိုင်ရာ အိမ်မကြီး (ကျနော်တို.အခေါ်) ရှိပါသည်။ အိမ်ရှေ.တွင် မြို. ၏ စည်ကားရာဈေးကိုမြင်တွေ.ရပါမည်။ အဘိုးနဲ.အဘွားအပြင် အိမ်မကြီးမှာ ဦးလေး ၄ ယောက်၊ အဒေါ်၃ ယောက် တခြား ညီအစ်ကိုမောင်နှမ ၅ယောက်နေကြပါတယ်။ အိမ်ကပျဉ်ထောင်အိမ်သွပ်မိုးပင်မယ့် ကျယ်ကျယ်ပျံ. ပျံ. ရှိလှလို.ရန်ကုန်တိုက်ခန်းတွေနဲ.စာရင် ကြိုက်နှစ်သက်မိတာအမှန်။
ကျနော်တို.လာရင်ရတတ်တဲ့နေရာက ခေါင်းရင်းခန်းရဲ့ ညာအစွန်ပါ။ အပါးရဲ့ (အဖေနဲ.အမေ အဘိုးကို ခေါ်တဲ့အတိုင်း လိုက်ခေါ်မိတာပါ) ကျယ်ပြန်.တဲ့ ဘုရားစင်အောက်မှာ လူ ၈ယောက်လောက် တန်းစီအိပ်လို.ရတယ်လေ။ အပါးတို.ကတော့ နောက်ဘေးကုတင်ပေါ်မှာပေါ့။ အဲဒီကုတင်က ကျနော့ရဲ့နေ.လည်ဘက်စာဖတ်တဲ့ နေရာပါ။ နေ.ခင်းဆိုအေးလို.လေ။ နောက်ဘေး မီးဖိုကဖွဲမီးဖိုပါ သဘာဝအတိုင်း ဖွဲကိုမီးရှို.ပြီး ချက်ရတာမို. ကျနော့အတွက်တော့အထူးအဆန်း။
အိမ်ရှေ.ကအုန်းပင်တွေကတော့ ကျနော်နွေအလည်ရောက်တိုင်း အပါးရဲ့ ဇွန်းခြစ်အုန်းသီးနုတွေအတွက်ပေါ့။ အုန်းပင်ကိုယ်စီရဲ့ အောက်မှာတော့ ချိုးရေ သုံးရေ ထည့်ထားတဲ့ စဥ့်အိုးကြီးတွေပါ။ ရေသုံးကြမ်းတဲ့ ကျနော် ကိုယ်တိုင်ရေထမ်း ကြည့်တော့ မှ ရေတစ်ထမ်းရဲ့တန်ဖိုးကိုသိတော့တယ်။ လေးလိုက်တာတအား ရေရှားတဲ့အရပ်မို. ရေကန်နဲ. အိမ်အကွာအဝေးက Bus ကား မှတ်တိုင် ၅ မှတ်တိုင်စာ အကွာလောက်ပင်မယ့် ဤခရီးနီးသလားပေါ့။ အုန်းပင်တွေနဲ. လမ်းမကျယ်ကြားမှာရှိနေတာကတော့ အဘွားရဲ.မုန်.ကြိတ်စက်လေးပါ။ ဈေးထဲမှာမုန်.ရောင်းတဲ့အဘွားအတွက်သာမက အရပ်ထဲက လာကြိတ်ကြတဲ့ လူတွေအတွက်ပါ ကြိတ်ပေးတာမို.ကုသိုလ်လည်းရ၀မ်းလည်းဝစေတဲ့ ကြိတ်ဆုံလေးပါ။ ပုံမှန်ဆိုရင် ကူကြိတ်ပေးဖို.၀န်လေးကြပင်မယ့် အားလုံးဆုံတဲ့နွေရာသီမှာ တော့ ကြိတ်ချင်ကြလွန်းလို. ရန်ဖြစ် ကြ လုကြနဲ. တပြုံးပြုံးနဲ.အဘွားက Token ပေးပြီးကြိတ်ကြရတဲ့ ကြိတ်ဆုံလေးပေါ့။
အိမ်ရှေ.လမ်းမတန်းကတော့ ညနေဆိုရေဖြန်း ညဆို ကျနော်တို.တွေမနားတမ်းဆော့ကြတဲ့နေရာပါ။ အမျိုးအင်အားကကောင်းကောင်း နဲ.ထုတ်ဆီးများတိုးလိုက်ရင် လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်ပိတ်သွားတာမို. ဘယ်တော့မှမအောင်နိုင်ခဲ့ဘူးလေ။
အခုအရွယ်ရောက်လာတော့ အားလုံးကိုယ်စီကိုယ်စီ ကိုယ့်လမ်းကိုလျှောက်၊ ကိုယ့်ဘ၀ကိုယ်ကျောင်း လွမ်းရတဲ့ အိမ်ကလေးကို မရောက်ဖြစ်တာကြာလှပါပြီ။ တချိန်ချိန်မှာ သွားဖြစ်အောင်သွား မယ်လို.စိတ်ကူးထားပေမယ့် အရင်လိုဘ၀မျိုး ပြန်မရတော့ဘူးဆိုတာတော့နားလည်ထားပါတယ်။ ဘာလို.လဲဆိုတော့ အားလုံးကဘယ်တော့များမှဆုံနိုင်ကြမလဲမသိနိုင်တော့ပြီ။
ဘယ်လိုပဲ စိတ်ကူးခဲ့စိတ်ကူးခဲ့ ဘာကြောင့်ပဲရူးသွပ်ခဲ့ရူးသွပ်ခဲ့ အခုအဲဒီအိမ်ကလေးကတော့ နောက်ဆုံးပေါ် အားလုံးရဲ့ အသည်းဆွဲကိုင်လှုပ်နိုင်တဲ့ ကိုကိုမုန်တိုင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါပြီ။
လွမ်းတယ်အိမ်လေးရယ်….. လွမ်းတယ်………မင်းကတော့မကြားနိုင်တော့ပြီ……….

12 May 2008

Pls forward this poem to the world

ဒီကဗျာလေးကို Forward email ကနေရတာပါ။ ရေးတဲ့သူဘယ်သူမှန်းမသိ ပင်မယ့် တော်တော်လေးကောင်းပြီး အရမ်းတော်တယ်ဆိုတာ ချီးကျုးပါရစေ။ သူ. email ရဲ့ Subject အတိုင်း Title မှာတင်ပေးထားပါတယ်။ ဖတ်မိသူအားလုံး ဒီကဗျာရေးသူရဲ့ Title လို Forward နိုင်သလောက် Forward ပေးကြပါလို.တိုက်တွန်းပါတယ်။

Burma's Non-Political Flood

Water, water, all around me
But I am so..so… thirsty.
Here, there, human bodies' everywhere
But none alive accompany me and share.
And I look at myself
Broken hopes and empty handed.
And I look further around
Just like a post heavy-battled ground.
Wild cyclone has wiped all things down.

Where are those kids from innocent playground?
Where are students in the green and white uniform?
Where is my town always singing along country rock songs?
Where are my mates who search for freedom and independent?
Where are those local chicks with new-leaf-color lips?
Where are those parents with a too busy habit?
All my questions disappear,
All my answers whisper…and whisperer.
Collaborated disaster of the nature and the dictator!

And I constantly hear voices from my empty stomach
Asking me food, forcing me speak out and stand up.
I silently speak with my loudest, to the entire world
Then mankind's sympathies come and knock my door.

Let me now open my door
'Cause those sympathies will help to fix my wounded floor.
Let me invite them with an open heart
'Cause those sympathies will help my life reconstruct.

Hello Mr. militarists,
Your guns are currently useless,
My demands are urgently needed,
Here, I'm alive, not a corpse yet,
Neither much time left.
Together, let's work out as a nice diplomat!

(Dedicated To My Mother And People Of Burma Who Lost Lives And
Who Are Hardly Survived Under Both Natural And Political Weathers!)

Mothers' Day-2008

10 May 2008

YTU မိသားစုမှအမိနိုင်ငံရှိ Cyclone ဘေးဒဏ်သင့်သူများအတွက်လှုပ်ရှားမှု

Dear RITians and Burmese community,
RIT Alumni (Singapore) together with Myanmar Club (Singapore) andBurmese Buddhist Temple will hold praying session for the victims ofNargis Cyclone at Burmese Buddhist Temple, Toa Payoh.
It is on 11th May 2008 (Sunday) at 9:30 am.
We will collect donations and all the donation slips have serialnumber. We will declear each and every donation slip's serial numberand amount donated on our web site http://www.rit-alumni-singapore.org/.
All our donation will be distributed in Burma through United NationsOffice for the Coordination of Humanitarian Affairs (OCHA) and FuneralAssociation (Nar Yay Ah Thin).
We'll send water purification tablets and medicines as first batch ofdonation.
Nyan Win Shwe
Mechanical 72

For a drowned person, even a thin straw is his biggest hope.
RIT-Alumni Singapore, jointly with Myanmar Club and BBT, will organize a prayer service and donation drive for our people who have suffered from Cyclone Nargis. Venue - Burmese Buddhist Temple (BBT)Time - 11th May (Sunday) 9:30 am Please forward this massage to reach the whole myanmar community in Singapore. "Give a helping hand, Save our people's lives" Please see the following link for more information.
Fund Raising for Cyclone Relief in MyanmarRIT Alumni Singapore, Myanmar Club Singapore and Toa Payoh Burmese Buddhist Temple jointly organized a relief fund raising committee to send aid supplies to cyclone-hit regions of Myanmar.This committee will apply for a permit from Singapore government to organize an official charity event. The committee is organizing a special prayer service at Toa Payoh Burmese Buddhist Monastery on Sunday, 11th of May 2008, to pray for Myanmar people who have suffered from the cyclone. The prayer service will start at 9:30 am and there will be a donation booth for Cyclone Nargis Relief Fund. The first batch of aid supplies such as essential drugs and water purification tablets will be sent out to Myanmar as soon as possible with the help of reliable organizations to make sure that the aid materials will reach to the people who are in need.We will update more details soon. Photos of Myanmar after Cyclone Nargis http://news.bbc.co.uk/2/hi/in_pictures/7385268.stmhttp://news.bbc.co.uk/2/hi/in_pictures/7384111.stmVideos of Myanmar after Cyclone Nargis http://news.bbc.co.uk/2/hi/in_depth/7385289.stm

08 May 2008

စာအုပ်တစ်အုပ်အကြောင်း


တကယ်တမ်းတော့စာအုပ်တစ်အုပ်ဆိုတာဘာမှမဟုတ်ခဲ့ပါဘူးလေ။ ဒါပေမယ့် စာအုပ်တစ်အုပ်အကြောင်းကိုတော့ဖော်ပြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစာအုပ်က ကျနော့ကို ရသစာပေထဲ နှစ်ဝင်စေခဲ့လို.ပါပဲ။ ဘာစာအုပ်မို.လဲ………
စာအုပ်ကိုရေးသားတဲ့သူကတော့ မရှိရှာတော့ပါဘူး။ နာမည်ကြီးစာရေးဆရာတစ်ယောက်ပါပဲ။ အဲဒီစာအုပ်လေးကို အဖေ့တပည့် စာဖတ်ဝါသနာပါတဲ့ ဦးမျိုး ကျော်ကပေးလိုက်တာပါ။ စာအုပ်က ၂ အုပ်တွဲမို. ရသစာပေမဖတ်ဘူးတဲ့ ကျနော်ကစိမ်းကားစွာပဲ ပထမပိုင်းကိုပဲ ယူလာခဲ့တယ်။ စလျှင်စချင်းကဗျာတစ်ပုဒ်နဲ.ဖွင့်ထားပါတယ်။ ကျနော်ကျော်ဖတ်လိုက်တာပေါ့ နားမှမလည်တာကိုး ပြီးတော့ ဇာတ်ကောင်လေး တွေဖော်လာတယ်။ ဇာတ်လိုက်မင်းသားနာမည်က တစ်လုံးထဲ ရယ်။ ဇာတ်လမ်းတည်ထားတာကတော့ သန်လျင်မြို.မှာပါ။ မိုးတွေရွာတဲ့အချိန် ဘေးအိမ်ကကောင်မလေးပျောက်သွားလို.တဲ့ ကောင်လေးအဖေကိုပါအကူအညီတောင်းတာနဲ.ပါသွားပါတယ်။ ကလေးဆိုတော့ မလိုက်ရပေမယ့် စူးစမ်းသိချင်နေခဲ့မှာပါ။ သူ.အဖေပြန်လာတော့ ပြန်ကြားရတယ် ရှာတွေ.တယ်တဲ့။ ဗောဓိကုန်းနားမှာထင်တယ်။
နောက်နေ. မှာ ကဗျာရွတ်နေတဲ့ မျက်မှန်တပ်ထားတဲ့ ကောင်မလေးနဲ. မြယာတောမှာတွေ.ကြတယ်လေ။ ကောင်မလေးနာမည်ကလည်းတစ်လုံးထဲပါပဲ။ အဲဒီကမှ သူတို.နှစ်ယောက်ကျောင်းသွားဖက်တွေဖြစ်လာကြတယ်။ ကောင်မလေးကတစ်တန်းငယ်တယ်ထင်တယ်။ ကောင်မလေးဖက်မှာ ညီအစ်မလေးယောက်ရှိပြီး အားလုံးရဲ့နာမည်ကလည်းတလုံးစီပါပဲ။ အရွယ်ရောက်လာတော့ ညီအစ်မတွေနာမည်ပါတဲ့ ကဗျာတစ်ပုဒ်နဲ. ကာလသားတွေကစကြသတဲ့လေ။ ကောင်လေးမှာအစ်ကိုတစ်ယောက်ရှိပါတယ် ကျောင်းပိတ်လို. အိမ်ပြန်လာတဲ့အချိန်မှာသူတို.နှစ်မိသားစု မြို.ပြင်ဘက်ကခြံတခြံကိုသွားလည်ကြပါတယ်။ အရမ်းဆော့တဲ့ကလေးတွေအဲဒီက ရေကန်မှာရေနစ်တာပေါ့။ သိပ်မကြာပါဘူး ကျောင်းသားသပိတ်ဖြစ်တယ်။ စာရေးစရာရဲ့ တခန်းနဲ.တခန်း တရွက်က နေ တရွက်ခေါ်သွားလိုက်တာ ကျနော်မျက်စိတောင်ပိတ်မိရဲ့ လားမသိပါဘူး။ ပထမပိုင်းပြီးသွားတော့ ကျနော်နောင်တရမိပါတယ်။ ဒုတိယပိုင်းမယူလာမိဘူးလေ။ နောက်နေ.ရောက်ဖို.ဆုတောင်းရင်း အိပ်ရာသာဝင်သွားတယ် စိတ်မဖြောင့်ခဲ့ဘူး။ သိချင်တဲ့စိတ်ကပြင်းပျ နေပြီလေ။ နောက်နေ.ညနေ အဖေ့ကိုဂျီကျပြီး သွားယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စစ်ဖြစ်တဲ့အခြေအနေ နဲ. ဖက်ဆစ်စနစ်ရဲ့ အဖြစ်ဆိုးကို မမှီလိုက်တဲ့ ကျနော်တို.တွေသိအောင်ရေးပြထားပါတယ်။ စစ်နဲ.အတူ မိသားစုနှစ်စုလဲ ကွဲကွာခဲ့ကြရတာပေါ့။ နောင်ပြန်တွေ. တော့ ကျောင်းတွေပြန်ဖွင့်တဲ့အချိန်လေ။
မိန်းကလေးတစ်ယောက်ရဲ့အနေအထိုင်ဟာ ပတ်ဝန်းကျင်ကို ဘယ်လိုရိုက်ခတ်စေသလဲ ဆိုတာကို ပါစာရေးဆရာက ရေးပြလိုဟန်ရှိပါတယ်။ ၁၅၀၀ အချစ်နဲ. ၅၂၈ အချစ်ကြားလွန်ဆွဲ ကြတဲ့ ခေတ်သားကောင်လူငယ်တို.အဖို.ဒီဇာတ်လမ်းက နှစ်သက်စေမှာ အမှန်ပါပဲ။ တိုးတက်ရာတိုးတက်ကြောင်းရှာဖွေဖို.ကိုလည်း တစေ့တစောင်း ဖော်ပြထားပြန်ပါသေးတယ်။ နောက်ဆုံးတော့ ဇာတ်လိုက်နှစ်ယောက်မရကြတဲ့ လွမ်းစရာဇာတ်လမ်းလေး အဖြစ်အဆုံးသတ်ထားပါတယ်။ ဒီစာရေးဆရာကြီးကအလွမ်းဓာတ်ခံရှိဟန်တူပါရဲ့။
စာအုပ်တွေကို ဖတ်ရုံသာမက သိမ်းဆည်းဖို. ကြိုးစားတဲ့ အချိန်မှာ ပထမဆုံး အမှတ်တရအဖြစ် ဒီရသစာပေထဲကိုဆွဲခေါ်ခဲ့တဲ့ ဒီစာအုပ်လေးကို အမှတ်တရအဖြစ်ဝယ်ဖြစ်ခဲ့ပါတယ်။ ဘယ်နှစ်ကြိမ်မြောက်ထုတ်ဝေမှု မှန်း မမှတ်မိတော့ပေမယ့် ဒီတခါတော့ တစ်အုပ်ထဲအဖြစ်ထုတ်ဝေခဲ့ကြပါတယ်။ အဲဒီစာအုပ်လေးကတော့………………………………………..



ရေးချင်စိတ်ရှိလို.သာရေးလိုက်ရပင်မယ့် စာအုပ်ကရွာမှာပဲ ကျန်ခဲ့တာမို. မှားယွင်းဖော်ပြမှုများရှိရင် မောင်ရွာသား၏ မှားယွင်းမှု ညံ့ဖျင်းမှုသာဖြစ်ပါသည်။

07 May 2008

ရင်နင့်အောင်မွှေတဲ့ မုန်တိုင်း


ထုံးစံအတိုင်း သောကြာနေ.ညဆိုဖုံးပိတ်အိပ်တတ်တဲ့ကျနော် ပြီးခဲ့တဲ့အပတ်သောကြာကလည်း ပိတ်အိပ်ခဲ့ပါတယ်။ စနေနေ.အိပ်ရာနိုးလို. ဖုန်းစဖွင့်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ SMS ကိုစောစောစီးစီးရရှိခဲ့ပါတယ်။ ရန်ကုန်မှာ မုန်တိုင်းဖြစ်နေတယ်တဲ့။ အမှုမဲ့ အမှတ်မဲ့ပဲနေလိုက်မိတယ်။ မဲပေးတဲ့အဖြစ်အပျက်နဲ.ပတ်သတ်နေမလားဆိုပြီးတော့လေ။ အဲလိုအဖြစ်အပျက်မျိုးဆိုတာ တစ်သက်နဲ.တစ်ကိုယ်ဒီတစ်ခါ ပထမဆုံး ကြားရခြင်းပါ။ အပြင်ထွက်စရာရှိတာနဲ. အိမ်မှာတူတူနေတဲ့အစ်ကိုတစ်ယောက်က ပိုက်ဆံလွဲဖို.အကူအညီတောင်းတာနဲ. ပိုက်ဆံလွဲဖို.ဆိုင်ရောက်တော့မှ ph ခေါ် လို.မရတဲ့ အပြင် Fax လဲပို.လို.မရဘူးတဲ့။ရလျှင်ရချင်းပို.ပေးပါမယ်တဲ့။ အဲဒီအချိန်ထိမုန်တိုင်းက ရင်ထဲမရောက်သေးဘူး။ အိမ်ကိုပြန်ပြီး ဖုံးဆက်ဖို.ကြိုးစားမိတယ်။ မရဘူးဗျ။ အရင်လိုဆက်သွယ်ရေး ချွတ်ယွင်းချက်ပဲလို.ထင်မိတယ်။ ဖြစ်နေကြဆိုတော့လေ။
စနေနေ. ညမရလို.တနင်္ဂနွေနေ. ဖုံးဆက်တော့လည်း မရပြန်ဘူး။ ဟိုကပို.လာ ဒီကပို.လာတဲ့ SMS တွေအရ အခြေအနေ တော်တော်ဆိုးတယ်တဲ့။ ဘယ်သူမှဖုံးဆက်လို.မရဘူးလေ။ မုန်တိုင်းကအလုံးအရင်းနဲ. ရင်ထဲဝင်လာပါတယ်။ ကလေးငယ်လေး နှစ်ယောက်နဲ. ဗဟန်းကအစ်ကိုမိသားစု၊ အဆင့်မြင့်ဆုံးအထပ်မှာနေကြတဲ့ ဦးရုပ်ဆိုးတို. မိသားစု၊ ကြည့်မြင်တိုင်က ဖအေအိုကြီး နဲ. အစ်မမိသားစု၊ ရှစ်မိုင်က ယောကျာ်းမရှိတဲ့ အစ်မနဲ. သူ.ရဲ့ငယ်ရွယ်သေးတဲ့ သားငယ်၊ နယ်မှာပင်မယ့် နှစ်ယောက်ထဲ ဖြစ်နေတဲ့ အမေနဲ.အဖေ၊ စသည် စသည် သူငယ်ချင်းမှသည် လုပ်ဖော်ကိုင်ဘက်ဟောင်းများ အဆင်ပြေကြပမလား စိတ်ပူပန်မှု ကြီးစွာ ဖြင့် ဖုံး ကတ်ကုန်တဲ့ အထိ ကြိုး စားခဲ့ပါတယ်။ ပိုက်ဆံ သာကုန် မောင်ရွာသား ဖုံးမပြောခဲ့ရပါဘူး။ Internet ထဲက သတင်းတွေကလည်း ရင်ထဲ ကို မီးနဲ.မြိုက်သလိုပါပဲ။ ခလုတ်ထိမှအမိတတယ်ပဲ ပြောပြော ဘုရားရှင်ကို ပဲဆုတောင်းရပါတယ်။ ဘေးရန်ကင်းကြပါစေ အသက်ဘေးနဲ. ကင်းဝေးကြပါစေပေါ့ဗျာ တတ်သလောက်မှတ်သလောက် ဂါထာတွေရွတ်လိုက် ဖုံးကိုကိုင်လိုက် ခေါ်လို.မရလိုက်နဲ. ကူကယ်ရာမဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီကသူငယ်ချင်းတွေအားလုံးပဲ ကိုယ်စီကိုယ်စီ သောကတွေတလှေကြီးနဲ. ဖုံးကိုပဲသဲကြီးမဲကြီးနိုပ်နေကြပါတယ်။ CDMAရတယ်ဆို ပြီး CDMA တွေဆက်ရ၊ GSMရတယ်ဆိုလို. GSM ဆက်ရနဲ. တောင်ပဲပြေးရမလို မြောက်ပဲပြေးရမလို နဲ. ယုန်ကဘယ်ဆီနေမှန်းကိုမသိနိုင်ခဲ့ဘူး။ ဆက်လို.ရတဲ့ သူငယ်ချင်းနှစ်ယောက်ဆီကလည်းအားရစရာ နှစ်အိမ်လုံး ခေါင်မိုးမရှိတော့ ဘူးဆိုတော့ စိတ်ပူပန်မှုက အထွတ်အထိပ်ကိုရောက်သွားပါတော့တယ်။ ညတိုင်းမအိပ်မနေအသက်ရှည်ဆိုပြီး ဖုံးဆက်လိုက်ရတာ Cannot be available ဆိုပြီးဝင်ဝင်ပြောနေတဲ့ မိန်းမကြီး သာအခေါက်တိုင်းတကယ်ပြောရရင် မောလွန်းလို. သေသွားမလားပဲ။ မုန်တိုင်းကစဲသွားပေမယ့် ရင်ထဲကသောက ကမငြိမ်းနိုင် သေးပါဘုး။ အိမ်ရာမဲ့ ဘယ်လောက်ရှိလာမလဲ နဂိုကမှ ဆင်းရဲနေကြရတဲ့ ကြားထဲ ရေနှစ်သူဝါးကူလို.ထိုး ဆိုသလိုပါပဲ။ တိုးတက်ဖို.အားယူရင်း ဆုတ်ယုတ်နေတဲ့ အင်အားကို ဘယ်လိုပြန်လည်ဆယ်တင်ရမလဲဟင်။ အမျိုးအဆွေ သူငယ်ချင်း အပေါင်း အသင်းမိတ်ဆွေများမှသည် တပြည်လုံးရဲ့ ပျက်စီးဆုံးရှုံးမှုကို ဘယ်လိုကယ်တင်ရမလဲ။ ဆင်းရဲနေပါတယ်ဆိုမှ ဈေးကို အဆမတန်မြင့်တင်ပြီး အမြတ်ကြီးထုတ်နေကြတာကိုကော တရားမျှတတယ်ယူဆရမလား။ တိုင်းပြည်ကိုချစ်ပါတယ် တချိန်လုံးနားကြားပြင်းကတ်လောက်အောင်ပြောနေတဲ့ လူတွေကကောအခုဘယ်ရောက်နေကြပြီလဲ။ တဖြည်းဖြည်း တရိပ်ရိပ်တက်နေတဲ့ အသေအပျောက် counter စာရင်းကိုလည်း တားလို.ရရင် ရပ်ပစ်လိုက်ချင်ပါပြီ။ ခဲဖျက်နဲ.ဖျက်လို.ရရင်လဲကောင်းမှာ။
ဒီမုန်တိုင်းက ရပ်ဝေးရောက်နေတဲ့ လူတွေအားလုံးရဲ. ရင်နင့်အောင် တိုက်ခဲ့တာမို. အားလုံးနဲ. ထပ်တူထပ်မျှခံစားနေရပါကြောင်း……………..

03 May 2008

မိမာတာ


အို ကြားရတဲ့စကားကို မယုံနိုင်ပါဘူး ကျမလက်မခံနိုင်ဘူး။ ရူးတယ်လို.ပဲပြောချင်ပြော လုံးဝလက်မခံဘူး။ ဒါဟာ ကျမရဲ့ နှစ်ရှည်လများ တမ်းမက်ခဲ့ရတဲ့ အိပ်မက်။ အိပ်မက်မှ လက်တွေ.ဖြစ်မယ်မကြံသေး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်တဲ့လား။ မဖြစ်နိုင် လုံးဝကို မဖြစ် နိုင်ပါဘူး။ အခန်းအပြင်ကို ထွက်ငေး ကြည့်မိတယ် အဲဒီအတိုင်းတကယ် မဖြစ်ပါစေနဲ.ပေါ့ လက်ကိုဆိတ်ကြည့် မိတယ် နာကျင်မှုရဲ့နောက်မှာ ကျမဆောက်တည်ရာမဲ့ခဲ့ရတယ်။ အမှန်တရားကို ရင်ဆိုင်ဖို. အားမွေးရင်း ကြုံလာတဲ့ ကံကိုပဲယိုးမယ်ဖွဲ. ရမလားပဲ။
ဆရာဝန်ရဲ့စကားက နားထဲမှာ အထပ်ထပ်ကြားနေမိတယ်။ “ နှလုံးရောဂါ အခံရှိတဲ့ အပြင် စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆိပ်ရှိမယ့် အနေအထားမို. ဒီကလေး (ကျမရဲ့ သားဦးလေးကို) မယူဖို. ။ ကိုယ ်ဝန်လနုနု မှာမို. ဒီကိုယ်ဝန်ကို ဖျက်ဆီးဖို. အကြံပေးပါတယ်တဲ့။” မွေးဖွားဖို.နီးလာတာနဲ.အမျှ ခံစားရမယ့်ဝေဒနာ တဖြည်းဖြည်း ပြလာမယ့် ရောဂါ အခြေအနေကို သမားတော်ကောင်းပီသစွာ အပိုအလိုမရှိပဲ စိတ်ရှည်လက်ရှည်ပဲ ရှင်းပြနေတယ်။ ကျမ ဘယ်နားနဲ.နားထောင်ရမလဲဟင်။ ကလေးရယ်ကံဆိုးလိုက်တာ လောကကြီးကို မရောက်ခင်ထဲက လက်မခံဖို.ပြောနေကြပြီ။
မိခင်ဘဝကို ရောက်ခါနီး ဘဝ၊ ကလေးချစ်တတ်တဲ့ ကျမအတွက် ကိုယ်ပိုင်ကလေးတစ်ယောက်ရခါနီးဘဝဆို တော့ ပျော်နေတဲ့ အပျော်တွေကြားထဲမှာ နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလိုပါပဲ။ ကျမရဲ့ဆုံးဖြတ်ချက်ကို မိခင်တိုင်း ကြို တင်ရိပ်မိသိရှိနေမှာ ပါ။ ခေါင်းမာတဲ့ ကျမ အားလုံးနဲ. ဆန်.ကျင်ပြီး အသက်ကို ရင်းပြီး ဒီကလေးကို ယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။ ရဲဝံ့စွာပဲ ဒီကိုယ်ဝန် နဲ. ပတ်သတ်သမျှ ဖြစ်ပျက်သမျှကို တာဝန်ယူပါ့မယ်ဆိုတဲ့ လက်မှတ်ကိုထိုး ပြီးဆေးရုံ ပေါ်ကဆင်းလာခဲ့ပါတယ်။
တဖြည်းဖြည်းနဲ.လရင့်လာတာနဲ.အမျှ ခံစားရတဲ့ဝေဒနာ ဆရာဝန်ရဲ့ ကြိုတင်သတိပေးချက်တွေဟာ ပိုမို မှန်ကန်လာကြောင်းသက်သေပြ နေကြပြီလေ။ဒါပေမယ့် နောက်ဆုတ်ဖို.တော့ ကျမမှာ Back Gear မရှိဘူး။ ဟင့်အင်းကျမ ရအောင်ကိုမွေး မယ်။ အမျိုးသားနဲ. ကျမရဲ့ မိဘမောင်ဘွားတွေကလည်း ကျမကို စိတ်ပူစွာပဲစောင့်ကြည့်နေကြတယ်။ကျမအမေလည်းနောက်ကွယ်မှာမျက်ရည်ကျနေပါလိမ့်မယ်။ မိခင်လောင်းတွေခံစားနေကြ ပုံမှန်ဝေဒနာတွေထက် ကျမခံစားခဲ့ရပါတယ်။
Due Date ပြည့်ခါနီးသောကြာနေ. တညနေမှာတော့ ကျမမီးဖွားမယ့် ဝေဒနာကိုစတင်ခံစား ရပါတော့တယ်။ တအိမ်လုံးပျာယာခတ်နေကြပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်းဆေးရုံကိုပို.လိုက်ကြပါတယ်။ ဆေးရုံအုပ်ကြီးနဲ.တကွ မေထရွန်တွေဝိုင်းနေတဲ့ ကျမ စနေနေ.ညနေ ရောက်တဲ့ထိမမွေးနိုင်သေးပါဘူး။ ရင်နှင့်အမျှခံစားရတာနဲ.အမျှ အားအင်တွေလည်း ဆုတ်ယုတ်လာခဲ့ပါပြီ။ နောက်ဆုံးကျမသေသွားသလိုပဲခံစားရပါတယ်။ မဲမှောင်နေတဲ့နေရာမှာ ကျမတစ်ယောက်ထဲ အကူအညီတောင်းဖို.ကြိုးစားပေမယ့် အသံထွက်မလာခဲ့ပါဘူး။ အဖြူနဲ.အမည်း ဘယ်အရာမှမသဲမကွဲဖြစ်နေတုန်းမှာ ကျမအသံတွေကိုပဲ ကြားနေရပါတယ်။ “ဆရာမလေးတဲ့ ငယ်ငယ်လေးပဲရှိသေးတယ် ကလေးမမွေးနိုင်လို. သေရတော့မယ်တဲ့၊ သနားပါတယ်တော် မိဘတွေတော့ ရင်ကျိုးတော့မှပဲ။” ဆိုတဲ့အသံ “ကဲ ကဲ လူနာရှင်တွေ လူနာမျက်နှာကို အသေအချာ ကြည့်ထားပါ” ဆိုတဲ့ အသံတွေကိုပဲ ကြားနေ ရပါတယ်။ ကျမအဖေရဲ့ ပိုက်ဆံကုန်ချင်သလောက် ကုန်ပလေ့စေ ကျနော့်သမီးအသက်ကို ကယ်ပါ ဆိုပြီး ဆရာဝန်ကြီးဆီမှာ သွားငိုတာ တွေ၊ ကျမအမျိုးသား ကဆေးရုံနံရံကို စိတ်မထိန်းနိုင်ပဲ လက်သီးနဲ.ထိုးတယ်ဆိုတာတွေ၊ ကျမရဲ့လက်ကသွေးတွေဆုတ်သွား ပြီဖြစ်တာမို. ခြေထောက်ကသွေးကြောတွေဖြတ်ပြီး သွေး ၃၂ ပုလင်းသွင်းနေရတယ်ဆိုတာတွေကို ကျမလုံးဝမသိရှိနိုင်ခဲ့ပါဘူး။ ဆေးရုံရောက်လို. ၃ ရက်မြောက်နေ.မှာတော့ သွေးပေါင်ချိန်မပြည့် နိုင်တော့တဲ့ကျမကို ကျမအမျိုးသားရဲ့ခွင့်ပြု လက်မှတ်နဲ. ဆရာဝန်ကြီးတွေခွဲစိတ်ဖို.ကြိုးစားခဲ့ပါတယ်။ ၈၀% သေဖို.ဘက်အားများနေခဲ့တာမို. မပြေးသော်ကန်ရာရှိ နောက်ဆုံး ကောက်ရိုးတမျှင်ကို ပဲဆွဲလိုက်ကြပါတော့တယ်။ မကြာမတင်မှာပဲ ဆရာဝန်ရဲ့ ညှပ်အဖျားမှာ ကျမရဲ့ အိပ်မက်လည်းဖြစ် အနာဂါတ်လည်းဖြစ်တဲ့ ရင်သွေးလေး ပါလာပါတော့တယ်။ မေ့မျောနေတဲ့ ကျမမှာ သတိရလိုက်တဲ့တချက်မှာ ညှပ်ရာဒဏ်ချက်တွေပါလာမလားလို.စိုးရိမ်ခဲ့မိပါသေးတယ်။ ၁၈ချက်သော သေရာပါချုပ်ရာတွေရ ရှိခဲ့ယုံသာမက မွေးဖွားပြီး ခြောက်လထိဆေး ရုံမှာပဲ နေခဲ့ရပြီး နောက်ခြောက်လအထိအောက်ပိုင်းသေ (သမားတော်ပြောထားခဲ့တဲ့အတိုင်းကို ဖြစ်သွားခဲ့တာပါ) သွားခဲ့ရတဲ့ ကျမကို အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရခဲ့သလားလို.မေးခဲ့ရင် ကျမရဲ့ အဖြေကတော့……………….


အသက်ကိုစွန်.ပြီးရဲဝံ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ. မွေးဖွားပေးခဲ့တဲ့အမေ…….
အမေ့အတွက်ပြန်လည် အချိန်မပေးနိုင်ခဲ့သော…….
အမေ့ကိုနားလည်မပေးနိုင်ခဲ့သော…….
သားဆိုးလေးတစ်ယောက်……..
ထို.ထက်ပိုပြီး အဝေးရောက်သားဆိုးတစ်ယောက်မှ…(ကိုငှက်ကြီးအမေသီ်ချင်းခွေထဲကပါ)
မေလ ၁၁ ရက်နေ.မှာ ကျရောက်လာမယ့် Mother's Day အမှတ်တရဂါရဝပြု ကန်တော့လိုက်ပါတယ်။


Photo is copied from www.cartoonstock.com

01 May 2008

ဘောင်ထဲကပန်းချီကားတစ်ချပ်


၆ နာရီ ဖုန်းထဲက recurrent alarm သံကို စကြားရ
လုပ်စရာရှိတာ လုပ်ထားမှ
ဘုရားကို ဦးသုံးကြိမ်ချ
၆နာရီ ၄၀ ကားဂိတ်ရောက်ဖို. လိုသေးတယ်
၇နာရ်ီထိုးပြီ Escalator ပေါ်မှာပြေးရမည်
၇နာရီ၄၅ Bus car ရယ်မှီပမလား
၈နာရီ၃၀ ရုံးရှေ.လေးမှကိုယ်ရောက်မယ်
၁၂နာရီမရောက်ခင်ထိနာရီလေးကိုတကြည့်ကြည့်
၁နာရီထမင်းစား စကားတွေလည်းအလွန်များ
၆နာရီရောက်တော့ကွယ် စောင့်မျှော်ရတာမောလှတယ်
၆နာရီ၁၀မိနစ် အိမ်ပြန်ဖို.အတွက်အသင့်ဖြစ်
၇နာရီ၄၀ ညစာစားဖို.ပြင်ရတယ်
၈နာရီကျော်သွား ဝေလေလေနဲ.တော်တော်မအား
၁၁နာရီရောက်ရင် မျက်တောင်လေးတွေအတော်ညောင်းထင်
တရက်လေ ကုန်လို.သွား ရုံးတက်ရက်များ
စနေနဲ.တနင်းင်္ဂနွေ လမ်းမထက်မှာကုန်ဆုံးနေ
၁လ လေကုန်လို.သွား
မပြီးသေးတဲ့ ထိုပန်းချီကား
ဘောင်ထဲမှာပင် သူလှုပ်ရှား။