10 June 2017

ချောင်ဘန်နဲ့ ဟနွိုင်း

မနက်မိုးလင်းတော့မှ အလင်းရောင်နဲ့ အတူ တောင်တန်းတွေနဲ့ ချောင်ဘန်မြို့ကို ဟိုတယ်အခန်းထဲကနေ အတိုင်းသား မြင်နေရတယ်။
အဲ့ဒီမနက်က မိုးလေး ဖြုတ်စဖြုတ်စ ရွာနေခဲ့ဟန်တူတယ်။ ဓါတ်ကြိုးတွေမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်တွေ ကျန်နေခဲ့တယ်။ဟိုတယ်ကနေ Check out လုပ်ပြီး မိုးအေးအေးနဲ့ ဗီယက်နမ် ဖို ခေါက်ဆွဲလာစားကြတယ်။ ရာသီဥတုကြောင့်လား လတ်ဆတ်မှုကြောင့်လား မသိဘူး ခေါက်ဆွဲက သိပ်အရသာရှိနေခဲ့တယ်။

ပြီးတာနဲ့ ချောင်ဘန်မြို့ကို နှုတ်ဆက်ပြီး ဟနွိုင်းကို ပြန်လာကြတယ်။ ပြန်လာတဲ့ လမ်းဟာ ဗီယက်နမ်ရဲ့ သမိုင်းမှာ ထင်ရှားတဲ့ လမ်းပဲဖြစ်ပါတယ်။ ချောင်ခိုတိုက်ခိုက်မှုမှာ နာမည်ကြီးခဲ့တဲ့ တောင်တန်းဒေသပဲဖြစ်ပြီး နာမည်ကျော်တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်။
ရှုခင်းကောင်းတဲ့ နေရာတွေမှာ ကားခဏရပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။



နေ့လည်စာကို လမ်းတနေရာမှာ နားရင်းစားကြတယ်။
ဟနွိုင်းကို ညနေနေဝင်မှ ရောက်တယ်။ ဟိုတယ်နားက ဘုရားကျောင်းကိုသွားကြတယ်။ ဘုရားကျောင်းမှာ ပွဲတော်လုပ်နေတယ်။




ဘုရားကျောင်းက အပြန် ငှက်ပျောဖူးသုတ်ဝင်ဆွဲကြတယ်။ ဟနွိုင်းမြို့ဆိုင်ကယ်တွေ စီးချင်းထိုးနေတာကို ငေးရင်းပေါ့
သူတို့တွေလည်း မနေနိုင်လို့ ဈေးတွေ ဝင်ရောင်းကုန်ပြီ
ပန်းချီပြခန်းတွေထဲ ဝင်မွှေကြတယ်

တံတားနီမှာ ဓါတ်ပုံရိုက်ရင်း ကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း လာတာကို ထိုင်စောင့်တယ်။ ဆိုင်ကယ်ပတ်စီးချင်တဲ့ သူငယ်ချင်းလည်း ဆန္ဒပြည့်သွားတယ်။ ကျနော်လည်း သူ့အိမ်ကို အလည်လိုက်သွားတယ်။ 
နောက်နေ့မနက် ဟနွိုင်းကနေ ခွာလာခဲ့တာ ဒီနေ့ထက်ထိ ပြန်မရောက်ခဲ့တော့ဘူး.......

No comments: