မနက်ကိုးနာရီလောက်
လာခေါ်မယ်ဆိုတော့ ရှစ်နာရီလောက်မှာထတယ်။ ဟိုတယ်က ကျွေးတဲ့ မနက်စာပူပူနွေးနွေးကို အားရပါးရစားဖို့။
အကြိုက်ဆုံးက ခေါက်ဆွဲပါ။ ပန်းကန်လုံးလေးနဲ့ပေးတာမို့ နှစ်လုံးတောင်ဆွဲလိုက်တယ်။ လတ်ဆတ်တဲ့လေထုရယ်
အသီးအနှံတွေရယ်နဲ့ မနက်ခင်းဟာ ဒွိယံဒွိယံဖြစ်လို့နေတယ်။
ဒီနေ့တော့
နာမည်ကျော် သချင်္ ိုင်းဂူခုနှစ်ခုထဲက နှစ်ခုကိုသွားမယ်။ ပထမဆုံးသွားဖြစ်တာ မင်းမန်ဘုရင်ရဲ့
သချင်္ ိုင်းတော်ပါ။ ငုယင်နန်းဆက်ရဲ့ ဒုတိယမြောက်ဆက်ခံသူဖြစ်ပြီး နန်းစံသက် ၂၁နှစ် အသက်
၅၀မှာ ကွယ်လွန်ခဲ့တယ်။ အိမ်ရှေ့စံသားတော်ကြီးကွယ်လွန်သွားတာကြောင့် မရွယ်ဘဲ စော်ကဲမင်းဖြစ်လာတဲ့
မင်းမန်ဟာ ကျူးကျော်လာသူ နယ်ချဲ့ ဥရောပသားတွေကို တွန်းလှန်လိုစိတ်ပြင်းပြတဲ့သူ တယောက်ပဲဖြစ်တယ်။
သချင်္ ိုင်းကိုရောက်သွားတဲ့အခါ သာယာလှပမှု၊ ရှုချင့်စဖွယ် ခမ်းနားလှပစွာ တည်နေတာကိုတွေ့ရတယ်။ ၁၈၄၁မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်နေဆဲကာလမှာ မင်းမန်သေဆုံးသွားခဲ့ပါတယ်။ အားလုံးပြီးစီးသွားချိန်က နှစ်နှစ်အကြာ ၁၈၄၃မှာပါ။
ဒီသချင်္
ိုင်းက ဒုတိယမြောက်ကျနော်ရောက်ဖြစ်တဲ့သချင်္ ိုင်းဖြစ်ပြီး သတိထားမိသလောက် သူတို့ရဲ့
တည်ဆောက်ပုံက အဝင်တံခါးအပြီးမှာ တောင်ကုန်းတခုကို တက် ပြန်ဆင်း နောက်တက်တောင်ကုန်းတခုကိုတခါပြန်တက်
နောက်ဆုံးအတွင်းပိုင်းမှာ အုတ်ဂူတော်ရှိတာပါ။ ဒီသချင်္ ိုင်းမှာတော့ တောင်ကုန်းမြင့်တခုနဲ့တခုဟာ
တညီတည်း ထပ်တူကျဆောက်လုပ်ထားတာကိုတွေ့ရတယ်။ အဝင်တံခါးဝတိုင်းရဲ့ အလယ်တံခါးပေါက်ကို
ဘုရင်ကလွဲရင် ဘယ်သူမှ ဝင်ရောက်ခွင့်မရှိတာမို့ ပိတ်ထားတာပဲတွေ့ရတယ်။
သူ့အုတ်ဂူတော်ကိုရောက်ဖို့ လှေခါး ၃၃ထစ်ကို တက်ခိုင်းထားပြန်တယ်။ လခြမ်းပုံစံရေကန်တဲ့အတူ အေးမြတဲ့လေထုဟာ ပတ်ဝန်းကျင်တခုလုံးကို မေ့လျော့စေခဲ့ပါတယ်။
သချင်္ ိုင်းတော်က အပြန် မြစ်ဘေးနားကနေ စိတ်ကူးယဉ်ပြီး လမ်းလျှောက်ခိုင်းခဲ့တာမို့ ကြည်နူးစရာ ရှုခင်းနဲ့အတူ အတွေးတွေဟာ ဖြန့်ကျက်လို့။နေ့လည်စာထမင်းကို သူတို့စီစဉ်ထားတဲ့ ဆိုင်မှာလိုက်ကျွေးပြီး နောက်တနေရာကိုကူးကြပြန်တယ်။
ဒီတခါသွားတဲ့နေရာက နောက်ဆုံးဘုရင်ဖြစ်တဲ့ ခိုင်ဒင်းရဲ့ သချင်္ ိုင်းတော်ပါ။ သချင်္ ိုင်းတော် အများစုဟာ မြစ်ရဲ့နံဘေးမှာ မြေပြန့်နေရာမျိုးမှာတည်ဆောက်ထားလေ့ရှိပြီး ခိုင်ဒင်းရဲ့ သချင်္ ိုင်းတော်ကိုတော့ တောင်စောင်းပေါ်မှာ ဆောက်ထားခဲ့တယ်။ ပြင်သစ်ကို ကိုယ်တိုင်သွားရောက်လေ့လာပြီး တည်ဆောက်ခဲ့တာမို့ ပြင်သစ်အငွေ့အသက်လွှမ်းမိုးမှုတွေ များတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
နန်းစံသက်ကိုးနှစ်နဲ့ ရုပ်သေးဘုရင်အဖြစ်နာမည်ကျော်ခဲ့တယ်။ သူ့အရှေ့ဘုရင်နှစ်ပါးလုံးကို ပြင်သစ်အုပ်ချုပ်သူတွေက ဖိအားပေး နန်းစွန့်ခိုင်းတာကြောင့် သူ့အဖြစ်ကလည်း ထီးနန်းဟာ ရုပ်ပြတခုသက်သက်ပါပဲ။ ပြင်သစ်တွေနဲ့ အဆင်ပြေအောင်နေထိုင်တာကြောင့် တိုင်းသူပြည်သားတွေက မကြည်ဖြူတာကိုလည်း ခံခဲ့ရတယ်။ ပိုဆိုးတာက သူ့သချင်္ ိုင်းတော်အတွက် အခွန် ၃၀ရာခိုင်နှုန်းပိုကောက်ခဲ့တာပါ။
သချင်္ ိုင်းတော် ဆောက်လုပ်တဲ့ အချိန် ၁၁နှစ်ကြာခဲ့တယ်။ ဗီယက်နမ်ရိုးရာအငွေ့အသက်တွေ ပျောက်ကုန်ပေမယ့် ထူးခြားတဲ့ တည်ဆောက်ပုံတခုတော့ ဖြစ်စေခဲ့ပါတယ်။ ထူးခြားတာက ကြီးမာတဲ့ နဂါးရုပ်ကြီးတွေ၊ နံရံတွေနဲ့ သူ့ရုပ်ကြွကို ခြယ်သထားတဲ့ ကြွေအတတ်ပညာ၊ မျက်နှာကြက်ပေါ်က နဂါးကိုးကောင်တို့ပါပဲ။
သချင်္
ိုင်းတော်တွေကို ကြည့်ပြီးတဲ့အခါ စိတ်ထဲမှာ ကဗျာတပိုဒ်ကို ရေရွတ်မိတယ်။
Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where i lie.
ဒီလိုမျိုးကြီးကျယ်ခမ်းနားစွာ မှတ်ထင်ကျန်ရစ်ဖို့ထက် လူသေပေမယ့် နာမည်မသေပဲကျန်ရစ်ဖို့ကကော အရေးမကြီးဖူးလား။ ပြီးတော့ တခြားလူတွေရဲ့ ချွေးနည်းစာတွေကို အတင်းအဓမ္မယူပြီး အခုလို ဆောက်ရတာကို လိပ်ပြာသန့်နိုင်ပါ့မလား…တယောက်နဲ့တယောက် အတွေးအခေါ်အယူအဆခြင်း မတူညီနိုင်တာမို့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲမဟုတ်ပါလား…
ပြန်အထွက်မှာ ကျနော့တိုးဂိုက်ရဲ့ သူငယ်ချင်းက ဗီယက်နမ်ဝတ်စုံကိုဝတ်လာတာမို့ သူ့ပုံကို ခွင့်တောင်းပြီး ရိုက်ယူခဲ့ပါတယ်။
သချင်္ ိုင်းက ပြန်လာတဲ့အခါ ဟိုတယ်က အနှိပ်ခန်းမှာ အနှိပ်ခံမယ်ဆိုပြီး စိတ်ကူးတယ်။ လုပ်ဖော်ကိုင်ဖက်က သူတို့ ဗီယက်နမ်အနှိပ်ပညာကို စမ်းသပ်ပါလို့ မှာလိုက်တာကိုး။ ခက်တာက အနှိပ်ဆိုတာရုပ်ပြ နောက်ကွယ်က တခြားအမှောင်ကမ္ဘာ။ သူနှိပ်တာကနည်းနည်း စျေးခေါ်နေတာက များများ။ ငါ့မိန်းမနဲ့လာတယ်ဆိုတော့မှ ရပ်သွားတယ်။ တော်သေးတယ် အဲ့ဒီညက သန်းခေါင်လောက်မှာ ဟိုတယ်အခန်းတိုင်းကို ရဲကလာစစ်ပါတယ်။ ဘယ်တိုင်းပြည်မှာမှ အဲ့လိုမကြုံဖူးသေးဘူး။ အတွေ့အကြံုပေါ့…
အလုပ်ထဲက တယောက်ပြောဖူးသလို သူ့အမျိုးသားက တရုတ်ပြည်ကို အလုပ်နဲ့သွားတာမို့ သူလိုက်သွားခဲ့သတဲ့။ ညနေလောက်ရောက်တော့ အခန်းထဲက ဖုန်းမြည်လာပြီး သူတို့လာရတော့မလား လာလို့ရမလား ဘာညာလုပ်တော့ နေတော့နေတော့ မလာနဲ့တော့ ဒီမှာငါရောက်နှင့်နေပြီလို့ ပြန်ဖြေခဲ့တယ်လို့ ရီစရာပြောဖူးတာ အမှတ်ရမိတယ်။

ရာသီဥတု အေးအေးမှာ ကွေးကွေးလေး နှပ်လိုက်ဦးမယ်။ နောက်တနေ့မှ ဆက်တာပေါ့….
No comments:
Post a Comment