
ခရမ်းရောင်နန်းတော်ကို ရောက်တဲ့အခါ နန်းတော်အဝင်တံခါးဟာ ခမ်းနားလွန်းနေတယ်။ ဒါတောင် ပြင်သစ် အမေရိကန်စစ်ပွဲတွေကြောင့် အပျက်အစီးတွေကြားထဲမှာ ကျန်ရစ်ခဲ့တာလေးတွေ။ တောင်ပိုင်းဗီယက်နမ်ရဲ့ ငုယင်နန်းဆက် ထီးနန်းစိုက်ရာ ခရမ်းရောင်နန်းတော်ဟာ ၁၈၀၄ခုနှစ် စတည်ဆောက်ချိန်ကနေ နှစ်ပေါင်း နှစ်ရာ့တဆယ်နီးပါးလောက်ကြာမြင့်


ဘေဂျင်းက
နန်းတော်ရာကို တုပထားတယ်လို့လည်း ဆိုကြသလို၊ ဗီယက်နမ် ဗိသုကာပညာရှင်များရဲ့ ဒီဇိုင်းနဲ့ပဲတည်ဆောက်ထားတယ်လို ့လည်း အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ ဘေဂျင်းနန်းတော်ဟာ တောင်ဖက်ကိုမျက်နှာမူထားပြီး ခရမ်းရောင်နန်းတော်ကိုတော့
အရှေ့ဖက်ကို မျက်နှာမူထားတာမို့ တနည်းကွဲပြားလို့နေပါတယ်။ ကျုံးတွေ၊ ထူထည်းတဲ့ နံရံတွေနဲ့အတူ
နန်းတော်ဟာ နှစ်ကီလိုမီတာခွဲလောက်တောင် ကျယ်ပြန့်တယ်။ အရင်တုန်းကတော့ မြေသားနံရံတွေဖြစ်ပြီး
နောက်ပိုင်းမှာ လုပ်သားပေါင်း သောင်းဂဏန်းပမာဏနဲ့ ကျောက်သားနံရံကိုပြောင်းလဲပစ်ခဲ ့တယ်။




၁၉၉၀နှစ်လယ်လောက်ပိုင်းအထိ နောက်ဆုံးမင်းဆက်စိုးစံခဲ့ရာ အခန်းဆောင်ပေါင်းရာနဲ့ချီပြီးရှ



ငုယင်မင်းဆက်ပေါင်း ၁၃ဆက်နဲ့နှစ်ပေါင်း၁၈၄နှစ်ကြာေ






အာရှလူမျိုးတွေရဲ့ ရိုးရာဓလေ့စရိုက်တခုပေပဲလား ဘုရင်ဆိုရင် မိဖုရားပေါင်းများပြားစွာ ထားရှိ
ဗီယက်နမ်မိဖုရား
လှ မ လှကို နောက်ဆုံးမင်းရဲ့ မိဖုရားပုံနဲ့ နှိုင်းဆကြည့်နိုင်တယ်။ ပုံကို ဝီကီကနေယူထားတာပါ
နန်းတော်အထဲမှာ
ဘုရားရှိခိုးကျောင်းဆောင်တွေကို အများအပြားတွေ့နိုင်တယ်။ ဒါ့အပြင် ဘုရင်ကိုးယောက်ကို
ကိုယ်စားပြုတဲ့ ကြေးအိုးခြေထောက်ရှည်တွေဟာ ကိုယ်ပိုင် အရည်အသွေးကိုယ်စီနဲ့ တင့်တယ်လို့နေတယ်။
ဘုရင့်မယ်တော်ရဲ့ အဆောက်အဦးဟာ အရှေ့နဲ့အနောက် ယဉ်ကျေးမှုကို ရောစပ်ထားတဲ့ နေရာလို့ဆိုကြပါတယ်။
နန်းတွင်းအသုံးအဆောင်ပစ္စည်း အနည်းအကျဉ်းကို နန်းတော်ထဲမှာ ပြသထားပြီး
ဓါတ်ပုံဟောင်းများဖြင့် သမိုင်းကိုတဆင့် တူးဖော်ထားကြပြန်တယ်။
လျှောက်လမ်းကျယ်ကြီးတွေကနေ တဆင့် ဟိုအရင်အတိတ်ဆိုတဲ့ နန်းတော်ကို ပြန်လျှောက်ကြည့်ရင်း ခြေထောက်တွေ လေးသထက်လေးလံလာတယ်။ ညကလည်း အိပ်မထားတာမို့ ဟိုတယ်ကို လိုက်ပို့ပါဗျို့လုပ်လိုက်ပြီ.
နန်းတော်အပြင်ဖက်မှာ လမ်းတလျှောက်မှာ မီးပုံးတွေ ထွန်းပြီး အလှဆင်ထားတယ်။
ဟိုတယ်က အိပ်ရာကိုတွေ့တော့ ရေမိုးချိုးပြီး တုံးခနဲနေအောင်လှဲပစ်လိုက်မိတယ်။
နောက်နေ့မနက်ကို ဆက်ကြတာပေါ့နော့
No comments:
Post a Comment