31 October 2013

ဘိတလ သို့မဟုတ် ဟမ်ပီရဲ့ အနုပညာ





အရှေ့က တော်တော်များများကို သွားပြီးတဲ့အခါ ဗိုက်ကအတော်လေးဆာလောင်နေပြီ။ နေ့လည်စာ စားဖို့ အချိန်ကို လွန်နေခဲ့ပါပြီ။ ကားဆရာကို သေသေသပ်သပ်ရှိမယ့်ဆိုင်ကို ပို့ပေးဖို့ပြောရတယ်။ ဆာဆာနဲ့ အတော်လေး စားလိုက်နိုင်တယ်။ ပြီးမှ လျှောဘရားသားရင် အခက်ပဲလို့ ပူနေမိတာ။



ဘိတလကို တသီးတသန့်သွားရတယ်။ ၁၅ရာစုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အနုအလှသုခုမဆိုတဲ့ အရာတွေကို ဖွင့်ဆိုနိုင်လောက်အောင် ဗိသုကာလက်ရာ ပြည့်ဝလွန်းတဲ့ စေတီပါ။ ဘိတလကို သွားဖို့ သူတို့စီစဉ်ထားတဲ့ ကားကိုစီးရပြီး၊ ကားမောင်းသမားများဟာ အမျိုးသမီးပျိုတွေချည်း။ ခေါင်းဆောင်ကတော့ ခပ်ဝဝ ဗိုက်ပူပူပါပဲ။




မရောက်ခင်လမ်းတလျှောက်ဘေး ၀ဲယာဟာလည်း မျှော်တွေ ငေးမောစရာတွေ တန်းစီလို့။ စျေးတန်းလို့ ယူဆကြတဲ့ အဆောက်အအုံတန်းရယ် နောက်က စိုက်ပျိုးပင်ခြမ်းဟာ လွမ်းမောဖွယ်။ 

မိနစ်၂၀လောက် မောင်းပြီးတဲ့အခါ ဘိတလရဲ့ ခြေရင်းကိုရောက်တယ်။ တကယ်လို့ ကြာပန်း ဂေဟာကို သွားခဲ့လို့ရှိရင် အဲ့ဒီလက််မှတ်ဟာ ဘိတလရဲ့ ဝင်ခွင့်အဖြစ်လည်း အကျုံးဝင်ပါတယ်။

ဘိတလမှာ ကျနော် အရင်ဆုံး ရှာတာကတော့ ကျောက်ရထားပဲ။ လေးထောင့်ပုံစံတည်ဆောက်ထားပြီး နတ်ဘုရားရဲ့ စီးတော်ငှက် ဂရူဒါကို ပူဇော်ပသတဲ့ အနေနဲ့ထွင်းထုထားတာဖြစ်တယ်။ အသေးစိတ်အချိုးကျ တည်ဆောက်ထားတာဖြစ်လို့ တန်ခိုးရှင်တယောက်က နှင်တံနဲ့များတို့လိုက်ရင် ချက်ချင်းတောင် ထပြေးမယ့် ရထားအသွင်ကိုဆောင်တယ်။ ဒါပေမယ့် သူ့ကိုဆွဲပြေးမယ့် မြင်းနှစ်ကောင်တော့ မရှိရှာတော့ဘူး။ လောလောဆယ် ဆင်နှစ်ကောင်နဲ့ ဖြည့်စွက်ထားတာကိုပဲ တွေ့ရပါလိမ့်မယ်။





ကျောက်ရထားမှာ ခြယ်လှယ်ထားတဲ့ အမွန်းအပြောက်တွေကို ကြည့်ပါဦး။
ကျောက်ရထားကို မိုနိုလစ်သစ်တည်ဆောက်ပုံနဲ့တည်ဆောက်ထားတယ်လို့ ယူဆရတယ်။ ကျောက်တုံုးအကြီးကြီး တခုထဲကနေ လိုချင်တဲ့ အဆစ်အပိုင်းလိုက် ထွင်းထုပြီးတည်ဆောက်ထားသလိုမျိုးပါ။ တကယ်က တွယ်စပ်ပြီးတည်ဆောက်ထားပေမယ့် တခုနဲ့တခု ချိတ်ဆက်ထားမှုဟာ အမွမ်းအပြောက်တွေကြားမှာ ပျောက်ကွယ်နေတာကိုတွေ့ရတယ်။ အံ့သြစရာကောင်းတာက လှည်းဘီးဟာ တကယ်ကို လက်နဲ့လှည့်ရင် လည်တာကိုတွေ့ရတယ်။ ဘယ်လောက်များ စနစ်ကျ တိုးတက်တဲ့ ပညာရပ်တွေ ထွန်းကားခဲ့တယ်ဆိုတာကို အတိုင်းသား ပြလို့နေတော့တယ်။


ပရဝုဏ်ထဲမှာ နောက်ထပ် စိတ်ဝင်စားစရာအကောင်းဆုံးက မဟာမန်ဒပ ဆိုတဲ့ ခန်းမပါ။ ခန်းမကို ငါးပိုင်းပိုင်းထားပြီး အလယ်ခန်းမဟာ နှမြောစရာကောင်းလောက်အောင် ပြိုပျက်နေခဲ့ပြီ။ မဟာမန်ဒပရဲ့ နာမည်ကျော် ဒီခန်းမတွေကို ခရီးသွားဧည့်သည်တို့ ဝင်ထွက်ခွင့်မရတော့ပါဘူး။














ဘာကြောင့်နာမည်ကျော်လဲဆိုတော့ အရှေ့ဖက်ခန်းမကြောင့်ပါပဲ။ အရှေ့ဖက်ခန်းမက တိုင်တွေဟာ တီးလိုက်ရင် အသံလွင်လွင်နဲ့ ဒိုရေမီဖာ ခုနှစ်ရောင်ကို အပြည့်အစုံခြယ်သထားတာ။ ၅၆တိုင်သောတိုင်တွေ အသံမြည်အောင် ဘယ်သို့ဘယ်ပုံ ဆောက်လုပ်ထားတယ်ဆိုတာကို နှောင်းလူတို့ မသိရပါဘူး။ အင်္ဂလိပ်အုပ်စိုးစဉ်ကတော့ တိုင်နှစ်တိုင်ကို ချိုးကြည့်ပြီး ဇာစ်မြစ်ကို ရှာပေမယ့် မယုံနိုင်လောက်အောင် အဖြေရှာမတွေ့သွားခဲ့ဖူးလို့ ဆိုပါတယ်။ အခုနောက်ပိုင်း ခရီးသွားများ တီးကြပြုကြရင်း အဆိုပါတိုင်အချို့ ပျက်စီးလာတဲ့အတွက် ခန်းမထဲကို ဝင်ထွက်ခွင့် ကန့်သတ်လိုက်တာပဲဖြစ်တယ်။ ဒါပေမယ့် နားထောင်ချင်ရင်တော့ အစောင့်ကို တိုးတိုးသားလေး ပေးပြီး တီးခိုင်းလို့ရပါတယ်။

အရှေ့ဖက်ခန်းမရဲ့ တိုင်လုံးတွေ အကုန်လုံးဟာ ကခြေသည် ရုပ်ပုံ၊ ဗုံတီးသူ တူရိယာမှုတ်သူ တို့ဖြင့် အလှဆင်ထားတာကိုတွေ့ရတယ်။

 
တောင်ဖက်ခန်းမကိုတော့ ယာလိလို့ခေါ်တဲ့ အကောင်တွေနဲ့ တိုင်လုံးတွေကို စီခြယ်ထားပြီး အစွန်းတဖက်မှာ ကြာဖူးငုံုတွေနဲ့ အလှဆင်ယင်ထားတယ်။

မြောက်ဖက်ခန်းမမှာ နာယာဆင်းဟာ လို့ အသွင်ဖန်ဆင်းထားဖူးခဲ့တဲ့ နတ်ဘုရား ဗိရှနုရဲ့ ရုပ်ကြွတွေဟာ တိုင်တွေမှာ အခန့်အထည် တည်ရှိစေတယ်။

အနောက်ဖက်ခန်းမကတော့ အလုံပိတ်တည်ဆောက်ထားတဲ့ ပုံုစံ။

ဘိတလနဲ့အတူတွဲလျက် နာမည်ကျော်ခဲ့သူတယောက်ကတော့ ပူဇာတေးတွေ ရေးသီတဲ့သူတော်စင် ပူရန်ဒါရ ဒါဆာပဲဖြစ်ပါတယ်။ သူဟာ သူရဲ့ နောက်ဆုံးနေ့ရက်များကို ဒီဘိတလ စေတီမှာပဲ ကုန်ဆုံုးစေခဲ့ပုံုရပြီး သူ့ရေးစပ်သီကုံုးခဲ့တဲ့ ပူရန်ဒါရ ဘိတလ သီချင်းဟာ ဒီစေတီကို ရည်ညွန်းဖွဲ့ဆိုခဲ့တာပါ။

ဟမ်ပီမြို့ပြကုန်ဆုံးစေတဲ့ အကြောင်းအရင်းဟာ အစ္စလာမ်ဘာသာဝင်များနဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘာသာရေးစစ်ပွဲကြောင့်ပဲဖြစ်တယ်။ ဘာသာရေးအားပြိုင်မှုတွေကြားက အားသာသူတို့ အနိုင်ရသွားတဲ့အခါ အခုလို အံ့သြမကုန်နိုင်သော အနုပညာအဆောက်အအုံုများ ဖြိုဖျက်စီးခြင်းခံရတာပါပဲ။ 


သမိုင်းဆိုတာမျိုးက ဖြိုဖျက်ပစ်လိုက်တာနဲ့ ပျောက်ပျက်သွားတာမျိုးမှ မဟုတ်ပဲ။ အပျက်အစီးတွေကြားထဲက အလှကြီးလှနေတဲ့ ဟမ်ပီဟာ ဟိုအရင်တုန်းက တို့တွေဘယ်လောက်ခမ်းနားခဲ့တယ်ဆိုတာကို ရဲရဲကြီး ဖွင့်ဆိုနေတာပဲ မဟုတ်ပါလား......

ဟမ်ပီမှာတညအိပ်ပြီး နောက်ထပ် တနေရာကို ကျနော်တို့ ကူးကြရအောင်....

No comments: