အရှေ့ဖက်က ပြန်လာပြီးတဲ့အခါ အနောက်ဖက်ကို သွားဖို့ အကြောင်းကဖန်လာပြန်တယ်။ ပိတ်ရက်လည်းရှိပြန်၊
လေယာဉ်လက်မှတ်လည်းစျေးချတာမို့ အနောက်ဖက်ကို သွားဖို့ဖြစ်လာတယ်။
လေယာဉ်လက်မှတ်ကို
အရင်ဝယ်ဖြစ်ပါတယ်။ မလေးရှားလေကြောင်းကနေဖြစ်ပြီး တယောက်ကို ယူအက်စ် ၂၄၂ ကျပ်ကျော်ကျတယ်။ ကေအယ်လ်မှာတော့ ခရီးတခေါက်နားပါတယ်။
နောက်တဆင့်အနေနဲ့ ဗီဇာလျှောက်ခြင်း။ ကိုယ်တိုင်လျှောက်တာက စျေးသက်သာပြီး အဆင်လည်းပြေတယ်။
မူစတာဖာနားက စင်တာကိုရွေးခဲ့တယ်။ ၂၄နာရီဖွင့်တာမို့ ရုံးတက်ရက်လည်း အဆင်ပြေတဲ့အချိန်သွားနိုင်တယ်မဟုတ်လား။
တခုပဲ 6months multiple visa အတွက်၁၀၀.၅ကျပ်ကို ငွေသားပဲလက်ခံပါတယ်။ သူ့အနီးအနားမှာလည်း ATM မရှိပါ။ လိုအပ်တဲ့စာရွက်စာတမ်းတွေပြည့်စုံတယ်ဆိုရင်
ဗီဇာရဖို့လွယ်ပါတယ်။ SMS သုံးခါပို့မှာဖြစ်ပြီး တတိယအခေါက်ရပြီဆိုရင် အချိန်မရွေးသွားထုတ်ယူနိုင်ပြီ။ လိုအပ်ချက်များကို ဒီမှာ အသေးစိတ်လေ့လာပါ http://www.vfsglobal.com/india/singapore/
လေယာဉ်လက်မှတ်နဲ့
ဗီဇာရပြီးနောက်မှာတော့ နေမယ့် အချိန်ကာလနဲ့ သွားမယ့်နေရာတွေကို စီစဉ်ရပြီ။ သွားချင်တဲ့
နေရာက များပြီး နေရမယ့်ရက်ကနည်းနေတဲ့အခါ အားမလိုအားမရဖြစ်စရာပါပဲ။ နောက်တခေါက်ပေါ့လို့
ရသေ့စိတ်ဖြေဖြေရင်း။ နေရာတွေအစီအစဉ်ကျပြီဆိုတော့မှ တည်းခိုဖို့ ဘွတ်ကင်တင်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတာက
ဒီခရီးကို အေးဂျင်တွေ ဂိုက်တွေမပါပဲ ကိုယ်တိုင် စီစဉ်ထားတာမို့ပါ။ ဘင်္ဂလောကို ရောက်တော့ ည ၁၁နာရီရှိပေါ့။ ရာသီဥတုက ခပ်အေးအေးမို့ အတော်လေး အဆင်ပြေတယ်။ ဘင်္ဂလောကိုမရောက်ခင်အထိ ကျနော်က ဘင်္ဂလောဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို အမြဲရောထွေးနေတတ်ပါတယ်။
လေဆိပ်နဲ့ ဟိုတယ်က အတော်လေးဝေးပါတယ်။ ၁နာရီခွဲလောက်မောင်းနေတာကို ရောက်လိမ့်နိုးနိုးနဲ့မျှော်ရတာ
စိတ်လှုပ်ရှားစရာပဲမဟုတ်လား။ ညဖက်မို့ တိတ်ဆိတ်နေတဲ့ ဘင်္ဂလောဟာ နောက်နေ့မနက်မှာ ဘယ်လိုရှိလိမ့်မလဲပေါ့…
ဟိုတယ်က တွဲစပ်ထားတဲ့အရောင်တွေဟာ စနစ်တကျနဲ့ သေသေသပ်သပ်ရှိနေတယ်။ မနက်စာဟာ လိုအပ်တာထက် ပိုနေသလိုပါပဲ။ မနက်စာစားအပြီး မြို့ကိုစနည်းနာဖို့။ ညက တိတ်ဆိတ်နေတဲ့ လမ်းဟာ ဆူညံပွက်လို့နေတယ်။ ဟိုတယ်အရှေ့မှာပဲ လူတွေ တန်းစီထိုင်နေတာမို့ ဘာအတွက်လည်းဆိုတော့ အင်တာဗျုးဖြေဖို့ အတွက်လို့ ဖြေပါတယ်။ ကျနော်တို့ တည်းတဲ့ ဟိုတယ်အနောက်က IT စက်မှုဇုန်မှာ သူတို့ အင်တာဗျူးလာဖြေကြတာပါ။
ပထမဆုံး သွားဖြစ်တာက မိုင်းဆိုးဘုရင်ရဲ့ နွေရာသီနန်းတော်။ ဝင်ကြေးနဲ့ ကင်မရာကြေးများတယ်လို့ ကျနော်တော့ သတ်မှတ်တယ်။ ခမ်းနားတဲ့ အဆောက်အဦးတခုဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု ၇၀ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အသံသွင်းထားတဲ့ လမ်းညွှန်ကိရိယာတွေနဲ့ဆိုတော့ ဝန်ဆောင်မှုကတော့ မဆိုးလှ။ အကြိုက်ဆုံးကတော့ အရောင်တွေစုံနေတဲ့ နေရာရယ်၊ ဆင်ခြေထောက်ထိုင်ခုံကြီးတွေရယ်၊ နွယ်တက်နေတဲ့ အစိမ်းရောင် နံရံတွေရယ်ပါပဲ။
နောက်တနေရာကိုတော့
တိပူးစူလတန်ရဲ့ နွေရာသီနန်းတော်ကိုသွားတယ်။ တခြားနန်းတော်တွေနဲ့ မတူတဲ့ နှင်းဆီရောင်
တိုင်လုံးကြီးတွေနဲ့ စူလတန်တွေရဲ့ ဆောက်လုပ်မှုနည်းပညာကို လေ့လာနိုင်တယ်။ အမျိုးသမီးများရဲ့ အခန်းများဟာ ပြတင်းပေါက်သေးသေးငယ်များသာ ရှိပြီး၊ စူလတန်ရဲ့ ဝရန်တာကနေ လောကကိုထိုင်ကြည့်ချင်စရာပါပဲ။
အထွက်မှာတော့ သူတို့တွေရဲ့ ဒေသစားစရာတခုကို စိတ်ဝင်တစားကြည့်မိတယ်။ အမြစ်နုနုလေးကို ဓါးလေးနဲ့ အလွှာလေးတွေလုပ်ပြီး စားတာလို့ ကားဆရာကရှင်းပြတယ်။ တကြောင်းတဂါထာပါပေပဲ။
နန်းတော်နှစ်ခုကိုရောက်ပြီးတဲ့ခါ ဘင်္ဂလောရဲ့ နာမည်ကျော် ဘုရားကျောင်းတခုကိုသွားပါတယ်။ လမ်းမှာ ကားဆရာက ကျောက်တုံးအောက်ထဲမှာတည်ထားတဲ့ ဘုရားကျောင်းကို လိုက်ပို့ပေမယ့် ကံမကောင်းစွာ အဲ့ဒီနေ့က ပိတ်တဲ့ရက်ဖြစ်နေပါတယ်။ သွားနေတဲ့ ဘုရားကျောင်းက ဟိန္ဒူ Bull temple ပဲဖြစ်တယ်။ သိပ်အထွေအထူး ကြည့်စရာရှိမနေပဲ ဓါတ်ပုံပဲရိုက်ဖြစ်ခဲ့တယ်။
ထမင်းစားချိန်ကို အတော်လေး ကျော်နေခဲ့ပြီ။ ဗိုက်လည်းဆာတာမို့ ဘယ်ကိုမှ ဆက်မသွားတော့ပဲ ဟိုတယ်ကိုပဲ ပြန်ခဲ့တယ်။ ဟိုတယ်မှာ နေ့လည်စာကို ဒန်ပေါက်ထမင်း မှာမိတာ မှားသွားတော့တယ်။ ထမင်းတွေက များတာမို့ အတော်လေးစားတာတောင် တဝက်မကျိုးဘူးဖြစ်နေတယ်။
ခဏနားပြီးတဲ့အခါ ညဖက်ရထားစီးဖို့ ကျနော်တို့ ထွက်ခဲ့တယ်။ ဘူတာရုံဟာ လူပင်လယ်ကြီးပဲ။ များပြားလိုက်တဲ့လူတွေ။ ရထားစင်္ကြန်အမှတ်မေးဖို့ တန်းစီ (တကယ်က တိုးယူရတာပါ) ရတာတောင်မလွယ်ဘူး။ လက်ကိုင်တုတ်နဲ့ ရဲတယောက်က လူတွေကို ရိုက်တာကို မြင်ရတဲ့အခါ စိတ်ထဲမှာ အတော်လေးကို မခံချိမခံသာဖြစ်မိတယ်။ လူအချင်းချင်း အဲ့လောက် ရိုက်နှက်စရာဘာအကြောင်းရှိလို့လဲ။
ကားကြပ်မှာ စိုးရိမ်ပြီး စောစောထွက်လာတာမို့ စင်္ကြန်ထဲမှာ လာသမျှ ရထားတွေကိုပဲ ငေးနေမိတယ်။ ကိုယ့်ရထားဟုတ်မဟုတ်ကိုလည်း သေချာမေးရသေးတယ်။ ဘူတာရုံဟာ ရန်ကုန်ဘူတာရုံလိုပါပဲ။ ရထားမလာခင်အထိ စိတ်ဟာ မရိုးမရွနဲ့။
ဟော... ရထားဝင်လာပြီ
ဆက်ပါဦးမယ်

No comments:
Post a Comment