ရာမယန ဇာတ်တော်ထဲက သုချိပ်နဲ့ ဘာလီရဲ့ နေပြည်တော်ဟာလည်း ဒီဟမ်ပီမှာပါပဲ။
ဒါ့အပြင် ဟနုမာန်ရဲ့ မိခင်နေခဲ့တဲ့ ကျောက်ဂူဟာ ဒီမြို့ဟောင်းတနေရာမှာလို့လည်း မှန်းဆထားကြပြန်သေးတယ်။
ပထမဆုံး ဟိန္ဒူဘုရားကျောင်းတွေ အားလုံး တည်ဆောက်ပုံစံ တုပယူထားတဲ့
ဘိယူပါရှဆိုတဲ့ စေတီကိုသွားတယ်။ အားလုံးသော စေတီထဲမှာ ဒီစေတီကို အေဒီ ခုနှစ်ရာစုမှာတည်တယ်လို့ သတ်မှတ်ထားကြပြီး
နောက်ပိုင်းပြုပြင်မွမ်းမံမှုများကြောင့် အကျယ်အဝန်းတဖြည်းဖြည်း ကြီးလာတယ်လို့ သမိုင်းပညာရှင်တွေက ကောက်ချက်ချပါတယ်။

ဟိုး...ခပ်ဝေးဝေးကနေတောင် မြင်နိုင်တဲ့ မျှော်စင်ပုံစံ ဝင်ပေါက်ဟာ ဒီဘုရားကျောင်းရဲ့ အမှတ်သင်္ကေတပါပဲ။


စင်္ကြန်ကို ကျော်ဖြတ်သွားရင် မီးဖိုချောင်ကို ရောက်ပါလိမ့်မယ်။ မီးဖိုချောင်ဟာ အနားက မြစ်နဲ့ဆက်စပ်နေခဲ့ဖူးတယ်လို့သိရတယ်။ ရေအစိမ်းရောင်ကနေ ပြန်လာတဲ့ ဘုရားကျောင်းရဲ့ အရိပ်ကိုလည်း ဓါတ်ပုံရိုက်ကြည့်မိတယ်။

အနုပညာလက်ရာမြောက်တဲ့ တိုင်တွေဟာ စင်္ကြန်နှစ်ခုလုံးမှာ ပြည့်လို့နေတယ်။

ခေါင်းမိုးတွေမှာလည်း ဟိုတစ ဒီတစ အရုပ်တွေနဲ့ ပြည့်နှက်လို့။



အလယ္က အဆောက်အုံကိုတော့ ၁၅ရာစုမှ ဖြည့်စွက်ထားတာဖြစ်ပြီး အဝင်ဝက ခြင်္သေ့နှစ်ကောင် လှေခါးကနေစပြီး အမွမ်းအပြောက်တွေနဲ့ ရှုချင့်စဖွယ်။ စစ်သည်တွေဟာ မြင်း၊ ခြင်္သေ့၊မကန်းနဲ့ မိချောင်းရုပ်တွေ စီးနင်းနေပုံုကို တိုင်တွေမှာ ထွင်းထုထားခဲ့တယ်။

ဘုရားကျောင်းက မွေးထားတဲ့ ဆင်လိမ္မာရဲ့ ကန်တော့ချိုးကိုလည်း တွေ့ခဲ့ရတယ်


ဘုရားကျောင်းကနေထွက်ပြီး တောင်ပေါ်ကို ဖြည်းဖြည်းချင်းတက်လာမိတယ်။ တောင်ပေါ်က ခန်းဆောင်လေးတွေဟာ လွမ်းချင့်စဖွယ်။ နောက်ပြန်လှည့်ကြည့်တော့ ဘုရားကျောင်းရဲ့ ရှုခင်းဟာ လှပလို့နေတယ်။



ဒုတိယအနေနဲ့ ခရစ်ရှနာဘုရားကျောင်းကိုသွားတယ်။ pink lady လို့ ခေါ်တဲ့ cambodia က ဘုရားကျောင်းတခုကို သွားအမှတ်ရမိစေတယ်။ သူ့ကိုတော့ ၁၅ရာစုမှာ တည်ခဲ့တာဖြစ်ပြီး ကျောက်သားအဖြူရောင်တွေကြားထဲမှာ အနီရောင်က ထူးထူးခြားခြားဖြစ်စေပါတယ်။


နောက်တဆူကိုတော့ မြေအောက်ဘုရားကျောင်းကို ဝင်ဖြစ်သွားတယ်။ ဂိတ်ပေါက်နှစ်ပေါက်နဲ့ ကြီးကျယ်နိုင်လှတဲ့ ဘုရားကျောင်းလို့ ဆိုနိုင်တယ်။ မြေအောက်အနိမ့်ပိုင်းမှာ ဆောက်ထားတာဖြစ်လို့ ကျောင်းဆောင်အတွင်းမှာ ရေတွေဝင်ပြီး သွားလို့ အဆင်မပြေပါဘူး။




မိဖုရားရဲ့ နွေရာသီစံနန်းဆောင် ကြာပန်းဂေဟာကိုလည်း သွားကြည့်ခဲ့ပါတယ်။ သူရဲ့ တည်ဆောက်ပုံကလည်း အတော်လေး သေသပ်လှပတယ်။ ဘေးနားက မျှော်စင်တွေအရ စစ်ရေးအတွက်လည်း အသုံုးပြုတယ်လို့ ခန့်မှန်းကြပြန်တယ်။ အမိုးတွေရဲ့ တည်ဆောက်ပုံုကို မှန်းဆပြီး ဟိန္ဒူဘာသာ ပုံုစံမဟုတ်ပဲ အစ္စလာမ်ဘက် နွယ်တယ်လို့လည်း သတ်မှတ်ထားတယ်။ မြို့တော်ကြီးတခုလုံုး အဖျက်အဆီးခံရပေမယ့် ကြာပန်းဂေဟာဟာ ဒီအတိုင်း ထီးတည်းကျန်ခဲ့တဲ့ အကြောင်းအရင်းဟာ အစ္စလာမ်ပုံုစံဖြစ်နေလို့လို့ ဝေဖန်သူတချို့က ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို ကြာဖူးပွင့်နေပုံု အဆောက်အဦးကို ထုံုးကျောက်နဲ့ အုတ်ခဲရောစပ်ပြီး လက်ရာမြောက်စွာ ဆောက်လုပ်ထားတဲ့ကြောင့် အနုပညာဆိုတဲ့ စကားလုံုးကနေ သူ့ခေတ်ရဲ့ တိုးတက်ထွန်းကားမှုကို ကောင်းကောင်းကြီး ရည်ညွှန်းဖော်ပြနိုင်ခဲ့တယ်။

ကြာပန်းဂေဟာရဲ့ အနောက်ဖက်မှာ ဆင်စခန်းရှိပြီး ၊ ဆင်စခန်းရဲ့ အမိုးများရဲ့ တည်ဆောက်ပုံနဲ့ မပြိုပျက်ပဲ ကျန်ရစ်တာအကြောင်းများကြောင့် အစ္စလာမ်ဘာသာဝင်များ စတင်ဝင်ရောက်နေပြီလို့ တထစ်ချယူဆနိုင်ပါတယ်။

ဟာဇရာ ရာမ ဘုရားကျောင်းကို ပထမဆုံး သတိထားမိစေတာကတော့ သူရဲ့ နံရံများပဲဖြစ်ပါတယ်။ နံရံပတ်ပတ်လည်မှာ ရေးထုထားတဲ့ ရာမဇာတ်တော်ဖောင်းကြွတွေဟာ ဘုရားကျောင်းရဲ့ ဂုဏ်ကို အတိုင်းသားဖော်ပြနေတယ်။ တော်ဝင်ရပ်ကွက်အထဲမှာ ရှိပြီး မင်းမိဖုရားနဲ့ တော်ဝင်မိသားစုများသာ ဖူးမျှော်ခွင့်ရတဲ့ ဘုရားကျောင်းပဲဖြစ်တယ်။ နောက်ထပ်ထူးခြားတာကတော့ သူ့ရဲ့ အတွင်းခန်းမှာရှိတဲ့ တိုင်လုံုးတွေပါ။ အမည်းရောင်သီးသီးသန့်သန့်ဖြစ်နေတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှ တခုတ်တရရှာဖွေထားတာ မတွေ့ရပါဘူး။

အဲ့ဒီဘုရားမှာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ဆုံတာမို့ မင်းသမီးကို အမှတ်တရ ဓါတ်ပုံုရိုက်ယူခဲ့ပါတယ်။



မိဖုရားရေချိုးဆောင် အဆောက်အဦးကိုလည်း စပ်စပ်စုစု သွားကြည့်ခဲ့သေးတယ်။ အလယ်မှာရေတွေနဲ့ မောင်းမမိဿံတွေနဲ့ စည်ကားနေမယ့် အဲ့ဒီအဆောက်အဦးဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးလို့နေတယ်။
စာဖတ်သူတွေလည်း ကျနော်နဲ့ လိုက်လာရတာ နေအတော်ပူနေရော့မယ်။ ရိုက်ထားတဲ့ပုံတွေများတာမို့ အတော်လည်းရှည်နေလောက်ပြီ။ ကျောက်တုံးမြို့တော် ဟမ်ပီရဲ့ နောက်ဆုံုးတခုကိုတော့ အသေးစိတ်လေးလည်း ရေးရအောင် နောက်တပုဒ်မှ ဆက်တာပေါ့ဗျာ...





စင်္ကြန်ကို ကျော်ဖြတ်သွားရင် မီးဖိုချောင်ကို ရောက်ပါလိမ့်မယ်။ မီးဖိုချောင်ဟာ အနားက မြစ်နဲ့ဆက်စပ်နေခဲ့ဖူးတယ်လို့သိရတယ်။ ရေအစိမ်းရောင်ကနေ ပြန်လာတဲ့ ဘုရားကျောင်းရဲ့ အရိပ်ကိုလည်း ဓါတ်ပုံရိုက်ကြည့်မိတယ်။



ခေါင်းမိုးတွေမှာလည်း ဟိုတစ ဒီတစ အရုပ်တွေနဲ့ ပြည့်နှက်လို့။



အလယ္က အဆောက်အုံကိုတော့ ၁၅ရာစုမှ ဖြည့်စွက်ထားတာဖြစ်ပြီး အဝင်ဝက ခြင်္သေ့နှစ်ကောင် လှေခါးကနေစပြီး အမွမ်းအပြောက်တွေနဲ့ ရှုချင့်စဖွယ်။ စစ်သည်တွေဟာ မြင်း၊ ခြင်္သေ့၊မကန်းနဲ့ မိချောင်းရုပ်တွေ စီးနင်းနေပုံုကို တိုင်တွေမှာ ထွင်းထုထားခဲ့တယ်။

ဘုရားကျောင်းက မွေးထားတဲ့ ဆင်လိမ္မာရဲ့ ကန်တော့ချိုးကိုလည်း တွေ့ခဲ့ရတယ်














မိဖုရားရဲ့ နွေရာသီစံနန်းဆောင် ကြာပန်းဂေဟာကိုလည်း သွားကြည့်ခဲ့ပါတယ်။ သူရဲ့ တည်ဆောက်ပုံကလည်း အတော်လေး သေသပ်လှပတယ်။ ဘေးနားက မျှော်စင်တွေအရ စစ်ရေးအတွက်လည်း အသုံုးပြုတယ်လို့ ခန့်မှန်းကြပြန်တယ်။ အမိုးတွေရဲ့ တည်ဆောက်ပုံုကို မှန်းဆပြီး ဟိန္ဒူဘာသာ ပုံုစံမဟုတ်ပဲ အစ္စလာမ်ဘက် နွယ်တယ်လို့လည်း သတ်မှတ်ထားတယ်။ မြို့တော်ကြီးတခုလုံုး အဖျက်အဆီးခံရပေမယ့် ကြာပန်းဂေဟာဟာ ဒီအတိုင်း ထီးတည်းကျန်ခဲ့တဲ့ အကြောင်းအရင်းဟာ အစ္စလာမ်ပုံုစံဖြစ်နေလို့လို့ ဝေဖန်သူတချို့က ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို ကြာဖူးပွင့်နေပုံု အဆောက်အဦးကို ထုံုးကျောက်နဲ့ အုတ်ခဲရောစပ်ပြီး လက်ရာမြောက်စွာ ဆောက်လုပ်ထားတဲ့ကြောင့် အနုပညာဆိုတဲ့ စကားလုံုးကနေ သူ့ခေတ်ရဲ့ တိုးတက်ထွန်းကားမှုကို ကောင်းကောင်းကြီး ရည်ညွှန်းဖော်ပြနိုင်ခဲ့တယ်။





အဲ့ဒီဘုရားမှာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ဆုံတာမို့ မင်းသမီးကို အမှတ်တရ ဓါတ်ပုံုရိုက်ယူခဲ့ပါတယ်။



မိဖုရားရေချိုးဆောင် အဆောက်အဦးကိုလည်း စပ်စပ်စုစု သွားကြည့်ခဲ့သေးတယ်။ အလယ်မှာရေတွေနဲ့ မောင်းမမိဿံတွေနဲ့ စည်ကားနေမယ့် အဲ့ဒီအဆောက်အဦးဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးလို့နေတယ်။
စာဖတ်သူတွေလည်း ကျနော်နဲ့ လိုက်လာရတာ နေအတော်ပူနေရော့မယ်။ ရိုက်ထားတဲ့ပုံတွေများတာမို့ အတော်လည်းရှည်နေလောက်ပြီ။ ကျောက်တုံးမြို့တော် ဟမ်ပီရဲ့ နောက်ဆုံုးတခုကိုတော့ အသေးစိတ်လေးလည်း ရေးရအောင် နောက်တပုဒ်မှ ဆက်တာပေါ့ဗျာ...
No comments:
Post a Comment