မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင်းကို လျစ်လျူရှုမိသူပါ
မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင်းအပြုံးကို မရထိုက်သူပါ
မေ့ပစ်လိုက်ပါ လီနာ
ငါဟာ မင့်ချစ်ခြင်းနဲ့ မတန်တဲ့သူပါ
အိမ်ပြန်ရလို့ ငါက ပျော်တဲ့အခါ
မင်းက မျက်ရည်ဝဲပြီး
ကြေကွဲနေတာ မသိတဲ့ကောင်ငါပါ
မုန်းပစ်လိုက်ပါ လီနာ
ဒီကောင်ဟာ အသည်းမရှိသူတယောက်မို့ပါ.....
လက်ပြထားရစ်ခဲ့ရက်သူကို
စိတ်အနာကြီးနာ
မုန်းပစ်လိုက်ပါ မေ့ပစ်လိုက်ပါ လီနာ....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
5 days ago
No comments:
Post a Comment