22 September 2009

ကျနော်နဲ့ စက်ဘီး

ဘာရယ်မဟုတ်ပါဘူး စက်ဘီးကို တစ်နေ့လုံးစိတ်ထဲရောက်နေလို့ပါလေ။ ငယ်တုန်းက စီးတဲ့စက်ဘီးပြီးတော့နောက်ထပ် ဝယ်တဲ့ တရုတ်ဘိန်း(ဘီး) အပြာရောင်လေးပါပဲ။ ဒီနေ့တော့ အဲ့ဒီဘိန်း(ဘီး)လေး အကြောင်း ခေါင်းထဲမှာ ရောက်လာတော့တာနဲ့……

စက်ဘီးအဟောင်းလေးကို ရောင်းပြီးတဲ့နောက် လူကြီးစီး (မိန်းမစီးလို့လည်း ခေါ်ကြတယ်) တရုတ်စက်ဘီးလေးကို အိမ်က ဝယ်လာခဲ့ပါတယ်။ စက်ဘီးဆိုတာမျိုးက သေးသေးကြီးကြီး စီးနည်းအတူတူပါပဲလား။ ဟ တယ်ဟုတ်ပါလား ဒါတောင် ဂျပန်ဘိန်း(ဘီး) မဟုတ်သေးလို့တဲ့။ ဂီယာဆိုတာများ ပါရင် ပိုမိုက်ဆိုပါရောလား။ ဂီယာက ဘယ်နားမှာပါလိမ့်။ ဂီယာအကြီးနဲ့ ဂီယာအသေးဘယ်ဟာက ပိုမြန်သလဲဆိုတဲ့ မေးခွန်းတစ်ခုကိုတောင် သတိရမိသေးတော့။

စက်ဘီးက ကျနော်တို့နယ်ကလူတွေအတွက် ခြေထောက်တစ်ချောင်းပါပဲ။ လိုင်းကားတွေလည်း မရှိ၊ အခုခေတ်လို လွယ်လွယ်ကူကူခွစီးနိုင်တဲ့ မော်တော်ဆိုင်ကယ်တွေလည်း မရှိလေ။ မော်တော်ဆိုင်ကယ်ဆိုတာ ဌာနခွဲမှူးလောက်မှ စီးရတာ။ suzuki လေးတွေပေါ့ ဂျပန်တွေ စက်ရုံလာတည်ကတည်း ယာဉ်တွေပါ ထည့်သွင်းလာကြတာတဲ့။ ငါးချိတ်တွေ အီတူးသောင်စင် (ခေါ်နေကြလေးတွေ ပက်ပက်စက်စက်လေး ခေါ်ခွင့်ပေးပါဗျာ အားရပါးရရှိအောင်လို့ပါ) တွေကတော့ ဌာနမှူးတွေအတွက်။ လင့်ရိုဗာ ခါးပတ်ကြားနဲ့ ဂရင်းကားကတော့ စက်ရုံမှူးအတွက်တဲ့ဗျ။ ကားနံပါတ်တွေနဲ့ ကားပိုင်ရှင်နာမည်တွေပါ တွဲထားတတ်သေးတာ။ ဝန်ထမ်းတွေ shift ferry က ရိမ်းဂျားကားတွေ။ ၈၀၀စကေးက ဝန်ထမ်းသားသမီးတွေ ကျောင်းကြိုပို့က မိုက်ခရိုဘတ်ဆိုတဲ့ ပေါင်မုန့်ကားပေါ့။ ကျနော့အတွက်ကတော့ စက်ဘီးကလေးပါပဲ။

ကျောင်းနဲ့ အိမ်နဲ့က ကုန်းနှစ်ကုန်းခြားပါတယ်။ လမ်းလျှောက်ရင်လည်း ဖြစ်သလို စက်ဘီးနဲ့လည်း ဖြစ်ပါတယ်။ နေ့လည်ထမင်းပြန်စားမယ်ဆိုရင်တော့ စက်ဘီးလေးနဲ့မှ အဆင်ပြေတယ်လေ။ နေကပူပူ လမ်းသာလျှောက်ပြန်ရရင်တော့မချောင်ဘူးပေါ့ဗျာ။ ဘာကြောင့် နေပူတာကိုနေ့လည်စာပြန်စားသလဲ ဟုတ်လား။ ထမင်းဗူးမထုတ်ချင်လို့ပေါ့ဗျာ။ အိမ်မှာက မေတစ်ယောက်တည်းလေ ပြီးတော့ ပြီးတော့ ဖေတို့ကို(အစ်ကိုဝမ်းကွဲတစ်ယောက် အိမ်မှာကျောင်းလာနေပါတယ်) ထမင်းဗူးထည့်ပေးလိုက်တဲ့နောက် ကျန်တဲ့အရိုးအရင်းလေးထဲက ကျနော့ထမင်းဗူးထပ်ထည့်ရင် မေက ဘာသွားစားမလဲ။

ခက်တာက ကျနော်။ တစ်ချို့ရက်တွေ သူငယ်ချင်းတွေနဲ့ စကားတပြောပြောနဲ့ ကျောင်းဆင်းပြီဆို သူတို့နဲ့ လိုက်သွားမိတတ်တယ်။ သူတို့တွေ လမ်းလျှောက်ပြန်ရင် ကျနော်လည်း လမ်းလျှောက်ပြန်မိပြန်ရော။ အိမ်ရောက်တော့မှ မေက စက်ဘီးကောဆိုတော့ ဟာ မေ့ကျန်ခဲ့ပြန်ပေါ့။ တစ်ခါတစ်လေ လွယ်အိတ်ထဲက စာအုပ်တွေထုတ်ရင်း စက်ဘီးသော့မြင်မှ သတိရတယ်။ ကျောင်းမှာ မေ့ခဲ့ပြန်ပြီလေ။

အဲ့လို ကျနော်က အမြဲမေ့လည်း ကျောင်းမှာပဲ အမြဲစောင့်စောင့်နေတတ်တဲ့ စက်ဘီးကလေးမှဗျာ။ အိမ်နားက ဦးလေးတစ်ယောက် ဈေးသွားမယ်ဆိုပြီးငှားသွားတဲ့နောက် နောက်ပြန်ဆုတ်လာတဲ့ ကားက တက်ကြိတ်သွားခဲ့တယ်။ အရှေ့က ဆင်စွယ်နှစ်ချောင်းကျိုးသွားတယ်ပြောတယ်။ အဲ့ဒီဦးလေးကြီးက အလျော်မတောင်းပဲ စက်ဘီးကို ပြန်ပြင်ခိုင်းခဲ့တာ။ ကျိုးသွားတဲ့စက်ဘီးတစ်ခုက ဘယ်လိုလုပ်စီးကောင်းတော့မှာလဲ။

ဒါပေမယ့် အဲ့ဒီစက်ဘီးလေးနဲ့ ကိုးတန်းအထိ မခွဲတမ်းအတူတူပေါ့။ ဆယ်တန်းနှစ်ခွဲလာခဲ့ရတဲ့နောက် သိပ်ပြီးထိတွေ့ခဲ့တယ် မရှိတော့ဘူး။ ရန်ကုန်မှာကျောင်းတက်နေတဲ့အချိန် အစ်ကိုဝမ်းကွဲက စက်ဘီးလေးကို လိုချင်တယ်သူ့ရုံးကို အသွားအပြန်လုပ်လို့ရတယ်ဆိုပြီး နယ်အိမ်ကနေမှာယူခဲ့တယ်။ ရန်ကုန်မှာ စက်ဘီးစီးဖြစ်တဲ့အချိန်က မြေနီကုန်းက သင်းပျံ့ကြေးအိုးဝယ်တဲ့အချိန် ဒါမှ မဟုတ် အခွေဆိုင်က အခွေငှားတဲ့အချိန်နှစ်ခုတည်း။ ကျန်တဲ့အချိန်က ဘတ်စ်ကားနဲ့ပဲပေါ့။

စက်ဘီးစီးလို့မရတော့တဲ့ ရပ်ကွက်တစ်ခုကိုရွှေ့အပြီးနောက်မှာတော့ အိမ်ရှေ့မိုးရေထဲမှာ ဆက်တိုက်ရပ်ထားခဲ့တဲ့ စက်ဘီးကလေးက သံချေးတွေတက်စပြုလာပြီ။ စီးမယ့်သူလည်း မရှိ လေမရှိလို့ ပြားနေတဲ့ ဘီးတွေက တဖြည်းဖြည်း ယိုယွင်းလာခဲ့ပြီ။ နောက်ဆုံး တစ်စုံတစ်ယောက်က ငွေတစ်သောင်းနဲ့ ဝယ်ချင်တယ် ဖြစ်လာပါရော။ ဆိုတော့ ကိုယ့်အတွက် အသုံးမဝင်မယ့်အတူတူ အသုံးတည့်သူလက်ထဲကို ထည့်ဖြစ်ခဲ့တယ်။

ဒီရောက်တော့ အလုပ်နဲ့အိမ်က ကားမှတ်တိုင် ခုနှစ်ခုပဲဝေးတာမို့ စက်ဘီးစီးမယ်စိတ်ကူးဖြစ်သေးတယ်။ သူငယ်ချင်းတွေက ၀ိုင်းတားကြတယ်။ ဘာမှတ်နေလဲတဲ့။ ကားတွေက မြန်ကမြန်နဲ့။ တစ်လောက လမ်းဒေါင့်မှာ ကားတိုက်လို့ မြန်မာအင်ဂျင်နီယာကောင်မလေး ဆေးရုံတက်ပြီး ကုလိုက်ရတယ်ဆိုလား ဘာလား။ အစကတည်းကမှ ကြောက်တတ်ပါဘိသနဲ့ စက်ဘီးဝယ်မယ့်အရေး ဝေးပြန်ရောပေါ့။

အဲ့နောက်တော့ ကျနော်နဲ့စက်ဘီး မတွေ့ဖြစ်တော့ဘူး။ ကျနော်လည်း သူ့ကိုမေ့ပစ်ခဲ့တာ။ ဒီနေ့တစ်နေ့လုံးတော့ သူ့ကို သတိရလို့………စက်ဘီးလေးရေ…..ဘယ့်နှယ်စီးရပါ့………..

35 comments:

ကြည်ဖြူပိုင် said...

ဟုတ်တယ်။ဒီမှာစက်ဘီးစီးရတာအန္တရာယ်တော့အများသား။အနော်ကတော့စက်ဘီးနောက်မှာသူများကို
တင်နင်းရင် ဘိုင်းကနဲမှောက်တော့တာပဲ။ ၈တန်းတုန်းက ကိုယ်နင်းလာတဲ့စက်ဘီးကို လမ်းပြောင်းပြန်နင်းလာတဲ့စက်ဘီးက
ဝင်တိုက်ပြီးတည်းကလူကြီးတွေပေးမစီးတော့တာ..
ငယ်ငယ်က အကိုတွေနင်းတဲ့စက်ဘီးနောက်ကလိုက်စီးရင် နောက်ကနေ ရှေ့လှည့်စီးလိုက်
နောက်ပြန်စီးလိုက်.. ဘေးထိုင်စီးလိုက်..အလယ်ကစီးလိုက်..သူတို့ကျောနောက်က စိတ်ပေါက်သလိုကိုလုပ်နေတာ..ငြိမ်ငြိမ်စီးမိတာတော့အရှားသား...ပြည်.-ပေါက်ခေါင်းကိုသွားတုန်းကစက်ဘီးလေးကို
မြေနီလမ်းမှာနင်းရတဲ့အရသာကိုမဆီမဆိုင်
သတိရမိသွားတယ်။ ရန်ကုန်ပြန်ရင် အောင့်မထားနဲ့စက်ဘီးကိုအားပါးတရသာ စီးထည့်လိုက်တော့ ကိုရွာသားရေ....:)

ဝသန်မိုး said...

ဟုတ်တယ် အကိုရ
စက်ဘီးလေး စီးရတာလည်း
ဖီလင်တစ်မျိုးပဲ
အခု အဝေးရောက်နေတော့
ရန်ကုန်မှာ စီးခဲ့ရတဲ့ စက်ဘီးလေးတော့
အလွမ်းသား
အခုဆို ရှိတောင် ရှိပါတော့မလားမသိ
ရန်ကုန်ပြန်ရောက်မှပဲ အ၀ပြန်စီးပေါ့
အကို ရာ
ဟုတ်ဘူးလား

tg.nwai said...

ဟုတ်တယ်..တို့တွေလည်း နယ်မှာ ကြီးလာတော့ စက်ဘီးတစ်စီးနဲ့ မြို့ပတ်နေခဲ့တာပဲ.. ရန်ကုန်မြို့ထဲဘက်ကျတော့ ကားတွေရှုပ်တော့ စီးမကောင်းပါဘူး...

မသိပါဘူးရှင်..ကိုရွာသားရဲ့ စက်ဘီးပို့စ်က စိုင်းထီးဆိုင်ရဲ့ ဘီးနံပတ် အိုကေသုညတစ်နှစ်နှစ်အယ်လ်လိုများ ဇာတ်လမ်းလေးရှိသလားလို့ပါ..:)

Libratun said...

ဟုတ်တယ်ဗျ။ စက်ဘီးဆိုတာလည်း အေးအေးဆေးဆေးလေး စီးမှ အရသာရှိတာ။ မိုးနံ့သင်းနေတဲ့ မြေနီလမ်းဆို ဘာပြောကောင်းလိုက်မလဲ။ အခုပုံနဲ့တော့ မဖြစ်နိုင်သေးပါဘူးဗျာ။

လွှမ်းမိုးသီချင်းအတွက် ကျေးဇူးတင်တယ်ဗျာ။ အရင်ကတည်းက အရမ်းကြိုက်တဲ့သီချင်းပေါ့။ ကိုလွှမ်းမိုးကို လွမ်းသွားပြီ။

yangonthar said...
This comment has been removed by the author.
yangonthar said...

ကျွန်တော်လည်း ကိုယ်နဲ့ အတူ ရှိနေခဲ့တဲ့ ပစ္စည်း လေးတွေကို သတိတရ ရှိတတ်ပါတယ် ကိုရွာသားရေ ... အဲဒီပစ္စည်းလေးတွေ အပေါ် တွယ်တာ တတ်လွန်းလို့  တစ်ခါတစ်ရံ သုံးမရ တော့တဲ့ ပစ္စည်းလေးတွေ ကျနော့်ဆီ အများကြီး စုပုံနေတတ်တယ် .... ဘာရယ်တော့ မဟုတ်ပါဘူး အစွဲအလန်းကြီးတယ်ပြောရမယ် ကိုရွာသားစက်ဘီးလေး အကြောင်း ပြောတော့ ငယ်ဘဝကို ပြန်သတိရ တယ် .... ကျွန်တော့်မှာ ကိုယ်ပိုင်စက်ဘီးလေး မရှိခဲ့ဘူးဗျ ..... :) ခု ဝယ်စီးနိုင်တဲ့ အချိန်ကျ ပြန် တော့ ငယ်ငယ် တုန်းက တက်ကြွပေါ့ ပါးလန်းဆန်းမှုမျိုးနဲ့ မစီးနိုင်တော့ဘူးလေ .... ကိုရွာသားက ကျွန်တော်နဲ့ အတွေးချင်း ဆင်တဲ့ မိတ်ဆွေ တစ်ယောက်ပါ
အေးမြသာယာရှိပါစေ :)

သံလွင် HeRo said...

ဦးရွာသားပြောမှပဲ ငယ်ငယ်ကစက်ဘိန်းတွေကို
သွားသတိရမိပြီ။ ကျနော်စစီးတက်ကာစက
သူငယ်တန်းပဲရှိသေးတယ်...အဲဒီတုန်းကတော့
ရာဘာတာယာလေးနဲ့ဘိန်းပေါ့ဗျာ...
သုံးတန်းလောက်ရောက်တော့ဒီထက်နဲနဲကြီး
တာလေးဝယ်ပေးတယ်...
၅တန်းရောက်တော့ခေတ်စားနေတဲ့ ဘီအမ်အိတ်စ်ပေါ့...မှတ်မိသေးတယ်အဲဒီတုန်းက
အိမ်နဲ့မျက်စောင်းထိုးကစက်ဘိန်းဆိုင်မှာ
သွားဝယ် တစ်စီးမှ ၃၇၀၀ပဲ အချင်းချင်းမို့
၃၅၀၀နဲ့ပေးလိုက်တယ်...
၇တန်းရောက်တော့ ဖီးစက်စ် စက်ဘိန်းဝယ်
ပေးတယ်...ငယ်ချစ်ဦးနဲ့အရောင်တူ
ပုံစံတူဆိုတော့ အဲဒီဘိန်းလေးကိုတော်တော်
သံယောဇဉ်ဖြစ်မိတယ်....ဟီးဟီး

Phyo Maw said...

စက်ဘီး မေ့မှာပေါ့ဗျ
ကောင်မလေးနဲ့ အားကြီးလမ်းလျှောက်ပြန်ချင်တာကိုး
ခက်ထှာ

ရွှေရတုမှတ်တမ်း said...

ဒို့အညာမှာ က ဘီး (ဘိန်း ) ကမရှိမဖြစ်လေ
ဗမာပြည်ပြန်ရင် အလွမ်းပြေ ဘိန်း ပဲစီးတယ်
ဆိုင်ကယ် မစီးဘူး

PAUK said...

ငါးတန်း ကတည်းက စက်ဘီးနဲ့ ကျောင်းတက်ခဲ့တာ..
မန်းလေးတက္ကသိုလ်ရောက်တဲ့အထိပါပဲ..
(အဲ့အချိန်မှာ တချို့ တတ်နိုင်သူများက
ဆူပါကပ် လေးနဲ့ပေါ့..မုန်းချင်စရာ..)
အခုထိ (နှစ်တိုင်း) အိမ်ပြန်တိုင်း..
မနက်တိုင်း...နေ့တိုင်း...ဘိန်းနဲ့ပဲ..
ဒီမှာလဲ ဘိန်း(စက်ဘီး) ရှိပါတယ်..
အချိန်မရှိပါဘူး...။။

ကောင်းကင်ပြာ said...

မစီးတတ်ဘူးးး

khin oo may said...

kom: မနက်ဖြန်မှ့ွကွန်မက်လာမယ်လို့ပြောတာ

PAUK said...

ရတန်း..၈ တန်းလောက်က လက်နှစ်ဖက်လွတ်စီး
ပြိုင်လိုက်သေးတယ်..ကျောင်းသွားဖော်တွေနဲ့..( အဟီးး..မမ မပြောခင် လာပြောထားတာ..)

မီယာ said...

ရန်ကုန်မှာတော့ စက်ဘီးကို အပျော်ပဲစီးတာ.. နယ်ဘက်တွေ ခရီးထွက်ရင် စက်ဘီးစီးရတာ ပိုပျော်စရာကောင်းတယ်။ ဘီးကလေးကို စီးပြီး xxxxx ဆိုရင်းလေ

ဖြူတုတ်လေး said...
This comment has been removed by the author.
ဖြူတုတ်လေး said...

ကိုရွာသားလေး...ဟုတ်တယ်ဗျ။ ဖြူတုတ်ကမုံရွာမှာကြီးတာလေ။ နံမည်ကြီး STATE 3 ထွက်ပေါ့။ ဟားဟား
ဖြူတုတ်မှာတော့ မှတ်မှတ်ရရ စက်ဘီးသုံးစီး ရှိခဲ့ဖူးတယ်။ သူငယ်တန်း စတက်တော့ RAKA ကုလားကလေးစီးလေးပေါ့။ သင်လိုက်ရတာဗျာ... အဖိုးအဖွား အဖေအမေ ဦးလေးအဒေါ် ကစလိုက်တာလေ စက်ရုံအလုပ်သမားပါမကျန် နောက်ကထိမ်းပြီး တွန်းပေးကြရတာလေ။ အိမ်ကလူတွေလက်မြှောက် သွားတော့ လမ်းကဖြတ်လျှောတ်သွားသူတွေက သနားပြီး စက်ဘီးကိုဝင်တွန်းပေးကြရှာ ပါတယ်။ ခါးမှာလည်း အညိုဘုတွေ ထကုန်ရော။ ဖြစ်ချင်တော့ တရပ်ကွက်လုံး လက်မြှောက် လိုက်မှပဲ ဘယ်လိုကဘယ်လို တတ်သွားမှန်းမသိဘူး။ ဟားဟား ငါးတန်းစတက်တော. အဲဒီတုန်းကခတ်စားနေတဲ. တရုတ်ဘီးနီလေး အိမ်ကဝယ်ပေးတယ်။ ကိုးတန်းရောက်တော့ ပန်းဘီးလိုချင်တာ ... ပူဆာပေမဲ. မဝယ်ပေးဘူးဗျ။ သူ့ထက်တဆင့်နိမ့်တဲ. ဘီးဗျာ... နံမယ်မေ့နေတယ်အခုတော့။ အစိမ်း၊ နီညို၊ အနက် သုံးရောင်ပဲလာတဲ. ဟာဗျာ။ အဲဒါက အစီးကြမ်းတဲ. ကိုယ်နဲ. ပိုကိုက်တယ်ဆိုပြီး အနက်ရောင်လေးဝယ်ပေးတာ။ အဲဒီဘီးတော့ အတော်ကြိုက် ခဲ့တာဗျ။ အဲဒီဘီးကို စီးလိုက်ရင် လူကိုမတ်ပြီး စတိုင်ကျတယ်ထင်တာကိုးဗျ။ အင်း... အခုတော့ မရှိတော့ပါဘူးဗျာ။ ပြောတာတောင် တော်တော်များသွားပီဗျ။ အခုတော့ တော်သေးပြီ။

Thanks for your post. It reminds me of my school years in Monywa. Hope that you will share more of such posts in the future. Good Job!

ခရေညို said...

အိမ်နီးနားချင်းမောင်လေးရေ
အမတို့ အညာမှာကတော့ဒီလိုပါပဲ ကျောင်းသွား/ပြန်တို့ ဈေးသွားတာတို့ ဟိုနားဒီနား သွားတာတို့ ဆိုရင်စက်ဘီးကတော့မရှိမဖြစ်ပဲနော်။
ဒီမှာလည်:တစ်ချို့ရွှေအတော်များများ စက်ဘီးစီးတာမြင်ဘူးတယ်။ အမသားအကြီးလည်း စက်ဘီးစီးတာပဲ။ ဒါပေမဲ့ ဂရုစိုက် စီးဖို့ကိုပြောရတာပေါ့။

Talkii said...

၅တန်းစတက်မယ်လုပ်တော့ အိမ်က မန်းလေး (ကိုရွာသားလို ခှေါနေကြပဲ ပက်ပက်စက်စက်ခှေါလိုက်တော့မယ်) ကိုသွားပြီး ပြိုင်ဘိန်းသွားဝယ်တယ်။ မှတ်မှတ်ရရ ၁၉၅၀၀ ပေးရတယ်။ မေ့တတ်ပုံကလည်း ကျောင်းဆင်းရင် အိမ်က လာကြိုနေကျဆိုတော့ စက်ဘိန်းကို ကျောင်းထဲမှာ ရပ်ထားပြီး အပြင်မှာ ထွက်စောင့်နေတတ်တယ်။ အခုတော့ စီးမယ့်သူမရှိတော့ လိုနေတဲ့သူဆီ ပြန်ရောင်းလိုက်ပြီ။ ဒါပေမယ့် ရန်ကုန်မှာတုန်းကလည်း စီး။ အခုဒီမှာလည်း စက်ဘီးစီး။ :) တစ်ခုပဲကွာတယ်။ ငယ်ငယ်တုန်းက ကျောင်းဆင်းချိန်ဆို စက်ဘီးတွေ အများကြီးထဲကနေ တိုးပြီး ပြောင်လိုက်နောက်လိုက် အိမ်ကို အမြန်နင်းကြတယ်။ အခုကတော့ ကားလမ်းနဘေးမှာ တစ်ယောက်တည်းပေါ့။

Anonymous said...

အော် .... ဟိုနေ့က သူများတွေ သွားစီးတာတော့ လိုက်မသွားပဲနဲ့ ခုမှ လွမ်းနေတယ်။

တောင်ပေါ်သား said...

ကျနော်ငယ်တုန်း(ကျောင်းသားဘ၀)ကလဲ စက်ဘီးလေး စီးဖူးတယ် ဒါပေမဲ့ အမရဲ့ လက်ဝကြီး အုပ်မူကို ခံလိုက်ရတယ်း) ကျနော့်တို့ မြို့မှာက ပြိုင်ဘီးကို ဖင်ကုန်းဘီးလို့ ခေါ်တယ်ဗျး) သူက ကုန်းကုန်းကြီး မောင်းရတာကိုးး) ( ကျနော်မှာ ရှိတာလဲ မိန်းမစီးလေးပါ )


လေးစားလျက်
တောင်ပေါ်သား

မီးမီးချစ် said...

လက်တဖက်လွှတ်လား ၂ဖက်လွှတ်လား ကြိုက်တာပြော..မလုပ်တက်ဘူး ဟဟ
မီးချစ်တော့ ဖီးဇန့် ဘဲ ကြိုက်တယ်..
ငယ်ငယ်က အရပ်မမှီလို့  ခြေဖျားထောက်ထောက်နင်ရတာ..ဒီက စက်ဘီး ပုပုလေးတွေ တွေ့  ရင် အသဲယားတယ်.. ကလေးစီးလေးတွေ ကျနေတာပဲ..း))

မီးမီးချစ် said...

လက်တဖက်လွှတ်လား ၂ဖက်လွှတ်လား ကြိုက်တာပြော..မလုပ်တက်ဘူး ဟဟ
မီးချစ်တော့ ဖီးဇန့် ဘဲ ကြိုက်တယ်..
ငယ်ငယ်က အရပ်မမှီလို့  ခြေဖျားထောက်ထောက်နင်ရတာ..ဒီက စက်ဘီး ပုပုလေးတွေ တွေ့  ရင် အသဲယားတယ်.. ကလေးစီးလေးတွေ ကျနေတာပဲ..း))

Unknown said...

သိပ်သိတတ် လိမ်မာတဲ့ သားလေးပ(ထမင်းဗူးမထုတ်ဘူး အိမ်ပြန် မေနဲ့ တူ၂စားတယ်ဆိုလို့)
တို့ ငယ်၂ကျောင်းတက်တုန်းကလည်း စက်ဘီးအစိမ်းလေးရှိခဲ့တယ် မေ့ရဲ့  ဖီးဆင့်ဘီးလေး
နောက်တော့ တရုတ်ဘီး ခရမ်းရောင်လေးဝယ်ပေးတယ်

မေ့ တတ်တာလေး တူတာများ အိမ်ပြန်ချင်ဇောနဲ့  စက်ဘီးအမြဲမေ့တယ် သူငယ်ချင်းဘီးနောက်ကနေ ထိုင်လိုက်သွားတာ နောက်နေ့  ကျောင်းသွားခါနီးမှပဲ သတိယတယ်
ကျောင်းလုံးခြုံရေးတာဝန်ခံဆရာ အမြဲသိမ်းရတဲ့ ဘီးလေးပေါ့
ဒါပေမယ့် စက်ဘီးစီးတိုင်း အ၇မ်းကြောက်တယ်
ခုတော့ ညီမ၀မ်းကွဲလေးဆီမှာ

တို့ လည်း ခေါက်ဘီးလေးတခုလောက် လိုချင်မိတယ်

မ၀ယ်ချင်ရင်
အေ၇ှ့ ဘက်ကမ်းခြေမှာ သွားစီးပါ ၁ ယောက်တင်မကဘူး ၂ ယောက်လုံးပါစီးလို့ ရတယ်

မျှော်လင့်ခြင်း said...

စက်ဘီး ကို လွမ်းနေတာလား
စီးချင်ရင် ဒီနေရာတွေသွားလေ
can go to East Coast , Pasir Ris park
can also see beautiful girls ha ha

မေဇင် said...

စက်ဘီး ကို ဒီမှာ ကားလမ်းပေါ်မှာ မစီးရင် ကြောက်စရာမလိုပါဘူး...ပလပ်ဖောင်းတွေ ရှိတာပဲ...ကားက အပေါ်ထိ တက်မတိုက်ဘူး...နောင့် လဲစီးတာပဲ..ဒီမှာ...ဘာမှ မဖြစ်ဘူး... စီးသာစီး...အဲ့ဒီ feel ကအရမ်းမိုက်တယ်...လေးလေဖြူးဖြူးနဲ့...း))

မေလေး said...

ကိုရွာသား နောင့်နောင့် လာကြွားသွားတယ်။ မခံနဲ့။ သူ့ကိုကိုက သူ့မွေးနေ့တုန်းကမှ လက်ဆောင်ပေးထားတဲ့ စက်ဘီ.။ ဒါကြောင့် သူလာကြွားတာ။
အားကျမခံ ကိုရွာသားလဲ ချစ်သူကိုဝယ်ပေးလိုက်။
:P

မိုးခါး said...

စက်ဘီသွားစီးတုန်းကတော့ မလိုက်လာဘူး
နေကုန်နင်းလို့ရတယ်
အသားတွေတောင် ပြာလို့ :P

ကာရံဆူး said...

စက်ဘီး မစီးတတ်ဘူး...ဒူးမပြဲဘဲနဲ့ စက်ဘီးစီး မတတ်ဘူးလို့ ပြောလို့ ...ကိုရွာသားရော.. မောတော့ မောတာပေါ့ ဒါပေမဲ့ ဘာညာဘာညာ မရှိခဲ့ဘူးလား...:P

တန်ခူး said...

အားမငယ်ပါနဲ့ ငါ့မောင်ရယ်… ဒီမယ် ကိုယ့်အမကြီးတယောက်မှာ စက်ဘီးကြီးအိမ်ရှိတာတောင် မစီးတတ်လို့  ဒီတိုင်းထိုင်ကြည့်နေရတဲ့ဘ၀… တုံးချက်ကတော့လေ… အရှေ့ ဘက်ကမ်းခြေမှာ သူများတွေ စက်ဘီးစီးတာအားကျလို့  စီးချင်တာ အမျိုးသားကို အားကိုးနေရတဲ့ဘ၀… နှစ်ယောက်တွဲနင်းရတဲ့ဘီးလေ… ဟီး…

Rita said...

ကိုယ်စီးထားတဲ့ စက်ဘီးလေး ကြည့်ပြီး ရေးလိုက်တာလား။

ကိုလူထွေး said...

သက်မဲ့အပေါ်မှာ ထားမိတဲ့ သံယောဇဉ်က
အမည်မဲ့ လို့ ပါလား...

Anonymous said...

ကိုယ်လည်းစက်ဘီးစီးချင်သွားပြီ၊
မန္တလေးမှာ ကျောင်းတက်တုန်းက စီးဖူးတာ တရုတ်ဘီးလေးပါ၊ သူ့ကို ရွာသားလေးလို အမှတ်မထားမိလို့ စိတ်မကောင်းတောင်ဖြစ်သွားပြီ၊

ကလူသစ် said...

ကော်မန့်ဘယ်နှစ်ခုရှိပြီလဲ လာကြည့်သွားတယ်။ ခွိခွိ။

သိတ်မရှင်းလို့ပါ။ လူကြီးစီး၊ ကလေးစီးဆိုတာ ခွေဆိုဒ်ကို ကြည့်ပြီး ခွဲပြောကြသလားလို့ပါ။ ယောင်္ကျားစီး၊ မိန်းမစီးဆိုတာ ရှေ့ကဘားတန်း ပါ မပါနဲ့ ခွဲခြားတယ်ထင်တယ်။ ရန်ကုန်သားဆိုတော့ စက်ဘီးနဲ့ သိတ်မရင်းနှီးပါဘူး။ အရင်တုန်းကတောင် အစုတ်ကို တသောင်းပေးဝယ်တယ်ဆိုတော့ ဘယ်အမျိုးအစား တရုတ်ဘီးပါလိမ့်ဗျာ။

Ree Noe Mann said...

နောက်တစ်ခေါက်ကျရင် လိုက်သွားကြရအောင်ဗျို့ ကိုရွာသားရေ။

ဆိုက်ကယ် စီးရတာကိုနှစ်သက်သလို
စက်ဘီးစီးရတာကိုလည်း ကြိုက်တယ်ဗျ။

နောက်လကျရင် နန်းပြင်ထွက်တဲ့ မင်းသမီး နဲ့ အတူ
ညလုံးပေါက် သွားကျတာပေါ့ဗျာ

ခင်တဲ့ ရီနို

khin oo may said...

ရုတ်တစ်ရက်ကြီးဘယ်လိုဖြစ်ပြီး ထလွမ်းသွားရတာလဲ။