တစ်လောက အရိုးရဲ့ ဆိုသည်မှာ စာအုပ်ကိုဖတ်အပြီး၊ ကျနော့ခေါင်းထဲက အတွေးတွေနဲ့ ဒီစာကိုရေးမိပြန်တယ်……ကျနော့အတွက် ဘလော့ဆိုသည်မှာ….
ဘလော့ဆိုတဲ့အဓိပ္ပါယ်ကို သေချာမသိခင်မှာပဲ ဒီဘလော့ ဆိုတဲ့ အရာထဲကို ကျနော်ရောက်နေခဲ့မိပြီ။ ကျနော်သိတာက စာရေးချင်တာတစ်ခုတည်းသက်သက်။ ကောမန့်ဆိုတာ ဘာလဲ၊ Tag ဆိုတာ ဘာလဲ၊ ဆီပုံးဆိုတာ ဘာလဲ မသိခဲ့။ HTML code တွေနဲ့လည်း အကျွမ်းမ၀င်ခဲ့။
စာစရေး,စက စာရေးနေတာတစ်ခုပဲ။ ကိုယ့်ရေးတဲ့စာလေး ချောဖို့အရေး၊ စာလေးတွေ တင်မယ်၊ ခံစားချက်တွေ အတွေးတွေမျှဝေမယ် ဆိုတဲ့ စိတ်ကလေးပဲရှိခဲ့တယ်။ နောက်တော့ ဆီပုံးဆိုတာ ထည့်ဖို့ကောင်းတယ် ဖြစ်ပြန်ရော။ ပြီးတော့ ဘယ်ကနေလာခဲ့တယ်ဆိုတာ သိဖို့၊ hit ဘယ်နှစ်ခေါက်ရှိပြီလဲ coding လေးတွေထည့်လာပြန်တယ်။ သီချင်း player လေးတွေလည်း ထည့်မိပြန်ရော။ နောက်တော့ နောက်တော့ တဖြည်းဖြည်းတိုးလာတဲ့ စာရေးသူ မိတ်ဆွေတွေအတွက် လည်စရာလင့်လေးတွေ အသစ်တင်တိုင်း မပျက်မကွက်ဖတ်ရင်း မိုးအလင်းညတွေ မရေနိုင်တော့။
စာရေးခြင်းတစ်နှစ်ကျော်ကာလမှာ ကျနော်လုပ်နေတဲ့ ဘလော့ဆိုတဲ့ အရာကို ပြန်သုံးသပ်ဖို့ စဉ်းစားမိခဲ့တယ်။
ကျနော်ဘလော့ရေးနေတာ ဘာအတွက်လဲ?
(ကျနော့အတွက်တော့ ဒုတိယ ဘ၀တစ်ခုလိုပါပဲ၊ တစ်ခါတစ်လေ ရင်ဖွင့်မယ်၊ တစ်ခါတစ်လေ အော်ဟစ်ငိုယိုမယ်၊ တစ်ခါတစ်လေ ဟားတိုက်ရယ်မောမယ်။ သူများရပ်ရွာမှာနေရင်း အမေ့အိမ်ကို လွမ်းတဲ့အလွမ်းတွေအစား မေ့မေ့ပျောက်ပျောက် ဘလော့ဆိုတဲ့အရာနဲ့ အစားထိုးခဲ့တယ်။)
ကျနော်ဘယ်လောက်အချိန်ပေးခဲ့သလဲ?
(ကျနော့အထင် တနေ့တာလုံးရဲ့ 90% လောက် ဘလော့မှာ ကျနော်ရှိနေခဲ့တယ်။)
ကျနော်ဘာတွေရေးဖြစ်ခဲ့သလဲ?
(စုံနေတာပဲ ဘာတွေရေးမိမှန်းကို မသိအောင်ပါပဲ၊ ခံစားချက်တွေရော၊ ရုပ်ရှင်ခံစားမှုတွေရော….။ ကိုယ့်ဖာသာကိုယ် တပ်ဖြစ်တဲ့ ခေါင်းစဉ်တွေနဲ့ တည်းဖြတ်သူမဲ့တဲ့ စာမျက်နှာတွေ အတားအဆီးမဲ့စွာ..)
ကျနော်ဘယ်သူတွေနဲ့တွေ့ဖြစ်ခဲ့သလဲ?
(ဒီတစ်ခုအတွက်တော့ ကျေနပ်တယ်။ ကျနော် တစ်ခါမှ မမြင်ဖူးတဲ့သူတွေနဲ့ ဆုံဖြစ်ခဲ့တယ်၊ အပြင်မှာ တွေ့ဆုံဖို့မလွယ်ကူနိုင်တဲ့ သူတွေ( မမိုးချိုသင်းတို့၊ ဆရာ မမေငြိမ်းတို့လို စာမျက်နှာတွေပေါ်မှာ ထင်ရှားခဲ့သူတွေ၊ စာမျက်နှာတွေပေါ်မှာစာတွေ မရေးဖြစ်ကြပေမယ့် ဘလော့စာမျက်နှာမှာ စာရေးသိပ်ကောင်းတဲ့ လူတွေနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ခဲ့တာမျိုးပါ ၊ သူတစ်ပါးတွေအတွက်လွယ်ကူကောင်း လွယ်ကူနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်လိုလူမျိုးအတွက် ခက်ခဲပါတယ်)
ကျနော့အတွက် အကျိုးအမြတ်?
(အတ္တနောက်က ပရလိုက်တာပါ။ လူတိုင်း ကိုယ်ကျိုးကို အရင်ကြည့်မိကြပါလိမ့်မယ်။ ကော့မန့်ဆိုတာ ဘာမှန်းမသိတဲ့နေရာကနေ သြော် ကော့မန့်လေးတွေ မက်မောလာပြန်တယ်။ နောက်တော့ လာလည်တဲ့သူတွေနောက်ကို လိုက်မိပြန်ရော။ ဟာ..ဒီလူတွေလာလည်ပါလား ဒါပေမယ့် ခြေရာလည်း မချန်ဘူးကော။ လူ့,အလိုများနော်။ ဒီနေ့လာလည်သူအရေအတွက် ဟို့လူဘလော့ကများလှပါလား ငါ့ဘလော့ကျနည်းနည်းလေးနဲ့ လောဘဇောတွေ အတောမသတ်ပြန်ဘူး။ ကျနော်ပေးထားတဲ့ အချိန်တွေနဲ့ ကျနော်ပြန်ရတဲ့ အရာတွေကို ချိန်ထိုးဖို့ သတိမရပါဘူး။ ကျနော့ကိုစိုးမိုးထားတာက ကောမန့်ရယ် လာလည်သူအရေအတွက်ဆိုတာတွေရယ်ပါပဲ။)
ကျနော့ရဲ့ စာအရေးအသား
(တစ်လောက ဘလော့က ညီမတစ်ယောက်ရဲ့ အစ်မဆီက ပွင့်ပွင့်လင်းလင်း ရိုးသားစွာပြောသံကို ကြားယောင်မိတယ်။ ဘာတွေကို ရေးမှန်းမသိဘူးတဲ့ ဒီမြို့ဆို ဒီမြို့လို့ရေးပေါ့ သွယ်ဝိုက်ကွေ့ပတ်ပြီးတော့ နားလည်ရခက်စွာ ရေးတာမို့ ဖတ်လက်စကို ရပ်ပစ်ခဲ့ရတာတဲ့။ တစ်ချို့က ခံစားချက်စကားစုလေးတွေကို ကြိုက်နှစ်သက်တယ်။ တစ်ချို့က ခရီးသွားဆောင်းပါး၊ တစ်ချို့က ရုပ်ရှင်ခံစားမှု၊ တစ်ချို့ကတော့ ကျနော်က စကားပြေပိုအားသန်သလိုပဲတဲ့။ များသောအားဖြင့် ကျနော့အတွေးတွေကို တစ်ခြားတစ်ခုခုနဲ့ ထင်ဟပ်ပြီးရေးလေ့ရှိပါတယ်။ သို့ပေမယ့် အရေးမတတ်တော့ လိပ်ပတ်မလည်သလို ဖြစ်နေဟန်တူပါရဲ့။ ဝမ်းစာကလည်း မပြည့်၊ အခြေခံကလည်း မပိုင်နိုင်တော့ ကိုယ့်အပြစ်ကိုပဲ ရှက်ရှက်နဲ့ ဝန်ခံရတော့မှာပါပဲ။ ကျနော်ရေးတော့သာ သွယ်ဝိုက်ရေးတတ်တာပါ ကိုယ်တိုင်ကျ အခုထိ ခွန်သာကို ပုစ္ဆာတစ်ပုဒ်လို ရေးခဲ့တဲ့အတွက် လိပ်ခဲတည်းလည်း ဖြစ်နေတုန်း။ အခွင့်သင့်ရင် သူသေလူလား လူရှင်လားဆိုတာ မေးချင်မိတယ်လေ)
ကျနော်မြင်မိတဲ့ ကော့မန့်ပေးသူများ
(တစ်ချို့ဘလော့တွေဆို စာရေးကောင်းပါတယ်။ ကော့မန့်မရတတ်ကြဘူး။ စာရေးသက်နုတာလည်း ဖြစ်နိုင်သလို၊ ဘလော်ဂါတွေနဲ့ မရင်းနှီးတာလည်း ဖြစ်နိုင်ပါတယ်။ မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင်တော့ အသွားအလာရှိတဲ့ ဘလော့အချင်းချင်းကသာ ကော့မန့်ပေးလေ့ရှိတယ်ဆိုတာပါပဲ။
နောက်ထပ်တစ်မျိုးက ကော့မန့်ဦးတာပါ။ အရင်ဆုံးကော့မန့်ပေးတဲ့သူဖြစ်ဖို့ နံပါတ်တစ်အော်ကြတာပေါ့ဗျာ။ ရေးထားတဲ့ စာကို ဖတ်မဖတ်တော့ မသိပါဘူး။ နံပါတ်တစ်အော်ပြီး ပြန်သွားကြတာပါပဲ။
နောက်တစ်ခုကတော့ အဖွဲ့လေးတွေပါပဲ။ ကိုယ်နဲ့နီးစပ်ရာ နီးစပ်ရာချင်း ပေါင်းစည်းကြတာပေါ့ဗျာ။ ရင်ဘတ်ချင်းနီးစပ်သူများဆိုပါတော့။ သူတို့အချင်းချင်းတော့ ရေးသမျှအပုဒ်အတိုင်း ပေးကြတာချည်းလေ။ ကျနော်လည်း အဲ့အထဲပါမယ်ထင်တယ်ခင်ဗျ။
စာမရေးပဲ စာဖတ်သူသတ်သတ်နဲ့ ကော့မန့်တွေပေးကြတာ။ စာဖတ်နာသူ၊နားလည်ခံစားပေးသူတွေရှိသလို၊ ကိုယ်လိုရာဆွဲ ကိုယ့်အမြင်နဲ့ သူ့အမြင် မျဉ်းပြိုင်ဆွဲကြသူတွေလည်း ရှိတတ်ပြန်တယ်။ အပြုသဘောဆောင်တဲ့ ကော့မန့်လေးတွေ ဖြစ်ဖို့ ဆန္ဒပြုမိတယ်။
နောက်ထပ်တွေ့တဲ့သူတွေက Reader ကဆွဲဖတ်တဲ့သူတွေ။ ဘလော့ကိုလာလည်စရာမလိုသလို ကော့မန့်လည်းပေးစရာမလိုဘူးထင်ပါရဲ့။ နီးစပ်ရင်တော့ တစ်မျိုးပေါ့၊ မနီးစပ်တော့လည်းတစ်မျိုးပေါ့။ အင်းလေ ဖတ်လို့ မကောင်းလို့ မဟုတ်ပါဘူး ဘလော့သွားရမှာ အလုပ်ရှုပ်လို့ Reader ကဖတ်ရင်း ကော့မန့်ပေးဖို့ မေ့ခဲ့တယ်ဆိုပါစို့ရဲ့လေ..သေချာပြန်သုံးသပ်တော့ ကျနော်ရေးထားတာတွေက အရည်မရ အဖတ်မရတွေဆိုတာတွေကို ကိုယ်တိုင်မေ့လျော့လို့…အဲ့လို)
လောလောဆယ်ကျနော်တွေးမိမြင်မိသမျှ ဘလော့ဆိုသည်မှာ လေးပါပဲ… ညံ့ဖျင်းနုံအစွာ ရေးတတ်သူဖြစ်လို့ အပြောမတတ်တော့ ဆဲသလို ဖြစ်နေမှာလည်း စိုးပါတယ်။ ရိုးအစွာရေးခဲ့ကြောင်းနှင့် ကျနော့အပြစ်များသာဖြစ်ပါကြောင်း ကြိုတင်ဝန်ခံပါတယ်ခင်ဗျာ….
ထပ်ဖြည့်ပေးသွားမယ်ဆို ကျေးဇူးအရင်တင်ထားပါမယ်ခင်ဗျာ
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
43 comments:
နဖူးမောက်မောက်
သွားခေါခေါ..
မျက်လုံးပြူးပြူး..
ဘလော့ဂါကြီးး...( အဟီးး မ၀ါရေးထားတာပြန်ရေးတာနော်..)
ကျနော်ကတော့...
ဖတ်ဖြစ်တဲ့ဘလော့ အရေအတွက်နဲပါတယ်..
ကော်မန့်ကို ခင်တဲံသူ ဘလော့မှာပဲ မန့်ရဲပါတယ်..
နာမည်ကြီး ဘလော့ဂါတွေဆီမှာ မမန့်ရဲပါဘူး
ဖတ်တော့ ဖတ်ဖြစ်ပါတယ်..
ဘလော့ဂါတွေနဲ့ သိပ်မတွေ့ဖူးပါဘူး..
တစ်ယောက်စ နှစ်ယောက်စလောက်ပဲတွေ့ဖူးပါတယ်..
နံပါတ်၁ ဦးတဲ့အထဲမှာလဲ..
ကျနော် မပါပါဘူးခင်ဗျာ...
တို့က ရွာသား ဘာရေးရေး အိုကေပါတယ်၊ ရုပ်ရှင် အကြောင်း ရေးရင် အဲ့ရုပ်ရှင် လိုက်ကြည့်တယ်၊ ၀တ္ထု အကြောင်းရေးရင် အဲ့ ၀တ္ထု လိုက်ဖတ်တယ်၊ တို့ရေးတာ ထက်တော့ ဆယ်ဆ သာတယ် ထင်ပါတယ်၊ ကျန်တာတော့ မပြောတတ်ဘူး၊း)
ရေးတာထက် ဖတ်တာကို ပိုအားသန်သူ တယောက်ပါ၊
လာဖတ်တယ်။
အဲ..နံပါတ်တစ်ဦးတဲ့အထဲမှာ ကျွန်မလည်း ပါသွားလို့ ဖြေရှင်းချက်လေး လာပေးတာပါ =)
ကျွန်မကတော့ ကိုယ်ကလေးလုပ်လို့ ရတဲ့ ... အပြင်မှာလည်း ကိုယ်နဲ့ချစ်ခင်တဲ့ ... ဘလော့မှာတော့ ကျီစယ်သမှူနဲ့ တစ်ဦးပါတယ်။ =) ( အစ်မ မနော်ဟရီနဲ့ ကိုရင်နော် ခင်လေးငယ် )
ဒါတောင် သုံးခါပဲ လုပ်ဖူးပါတယ်။ =)
ကိုYTL ရေ
ရင်ဘတ်ချင်းနီးစပ်သူများ ဆိုတော့ မျက်စေ့ ထဲ မှာပုံဖေါ်ပြီးအလန့်  တကြားဖြစ်သွားတာပဲ
အခုတလော အဆိုတော်တွေ မင်းသားတွေသုံးနေကြတဲ့
ရင်ဘတ်ထဲ ကတို့ ရင်ဘတ်နဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်
သုံးနေကြတာ ကြားရတာတမျိုးကြီးပဲဗျာ
ဗမာ idiom အသစ်ဆိုရင်တော့ ကိုယ့် သဘောပါ့ လေ
ကိုရွာသားရေ မင်္ဂလာပါဗျာ
ဘလော့ဆိုသည်မှာလေး ဖတ်သွားပါတယ် ကျွန်တော်တော့ ဘာမှ မပြောတတ်သေးဘူး လည်ဖြစ်တဲ့ ဘလော့တိုင်းက အတုယူရ မှတ်သားရ တာတွေပဲရှိပါသေးတယ် ဒါပေမယ့် ကြိုးစားပြီးတော့ မန့် ထားခဲ့ပါတယ် ကိုယ်နှစ်သက်ရာလေးတွေ ပေါ့ဗျာ .... အရေး အသား အတွေး စသဖြင့်ပေါ့
ကိုရွာသားစာရေးကောင်းပါတယ် အရင်းအတိုင်းပြောတာပါ အပြုသဘောဆောင် တဲ့ ကွန်းမန့် မျိုးကို တော့ ကျွန်တော်လည်း လေးလေးစားစားနဲ့ ဖတ်ချင်လှပါတယ်
ခင်မင်လေးစားလျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :)
ဘာရေးရေးရေးတာထက် ဖတ်တာကို ပိုအားသန်သူ တယောက်ပါ၊
ကောင်းသားပဲ ကိုရွာသားရေးတဲ့စာတွေ...
တခါတခါ မြှုပ်ကွက် ဝှက်ကွက်ကလေးတွေနဲ့...
တခါတခါ ခံစားချက်မတူနေတဲ့ အချိန်ဖတ်မိတဲ့စာတွေလဲ ရှိတတ်သပေါ့ဗျာ...
းဝ)
(ဒီမှာလာရေးပြီးပြီ... ပြန်လာရေးဖို့လဲ မမေ့နဲ့ဦးးD)
ကိုရွာသားရေ
ကိုရွာသားရေးတဲ့ စာတွေ အမြဲဖတ်ဖြစ်ပါတယ်။ ဘလော့မရေးခင်ထဲက ဆိုပါတော့။ ဒါပေမဲ့ ဘာလို့ ကော့မန့်မပေးရဲလဲဆိုတော့ ကိုလူထွေးပြောသလိုပါဘဲ မီးမီးကြောက်စ် (တခါလာရန်တွေ့ အဲလေ လာပြန်ရေးပြီးထဲက) မန့်မယ်ဆို သေချာ တချို့ ဘလော့တွေမှာ မန့်ချင်သလိုမန့် ပေါတောတော မမန့်ရဲတော့တာပါ။ (ကိုယ်ကိုချစ်ခင်တယ်လို့ ယူဆရတဲ့ဘလော့မျိုးမှာ မမမယ်ကိုးပြောသလို ကျီစယ်မှုနဲ့ ပျော်စေပျက်စေ မန့်တာမျိုးပါ။ ဥပမာ ကိုသီဟသစ်တို့၊ မမပြာတို့၊မေဇင်တို့ ဘလော့မှာပေါ့ စကားမပီအောင်ပြောပြီး မန့်ချင်မန့်မယ်။ပေါတောတော နဲ့ မသိသလိုမန့်ချင်မန့်မယ်။ အဲလိုမျိုးပါ) ကိုယ်နဲ့သိပ်မရင်းနှီးနဲ့ ဘလော့တွေမှာတော့ ကောင်းကောင်းမန့်ပါတယ်။ (နှို့မို့ မေလေးဆိုတာ ဂလိုကြီး ဆိုပြီး ပြန်ပြန် အဆော်ခံရတာများလာတော့ သတိလေးကပ်ပြီး မန့်ရပါတယ်) နောက်ပိုင်း စာသွားဖတ်ပေမဲ့ မမန့်တော့တဲ့ ဘလော့တွေ များလာပါတယ်။ မန့်ရမှာ ကြောက်လာတာပါ။ နောက်ပြီး မေလေးကိုအပြင်မှာသိတဲ့ ဘလော့ကာတွေသိပါတယ် ။ ပျော်ပျော်နေတတ်တဲ့ စရိုက်မျိုး ရှိပါတယ်။ ဒါပေမဲ့ လူတွေခက်တာက ဘလော့ရေးနေတဲ့ ဘဝနဲ့အပြင်ဘဝကို ရောထွေးပစ်ချင်တယ်။ မေလေးအနေနဲ့ကတော့ သတ်သတ်စီလို့ မြင်မိတယ်။ စာဆက်ရေးဖို့ကို စဉ်းစားရအုန်းမယ်။ စိတ်တွေမောလို့။ဟူးးးးးးး ပြောချင်တာတွေတော့ ပြောခဲ့ပြီ ကိုရွာသားရေ လာရန်တွေ့လဲတွေ့တော့ဘဲ။ (မမဝါဆီမှာ ကိုရွာသားကို ဂျန်းတဲမန်း လို့ ပေါခဲ့တယ်။ဟိဟိ။ )လုပ်လာပီဒေါ်မေလေးတို့ ပြောနေရင်းနဲ့ဖောက်လာပြီ မထင်ပါနဲ့။ ဒါဗြဲ။း(((((((((((
စာဖတ်သူ သက်သက်ပါပဲ
အရေးအသားလေးတွေ ရသမြောက်လို့ ဖတ်တယ်
ကဗျာလေးတွေနှစ်သက်လို့ ဖတ်တယ်
ခရီးသွားဆောင်းပါးလေးတွေကို နှစ်သက်မိလို့  ဖတ်တယ်
ဘလော့ဆိုတာတွေကို ဖတ်ဖြစ်ပေမယ့် တော်ယုံမန့် ခဲ ပါတယ်
ရေးတဲ့ ဘလော့ဂါကို ကိုယ်မန့် တာလေးတခုကြောင့် စိတ်အနှောက်အယှက်ဖြစ်မစိုးလို့ ပါ
ခုဘလော့ကိုတော့ စိတ်ထဲမှာရှိတဲ့အတိုင်းလေ ရိုးသားစွာနဲ့  မန့် ဖြစ်ပါတယ်
အမှားပါရင် အမျက်တော်မ၀င်ဖို့  ကြိုတင် တောင်းပန်ပါရစေ
ကိုရွာသားရေ
ဘလော့ဆိုတာ ခင်မင်ခွင့်ရတယ်
မိတ်ဆွေတွေတိုးတယ်
စားမယ်သောက်မယ်
ပျော်ဖို့ကောင်းတယ်
ရေလဲ ကူးလို့ရပါတယ်.................။
ဘလော့ အပေါ်သုံးသပ်ချက်လေးတွေ ဖတ်နေရင်း နဲ့ ကိုယ့် စိတ်ကို ကိုယ့်ဘာသာ ပြန်သုံးသပ်နေမိတယ်..။ တော်တော်များများ တိုက်ဆိုင်ပါတယ်....။ ဒါပေမယ့် ကျွန်တော် ဘလော့ရေးနေတာ ဘာကြောင့်လဲ ဆိုတဲ့ နေရာမှာ... နောင့် အတွက်ကတော့ ဘလော့ ကဒုတိယ ဘ၀ တစ်ခု မဟုတ်ပါဘူး...။ ဒီလိုပါပဲ.....ကျန်တာတော်တော်များများတော့ တိုက်ဆိုင်သား...း)
ကိုရွာသား စာအရေးအသားလေးတွေက တစ်ချို့ ကဗျာလေး တွေကို နားမလည်တာက လွဲပြီး ကျန်တာ ကောင်းပါတယ်..။
ကိုရွာသားရေ ဘလော့ရေးတဲ့ မသီတာနဲ့ အပြင်က မသီတာ တခါတခါလည်း တသွေမတိမ်းတူပါတယ်...တခါတခါတော့လည်း မတူသလိုလို ဖြစ်ပေလိမ့်မယ်...
မသီတာ ကတော့ ကိုယ်နဲ့ ကိုယ့်ဘလော့ဝန်းကျင် ကိုtrusted and be trusted ကြောင့်...
ခိုင်ထူး သီချင်းလေးနဲ့ အဆုံးသတ်လိုက်ပါရစေ
တို့..တို့...တို့....တို့))) လာတယ်))))။
မရောင်လည်း အရင်ကဒီလိုပါပဲ။
သေသေချာချာဖတ်ပြီး နားလည်သွားတယ်။
တခါတလေတော့ စိတ်ရဲ့ထွက်ပေါက်လေးအဖြစ်
မှတ်တမ်းတင်မိတယ်။
ခင်တဲ့မရောင်
အတွေးပွားစရာ ပို့စ်လေး ပါ မောင်လေးရေ
ဘလော့နဲ့ ပတ်သက်တဲ့ အတွေးအခေါ် အယူအဆလေးတွေ အမျိုးမျိုး ကို ဘလော့တွေစ ဖတ်ဖြစ်တဲ့ မကြာခင်မှာပဲ ဖတ်ခဲ့ရ တယ်
ပွင့်ပွင့်လင်းလင်း ပြောရရင် ခုချိန်ထိလဲ ကိုယ့်ကိုကိုယ် တောင် ဘာလဲ လို့ သေချာနားမလည်သေး ပါဘူး
အမ ကတော့ ဘလော့ဆိုတာ ဘာလဲလို့ တယောက်က မိတ်ဆက်ပေးလာလို့ ဘလော့ရွာ ထဲ ရောက်ဖူးခဲ့ရတယ်
နောက်တော့ Gmail အောက်နား လေး က Blog ဆိုတဲ့ စာလုံးလေး ကို တွေ့မိပြီး ခလုပ်တွေ နှိပ်ကြည့်ရင်း ဘလော့ တခု ဖွင့်ဖြစ်ခဲ့တယ်
သူများတွေ ပေးဖတ်ဖို့ ထိ မရည်ရွယ်ခဲ့ပေမဲ့
အကိုတယောက်ရဲ့ အားပေးမှု၊ တိုက်တွန်းမှုကြောင့် ဒီလောကထဲ ရောက်ခဲ့တယ်
အစထဲက ကဗျာ တွေ စာတွေ ၀ါသနာပါသူမို့ ရေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေးတွေ ကို သူတပါး နဲ့ မျှဝေခံစား ခွင့် ရလာသလို ပဲ ခံစားချက်အသစ် နဲ့ ကဗျာ အသစ်တွေ အတွက် လဲ ချပြစရာ နေရာလေး ဖြစ်လာခဲ့တယ်
ခြုံ ပြီးပြောရရင်တော့ ဘလော့ ဆိုတာ ဘောလ့ဂါ အများစု ရဲ့ စိတ်ထွက်ပေါက် ဆိုရင်မှားမယ် တော့ မထင်ဘူးနော်..
ကောင်းပါတယ် ကိုရွာသားရေ။ အမှန်တွေပါပဲ။
ကျွန်တော်ကတော့ ဘယ်သူဘယ်ဝါ စိတ်ထဲ မရှိပါဘူး။ တနည်းနည်းနဲ့ ကောင်းတဲ့စာ ဖြစ်ရင် ပြီးတာပဲ။ ကျွန်တော်လဲ ဥပမာတွေ အလင်္ကာတွေ နဲ့ ရေးတာ ကြိုက်ပါတယ်။
နောက်တစ်ခုက ဆွေးနွေးချင်တာ အကြောင်းအရာ တစ်ခုဆိုရင် တစ်ခြားရှုထောင့်ကနေလည်း ဆွေးနွေးကြည့်ချင်တာ တော်တော်များများ ကတော့ မကြိုက်ကြဘူးထင်တာပဲ။ တနည်းအားဖြင့် အငြင်းသန်တယ်ပြောမလားး) စလုံးရောက်လာတော့ မှ ငြင်းခုံဆွေးနွေးတာကို ပိုကြိုက်လာတယ်။ နိုင်ငံခြားသားဖိုရမ်တွေမှာလည်း ဝင် ပြော ရေးဖြစ်တယ်။ သူတို့က အဖြေကိုပို အလေးထားတယ်။ လောလောဆယ် စကားနာထိုးတာ အသာထားပေါ့။ နောက်ပြီးသွားတာပဲ။ နောက်ပိုင်းတော့ ကျွန်တော်လည်း နေတတ်သွားတယ်၊ မပိုင်ရင်တော့ ခံရတယ် ဒါပေမယ့် ကိုယ်မှားတာ သိလို့ အမှန်ကို လက်ခံနိုင်လာတယ်။
တစ်၊ နှစ်၊ သုံး၊ လေး တွေကတော့ ကျွန်တော် မသိဘူးဗျ။ ဒါပေမယ့် ချစ်စရာကောင်းပါတယ်။ (အခြားတစ်ဖက်မှ)း)
ကိုရွာသားရေးထားတာတွေက တကယ် ဂရုပြုသင့်တာတွေပါ၊ ကျေးဇူးတင်ပါတယ်။
ဘလော့ဂါသမားတွေ အားလုံးရဲ့ကိုယ်စား ဒီပို့စ်လေးကို တင်ပေး ရေးပေးတာ ကျေးဇူးပါ။ ရင်ထဲက ခံစားချက်တွေ ဘလော့အချင်းချင်းလည်တာတွေ မန့်ခဲ့တာတွေ စီဘောက်စ်မှာရေးသွားတာတွေ အားလုံးအားလုံးဟာ
ဘလော့ဂါမောင်နှမတွေ အချင်းချင်း ရင်ဘတ်ခံစားချက်ချင်း တူလို့သာ တည်ရှိနေကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဘလော့လည်ကြရင်းနဲ့သာ အချိန်တွေကို အကျိုးရှိရှိ စာကောင်းပေမွန်တွေ ဖတ်ရှိနိုင်ကြပါစေ၊ အသိဥာဏ် ဗဟုသုတတွေ တိုးပွါးနိုင်ကြပါစေလို့ မျှော်လင့်နေပါတယ်........
ခင်လျက်
ဝိုင်း
အတော်လေးတော့ စဉ်းစားသွားတယ်..... .......
. ........... ......... ....... ........
...... .. .. ......... .......... ... ....
. ...... .... ..... ......... ....... ........
...... .. ...... .. ... ... ......... .......... ... ....
ကျမ အနေနဲ့ကတော့ ဘလော့ဆိုတာ မိမိရဲ့ အရိပ်တစ်ခု ပါပဲ....။ကိုယ်ရေးချင်တာ ပြောချင်တာ ခံစားနေရတာ တွေ အားလုံးကို လွတ်လပ်စွာရင်ဖွင့်ချလို့ ရတဲ့ နေရာလေးလို့ သတ်မှတ်တားတယ်....။
ကျမ နဲ့ ရင်ဘတ်ချင်းနီးစပ်သူလေးတွေရဲ့ ပို့စ်အသစ်အသစ်တွေကို မျှော်လင့်စောင့်စားရင်း သူတို့နဲ့ ထပ်တူခံစားတယ်.... လေးစားစွာနဲ့ တစ်ခုခုတော့ မန့်ဖြစ်အောင်ကြိုးစားခဲ့တယ်....။
ကျမလည်း တစ်ယူမိတဲ့အခါ ရှိပါတယ်... ဒါကတော့ သူတင်လိုက်တဲ့ ပို့စ်မှာ မထင်မှတ်ပဲ အရင်ဆုံးဖတ်လိုက်ရတော့ ရင်ထဲက ပျော်ရွှင်ကျေနပ်မှုကြောင့် ရေးလိုက်မိတာပါ....။
မှတ်သားသင့် အချက်လေးတွေအတွက် ကျေးဇူးပါ...။
နှင်းဟေမာ
မိုးခါးအတွက်တော့ ဘလော့ဆိုတာ ဘ၀ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ် .. စိတ်ကူးယဉ်တာလည်း ပါမယ် .. လက်တွေ့ဖြစ်နေတာတွေလည်း ပါမယ် .. စိတ်ထွက်ပေါက်အနေနဲ့လည်း ပါမယ် .. ခံစားချက်လည်း ပါမယ် ..
ဒါပေမယ့် နောက်ပိုင်း ခံစားရတာတော့ စာရေးနေရပေမယ့် စိတ်ရဲ့ လွတ်လပ်မှု မရှိဘူး ဖြစ်ဖြစ်နေတတ်တယ် .. ရှေ့ကနေ ပိတ်ပင် ကာဆီးထားတာတွေ ရှိနေတတ်တယ် .. ညီမရေးတဲ့စာတွေ တစုံတယောက်အတွက် အပျင်းပြေတာပဲ ဖြစ်ဖြစ် ခံစားမှုတခုလောက်ပဲ ပေးနိုင်မယ်ဆို ကျေနပ်ပါတယ် .. ဘာလို့ဆိုတော့ ကိုယ်ရေးချင်တာကို ရေးထားတာမို့လို့ပါ .. ကိုယ့်စိတ်ကူးတွေ ချရေးခွင့် ရှိနေတာ မျှဝေခံစားပေးမယ့်သူ တဦး တယောက် ရှိနေတာကိုက ကျေနပ်စရာကောင်းနေပြီလို့ ထင်ပါတယ် ..း))
(ရေးချင်တာရေးသွားပါဘီ :D)
ကိုရွာသားလေးရဲ့ ဘလော့ကို ပထမဆုံးရောက်ဘူးခြင်းပါ. ပို့စ်အကုန်တော့မဖတ်ဖြစ်သေးပါဘူး ဒီပို့ကိုပဲဖတ်ဖြစ်ပါတယ်..သိပ်မဝေဖန်တတ်ပါဘူး အားလုံးဖတ်လို့ ကောင်းပါတယ်..
အင်း..ဘလော့ သက်ပျင်း ခပ်တိုးတိုး ချသံပါလား။ ဘလော့ ဆိုတာ ဘာလဲ ဆိုတာ.. အကြမ်းဖျင်း..တယောက်ချင်း.. အမျိုးမျိုးကွဲကြမှာပါလေ..။ ကျန်တာတွေကတော့.. ပြင်ပ ကပဲ ဆိုးဖြတ်တာပါ။
ဒါနဲ့.. ခုတလော..စာတွေ သိပ်မရေးပါလား..
အမျိုးမျိုးပေါ့ဗျာ ။ ဘလော့ကို ရူးသွပ်ကြတာ ။ အကောင်းဆုံး ဆက်လက်ဖန်တီးဖို့ ပဲ လိုတာပါ ။ အဆင်ပြေပါစေ ။
အင်း..ဖတ်သွားပါတယ်.
တူတူပါပဲ. အစ်မကတော့ ၉၅ ရာခိုင်နှုန်းဖြစ်နေမလားမသိဘူး။း)
တော်ပြီ..ဒီဘလော့ဂ်..သံယောဇဉ်ဖြတ်ပြီ။အချိန်ကုန်..လုပင်ပမ်း . :P
ko kuu kuu ....
ကောင်းပါတယ်အရေးအသားတွေ က....
အသစ်တွေ ဖတ်ဖို့ စောင့် နေပါတယ်
ခရီးတွေ ထွက်နေတယ် ဆို
တစ်ယောက်ထဲလား??? :P
ရွာသားလေးဆီ ပထမဦးဆုံးလာဖြစ်တုန်းက ဘလော့စာမျက်နှာမှာ ထန်းပင်လေးတွေ့လို့ အညာဆန်တယ်လို့ ခင်မင်စွာ လာပြောဖြစ်ခဲ့တယ်၊ ရွာသားလေးက “ကျွန်တော်အညာသားပါ၊ အညာဆန်ပါလိမ့်မယ်”လို့ စီဘောက်စ်မှာ ပြန်လာပြောတော့ စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်၊ အဲဒီလိုပြောတာများ မကြိုက်လို့များလားလို့ စဉ်းစားစရာ ရသွားပြီးသကာလ ကွန်မန့်တွေကို ရေးရမှာ တွန့်သွားမိတယ်၊
နောက်တော့
ပိုစ့်တွေကိုလာဖတ်ရင်း တခုခုရသွားခဲ့လို့ ကောင်းတဲ့ အကြောင်းတော့ ပြောချင်သေးတယ်၊ ဒါပေမယ့် ကောင်းတယ်လို့ပြောတာက လွဲလို့ သိပ်လည်း မဝေဖန်တတ်ပြန်ဘူး။ ကွန်မန့်ရေးတဲ့အခါ ပြောချင်တာနဲ့ လက်ခံယူတာ မတူပဲလည်း ဖြစ်တတ်တဲ့အခါ ရှိတတ်ပါတယ်။
ကျနော်ကတော့ စိတ်ပျော်ရင်ရေးတယ်..
စိတ်ပျော်ရင် ဖတ်တယ် မန့် တယ်..
စိတ်မပျော်ရင်တော့ စာလဲမရေးဖြစ်ဘူး..
ကော့မန့် လဲ မရေးဖြစ်ဘူး...
ကျနော့်အဖို့က စာရေးကောင်းလို့မပြောလဲ ချစ်ခင်ရင်းနှီးတဲ့သူတွေရနေရင် ကျေနပ်မိတယ်..
ခုလည်းဒီဘလော့လေးကြောင့် ချစ်ခင်ကြတဲ့ အကိုအမတွေ ညီညီမ သူငယ်ချင်းတွေရခဲ့လို့ ကျေနပ်တယ်.. စာမရေးတတ်ရင်လဲဒီမောင်နှမတွေ အတွက် အမြဲချစ်ခင်ရင်းနှီးစေဖို့တော့ စာဆက်ရေးမိတယ်..
ဒါကအမှတ်တရဖြစ်စေတယ်ပေါ့
ကိုရွာသားဘလော့ကိုအမြဲရောက်ပါတယ်
မန့် တဲ့အခါလဲမန့် တယ်
ကိုရွာသား အရေးအသားတွေကိုလဲကြိုက်တယ်
ခင်လဲခင်ပါတယ်
ဒီလောက်ပဲပြောတတ်တယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ပြည့်စုံနေလို့  ထပ်မဖြည့်တော့ဘူး..
မီးချစ်အတွက် တော့ ဘလော့ ဆိုတာ ဘလော့ပါပဲ..ဟိဟိ သိပ်ရှင်းတာပဲနော်..
ကိုရွာသားလေးရဲ့ ဘလော့ဂ်အပေါ်ထားတဲ့ သဘောထားနဲ့ အတွေးအမြင်တွေက ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ သဘောထားတွေနဲ့ တော်တော်များများ တိုက်ဆိုင် တူညီနေတာ တွေ့ရပါတယ်...။
Tag ပိုစ့် မဟုတ်ပေမယ့်လဲ ဘလော့ဂ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်လေးရဲ့ ဖမ်းစားမှုကြောင့် ပိုစ့်တခု သပ်သပ်ရေးဖို့ စဉ်းစားနေပါတယ်...။
စာတွေ ဆက်ရေးပါအုံးနော်...။
ကျုပ်ကတော့ မဖတ်ပဲနဲ့ မန့်တဲ့အထဲမှာပါတယ်။ အခုတောင် မဖတ်တဲ့ဂရုဆိုတာကို မဖတ်ပဲ တွေ့သွားသေးတယ်။
စကားမစပ် ဒီတစ်ခါတွေးစရာက အရင်တွေးစရာတွေလို မဟုတ်ဘူး။
ကောင်းပါတယ်
ရွာသားရေးတဲ့ movie review တွေ ဖတ်မိရင် ကိုယ်လဲ ကြည့်ချင်လာပါတယ်။
စာအရေးကောင်းလို့လဲ ခံစားမိပါတယ်။
ဒါပေမဲ့ သွယ်ဝိုက်ရေးတာထက် ဖွဲ့နွဲ့မှုတမျိုးနဲ့ ပစ်ချင်တဲ့ ပစ်မှတ်ကို ထိအောင်ရေးတာ ပိုကောင်းတယ် လို့ ထင်တာပါပဲ။
သွယ်ဝိုက်ရေးတာက လိုက်တဲ့အကြောင်းအရာ ရှိသလို မလိုက်တဲ့ အကြောင်းအရာရှိတယ်။
အကြောင်းအရာတိုင်းကို ဒီပုံစံမျိုးချည်းပဲ ရေးရင်တော့ အီသွားလိမ့်မယ်။
ကိုယ့် အထင်အမြင် သက်သက်ပါ။
ကွဲလွဲနိုင်ပါတယ်။
တို့ အတွက်တော့ ဘလော့ဆိုတာ အွန်လိုင်းလေထန်ကုန်းလေးပေါ့… တနိုင်ငံထဲက ၀ါသနာတူမောင်နှမတွေ ဒီလို စုစုစည်းစည်းတွေ့ ဖို့  ဆိုတာ အရင်က အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အဖြစ်ပါ…
ဘလော့ဆိုတာကတော့ ရေးသူအတွက်ရော
ကျမလို ( စာဖတ်သူသက်သက် ) ဖတ်သူတွေ
အတွက်ပါ အချိန်တွေကို ပေးဆပ်ရင်းနှီးလိုက်
ရတဲ့ ထွက်ပေါက် တခု လို့ ယူဆမိပါတယ်...
ဒီထွက်ပေါက်ကနေ သိပ်ကို ခင်မင်စရာကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရယ် ပို့စ်တွေဖတ်ပြီး ရလိုက်တဲ့ စိတ်ကြည်နူးစရာ လေးတွေရယ် ( ခံစားမှုခြင်း
ထပ်တူကျရင် ပိုတောင်ပိုသေး ) ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ...
mie nge
စုံထောက်ဝတ်ထုအောက်မေ့လို့ ဖတ်နေတာ
စလည် ဆုံး တရားခံဘယ်သူလဲနဲ့ ပြီးသွားတယ်
ကော်မန့်မျှော်နေတယ်ဆိုလို့ တခုတိုးအောင် မန့်သွားတယ်။ လာတတ်ပေမဲ့ မန့်လေ့မရှိပါကြောင်း :)
ကို ကလူသစ် ပြောတာကို ထောက်ခံကြောင်းနှင့် နာမည်ယူသုံးကြောင်း လာပြောမလို့ စိတ်ကူးနေတာ။
ရွာသားလေးဆီလာဖတ်တယ်...
ကောမန့်မရေးဖြစ်တာ များမယ်ထင်တယ်...။
ကိုယ်ရေးလိုက်တာကလည်း ပေါက်တတ်ကရ စတာ နောက်တာတွေ ဖြစ်ဖြစ်နေတာကိုး..။
အတည်ပေါက်ရေးထားတာတွေကို သွားနောက်မိပြန်တော့မကောင်းဘူးလေ....။
ရွာသားလေးဆီမှာ ကောမန့်ပေးရင်လည်း ကလေးတစ်ယောက်ကို စသလိုမျိုး စချင် နောက်ချင်တဲ့ စိတ်ဘယ်လိုလုပ်ပေါက်လာမှန်းမသိဘူး...။
ဥပမာ နန်းညီနဲ့ ဆို ရွာသားလေးနဲ့ထက် အသက်အများကြီးကွာတယ်..။ ဒါပေမယ့် နန်းညီထက် ရွားသားကို ပို စ ချင်တယ်.. အဲလို (နန်းညီက ဥပမာပေးတာ)
အခုရေးနေရင်းတောင် ဒီလိုရေးရင် ရွာသားက သူ့ကို ကလေးဆန်တယ်လို့ ပြောတယ်ထင်ရင် ဒုက္ခပဲလို့ စဉ်းစားမိပြန်ပြီ...။
ကောမန့်ရေးသူတွေမှာလည်း သဘောပေါက်လွဲသွားမှာ ကြောက်ရတဲ့ ဒုက္ခတွေ ရှိနေပါသေးတယ်...။
ရွာသားလေးက သွယ်ဝိုက်ရေးတာတွေကို တို့က သိပ်မထုံတော့ နားမလည် ပြန်ဘူးလေ...
ချောက်မြို့ကို ခြောက်မြို့လို့ ရေးတာအတွက်တော့ ရွာသားကို အမြဲ အမှတ်ရနေမှာပါ... ငှဲငှဲ ( ဒါကတော့ ဖဲ့တာပါ)
I am no.39, ko ywar thar... kyar yo!
ကိုယ်ကတော့ ကိုယ်ခင်တဲ့လူတွေရဲ့
ဘလော့ဂ်မှာ နံပါတ်၁ရရင်ပျော်မိတော့ ထတောင်ခုန်အော်မိတတ်တယ်။ ဒါပေမယ့် နေရာဦးပြီးဘယ်တော့မှပြန်မလစ်ဘူး။
ပြီးသွားအောင်ဆက်ဖတ်ပြီး မှသေချာမန့်တယ်။
မမန့်ဖြစ်တောင်စိတ်ထဲက ချီးကျူးသွားတတ်တယ်။ ဘယ်လောက်ပဲကွန့်မန့်မမျှော်လင့်ဘူးဆိုဆို
ဘလော့ဂါတွေရဲ့စိတ်ချမ်းသာမှုက
ကွန့်မန့်ဆိုတော့
ဖတ်သာပြီးလို့ကတော့ မှတ်စရာလေးကိုရှာကြံပြီးတော့မန့်တတ်တာအကျင့်..တခါတလေ.ကွန်နက်ရှင်အခြေအနေအရ..(သို့) စိတ်အခြေအနေအရသာမမန့်ဖြစ်ပေမယ့် အဲဒီအခြေအနေကတော်တော်ရှားပါတယ်။
ဒီဘလော့ဂ်လေးကိုစရောက်တော့ ဂစ်တာအကြောင်းရေးထားတဲ့ ပို့စ်လေးက စဖတ်ဖြစ်တယ်။ နောက်တော့လက်ဖက်ရည်ဆိုင်ပို့စ်လေး။
စာရေးကောင်းသူအဖြစ်အသိအမှတ်ပြုဖြစ်ပြီး စရောက်လာတည်းကခုထိစွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တာ...အမြဲတမ်းတွေးစရာပါတာတွေကမကောင်းပေမယ့်
တခါတရံတော့ ဆန်းသစ်မှုလေးပေါ..့ကောင်းပါတယ်။
ဟုတ်တယ်... ဒါတော့ စိမ်းလည်းတူတူပဲ... ကောင်းလား ဆိုးလား ကိုမခွဲခြားတတ်တော့ပါဘူး... သိတာကတော့ စွဲနေပြီ... ဆိုတာပဲ...
ရွာသားရေ.. (ရင်းနှီးခင်မင်စွာ ခေါ်ဆိုသံ)
အရိုးရဲ့ ဆိုသည်မှာတွေ ဖတ်ပြီးတော့.. ဆိုသည်မှာတွေကို တော်တော် လိုက်စဉ်းစားမိပါတယ်..
ရွာသားရဲ့ ဘလော့ဆိုသည်မှာလေးကိုလည်း ထပ်တူကျနေတာမို့ ထောက်ခံသွားပါတယ်..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ကိုရွာသားရေ...စာရေးသည်ဆိုသည်မှာ များသောအားဖြင့် စိတ်နှင့်ရေးသည်လို့ တော့ ကာရံ မမှီတမှီ ဥာဏ်လေးနှင့် စဉ်းစားမိပါတယ်...ကာရံ ဘလော့ မစခင်ကတည်းက သူများ စာတွေကို လိုက်ဖတ်တယ်...လိုက်မန့် တယ်..အားကျတယ်...အတုယူတယ်...မန့် ခဲ့တယ်ဆိုတာ အားပေးခြင်း တစ်မျိုးလို့ ပဲ ထင်ပါတယ်...အခုလည်း ကိုရွာသားဆီ မကြာမကြာ ရောက်တယ်...တခြား ဘလော့တွေကိုလည်း မကြာခဏ သွားတယ်..တတ်နိုင်ရင် မန့် ခဲ့ပါတယ်..သူတို့ တွေကို ကိုယ်မသိ ကိုယ့်ကိုလည်း သူမသိပေမဲ့ ရေးခဲ့တာလေးတွေကိုကြည့်ပြီး ကြည်နူးရတာ ပီတိတစ်ခုပါ..ကာရံကတော့ ဘလော့ဆိုတာ ကိုယ့်ခံစားချက်လေးတွေ ဖွင့်ဟတာ..တစ်ခါတစ်လေ ကောင်းတာလေးတွေ ဝေမျှတာ..ဒီလောက်ပါပဲ..ကိုရွာသားလည်း စေတနာတစ်ခုနဲ့ ရေးနေတယ်လို့ ထင်ပါတယ်...အရေးအသားလည်း ကောင်းတယ်...အကြောင်းအရာလည်း စုံတဲ့ ဘလော့ဆိုသည်မှာ ကိုရွာသား ဘလော့လည်း တစ်ခုအပါအ၀င်ပါပဲ...(မန့် တတ်သလောက် မန့် သွားပါသည်..:P)
Post a Comment