15 September 2009

လွမ်းတဲ့သစ်ပင်

လွမ်းလွန်လွန်းလို့တဲ့

လေတိုက် လေတိုင်း
လွမ်းလား လွမ်းရဲ့

နေထွက် လေတိုင်း
လွမ်းလား လွမ်းရဲ့

ချက်ခနဲမြည်သံ မကြားနိုင်မိအောင်
တိုးတိတ်တဲ့ စက္ကန့်အပြောင်းမှာ
အလွမ်းပေါင်း သိန်းသောင်းချီအောင် လွမ်းနေမိခဲ့

တခါလွမ်းတိုင်း တရွက်ကြွေရမယ်ဆို
အလွမ်း တွက်ရေရန် ခက်ပါဘိ

အရွက်တွေ ထပ်ကြွေစရာ မရှိတောင်
အမြစ်တွေ အဖျားအထိ
အကိုင်းမကျန် တပင်လုံး
တ၀ုန်းဝုန်းနဲ့ လွမ်းနေမိတယ်

အလွမ်းတွေသီးတဲ့ သစ်ပင်မို့………..

31 comments:

khin oo may said...

ပေါက်တတ်ကရ.

khin oo may said...

ကြယ်တွေ နဲ့ သဲတွေ လည်းမပါဘူး။

khin oo may said...

ဘယ်သူ့ကိုရည်စူးတာလဲ။

khin oo may said...

ရမ်းပစ်လိုက်တာလား။

khin oo may said...

လမင်းကြီးလဲမပါဘူး။

တဝုန်းဝုန်းက ဘာဖြစ်တာလဲ. နာဂစ်ဝင်သွားတာလာ။ ရင်ထဲ မုန်တိုင်းထန်သွားတာလား။


အဲဒီအပင်တော့ မစိုက်ချင်ဘူ။ ကြောက်လွန်းလို့။

အဲဒီသစ်ပင်က ကော်အပွင့်ပွင့်လား. အလွမ်းပွင့်တွေဘဲလား။

khin oo may said...

ဖတ်လို့ကောင်းတယ် ဒီလောက်ဘဲ။

သက်ဝေ said...

Sometimes, missing someone is quite meaningful but sometimes feel like non sense...!!
Anyway, wish you to miss someone in meaningful way...
Good Luck...

မဆုမွန် said...

အလွမ်းတွေသီးနေတဲ့ အပင်လေးထဲက အလွမ်းသီးလေးခူးသွားတယ် ၏ရွာသားလေး လွမ်းနေသူကို ပေးဖို့

ငြိမ်းချမ်းပါစေနော်..

မေလေး said...

ဂလောက်တွေ့နေတာ ဘာကိတ်စန လွမ်းနေတာတုန်းအေ့

Vista said...

ဒီအပင်မျိုးတော့အမြစ်ကနေတူးပြီးနုတ်ပြစ်ရမယ်
အမြစ်ကျင်းထဲကိုအက်ဆစ်ပါလောင်းထည့် ဒါမှသေချာအမြစ်ပြတ်မှာ ဟိဟိ

မိုးခါး said...

လွမ်းလွန်လွန်းလို့ လွန့်လွန့်လူး နေတယ်လား :P

ကာရံဆူး said...

ကိုရွာသားရေ...အလွမ်းတွေ ပင်လုံးကျွတ်ဝေနေလိုက်တာ... ဖတ်လို့ ကောင်းတယ်..အလွမ်းဓါတ်ခံ ရှိတယ် ထင်ပါ့...

ကိုလူထွေး said...

the last leaf ကို သွားသတိရတယ်...

မိုးခါးပြောသလို...
လွမ်းလွန်လွန်းရင်
လွန့်လွန့်လူးတတ်သလား...
လေ့လာလိုက်ဦးမယ်...

(ထုံးစံတော့ မမေ့နဲ့ဗျာ...းD)

မမသီရိ said...

ကဗျာလေးက လွမ်းစရာ

အောက်က မခင်ဦးမေ ရဲ့ comment မြင်တော့
ရီမိရော..း)

လွမ်းတာလေးတွေ ကုန်ပါရော..း)

ကြယ်လဲမပါဘူး
သဲလဲမပါဘူး
လမင်းကြီးလဲ မပါဘူး.. တဲ့..း)

သံဝေဂရမိပြီ...း)

Anonymous said...

အလွမ်းသီ တစ်လုံးလောက် ခူးပေးပါနော်။ မရောင်လည်း လွမ်းလို့။ :P

ကိုလူထွေး said...

လေ့လာနေတုန်း အခိုက်မှာ
လက်ကနဲဆို
လေထဲကို ဝေ့တက်သွားတယ်...

လူသူမရှိတဲ့
လပေါ်ကိုရောက်မှ
လမ်းပျောက်သွားလို့
လာရာလမ်းပဲ ပြန်ခဲ့ရတယ်...

းဝ)

Talkii said...

အလွမ်းမီလီစကဿကန့်

ကိုလူထွေး said...

ဝမရှိဘဲ ဝိလုပ်သလိုမျိုး
လမရှိဘဲ
လိပ်ပုံရေးမိလို့
လိမ့်လိမ့်လိမ့်လိမ့်နဲ့
လိုတဲ့ခရီးမရောက်ဘူးဖြစ်သွားတယ်...

လိုက်ခဲ့လို့မဆိုချင်ပေမယ့်လည်း
လာမယ်ဆို လမ်းခင်းပေးထားပါရဲ့...
လျှင်လျှင်မြန်မြန်ရောက်အောင်
လိုင်းကားသာတွယ်စီးခဲ့ပေရော့...
လဟယ်...............................

းဝ)

(ဆက်ရေးရင် မဆိုင်တာတွေ ပါတော့မယ်...)

yangonthar said...

အလွမ်းကို အနုစိတ်ထားပုံလေး ကောင်းတယ် ခိုင်းနှိုင်းထားတာလေးလည်း သဘောကျတယ် ဗျို့ ။စက္ကန့် မလပ် ချစ်နေတယ် ဆိုရင် စက္ကန့် မ လပ်လွမ်းနေရတော့မှာပဲလေ .....
ခင်မင်လေးစားလျှက်
ရန်ကုန်သား :)))))

WWKM said...

ဟမ် :D

Yu Ya said...

ဟောဗျာ.. အခုတလော ဘလော့တော်တော်များများမှာ လွမ်းနေကြပါလားဟရို့ ။

အခုလည်း ကိုရွာသားက သတိရခြင်းရဲ့ Superlative Degree ကိုရောက်နေတယ်နဲ့တူတယ်။

yu ya

sait phay yar said...

နောက်ဆုံးသစ်ရွက်လေးထိလွမ်းကွာ အေးရော

Rita said...

အလွမ်းသီးဆိုတာ ဒညင်းသီးလို စားလို့ကောင်းလား။ ဘယ်လိုနေလဲ။
:)

ကောင်းကင်ပြာ said...

အဲ့ အပင်လေး ပေးစမ်းပါ၊ ဖေ့စ်ဘွတ်ထဲ စိုက်ထားချင်လို့း)

Unknown said...

အဲသလောက်လွမ်းရင်ရှော့ခ်ရှိနိုင်တယ်ကိုရွာသားရေ..ကြည့်ထိန်းပါဦး :)

PAUK said...

လွမ်းလောက်လို့ လားး.....

ATN said...

ကူးစက်ဝေမျှ လွမ်းရပါသကော...
မှတ်မှတ်ရရ သည်တခါပဲ ကဗျာမှာ ကွန်မန့် ပေးဖူးတာ ထင်ပါရဲ့...
ခွင့်လွှတ်ပါ ညီလေး...း)

တောင်ပေါ်သား said...

လွမ်းလွန် လွန်းလို့း) လွမ်းနေတာလား ငါ့အကို


လေးစားလျက်
တောင်ပေါ်သား

ရွှေပြည်သူ (ShwePyiThu) said...

လွမ်းလွမ်း မရပ်မနားကို လွမ်း ကိုရွာသားရေ။ လွန်ဒယ်! (ဒါပေမယ့် သစ္စာဆိုတာကို တခါတခါ မနည်းလိုက်ရှာနေရတဲ့ ဒီခေတ်ကြီးမှာ အဲဒီလို လွန်ကြသူတွေကို မြင်ရကြားရတာပဲ စိတ်ချမ်းသာရ ပြန်ရေား))

Thetmar said...

အဝေးမှာမို့  လွမ်းနေတာလား မသိ.......???
အလွမ်းက ဗျာ ခံစားသွားပါသည်။
ထူးခြားပါသည် တစ်ခြားအလွမ်းကဗျာများနဲ့ မတူပါ။
"အလွမ်းတွေသီးတဲ့ သစ်ပင်တဲ့ "

Unknown said...

အလွမ်းသီးတွေသီးတဲ့ အလွမ်းသစ်ပင်တောင် ဖြစ်အောင်ကိုလွမ်းတယ်
ကဗျာဆန်လိုက်တာ
လွမ်းစရာရှိလို့  လွမ်းရတာ
ကြိုက်သလိုသာလွမ်းပါ
တို့ ဆို လွမ်းစရာလူမရှိလို့  ကိုယ့်ဖာသာကိုယ် ပြန်လွမ်းနေရတယ်