16 September 2009

မျှဝေခြင်းနှင့် စပ်လျဉ်း၍

အစားကောင်းစားရင် ချစ်သူခင်သူတွေကို သတိရသတဲ့။ သိပ်မှန်တဲ့စကား မေကဆို ငါ့သားလေး စားစေချင်လိုက်တာဆိုတာ တဖွဖွ ရွတ်နေတတ်တာလေ။ သားကြိုက်တဲ့ဟင်း သားကြိုက်တဲ့ မုန့်နဲ့ပေါ့။ ဒီလိုပါပဲ မိတ်ဆွေတွေမှာလည်း ကော်ဖီသောက်ရင်း ကော်ဖီကြိုက်တဲ့ သူတွေကို သတိရ၊ ဂဏန်းစားရင်း ဂဏန်းစားတဲ့ သူတွေကို သတိရ၊ ခရီးသွားရင်း သူတို့တွေ ပါရင်ကောင်းမှာလို့ တမ်းတမ်းတတ ရှိတတ်ကြတယ်။

စာပေတွေ ဖတ်တော့လည်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဖတ်စေချင်ပြန်ရော။ ကျနော် ဘာကြောင့်စာအုပ်တွေ ၀ယ်စုသလဲဆိုတာ အရင်းခံက မျှဝေချင်လို့ပါ။ စုဆောင်းထားသမျှကို ကျနော်တစ်ယောက်တည်းသာ ခံစားနေရင် အကျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော့ စာအုပ်တွေကို ခင်မင်ရင်းနှီးတဲ့သူတွေကို ငှားတတ်ပါတယ်။ မျှဝေခြင်းရဲ့ အကျိုးအပြစ်တွေလည်း ရှိတာပေါ့ဗျာ။ ငှားသွားတဲ့ သူတွေထဲမှာ စာအုပ်တွေကို သေသေချာချာ ကိုယ်တွယ်ဖတ်ရှုတဲ့သူပါသလို၊ စာအုပ်တွေ ပျက်စီးအောင် ကိုယ်တွယ်တတ်တဲ့သူတွေလည်း ပါတတ်ပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မျှဝေမှုကို ကျနော်ဆက်လက်လုပ်နေခဲ့ပါတယ်။

တကယ်တော့ မျှဝေမှုဆိုတာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါပဲ။ ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုကို မိုးလင်းလို့ ကျနော် email ဖွင့်တိုင်း တွေ့ရတတ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေက ဟိုကစာ၊ ဒီကစာ၊ ဖတ်လို့ကောင်းသမျှ၊ နားထောင်လို့ကောင်းသမျှ၊ သတင်းထူး၊ ဖြစ်ရပ်ဆန်း၊ ဒါလေးတွေသိသင့်တယ်၊ ဒါမျိုးတွေရှောင်ရမယ် ဆိုတဲ့ စာလေးတွေက ပို့ထားကြတယ်လေ။ သူတို့တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ကျနော်ကိုယ်တိုင်လည်း ဖတ်သင့်တာဖတ် မှတ်သင့်တာ မှတ်ပြီးရင် လာထား contact list ထဲက လူကုန် select all လုပ်ပြီး forward လုပ်ချလိုက်တာပေါ့။

အရင်ရုံးမှာတုန်းကဆို တနေ့ကို ကျနော့ဆီက စာ ၅စောင်လောက် ပို့နေကျလေ။ ကျနော် ပို့တတ်တာက အပြင်mailက ကောင်းနိုးရာရာလေးတွေ ပြီးတော့ NGO သူငယ်ချင်းတွေဆီက Vacancy လေးတွေပါပဲ။

နောက်တော့ ဘလော့လေးတစ်ခုဆောက် စာတွေရေးဖြစ်တယ်။ ဘလော့လေးရဲ့ အစမှာ forward ကရတဲ့ တစ်ချို့ စာလေးတွေ တစ်ချို့ ဗီဒီယို ဖိုင်လေးတွေ တစ်ချို့ ကာတွန်းလေးတွေကို တင်မိတယ်။ စာလေးတွေနဲ့တွဲပြီး ပုံလေးတွေတင်ဖို့ ကြိုက်လို့ စုဆောင်းထားတဲ့ ဓါတ်ပုံလေးတွေကို သုံးမိခဲ့တယ်။ အဲ့ဒီအချိန်က copy right ဆိုတာ မသိခဲ့ဘူး။ စာရေးသူတစ်ယောက်ရဲ့ ခံစားချက်ကို တိတိကျကျ မသိနိုင်ခဲ့ဘူးလေ။

နောက်ပိုင်း အမပန်ဒိုရာတို့ တစ်ခြားစာရေးသူတွေရဲ့ စာတွေကို ဖတ်ရတယ်။ ပြီးတော့ ကျနော့စာတွေကို တစ်ခြားဆိုဒ်တစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခံခဲ့ရတဲ့ အချိန်မှ နားလည်လာခဲ့ရတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်တာပါကလား။

နားလည်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော်သိပ်ကြိုက်လို့ forward လုပ်ချင်ရင် google ထဲကနေ မူရင်းစာရေးသူရဲ့ လင့်ကိုရှာပါတယ်။ ပြည်တွင်းမှာ မလွယ်ပင်မယ့် ပြည်ပကလူတွေအတွက် လွယ်ပါလိမ့်မယ်။ ခေါင်းစဉ်ကို မြန်မာလို ရိုက်ထည့်လိုက်ရုံပါပဲ။ ရှာတွေ့တဲ့လင့်နဲ့တကွ စာရေးသူရဲ့ အမည်ကိုပါ ထည့်ပြီး pdf ကိုပြောင်းပါတယ်။ ပြီးမှ forward လုပ်လိုက်တယ်။ word ဖိုင်ဆိုရင် ကူးယူဖော်ပြရတာ သိပ်လွယ်လွန်းသလားလို့ပါ။ ဒါပေမယ့် pdf ကိုလည်း ပြင်လို့ရတာမို့ တကယ်တမ်းတော့ ထိရောက်တယ်မဆိုနိုင်ပါဘူး။ လုပ်ချင်သပ ဆို လုပ်လို့ရတဲ့ နည်းတွေ အများကြီးလေ။

ပြီးတော့ စာရေးတဲ့သူအချင်းချင်း forward လုပ်ခဲ့လို့ မူရင်းစာရေးတဲ့သူကို ဖော်ပြထားခြင်းမရှိခဲ့ရင်၊ မနေနိုင်မထိုင်နိုင် စာရေးပြီး အထက်ကနည်းကို သုံးဖို့ စာပြန်မိတတ်တယ်။ တစ်ချို့လည်း လက်ခံသလို တစ်ချို့လည်း စာအရှည်ကြီးပြန်လာတယ်။ တစ်ချို့ကလည်း နောက်မပို့တော့ဘူးဆိုပြီး ဘာမှကို ပြန်မပြောတော့ဘူး။ ဟုတ်တော့လည်း ဟုတ်သား စေတနာနဲ့ပို့ကာမှ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ ဆရာပြန်လုပ်နေတာကိုးနော့။

များသောအားဖြင့် ကြုံတွေ့ကြရတာက forward mail ကနေ ရတဲ့စာတွေမို့ မူရင်းစာရေးသူတွေ ပျောက်သွားတတ်တာပါ။ forward mail ကရတဲ့စာမို့ ကြိုက်နှစ်သက်စွာ ပြန်လည်ဖော်ပြတတ်ကြပါသေးတယ်။ မူရင်းစာရေးသူက ဘယ်သူမှန်းမသိနိုင်လောက်အောင် များပြားလှတဲ့ ပို့စ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။ တစ်ယောက်အစ တစ်ရာအဆုံးဆိုတော့လည်း ခက်သားနော်။

forward email နဲ့ပတ်သတ်ပြီး နောက်တစ်ခုကတော့ BCC ပါပဲ။ contact list ထဲက ပါသမျှလူအကုန်ဆိုတော့ email သုံးတဲ့ကာလ ကြာမြင့်မှုကို လိုက်ပြီး လူတွေကအများကြီးနေမှာ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သိကြတာမဟုတ်။ ပတ်ဝန်းကျင်မတူတဲ့ ဒေသမတူတဲ့ သူတွေလေ။ တစ်ချို့ကလည်း အပေါင်းအသင်း မိတ်ဆွေ ပေါစေလိုကြောင်း၊ တစ်ချို့ကလည်း စကားပြောဖို့၊ တစ်ချို့ကလည်း ခေတ်မှီအောင်လို့၊ တစ်ချို့ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ Gtalk ဆိုတဲ့အပိုင်း မှာ invite လုပ်လာကြပြန်ရော။ အရင်တုန်းကတော့ လက်ခံစကားပြောဖြစ်တယ်။ တစ်ခေါက်ကနေ တစ်ခေါက် တစ်ယောက်ကနေ တစ်ယောက် စကားပြော အဆင်မပြေတာတွေ တွေ့လာရပြန်တယ်။ လူချင်းမရင်းနှီးတဲ့အပြင် မျက်နှာချင်းဆိုင်ပြီး စကားမပြောရတဲ့နောက် ဘာမျက်နှာမှ ထောက်ထားစရာမလိုတော့ ပြောချင်တာတွေ ပြောကြပြီပေါ့။ သူတို့ကိုလည်း အပြစ်မဆိုတော့ပါဘူး။ ကြီးကျယ်တာတော့ မဟုတ်ပါဘူးဗျာ နောက်ထပ် ကိုယ်မသိတဲ့ account တွေဆို လက်မခံတတ်တော့ဘူး။ ရင်းနှီးတဲ့သူတွေကိုတော့ forward mail လုပ်ရင် BCC သုံးပေးပါလို့ ပို့မိပြန်ရော။ ဆရာလုပ်မိပြန်ပြီနော်…အဲ့ကတည်း forward ပို့တဲ့ list ထဲကနေ ကျနော့ကို ဖျက်ပစ်လိုက်ရော။ အဟဲ အောင်မြင်တာ…

မျှဝေခြင်းဖြင့် ကျနော်တို့ မသိခဲ့တာ သိသင့်သိထိုက်တာ ဆောင်ရန်ရှောင်ရန်တွေ သိလာရပါတယ်။ မျှဝေချင်တဲ့ စိတ်ကောင်းစေတနာကောင်းလေးနဲ့ လုပ်နေကျ မျှဝေခြင်းတွေ လုပ်ကြပါ။ ပြီးတော့ သင့်တော်မှန်ကန်တဲ့ မျှဝေခြင်းတွေဖြစ်ဖို့ကိုလည်း ကြိုးစားပေးကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ……………….

27 comments:

သက်ဝေ said...

သင့်တော်မှန်ကန်တဲ့ မျှဝေခြင်းဖြစ်ဖို့ တကယ်ကို သတိထားသင့်ပါတယ်...
ကိုယ်လဲ အဲဒီကိစ္စကို သတိထားတတ်တယ်...
သိပ်ပို့ ချင်စရာ မျှဝေချင်စရာ ကောင်းနေရင်တောင် BCC နဲ့ ပို့တယ်... ဒါပေမယ့် နဲပါတယ်... (တခြားကိစ္စတွေ ပွေလီနေလို့ E Mail ပို့တဲ့အလုပ် မလုပ်ဖြစ်တာ တော်တော်ကြာနေပြီ...)

လောလောဆယ် ဒီပိုစ့်လေး ဖတ်ပြီး သတိရသွားတာကတော့ ကော်ဖီ သောက်ဖို့နဲ့ ဂဏန်းဟင်း စားဖို့ပါပဲ... (အပြစ်မမြင်ပါနဲ့)

Vista said...

ဟုတ်ပါတယ် မှန်ပါတယ်

WWKM said...

အစ်မကတော့ ဖောဝပ်မေးလ်တွေ ဒိလစ်လုပ်ပစ်တာ
များတာပဲ။ စိတ်ဝင်စားစရာ တချို့တွေ့ရင် ဖွင့်ဖတ်ဖြစ်
ပေမယ့် များသောအားဖြင့် ဖွင့်ကိုမဖတ်ပဲ ဒိလစ်ပဲလုပ်
ပစ်တယ်။း) အင်း အဲလို ဖောဝပ်မေးလ်တွေ အသွားအလာကြောင့်လားမသိဘူး။ တချို့သူတွေ ကိုယ်
ကလည်းမအင်ဗိုက်ရပါပဲ ဂျီတော့မှာပေါ်လာပါတယ်။
သူ့ကိုတွေ့တော့ ဘာကိစ္စလည်းမေးတာကို မသိဘူးလေ
အစ်မကပဲ အင်ဗိုက်တာ မဟုတ်လားတဲ့။ ဟမ် ဖြစ်ပုံ

ဒီမှာ ကောင်လေးတစ်ယောက် အမ်စီယူပြီး ပို့စ်ရေးနေပါတယ်ဗျို့။ :D

မေလေး said...

ထောက်ခံပါတယ် ကိုရွာသား

khin oo may said...

နေကောင်းလား.

သံလွင် HeRo said...

ဖတ်သွားတယ်ဗျ ဦးရွာသား
အခုဖော်ဝမေးတွေ သောင်းကျန်းချက်ကတော့
လူတွေရဲ့ personal တွေကိုပါထိခိုက်လာတာ
မျက်မြင်ဘဲ့ဗျာ
မကျေနပ်တဲ့သူရှိရင် နာမည်အတုနဲ့ဂျီမေးအကောင့်သစ်တစ်ခု
ဖွင့် ပြီးရင် မကြေနပ်ချက်တွေကိုရေးပြီး
ဖော်ဝလုပ်ကြတာ ...
အရှက်ခွဲကြတာတွေ...အခုတစ်လောတွေ.
နေရတယ်...တော်တော်လူမဆန်တဲ့လုပ်ရပ်
တွေပါဗျာ...ကိုယ်ချင်းစာစိတ်လေးတွေ
မွေးသင့်တယ်...

Anonymous said...

အော် ရင်ဘတ်အောင့်လို့သာ တော်တော့တယ်နော်။ ပိုစ့်လေးကတော့ တက်လာသေးတယ်။
မမ၀ါပြောသလိုပဲ မောင်လေးရေ မရောင်လည်း ဖျကပစ်တာ များတယ်။ တချို့ဟာတွေလည်း မှတ်သားစရာတွေပါတယ်။ ဒါပေမယ့် မေးလ်အကောင့်တွေက အော်တိုတက်တက်လာလို့ မောင်လေးပြောသလိုပဲ ပြောရမယ်နော်။

Unknown said...

ဖော်ဝေါ့မလုပ်ဖြစ်တာကြာသွားပြီ။ကိုယ်ကလဲတစ်ခါတစ်လေကျရင် BCC မခံဘဲပို့မိတော့ လူ၂ယောက်ကပြောဖူးတယ်။ သူတို့
ကို bcc ခံ ပို့ပေးပါ လူသိမှာစိုးလို့လို့ပြောလာပြီးနောက်ပိုင်း သူတို့ကိုမပို့ဖြစ်တာကြာပြီ။အဲဒိနောက် ပိုင်းစာပြန်ဖြန့်တဲ့အလုပ်ကိုမလုပ်ဖြစ်တော့တာ။ ပြတ်သွားတယ်ဆိုပါတော့ဟားဟား
ဘာလဲဆေးခွင့် ဆိုတော့ နေမကောင်း ဘူးလား။

Libratun said...

:) agree with bcc for security concerns.

sharing with copy right? i don't. :)

from my point of view, it looks like (1)donating to those who need; then make a news with photo in newspaper (donated by Blah Blah Blah).
I am not saying (1)it can't be done. Of course, (1)it can be done if One wants to do so. But i don't think we should call that "Sharing". Instead we should use "Giving".

Just my view, bro. you are also right with your feeling.
btw, you made your post (no cursor, no select). it's good to play with it. :)

တောင်ပေါ်သား said...

လတ်စသတ်တော့ Text Selection ကို ပိတ်ထားတာ ဒါကြောင့်လားး) အဟီးးး အကိုရေ ကော်ပီရိုက်က ကိုယ်တိုင် ရေးသူမှပဲ ခံစားတတ်မှာပါ ဖော်ဝက်လုပ်သူတို့တွေကတော့ ဘယ်တော့မှ ခံစားတတ်မယ် မထင်ပါဘူး ( ကျနော်လဲ လုပ်ဖူးပါတယ်)


လေးစားလျက်
တောင်ပေါ်သား

ကာရံဆူး said...

ကိုရွာသားရေ...ကာရံတို့ ကတော့ ဘာမှ သိပ်မလုပ်တတ်ဘူး...ရေးချင်တာပဲ သိတယ်..ကိုယ်ရေးထားတာကို ကူးသွားမလားလို့ တော့ မတွေးမိဘူး...ကိုရွာသားပြောမှ သတိထားမိတယ်... တတ်တဲ့သူတွေ ဆင်ခြင်လို့ ရသလို မတတ်တဲ့သူတွေကတော့ ဘယ်လိုဆိုတာ နားမလည်ဘူး... forward mail တွေလာရင် ကောင်းတာလေးတွေဆို ဘာမှ မစဉ်းစားပဲ ကိုရွာသားရေးသလို မျှဝေမိတာပေါ့...BCC လည်း မသိဘူး...BBC တော့ သိတယ်..အဟိ..

Libratun said...

@ ko taung paw yay,

:)

ခရေညို said...

အင်းလေ ဖြစ်သင့်တာပေါ့ ( ဘာမှဖြင့်မသိပဲ ဆရာကြီးလေသံ နဲ့ပြောသည်)

yangonthar said...

ဟုတ်ပါတယ်ကိုရွာသားရေ ... ကျွန်တော်လည်း စာရေးဖြစ်တော့မှ မူပိုင် ဆိုတဲ့စကားလေးကို ပို နားလည်လာပါတယ် စာရေးသူတွေရဲ့ ခံစား ချက်ကို ကိုယ်ချင်းစာတတ်လာပါတယ် .... အပြု သဘောဆောင်တဲ့ ပိုစ့်လေးမို့  သဘော ကျမိပါတယ်
ခင်မင်လေးစားလျှက်
ရန်ကုန်သား
ကျန်းမာပါစေ :)

Yu Ya said...

တစ်ခေါက်ဗျာ.. မျှဝေတာကို လက်ခံဖတ်ရှုလိုက်တာ တစ်ခါတည်း Virus ၀င်သောင်းကျန်းသွားတယ်။ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးက Hard disk အသစ်တစ်ခု ကို့ဆီရောက်လာတယ်..အဟီး။ ပို့တဲ့ သူငယ်ချင်းကလည်း မသိဘဲနဲ့ ပို့လိုက်တာပဲ..။ အဲဒီကတည်းကစပြီး forward email တွေဆိုရင် အားလုံး Delete နဲ့ပဲ မိတ်ဆက်ဖြစ်ခဲ့တာကြာခဲ့ပေါ့ဗျာ။

yu ya

Talkii said...

ကျွန်တှောဆီ ပို့နေကျ တစ်ယောက်ကိုတော့ (ကိုယ့်ထက်ငယ်တော့ ဆရာလုပ်လို့ရတယ်ဆိုပြီး) ဖှောဝက်ပို့ရင် လိပ်စာပါရှာပြီးပို့ပါ။ မဟုတ်ရင် စာရေးတဲ့သူကို စှောကားရာကျတယ် ဘာညာနဲ့ ပြောဖူးတယ်။ :D hoax mail တွေအကြောင်းလည်း ရှင်းပြဖူးတယ်။ IT ခေတ်ဆိုတော့လည်း မျှဝေချင်စိတ်က များသကိုးဗျ။ နည်းပညာတိုးတက်သလို အသိပညာကလည်း ကပ်လိုက်လာဖို့ လိုတာပေါ့။

ဘယ်တော့ရေးမလဲလို့ စောင့်နေတာ။

စိမ်း... said...

ဟုတ်ကဲ့... မှတ်သားနာယူသွားပါတယ်... တစ်ခါမှ လက်ဆင့်မကမ်းဖူးဘူး... ဖော်ဝါ့ဒ်မေးလ်ကို .. ပျင်းလို့.... :P

Waing said...

ဟုတ်ပါတယ် ၀ိုင်းရဲ့မေးလ်ထဲလည်း တခါဝင်ရင် အများကြီးပါ သူတို့ဘယ်ကရမှန်းတော့မသိပါ forward to forward တွေလည်း ပေါနေတာပဲ မဖတ်ဖြစ်ဘူး သိတဲ့သူငယ်ချင်းတွေဆီကပဲ စာတွေဖတ်ဖြစ်ပါတယ် ဘလော့တွေ လည်ရတာနဲ့ပဲ မေးလ်ဘက်ကိုတောင် မလှည့်နိုင်တော့ပါ ကိုရွာသားလေးရေ..
ခင်လျက်
ဝိုင်း

Anonymous said...

good again

Anonymous said...

တခါတလေမှပဲ လုပ်ဖြစ်တော့ အဲ့ပြဿနာလေးတွေတော့ သိပ်မရှိဘူး..

ကောင်းကင်ပြာ said...

အမကတော့ ဖော်ဝပ်မေးတခါမှ မပို့ဖူးဘူး၊ သူများပို့လာရင်တော့ ရင်းနှီးတဲ့သူတွေဆီကဆိုရင် ဖွင့်ဖတ်ပါတယ်၊ တချို့တော့ မဖတ်မိဘူး၊ ဖျက်ပစ်မိတယ်၊ လူတွေ အများကြီးနဲ့ ပို့တဲ့ ဖော်ဝပ် မေးတော့ ဖတ်မနေတော့ဘူးး)

ရွှေရတုမှတ်တမ်း said...

သိရင်တော့ဖတ်ကြည့်မိပါရဲ့  ...
မသိရင်တော့...
သွားရော့..လဟယ်...........

ဗီလိန် said...

ကိုသံလွင် ဟီးရိုးပြောတာ မှန်တယ်ဗျ။ လူတစ်ယောက်ကို အပုပ်ချ မကောင်းသတင်းလွှင့်ဖို့ လက်နက်တစ်ခု အဖြစ်သုံးနေကြတယ်။ ကျနော်တို့ဗမာတွေကလည်း သိတဲ့အတိုင်းပဲ ပြောသမျှယုံဆိုတော့ အရေးခံရတဲ့ သူရဲ့ ဘက်က ကိုယ်ချင်းစာကြည့်ကြပါဦး။ သိပ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။

ဝေလေး said...

အဲဒီ forward မေးလ်တွေကြောင့် စိတ်ရှုပ်ရတာ ကြာပါရောလား။ သံလွင်ဟီးရိုးပြောသလို လုပ်နေကြတာလဲတွေ့ဖူးတယ်။ အဲဒီမေးလ်တွေက တဆင့် ဂျီတော့မှာ အင်ဗိုက်လာတာတော့ တစ်ပုံတစ်ခေါင်းပဲ ဘယ်လိုမှကိုရှင်းလို့မရဘူး။ ဘယ်သူ့ကိုမှဘာမှပြောမရတော့လည်း စိတ်ပျက်လက်ပျက်နဲ့ ငုတ်တုတ်ထိုင်ကြည့်နေတာပဲ အေးတယ်။ ခုတော့ ဘယ်အင်ဗိုက်မှ လက်မခံတော့ဘူး..

Ree Noe Mann said...

ဟုတ်တယ် ကျနော်တောင် ဖော်ဝပ့် မလုပ်တော့ဘူး။
ကိုယ်ချင်းစား မိလို့။

ရီနိုမာန်

Melody said...

copy (select) ယူလို့ မရအောင်ဘယ်လိုလုပ်ထားလဲ ဗျို့ ။

Melody said...

code ကဘယ်လို ထည့်ရတာလဲ။ ထည့်တတ်ဘူး။ လုပ်ပါအုံး။