ဒီနေ့ညနေ လေယာဉ်နဲ့ စင်္ကာပူကို ပြန်ရမယ်။ရောမမြို့ကို စင်္ကာပူနဲ့ လဲရမယ့်နေ့။ မနက်ကို အစောကြီးထကြတယ်။ အစောကြီး ထရခြင်း အကြောင်းအရင်းက ရေပန်းတခုကိုသွားကြည့်ချင်လို့ပါ.....
ရထားတွေစဆွဲမယ့် အချိန်ကိုမှန်းပြီး ဟိုတယ်ကနေ အစောကြီးထလာကြတယ်။ ရောမမြို့က အမှောင်ထဲမှာ ချမ်းချမ်းအေးအေးနဲ့ အိပ်မောကျနေတုန်း။ နာမည်ကျော် ထရာဗီ ရေပန်းဟာ ရုပ်ရှင်ကားတွေထဲမှာလည်း ပါခဲ့ဖူးတာမို့ ရောမကိုလည််ပတ်သူတိုင်း မရောက်မဖြစ် ဓါတ်ပုံမရိုက်မဖြစ် နေရာတခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လူပြတ်တယ်လို့မရှိပဲ အမြဲ ရှုပ်ယှက်ခတ်နေတတ်တယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်များတာမို့ လုယက်မှုလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ နေရာတခုအဖြစ် ထင်ရှားပြန်သေးတယ်။
ဘူတာကနေထွက်တာနဲ့ ရေပန်းကို မြေပုံကနေလိုက်ရှာတယ်။ လမ်းလေးတွေဟာ သိပ်ချစ်စရာကောင်းတယ်။ သောက်ရေယူဖို့ ရေပန်းငုတ်တိုင်တွေလည်း ရှိနေသေးတယ်။ ရေပန်းကိုရောက်တော့ သူလိုကိုယ်လို ဧည့်သည်တွေ တချို့ရောက်နေပြီ။ဒါပေမယ့် သိပ်မများသေးတာမို့ ခပ်သွက်သွက်ဓါတ်ပုံရိုက်ကြတယ်။ လူရှင်းနေတဲ့ ရေပန်းပုံကို လိုချင်ရင် မနက်အစောကြီးထဖို့ လိုပါတယ်။
နောက်တနေရာအဖြစ် ကျနော်သွားချင်တဲ့ ရောမရှေးဟောင်း ဘုရားကျောင်း ပန်သီယွန်လို့ အမည်ထွက်မယ်ထင်တဲ့ ကျောင်းကိုသွားတယ်။ ပြုပြင်မွမ်းမံနေတာမို့ အထဲကို ဝင်ခွင့်မရဘဲ အပြင်ကနေပဲ ဓါတ်ပုံရိုက်ခွင့်ရတယ်။ သူ့အရှေ့က ရေပန်းလည်း အတော်လှတယ်။
ပန်သီယွန်ပြီးတာနဲ့ ဟိုတယ်ပြန်လာကြတယ်။ ဟိုတယ်မှာမနက်စာစား။ ရေမိုးချိုးပြီးတာနဲ့ ဟိုတယ်ကနေ ချက်အောက်လုပ်လိုက်ကြတယ်။ အိတ်တွေကို ဟိုတယ်မှာထားခဲ့ပြီး ရောမမြို့ပတ်ကားနဲ့လည်ကြမယ် စိတ်ကူးထားတယ်။ ကံမျက်နှာသာမပေးတော့ကားပေါ်ရောက်ပြီး သိပ်မကြာခင် မိုးက အသည်းအသန်ရွာတယ်။အပေါ်ထက် အမိုးပွင့်မှာ ခဏပဲ ထိုင်နိုင်တယ်။ လက်တွေဟာ ထုံကျင်အေးစက်လာတယ်။မြို့တပတ်ပြီးတဲ့ အထိ မိုးကမစဲသေးဘူး။ ကားဂိတ်ကို ပြန်ရောက်တဲ့အခါ နောက်တကား ပြန်ပြောင်းစီးကြတယ်။ ကားလက်မှတ်က တနေ့လုံးစာဆိုတော့ အမုန်းစီးပဲ။
ပထမတခေါက် ကားပေါ်ကနေ ဘယ်တွေကို သွားကြည့်မလဲဆိိုပြီး ကြည့်ထားကြတယ်။ ဒုတိယကား ခရီးတဝက်လောက်မှာ မိုးစဲစပြုတာမို့ ကားပေါ်က ဆင်းပြီး လျှောက်ကြည့်ကြတယ်။ ရောမမြို့က တကယ့်ကို ကြီးကျယ် ခမ်းနားတာပါကလား.....
ခြေထောက်လည််း ညောင်း လူလည်း ပင်ပန်းပြီဆိုတော့ မှ ဟိုတယ်ကို ပြန်အထုတ်ယူကြတယ်။ ဟိုတယ်ကနေ ဘူတာကို ကားငှားပြီးဆင်းတယ်။ ဘူတာကနေ လေဆိပ်ကို လီယိုနာဒိုအမြန်ရထားနဲ့ လေဆိပ်ဆင်းကြမယ်။ ဘူတာရောက်တဲ့အခါ ရထားလက်မှတ်ကောင်တာ ရှာမတွေ့ပဲ ဖြစ်နေခဲ့တယ်။ ပုံမှန်ရထားလက်မှတ်ကောင်တာတွေမှာ ဝယ်လို့မရတာမို့ ဘူတာထဲမှာ ပတ်ချာလည်နေသေးတယ်။ နောက်တော့ ဝန်ထမ်းဝတ်စုံနဲ့ တယောက်ကိုမေးတဲ့အခါ သူက သီးသန့်အခန်းတခုနဲ့ လက်မှတ်ကောင်တာတွေကို လိုက်ပြပြီး ကော်ဖီဖိုးပါတောင်းပါလေရော။ မြန်မာပြည်က လက်ဖက်ရည်ဖိုးတောင်းတဲ့ ယဉ်ကျေးမှုဟာ ရောမကဆင်းလာတာများလား...
ကော်ဖီဖိုး ငါးယူရိုပေးလိုက်တာနဲ့ ရထားလက်မှတ်ရသွားတယ်။ ဘူတာစင်္ကြန်ကို ရှာတဲ့အခါမှာ ရောမမြို့ရဲ့ သရုပ်အမှန်တခုကို ခံစားလိုက်ရပြန်သေးတာ။ ခရီးသွားဖော်ကို ဘူတာထဲက အမျိုးသမီးက စင်္ကြန်ဆိုပြီး ဓါတ်လှေခါးတခုကို ဦးဆောင်ခေါ်သွားတယ်။ ကျနော်လည်း ခရီးသွားဖော် ပါသွားတာမို့ ကြောင်တောင်တောင်နဲ့ နောက်ကလိုက်သွားမိနေတယ်။
ကံကောင်းတာကြောင့် ဖြစ်မယ် အစောက လက်မှတ်ဝယ်ပေးတဲ့ ဘိုးတော်က ကျနော်တို့စီးရမယ့် ရထားစင်္ကြန်ကို လက်ညိုးထိုးပြတယ်။ ဒါနဲ့ ခရီးသွားဖော်ကို ပြန်ဆွဲ ဓါတ်လှေခါးထဲ မဝင်ပဲ စင်္ကြန်ထဲ ဝင်လာလိုက်တော့တယ်။ ဟိုအမျိုးသမီးကဘာတွေလဲ မသိဘူး အော်နေခဲ့လေရဲ့။ သူ့နောက်များ လိုက်သွားရင် ဘာတွေ အလိမ်ခံရမလဲ နောက်မှ တွေးမိပြီး ရင်တွေထိတ်နေကြတာ။ နောက်ဆုံး ရထားထွက်ပြီး လေဆိပ်ကို ရောက်မှပဲ ဟင်းချနိုင်တော့တယ်။ ဒီခရီးမစခင် အခုလိုမျိုး အလိမ်အညာ အလုအယက်တွေနဲ့ ကြုံဆုံရတဲ့ အနောက်နိုင်ငံရောက် ခရီးသွားတွေအကြောင်း ဖတ်ခဲ့ဖူးတာမို့ စိုးရိမ်စိတ်နဲ့ ပြင်ဆင်သတိပေးဖြစ်ခဲ့တယ်။ အခုလိုမျိုး အပျောက်အရှ အဆုံးအရှုံးမရှိ ခရီးကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့တာမို့ စိတ်သက်သာအေးချမ်းသွားတော့တာ.
လေဆိပ်ထဲမှ အခွန်ပိုက်ဆံထုတ်ပြီး ရတဲ့ပိုက်ဆံနဲ့ ရေခဲမုန့်စားကြတယ်။ ရောမကနေ ဒူဘိုင်းတဖြတ်ရောက်တော့ ဒူဘိုင်းမှာ ကော်ဖီသောက် စျေးဝယ်ကြပြန်တယ်။ ယူရိုပိုက်ဆံနည်းနည်းပိုတာတွေကို စျေးဝယ်ကြတယ်။ ဒူဘိုင်းကနေ စင်္ကာပူ ခရီးမှာတော့ ထိုင်ခုံတတန်းလုံး ဘေးလူမရှိတာမို့ အေးဆေးအိပ်ပြီးတော့ လိုက်လာနိုင်တယ်။ အဲ့ဒီနေ့မှာပဲ ရောမကို စင်္ကာပူနဲ့ မလဲချင်လည်း လဲခဲ့ရတော့တာပါပဲ........

No comments:
Post a Comment