ပြန်ခါနီးမို့ထင်ရဲ့ တိမ်တွေဟာ လှပစွာ ဖူးပွင့်လာသလိုပဲ
အပြန်မှာတော့ တခြားကျွန်းတခုကို ဆင်းပြီးမှ ပြန်ထွက်လာတယ်
လေယာဉ်ပေါ်ကနေ ကျွန်းတွေကို သေသေချာချာ ဓါတ်ပုံရိုက်ယူခဲ့တယ်။
လေဆိပ်ကို ရောက်တဲ့အခါ အမှတ်တရ ပစ္စည်းဆိုင်မှာ အကုန်လုံး ခေါင်းစိုက်မွှေကြတယ်။ အစောက ကီလိုပိုနေတဲ့သူတွေရဲ့ စိတ်တွေဖြေလျော့ပြီး ထပ်ဝယ်နေကြပြန်ပြီလေ။ အဲ့ဒီကျွန်းငယ်လေးတွေဆီက သဲမှာတဲ့သူ ခရုမှာတဲ့သူတွေအတွက်လည်း သေသေချာချာကို ယူလာကြသေးတာ။
စိတ်လှုပ်မှုများစွာနဲ့ ချီတက်လာခဲ့တဲ့ ဒီခရီးအပြန်မှာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေကြတယ်။ ပင်ပန်းတာတကြောင်း၊ ပြန်ရောက်ရင် ကြိုနေမယ့် အလုပ်တွေကို တွေးနေမိကြတာတကြောင်း စသည်ဖြင့် အားလုံးဟာ စကားမပြောနိုင်ကြပဲ ငြိမ်သက်နေကြလေရဲ့......
ခရီးစဉ် အစအဆုံး ကုန်ကျငွေ ပြန်စစ်ကြည့်တဲ့အခါ
လေယာဉ်နဲ့ ဟိုတယ် S$828.00
ဒေသတွင်း လေယာဉ် US$340.00
လေဆိပ် စားသောက် US$25.00
ရေသန့်ဘူး US$15.00
Snorkeling US$35.00
Diving US$105.00
Misc US$50.00
ဘတ်ဂျက်ချိန်ပြီး ပင်လယ်ပြာပြာ ကျွန်းငယ်များဆီ ခရီးသွားမယ်ဆို ဒီလောက်ဝန်းကျင်တော့ ကုန်မယ်လို့....
No comments:
Post a Comment