31 October 2013

ဘိတလ သို့မဟုတ် ဟမ်ပီရဲ့ အနုပညာ





အရှေ့က တော်တော်များများကို သွားပြီးတဲ့အခါ ဗိုက်ကအတော်လေးဆာလောင်နေပြီ။ နေ့လည်စာ စားဖို့ အချိန်ကို လွန်နေခဲ့ပါပြီ။ ကားဆရာကို သေသေသပ်သပ်ရှိမယ့်ဆိုင်ကို ပို့ပေးဖို့ပြောရတယ်။ ဆာဆာနဲ့ အတော်လေး စားလိုက်နိုင်တယ်။ ပြီးမှ လျှောဘရားသားရင် အခက်ပဲလို့ ပူနေမိတာ။



ဘိတလကို တသီးတသန့်သွားရတယ်။ ၁၅ရာစုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အနုအလှသုခုမဆိုတဲ့ အရာတွေကို ဖွင့်ဆိုနိုင်လောက်အောင် ဗိသုကာလက်ရာ ပြည့်ဝလွန်းတဲ့ စေတီပါ။ ဘိတလကို သွားဖို့ သူတို့စီစဉ်ထားတဲ့ ကားကိုစီးရပြီး၊ ကားမောင်းသမားများဟာ အမျိုးသမီးပျိုတွေချည်း။ ခေါင်းဆောင်ကတော့ ခပ်ဝဝ ဗိုက်ပူပူပါပဲ။




မရောက်ခင်လမ်းတလျှောက်ဘေး ၀ဲယာဟာလည်း မျှော်တွေ ငေးမောစရာတွေ တန်းစီလို့။ စျေးတန်းလို့ ယူဆကြတဲ့ အဆောက်အအုံတန်းရယ် နောက်က စိုက်ပျိုးပင်ခြမ်းဟာ လွမ်းမောဖွယ်။ 

မိနစ်၂၀လောက် မောင်းပြီးတဲ့အခါ ဘိတလရဲ့ ခြေရင်းကိုရောက်တယ်။ တကယ်လို့ ကြာပန်း ဂေဟာကို သွားခဲ့လို့ရှိရင် အဲ့ဒီလက််မှတ်ဟာ ဘိတလရဲ့ ဝင်ခွင့်အဖြစ်လည်း အကျုံးဝင်ပါတယ်။

ဘိတလမှာ ကျနော် အရင်ဆုံး ရှာတာကတော့ ကျောက်ရထားပဲ။ လေးထောင့်ပုံစံတည်ဆောက်ထားပြီး နတ်ဘုရားရဲ့ စီးတော်ငှက် ဂရူဒါကို ပူဇော်ပသတဲ့ အနေနဲ့ထွင်းထုထားတာဖြစ်တယ်။ အသေးစိတ်အချိုးကျ တည်ဆောက်ထားတာဖြစ်လို့ တန်ခိုးရှင်တယောက်က နှင်တံနဲ့များတို့လိုက်ရင် ချက်ချင်းတောင် ထပြေးမယ့် ရထားအသွင်ကိုဆောင်တယ်။ ဒါပေမယ့် သူ့ကိုဆွဲပြေးမယ့် မြင်းနှစ်ကောင်တော့ မရှိရှာတော့ဘူး။ လောလောဆယ် ဆင်နှစ်ကောင်နဲ့ ဖြည့်စွက်ထားတာကိုပဲ တွေ့ရပါလိမ့်မယ်။





ကျောက်ရထားမှာ ခြယ်လှယ်ထားတဲ့ အမွန်းအပြောက်တွေကို ကြည့်ပါဦး။
ကျောက်ရထားကို မိုနိုလစ်သစ်တည်ဆောက်ပုံနဲ့တည်ဆောက်ထားတယ်လို့ ယူဆရတယ်။ ကျောက်တုံုးအကြီးကြီး တခုထဲကနေ လိုချင်တဲ့ အဆစ်အပိုင်းလိုက် ထွင်းထုပြီးတည်ဆောက်ထားသလိုမျိုးပါ။ တကယ်က တွယ်စပ်ပြီးတည်ဆောက်ထားပေမယ့် တခုနဲ့တခု ချိတ်ဆက်ထားမှုဟာ အမွမ်းအပြောက်တွေကြားမှာ ပျောက်ကွယ်နေတာကိုတွေ့ရတယ်။ အံ့သြစရာကောင်းတာက လှည်းဘီးဟာ တကယ်ကို လက်နဲ့လှည့်ရင် လည်တာကိုတွေ့ရတယ်။ ဘယ်လောက်များ စနစ်ကျ တိုးတက်တဲ့ ပညာရပ်တွေ ထွန်းကားခဲ့တယ်ဆိုတာကို အတိုင်းသား ပြလို့နေတော့တယ်။


ပရဝုဏ်ထဲမှာ နောက်ထပ် စိတ်ဝင်စားစရာအကောင်းဆုံးက မဟာမန်ဒပ ဆိုတဲ့ ခန်းမပါ။ ခန်းမကို ငါးပိုင်းပိုင်းထားပြီး အလယ်ခန်းမဟာ နှမြောစရာကောင်းလောက်အောင် ပြိုပျက်နေခဲ့ပြီ။ မဟာမန်ဒပရဲ့ နာမည်ကျော် ဒီခန်းမတွေကို ခရီးသွားဧည့်သည်တို့ ဝင်ထွက်ခွင့်မရတော့ပါဘူး။














ဘာကြောင့်နာမည်ကျော်လဲဆိုတော့ အရှေ့ဖက်ခန်းမကြောင့်ပါပဲ။ အရှေ့ဖက်ခန်းမက တိုင်တွေဟာ တီးလိုက်ရင် အသံလွင်လွင်နဲ့ ဒိုရေမီဖာ ခုနှစ်ရောင်ကို အပြည့်အစုံခြယ်သထားတာ။ ၅၆တိုင်သောတိုင်တွေ အသံမြည်အောင် ဘယ်သို့ဘယ်ပုံ ဆောက်လုပ်ထားတယ်ဆိုတာကို နှောင်းလူတို့ မသိရပါဘူး။ အင်္ဂလိပ်အုပ်စိုးစဉ်ကတော့ တိုင်နှစ်တိုင်ကို ချိုးကြည့်ပြီး ဇာစ်မြစ်ကို ရှာပေမယ့် မယုံနိုင်လောက်အောင် အဖြေရှာမတွေ့သွားခဲ့ဖူးလို့ ဆိုပါတယ်။ အခုနောက်ပိုင်း ခရီးသွားများ တီးကြပြုကြရင်း အဆိုပါတိုင်အချို့ ပျက်စီးလာတဲ့အတွက် ခန်းမထဲကို ဝင်ထွက်ခွင့် ကန့်သတ်လိုက်တာပဲဖြစ်တယ်။ ဒါပေမယ့် နားထောင်ချင်ရင်တော့ အစောင့်ကို တိုးတိုးသားလေး ပေးပြီး တီးခိုင်းလို့ရပါတယ်။

အရှေ့ဖက်ခန်းမရဲ့ တိုင်လုံးတွေ အကုန်လုံးဟာ ကခြေသည် ရုပ်ပုံ၊ ဗုံတီးသူ တူရိယာမှုတ်သူ တို့ဖြင့် အလှဆင်ထားတာကိုတွေ့ရတယ်။

 
တောင်ဖက်ခန်းမကိုတော့ ယာလိလို့ခေါ်တဲ့ အကောင်တွေနဲ့ တိုင်လုံးတွေကို စီခြယ်ထားပြီး အစွန်းတဖက်မှာ ကြာဖူးငုံုတွေနဲ့ အလှဆင်ယင်ထားတယ်။

မြောက်ဖက်ခန်းမမှာ နာယာဆင်းဟာ လို့ အသွင်ဖန်ဆင်းထားဖူးခဲ့တဲ့ နတ်ဘုရား ဗိရှနုရဲ့ ရုပ်ကြွတွေဟာ တိုင်တွေမှာ အခန့်အထည် တည်ရှိစေတယ်။

အနောက်ဖက်ခန်းမကတော့ အလုံပိတ်တည်ဆောက်ထားတဲ့ ပုံုစံ။

ဘိတလနဲ့အတူတွဲလျက် နာမည်ကျော်ခဲ့သူတယောက်ကတော့ ပူဇာတေးတွေ ရေးသီတဲ့သူတော်စင် ပူရန်ဒါရ ဒါဆာပဲဖြစ်ပါတယ်။ သူဟာ သူရဲ့ နောက်ဆုံးနေ့ရက်များကို ဒီဘိတလ စေတီမှာပဲ ကုန်ဆုံုးစေခဲ့ပုံုရပြီး သူ့ရေးစပ်သီကုံုးခဲ့တဲ့ ပူရန်ဒါရ ဘိတလ သီချင်းဟာ ဒီစေတီကို ရည်ညွန်းဖွဲ့ဆိုခဲ့တာပါ။

ဟမ်ပီမြို့ပြကုန်ဆုံးစေတဲ့ အကြောင်းအရင်းဟာ အစ္စလာမ်ဘာသာဝင်များနဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဘာသာရေးစစ်ပွဲကြောင့်ပဲဖြစ်တယ်။ ဘာသာရေးအားပြိုင်မှုတွေကြားက အားသာသူတို့ အနိုင်ရသွားတဲ့အခါ အခုလို အံ့သြမကုန်နိုင်သော အနုပညာအဆောက်အအုံုများ ဖြိုဖျက်စီးခြင်းခံရတာပါပဲ။ 


သမိုင်းဆိုတာမျိုးက ဖြိုဖျက်ပစ်လိုက်တာနဲ့ ပျောက်ပျက်သွားတာမျိုးမှ မဟုတ်ပဲ။ အပျက်အစီးတွေကြားထဲက အလှကြီးလှနေတဲ့ ဟမ်ပီဟာ ဟိုအရင်တုန်းက တို့တွေဘယ်လောက်ခမ်းနားခဲ့တယ်ဆိုတာကို ရဲရဲကြီး ဖွင့်ဆိုနေတာပဲ မဟုတ်ပါလား......

ဟမ်ပီမှာတညအိပ်ပြီး နောက်ထပ် တနေရာကို ကျနော်တို့ ကူးကြရအောင်....

23 October 2013


မေ့လျော့ခြင်းခံထားရတဲ့ အင်ပိုင်ယာတခုလို့ စာရေးဆရာ Rober sewell ကရည်ညွှန်းခဲ့ပါတယ်။ အေဒီ ၁၃၃၆ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဟိန္ဒူဘုရင်အုပ်စိုးတဲ့ အင်ပိုင်ယာဖြစ်ပြီး ရာစုနှစ် နှစ်ခုခွဲစာ အခိုင်အမာ ရပ်တည်ခဲ့ပေမယ့် အခုအချိန်မှာတော့ အပြိုအပျက်တွေကြားထဲမှာ သေးငယ်တဲ့ ရွာငယ်လေး ဟမ်ပီအဖြစ်နဲ့ပဲ ကြွင်းကျန်ရစ်ပါတော့တယ်။

ရာမယန ဇာတ်တော်ထဲက သုချိပ်နဲ့ ဘာလီရဲ့ နေပြည်တော်ဟာလည်း ဒီဟမ်ပီမှာပါပဲ။ ဒါ့အပြင် ဟနုမာန်ရဲ့ မိခင်နေခဲ့တဲ့ ကျောက်ဂူဟာ ဒီမြို့ဟောင်းတနေရာမှာလို့လည်း မှန်းဆထားကြပြန်သေးတယ်။

ပထမဆုံး ဟိန္ဒူဘုရားကျောင်းတွေ အားလုံး တည်ဆောက်ပုံစံ တုပယူထားတဲ့ ဘိယူပါရှဆိုတဲ့ စေတီကိုသွားတယ်။ အားလုံးသော စေတီထဲမှာ ဒီစေတီကို အေဒီ ခုနှစ်ရာစုမှာတည်တယ်လို့ သတ်မှတ်ထားကြပြီး နောက်ပိုင်းပြုပြင်မွမ်းမံမှုများကြောင့် အကျယ်အဝန်းတဖြည်းဖြည်း ကြီးလာတယ်လို့ သမိုင်းပညာရှင်တွေက ကောက်ချက်ချပါတယ်။ 

ဟိုး...ခပ်ဝေးဝေးကနေတောင် မြင်နိုင်တဲ့ မျှော်စင်ပုံစံ ဝင်ပေါက်ဟာ ဒီဘုရားကျောင်းရဲ့ အမှတ်သင်္ကေတပါပဲ။




စင်္ကြန်ကို ကျော်ဖြတ်သွားရင် မီးဖိုချောင်ကို ရောက်ပါလိမ့်မယ်။ မီးဖိုချောင်ဟာ အနားက မြစ်နဲ့ဆက်စပ်နေခဲ့ဖူးတယ်လို့သိရတယ်။ ရေအစိမ်းရောင်ကနေ ပြန်လာတဲ့ ဘုရားကျောင်းရဲ့ အရိပ်ကိုလည်း ဓါတ်ပုံရိုက်ကြည့်မိတယ်။




အနုပညာလက်ရာမြောက်တဲ့ တိုင်တွေဟာ စင်္ကြန်နှစ်ခုလုံးမှာ ပြည့်လို့နေတယ်။



ခေါင်းမိုးတွေမှာလည်း ဟိုတစ ဒီတစ အရုပ်တွေနဲ့ ပြည့်နှက်လို့။






အလယ္က အဆောက်အုံကိုတော့ ၁၅ရာစုမှ ဖြည့်စွက်ထားတာဖြစ်ပြီး အဝင်ဝက ခြင်္သေ့နှစ်ကောင် လှေခါးကနေစပြီး အမွမ်းအပြောက်တွေနဲ့ ရှုချင့်စဖွယ်။ စစ်သည်တွေဟာ မြင်း၊ ခြင်္သေ့၊မကန်းနဲ့ မိချောင်းရုပ်တွေ စီးနင်းနေပုံုကို တိုင်တွေမှာ ထွင်းထုထားခဲ့တယ်။



ဘုရားကျောင်းက မွေးထားတဲ့ ဆင်လိမ္မာရဲ့ ကန်တော့ချိုးကိုလည်း တွေ့ခဲ့ရတယ်





ဘုရားကျောင်းကနေထွက်ပြီး တောင်ပေါ်ကို ဖြည်းဖြည်းချင်းတက်လာမိတယ်။ တောင်ပေါ်က ခန်းဆောင်လေးတွေဟာ လွမ်းချင့်စဖွယ်။ နောက်ပြန်လှည့်ကြည့်တော့ ဘုရားကျောင်းရဲ့ ရှုခင်းဟာ လှပလို့နေတယ်။ 





ဒုတိယအနေနဲ့ ခရစ်ရှနာဘုရားကျောင်းကိုသွားတယ်။ pink lady လို့ ခေါ်တဲ့ cambodia က ဘုရားကျောင်းတခုကို သွားအမှတ်ရမိစေတယ်။ သူ့ကိုတော့ ၁၅ရာစုမှာ တည်ခဲ့တာဖြစ်ပြီး ကျောက်သားအဖြူရောင်တွေကြားထဲမှာ အနီရောင်က ထူးထူးခြားခြားဖြစ်စေပါတယ်။


နောက်တဆူကိုတော့ မြေအောက်ဘုရားကျောင်းကို ဝင်ဖြစ်သွားတယ်။ ဂိတ်ပေါက်နှစ်ပေါက်နဲ့ ကြီးကျယ်နိုင်လှတဲ့ ဘုရားကျောင်းလို့ ဆိုနိုင်တယ်။ မြေအောက်အနိမ့်ပိုင်းမှာ ဆောက်ထားတာဖြစ်လို့ ကျောင်းဆောင်အတွင်းမှာ ရေတွေဝင်ပြီး သွားလို့ အဆင်မပြေပါဘူး။


မိဖုရားရဲ့ နွေရာသီစံနန်းဆောင် ကြာပန်းဂေဟာကိုလည်း သွားကြည့်ခဲ့ပါတယ်။ သူရဲ့ တည်ဆောက်ပုံကလည်း အတော်လေး သေသပ်လှပတယ်။ ဘေးနားက မျှော်စင်တွေအရ စစ်ရေးအတွက်လည်း အသုံုးပြုတယ်လို့ ခန့်မှန်းကြပြန်တယ်။ အမိုးတွေရဲ့ တည်ဆောက်ပုံုကို မှန်းဆပြီး ဟိန္ဒူဘာသာ ပုံုစံမဟုတ်ပဲ အစ္စလာမ်ဘက် နွယ်တယ်လို့လည်း သတ်မှတ်ထားတယ်။ မြို့တော်ကြီးတခုလုံုး အဖျက်အဆီးခံရပေမယ့် ကြာပန်းဂေဟာဟာ ဒီအတိုင်း ထီးတည်းကျန်ခဲ့တဲ့ အကြောင်းအရင်းဟာ အစ္စလာမ်ပုံုစံဖြစ်နေလို့လို့ ဝေဖန်သူတချို့က ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို ကြာဖူးပွင့်နေပုံု အဆောက်အဦးကို ထုံုးကျောက်နဲ့ အုတ်ခဲရောစပ်ပြီး လက်ရာမြောက်စွာ ဆောက်လုပ်ထားတဲ့ကြောင့် အနုပညာဆိုတဲ့ စကားလုံုးကနေ သူ့ခေတ်ရဲ့ တိုးတက်ထွန်းကားမှုကို ကောင်းကောင်းကြီး ရည်ညွှန်းဖော်ပြနိုင်ခဲ့တယ်။ 


ကြာပန်းဂေဟာရဲ့ အနောက်ဖက်မှာ ဆင်စခန်းရှိပြီး ၊ ဆင်စခန်းရဲ့ အမိုးများရဲ့ တည်ဆောက်ပုံနဲ့ မပြိုပျက်ပဲ ကျန်ရစ်တာအကြောင်းများကြောင့် အစ္စလာမ်ဘာသာဝင်များ စတင်ဝင်ရောက်နေပြီလို့ တထစ်ချယူဆနိုင်ပါတယ်။



ဟာဇရာ ရာမ ဘုရားကျောင်းကို ပထမဆုံး သတိထားမိစေတာကတော့ သူရဲ့ နံရံများပဲဖြစ်ပါတယ်။ နံရံပတ်ပတ်လည်မှာ ရေးထုထားတဲ့ ရာမဇာတ်တော်ဖောင်းကြွတွေဟာ ဘုရားကျောင်းရဲ့ ဂုဏ်ကို အတိုင်းသားဖော်ပြနေတယ်။ တော်ဝင်ရပ်ကွက်အထဲမှာ ရှိပြီး မင်းမိဖုရားနဲ့ တော်ဝင်မိသားစုများသာ ဖူးမျှော်ခွင့်ရတဲ့ ဘုရားကျောင်းပဲဖြစ်တယ်။ နောက်ထပ်ထူးခြားတာကတော့ သူ့ရဲ့ အတွင်းခန်းမှာရှိတဲ့ တိုင်လုံုးတွေပါ။ အမည်းရောင်သီးသီးသန့်သန့်ဖြစ်နေတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှ တခုတ်တရရှာဖွေထားတာ မတွေ့ရပါဘူး။



အဲ့ဒီဘုရားမှာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ဆုံတာမို့ မင်းသမီးကို အမှတ်တရ ဓါတ်ပုံုရိုက်ယူခဲ့ပါတယ်။


မိဖုရားရေချိုးဆောင် အဆောက်အဦးကိုလည်း စပ်စပ်စုစု သွားကြည့်ခဲ့သေးတယ်။ အလယ်မှာရေတွေနဲ့ မောင်းမမိဿံတွေနဲ့ စည်ကားနေမယ့် အဲ့ဒီအဆောက်အဦးဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ကြီးစိုးလို့နေတယ်။

စာဖတ်သူတွေလည်း ကျနော်နဲ့ လိုက်လာရတာ နေအတော်ပူနေရော့မယ်။ ရိုက်ထားတဲ့ပုံတွေများတာမို့ အတော်လည်းရှည်နေလောက်ပြီ။ ကျောက်တုံးမြို့တော် ဟမ်ပီရဲ့ နောက်ဆုံုးတခုကိုတော့ အသေးစိတ်လေးလည်း ရေးရအောင် နောက်တပုဒ်မှ ဆက်တာပေါ့ဗျာ...