သဲမြေအတွင်းက
ရေဖြန်းပြီးသကာလ
အချိန်အခါအသင့်မှာ
အညှောင့်တလူလူထလာတဲ့
ပဲပင်ပေါက်တွေလို
ပုလင်းထဲက
အတင်းရုန်းကန်ကြွတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
ပုလင်းဖုံးအဖွင့်မှာ
တဆူဆူ တဖြန်းဖြန်းနဲ့
တခါတခါ ပန်းထွက်တတ်တဲ့
လေပူစီပေါင်းတွေလို
မိုးဦးကျ
ပွင့်နေမြဲ နေရာမှာ
တားမရ ဆီးမရ
ငွားငွားစွင့်ပွင့်တတ်တဲ့
မှိုပွင့်တွေလို
မြေသားကို
တစတစ ထိုးဖောက်လို့
မကြောက်မရွံ့
အားရပါးရ ပေါ်ထွက်လာမြဲ
မျှစ်စို့ပေါက်ကြီးတွေလို
လက်ကောက်ဝတ်က
ရပ်တန့်မရအောင်
တဆစ်ဆစ်နဲ့တိုးနေတဲ့
သွေးခုန်နှုန်းလို
ကိုယ် မင်းကို အဲ့ဒီလို…..
အတိဿယဝုတ္တိတွေ သိပ်များတယ်ထင်ရင် ဖတ်ပြီးတာနဲ့ မေ့ပစ်ဖို့ပါပဲ…..
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
1 week ago
No comments:
Post a Comment