နင့်ခနဲနေခဲ့တယ်
ငါ့မြေမှာ ဖြစ်ကြည့်ပါလား
ချာခနဲတောင် လှည့်ပစ်လိုက်မယ်
အင့်ခနဲနေခဲ့တယ်
ငါ့မြေမှာ ပြောကြည့်ပါလား
ငါ့ခွန်အားနဲ့ ပြန်ပြောမယ်
ထင့်ခနဲ ဖြစ်ခဲ့တယ်
ကန့်လန့်ကာ နောက်ကွယ်က
ငါ့အရိပ်တွေ စီလို့
ဒီအရိပ်တွေ လှဖို့
ငါ့စိတ်တွေချမှ
သြော်
မချိသော်လည်း………
(စိတ်တိုနေတာမို့ ငါလို့ သုံးနှုန်းမိပါတယ် စာဖတ်သူများကို တောင်းပန်အပ်ပါတယ်ခင်ဗျာ)
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 weeks ago
21 comments:
သည်းခံရတာတွေ အတွက် စိတ်လျှော့ပါလေ...
လူတိုင်း ဒီလိုပဲ ခံစားဖူးကြပါတယ်...
ကိုယ့်မြေမှ မဟုတ်တာကိုး....
မချိသော်လည်း လထုတ်ရက်ကို မျှော်တွေးပြီး စိတ်ဖြေလိုက်ပါဟယ်
နင့်၊ အင့်၊ ထင့်
ကိုယ်တိုင်လည်းပဲ ကြုံတွေ့  ခံစားနေရလို့  ကိုယ်ချင်းစာမိပါတယ်
မချိသော်လည်း
မချစ်သော်လည်း
အောင့်ကာ နမ်းနေရတဲ့ ဘ၀များ
ဒီလိုပဲ သူများမြေပေါ်မှာ သည်းခံခဲ့ရတဲ့ အကြိမ်တွေ မနည်းဘူး။ ကိုယ်အနိုင်ယူဖို့ အခွင့်မသာသေးရင် စိတ်လျှော့ထားလိုက်ပါ ရွာသားရယ်။
နင့်
အင့်
ထင့်
ဟင့် ခနဲ့ သက်ပြင်းချလိုက်တယ်.
မြင့်သွားရင် သူတို့တွေနဲ့ဝေးဝေးနေလို့ ရပါပြီ
ကွယ်..
ကြိုးစားလိုက်ပါဦး ရွာသားရေ..
ရွာသားစိတ်တိုနေတယ်..တိတ်တိတ်ကလေးပဲ
ပြန်သွားတယ်..နှုတ်မဆက်တော့ဘူး။း)
တင့်သောစိတ်များ ကိုယ်တိုင်ထား၊
မမြင့်သောစိတ်ရှိသူများအား စိတ်ထဲထားမနေနဲ့တော့။
(သူများတွေလို ကာရန်ညီအောင်ရေးလိုက်ပါတယ်)
:)
Cheer up !
ကိုယ့်အထင်တော့ ပြန်ပြောလို့ ရတာ ဒီမှာပဲ။
ဟိုနဲ့ ဒီ ကွာတာ အဲဒါပဲ လို့ ထင်တယ်။
What happen to you?
Dont let them bully you.
Attack back if you are right!
ခံစားချက် ကို စာလိုပဲ မြင်သွားတယ်ဗျာ။
ဖြစ်ဖြစ်သမျှ အကောင်းကြီးလို့ပဲ မှတ်ပါလေ။
စိတ် မတိုပါနဲ့..
နားလည်တယ်။
ကိုယ့်မြေလဲ သိပ်တော့ မကွာပါဘူး ပြသနာ ရှိတာပါပဲ
ဒီမှာလဲ သိပ်တော့ သည်းခံစရာ မလိုပါဘူး
အမြင်မတူရင် ပြန်ပြောလို့ တော့ ရပါတယ်။
သိပ်အဆင်မပြေရင် အလုပ်ပြောင်း ဖို့ ပြင်ကြ
ဒီလိုနဲ့  တနှစ်ကုန်တာပါပဲ ။
ခရေညိုးတို့လည်း ထပ်တူထပ်မျှပါပဲ ရွာသားရေ
သားသားတို့လဲ နင့်ကနဲပါပဲ ကိုရွာသားရယ်။
တဝက်ပဲတဲ့..................။
တခါတခါ ငယ်ငယ်တုန်းက နိုင်ငံခြားဆို အထင်ကြီးဖူးတဲ့ ကိုယ့်စိတ်ကိုယ်ကို ပြန်ဟားတိုက်မိတယ်။ ဒီလိုပဲ ဒေါသထွက်ရတာ များနေပါပြီ... မထွက်အောင် စိတ်ကိုဖိနှိပ်ရင်း “မချိ”ရတာလည်း များနေပါပြီ... အဆင်ပြေပါစေ ကိုရွာသား။
စိတ်လျော့ စိတ်လျော့ ငါ" လို့ကျောနဲ့ I လို့သုံး
ကောင်ကလေး...ခုတလောပေါက်ကွဲလှချည့်လား
ရီမိုး လဲအခုတစ်လော အဲလိုပဲဖြစ်နေရတယ်... အားလုံးလဲ ဒီလိုပဲရင်ဆိုင်ဘူးကြမှာပါ... အစဉ်ပြေပါစေ လို့ ဆုတောင်းပေးပါတယ်...
၂လလောက်ကြာသွားပြီဆိုတော့ ခုတော့အဆင်ပြေသွားပြီပေါ့နော်
Post a Comment