24 January 2010

ဟာတိဟာတာ

မုန်းလို့ရယ် ဟုတ်ပါဘူး
အချိန်ကတန်
ခွဲဖို့ရယ်ဖန်လာတော့
လွမ်းတတ်တဲ့ဝေဒနာ
မဖြေသာပေမယ့်
သြော် မခွဲသာ ခွဲသာ
ကျွမ်းလျက်ကွာရငဲ့

အသည်းက မမာ
မေ့ခက်တာမှန်လေတော့
စမ်းလျက် စမ်းလျက်ရယ်က
အခုထိတော့
ဟာတိရယ္တဲ့ ဟာတာ..........

22-Jan-2010 အမွတ္တရ

18 comments:

ကောင်းကင်ပြာ said...

ခဏ ပါ....သွားသွား မစမ်း နဲ့..

ဇွန်မိုးစက် said...

ဘာဖြစ်လို့လဲ...သူခဏပြန်သွားလို့လား ???

Ree Noe Mann said...

အင်း ခုမှ ၂ရက်ပဲ ရှိသေးတာကိုး။

၂၂ရက်နေ့က အမှတ်တရ ဆိုတော့

ဒီနေ့မှ နှစ်ရက်မြောက်ပေါ့။

နောက်ချင်တာ ဘာမှန်းမသိလို့ မနောက်တော့ဘူး။

စာရေးကောင်းတဲ့ လူတွေကျတော့လည်း

စကားလုံးလေးတွေက လှနေတာပဲ။

မဆုမွန် said...

တစ်ရက်ပဲကွာတယ်ကွယ် ၂၃.၁.၂၀၁၀.. မုန်းလို့ရယ်ဟုတ်ပါဘူး အချိန်ကတန် ခွဲဖို့ရယ်ဖန်လာတော့..

မေ့လို့ကြစို့ပေါ့...

ဖိုးသင်္ကြန် said...

အစားထိုးကြည့်ပေါ့ဗျာ
အညှော်တော့ မမိစေနဲ့ပေါ့
ဝေဒနာ ရှည်ကြာလိမ့်မယ်

မိုးခါး said...

ကဗျာလိုပဲ မှတ်သွားတယ်နော်.. အားတော့ မပေးတော့ပါဘူး ..း))

ဟာတိရယ် ဟာတာရယ် နှစ်ယောက်လား .. :D
သိဘူး နောက်ချင်လာလို့ .. :P

Rita said...

ကိုယ်ကတော့ ပါဏာတိပါတာ မပါရင် ဟာတာတိဟာတာ ဖြစ်တတ်တာပဲ သိတယ်။ ထမင်းစားရင်ပြောတာပါ။ အဲဒါကြောင့် သတ်သတ်လွတ်စားဖို့ သိပ်ကြိုးစားလို့ မရဘူး။

khin oo may said...

ကောင်းသား။

khin oo may said...

ဟာတိရယ်တဲ့ဟာတာ
အမလေးရယ်တဲ့ အမာ
ကြုံသေးတယ်တဲ့ အတာ
ဆုံဦးမယ်တဲ့ ရီတာ။

ကြည်ဖြူပိုင် said...

သြော်ကွယ်
ခုမှ ကလေးပဲရှိသေးတာ ပြန်ပေါက်လာမပေါ့ :D
မမပြာပြောသလိုပဲ သွားမစမ်းလေနဲ့ အဲလိုပဲခံစားရမယ်
ဖန်သကြိုးပြောသလိုပဲ ညှော်မမိစေနဲ့
ပိုနာကျင်လိမ့်မယ်
၃ရက်ပေါ့ကွယ်
ကောင်းသွားမှာပါ :D

အိုက်ခီလောက် said...

စမ်းလျက် စမ်းလျက် ဆိုတော့ ဘာကိုစမ်းတာတုန်း
ဒါနဲ့ ဘာကိုတွေ့ မိလည်း ဗျ စမ်းလိုက်တာ
စမ်းမိတော့ ရင်ထဲ ဟာတာတာ ဖြစ်ကျန်ခဲ့တာလား ဗျ

မျှော်လင့်ခြင်း said...

ဒီကဗျာက
နောက်ဆုံးအပိုဒ်ကေ၇းတာ တမျိုး ဖြစ်နေတယ်
လွမ်းတယ်ဆိုတဲ့ message က သိပ်မခံစားရဘဲ ပေါ့သွားသလိုဘဲ ။

ခရေညို said...

မမုန်းပဲခွဲနေရတယ်ဆိုတော့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေနော်။ ဟာတိဟာတာဖြစ်နေတဲ့ရင် အမြန်ဆုံး ပြည့်စုံပါစေ

Rita said...

ပြန်လာဖတ်တယ်။
ကဗျာကို မဟုတ်ဘူး။ ကွန်မန့်တွေကို။
မမရဲ့ ကဗျာမှာ ကိုယ့်နာမည်တောင် ပါလို့ပါလား။ ကျေကျေနပ်နပ်နဲ့ ပြန်သွားတယ်။

Unknown said...

ဟာတိဟာတာ မဖြစ်ရအောင်
ဖာသိ ဖာသာပဲ နေရတာကောင်း

sait phay yar said...

အချစ်ကိုမလှောင်ပါနဲ့ ကဗျာက လွမ်းကဗျာကနေ လှောင်နေသလိုခံစားရတယ်..

ရေတမာ said...

း)))) မနေ့ကမှ အဖြေရတယ်။ သိတော့ သိတယ်လေ မထင်မိဘူး။ သြော် ခံစားချက်တွေ လျှော့ပါ အကိုရားP

Ko Ba Tint said...

ဟာတိရယ်ဟာတာ က ၂ယောက်ဆိုမဖြစ်လောက်ပါဘူး