05 January 2010

ပါးနဲ့ စိတ္တဇ

ဒီမနက်ခင်း ရုံးသွားဖို့ ပြင်ဆင်ရင်းရတဲ့ အတွေးလေးတစ်ခုပါ။

အတွေးဆိုတာ အတွေးသက်သက်ပဲ ရုပ်ရယ် နာမ်ရယ် ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ ရေးထားသမျှတွေ အားလုံး စိတ်ကူးသက်သက်တွေပေါ်ကို အခြေခံပါတယ်။

မှန်ရှေ့မှာ ရပ်ရင်း အင်း ဒီနေ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကို ရှင်းလင်းရဦးမှာပဲ ဆိုပြီး။ ပါးနှစ်ဖက်ကို ပွတ်နေသခိုက်………………..

ဟင့်အင်း ငယ်လေး ဒီ after shave အနံ့ကို မကြိုက်ဘူး အစ်ကို…….

အိုခေ ကို့ငယ်လေး စိတ်တိုင်းကျစေရမယ်။ ဒါပေမယ့် အခုတော့ လက်ထဲက ဓါးနဲ့ ကိုယ့်ကို မရှအောင် ဂရုစိုက်ပေးဖို့ပဲ။

အင်းပါ အင်းပါ လူက ရုပ်ဆိုးပါတယ်ဆို ဒီအမွှေးအမှင်တွေ ရိတ်သင်ဖို့ အမြဲပြောဆိုနေရတယ်။ ကဲ လာထား တစ်ခါတည်း နောက်တစ်ခေါက် ထပ်မပေါက်အောင် ဓါးနဲ့ လှီးထုတ်လိုက်မယ်။

တကယ်လား ငယ်လေး…. လုပ်လိုက်လေ တစ်သက်လုံးစာ တာဝန်ယူမယ်ဆို လုပ်လိုက်ပေါ့။ ဖိုးကျိုင်းတုတ်ဖြစ်ပြီကွ။

အိုးလူလည်…….

ပျော်ရွှင်ဖွယ် အချိန်တွေကို သတိရမိရင်း တစ်ယောက်တည်း သဘောကျနေမိတယ်။ မှန်ထဲက ကိုယ့်အရိပ်ကို ကြည့်ရင်း အနားမှာ အမြဲမနိုင်ရှိတဲ့ တစ်စုံတစ်ရာကို ဖန်ဆင်းပေးဖို့ ဆုတောင်းနေမိပြန်တယ်။

အနောက်က ရေနွေးငွေ့ကြောင့် မှုန်မှိုင်းလာတဲ့ မှန်မျက်နှာပြင်ကို အတင်းပွတ်နေမိတယ်။ မေ့လို့ တကယ်က heater မှ မဖွင့်ရသေးတာ။ ဟာ မဟုတ်ဘူး တကယ် မှုန်မှိုင်းလာတာ မျက်လွှာကြည်ကပါလား။ ဟာကွာ မင်းဟာလေ တကယ်ကို ပျော့ညံ့လွန်းတယ်။ ရစ်ဝိုင်းပြီး တွဲလဲခိုနေတဲ့ အရည်ကြည်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ကိုယ့်ကို သတိပေး နေမိတယ်။

လေတစ်ချက်အသုတ်မှာပဲ….မှန်ရဲ့ ဟိုးအနောက်ဖက် ဆီကို အတွေးတွေ ရောက်သွားတော့တယ်။

ငယ်လေး ဘ၀မှာ အစ်ကို့ကို အချစ်ဆုံးပါ။ ငယ်လေး အတွက် အစ်ကို မရှိရင် မဖြစ်ဘူး။ သီချင်းတစ်ပုဒ်က အနောက်က ပျံလွင့်နေခဲ့တယ်..ယုံတမ်းစကားတွေကိုလည်း ယုံစားမိလို့ မောင်မှားခဲ့ပါတယ် တဲ့။

ရုပ်ဆိုးတဲ့ ကိုယ်လိုလူအတွက် ငယ်လေးကလွဲရင် တစ်ခြားလည်းမရှိပါဘူး တစ်ခြားလည်း မကြည့်ခဲ့သလို ငြိတွယ်စရာလည်း မရှိခဲ့ပါဘူး။ ကိုယ့်အပါးမှာ ငယ်လေးမှတစ်ပါး အခြား မရှိခဲ့တာမို့ပါ။

အသက်အရွယ်ငယ်တယ် လှပတယ် သွက်လက် ထက်မြက်တဲ့ ငယ်တို့လို အရွယ်အတွက် ပျားပိတုန်းက ၀ိုင်းအုံနေမှာပါပဲ။ သဘာဝရယ်မို့ လွန်ဆန်လို့ မရတာ ကိုယ်သိပါတယ်။ ငယ့်အနားက ငယ့်အလိုဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ လူတွေကြားမှာ ကိုယ်က သိပ်သိမ်ငယ်လွန်းတယ်။

အခု ကိုယ်သိပ်စိုးရိမ်နေတာ တစ်ခုရှိတယ်ငယ်။ ဒါက ကိုယ်နမ်းမွှေးနေကြ ငယ့်ပါးကလေးတွေကို သူတစ်ပါး နမ်းမွှေးသွားမှာကိုပါ။ ဒီလိုလူတစ်ယောက်က စိတ္တဇ ဆန်တယ်ပဲပြောမလား အတ္တကြီးလွန်းတယ်ဆိုမလား ငယ်။ ဒီအခွင့်အရေးကို ကိုယ်တစ်ယောက်ပဲလိုချင်မိတယ်။ ပြီးတော့ ပြီးတော့ သူများနမ်းတဲ့ ပါးနှစ်ဖက်ကို ကိုယ်….ကိုယ်………စိတ်မရှိပါနဲ့ ငယ် ကိုယ်မသတီဘူး။ ဒါကိုယ့် စိတ္တဇပါ။ တကယ့်ကို စိတ္တဇပါ။

တစ်နေ့က ငယ်လေး ကောင်လေးတစ်ယောက်နဲ့ သွားတွေ့တယ်တဲ့။ တွေ့တယ်တဲ့ဆိုတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့ကြမလဲ။ ဒီကောင်လေးက ငယ့်ကို သဘောကျနှစ်သက်တဲ့အထဲက တစ်ယောက်မဟုတ်လား။ ပြီးတော့ ငယ်တို့နှစ်ယောက်တည်း တွေ့ခဲ့ကြတာ။ ခက်တယ်ငယ်ရယ်။ ခက်တယ်။

ကောင်ကလေးက ငယ့်ပါးကို ထိလိုက်သေးလား။ ပြီးတော့ ကော ပြီးတော့ကော ငယ် ဘာဆက်ဖြစ်ကြသေးလဲ။ သက်သက်လွတ်စားတဲ့ ကျားပုံပြင်တွေ ကိုယ့်ကို ညတိုင်းပြောပြနော်။ ဒါမှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်။

ဟူး………………..

အတ္တစိတ်တွေနဲ့ ဒေါသတွေ မောဟတွေ ပူလောင်လိုက်ပါဘိတော့။

ကိုယ်တို့ ပြန်တွေ့ကြရင် ငယ့်ပါးလေးကို မြင်တိုင်း အဲ့ဒီအတွေးတွေ ခေါင်းထဲကို အမြဲရောက်လာတတ်တယ်။ အဲ့ဒီအချိန်ဆို ငယ်က သ်ူစိမ်းတစ်ယောက်ပဲ။ ငယ့်အနားမှာ ကိုယ်ရှိမနေတော့ဘူး။ ကိုယ့်စိတ်ထဲမှာ ငယ်ရှိမနေတော့ဘူးငယ်။ ကိုယ်ရူးသွားပြီထင်တယ်။

သေချာတာတစ်ခုက ကိုယ့်ရဲ့ တစ်ဦးတည်းသော ငယ့်ကိုလည်း မခွဲနိုင်ဘူး။ ဒီလိုစိတ္တဇတွေနဲ့ ကိုယ် ဘယ်အထိ ခရီးဆက်ရဦးမလဲ။

ပါးနှစ်ဖက်ကို အသာပွတ်ရင်း အရှေ့ ဘုံဘိုင်ခေါင်းထဲက ရေတွေနဲ့ မျက်နှာကို ဆွတ်လိုက်တယ်။ အေးခနဲဖြစ်သွားပြီးတဲ့နောက်…

ဒေါက်…ဒေါက်….ဒေါက်

ဟေ့ကောင် မြန်မြန်လုပ် ငါရုံးနောက်ကျတော့မယ်ဆိုတဲ့ သူငယ်ချင်း အသံကို ကြားမှ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရကောင်းမယ် သိလာတော့တယ်။ ဘာမှ မရှိတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ရင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေမိတဲ့အဖြစ်။

အေးကွာ ငါထွက်လာပြီဆိုပြီး ရယ်ကျဲကျဲ မျက်နှာပေးနဲ့ အပြင်ကို ကမန်းကတမ်းထွက်လာမိတယ်။

ရုံးချိန်နောက်ကျနေပြီမို့ ကသောကမျော အသော့နှင်ရင်း ပါးနှစ်ဖက်နဲ့ စိတ္တဇကို တွေးမိပြီး တစ်ယောက်တည်း ပြုံးနေမိပြန်တာမို့ ဘေးနားက ဖြတ်သွားဖြတ်လာတွေက ဒီကောင်လေးတစ်ယောက်တော့ တစ်ခုခုပဲဆိုပြီး ကောက်ချက်ချတော့မယ်။

ဟုတ်တယ် တစ်ခါတစ်လေကျတော့လည်း လူ့ဘ၀က စိတ္တဇဆန်ပြန်ရော…………………

35 comments:

ခရေညို said...

မသိလို့မေးပါရစေ ငယ်လေးကဘယ်ရောက်သွားလို့တုန်း?

သက်ဝေ said...

ဟုတ်ပါတယ်... လူ့ဘဝတွေဟာ တခါတခါမှာ ပြောပြလို့မရနိုင်အောင် စိတ္တဇဆန်နေတတ်တယ်...
ကိုရွာသားရဲ့ နှစ်ထောင့်တဆယ် ပထမဆုံးပိုစ့်ကလဲ တကယ်ပဲ စိတ္တဇဆန်နေသလားလို့...း))

နှစ်သစ်မှာ လောဘမီး ဒေါသမီး မောဟမီးတွေ ငြိမ်းအေးပါစေလို့ ဆုတောင်းပါတယ်...

Unknown said...

စိတ္တဇဆန်တဲ့ စိတ်ကူးယဉ်ပဲ
အပြင်မှာ တကယ်ပဲ အဲ့လို စိတ်ထားခဲ့ရင် သိပ်ပင်ပန်းမှာပဲ
အော် နဖူးလေးပဲ ရွေးလိုက် ဒါဆို သိပ်စဉ်းစားစရာမလိုတော့ဘူး

မျှော်လင့်ခြင်း said...

ဆန်းသစ်အောင် ရေးတဲ့စာဆိုရင်တော့ ဖတ်ရတာ ကောင်းပါတယ်

ခံစားချက်ဆိုရင်တော့ နည်းနည်း လွန်သွားသလားလို့ 
ကိုယ်ချစ်တဲ့ လူတယောက်ကို ယုံကြည်မှု မရှိရာ ရောက်သလားလို့ 
စိတ္တဇ ဆိုတော့လဲ အင်း ဘာမှ မပြောလိုတော့ပါဘူး

Vista said...

ကိုယ့်အတ္တက ကိုယ့်ကို နှိပ်စက်တယ် ဆိုတာ ဒါမျိုးပဲ

Anonymous said...

ငယ်တဲ့လားကွယ်...း)))

ဖိုးသင်္ကြန် said...

တကယ်ပါ
စိတ်ကူးယဉ်ဖို့ဆို အစတောင်မဖော်ရဲ၊ ဗေထိဆိုကွဲ
သူများတွေများ ရေခံမြေခံသိပ်ကောင်း....

:(
(မှတ်ချက်- အတည်ရေးသည်)

ဇွန်မိုးစက် said...

ဒီလိုသာ စိတ်ကူးယဉ်တတ်တဲ့ flatmate ရှိလို့ကတော့ မနက်ရေချိုးခန်းဝင်တိုင်း နောက်ကျရမယ်ထင်တယ်။ :P

မမသီရိ said...

ရေချိုးခန်းထဲထိ စာဖတ်သူတွေ ဆွဲခေါ်သွားနေပါရော့လား
မောင်လေး ရွာသား ရယ်..

ဒီတခါတော့ ငယ်.. တဲ့..း)

Sein Lyan Tun said...

ငယ့်ချစ်သူက ဘယ် after save ကိုကြိုက်လဲဟင်...


မနက်ကတည်းက ခေါင်းထဲ ဝင်လာတဲ့ ငယ့်အကြောင်းကို ဘယ်အချိန်ထိ ဆက်တွေးသွားလဲ...




ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Ree Noe said...
This comment has been removed by the author.
Ree Noe Mann said...

လုပ်တယ် လုပ်တယ် ငါ့အကိုကတော့ လို့ပဲ ပြောချင်မိတော့တယ်။

khin oo may said...

စိတ်ကူးယဉ်

khin oo may said...

တစ်ခြားလဲမရှိပါဘူး. တစ်ပြားလဲမရှိဘဲကို........

khin oo may said...

အညတြ………ကိုယ်

ksanchaung said...

ငယ်လေးရေ။ ရှင် ကိုကို။ (သြော် ငါပါ ယောင်နနတွေ ဖြစ်ကုန်ပြီ။)

သိစိတ်အလျဉ် ရေးနည်းထင်ပ။ ထူးခြားဆန်းသစ်တဲ့ ရေးဟန်တွေကို သဘောကျပါတယ်။

Unknown said...

I read this post two times. This post brings me to bath room and feel the romance of two lovers. Love this post, brother.

ကြည်ဖြူပိုင် said...

ဟဲဟဲ။ကောင်းတယ်......
သြော်..ဒီကောင်လေးနှယ်တစ်ခုခုတော့တစ်ခုခုပဲ....
(ကောက်ချက်ချသွားတာ) :D

မေလေး said...

နုလိုက်တာ
ခံစားတတ်လိုက်တာနော်
ငယ်တဲ့
စိတ်ကူးယဉ်ဆိုပေမဲ့တကယ်ကောင်းတဲ့ပို့စ်လေးပါ။

Unknown said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

ပြုံးစိစိနှင့် ဖတ်သွားသည်။း)

မိုးခါး said...

စိတ်ကူးကလည်း ယဉ်လိုက်တာ တမေ့တမောပဲနော်
သူများတွေ ရုံးနောက်ကျတော့မှာပဲ :P

sait phay yar said...

ငယ်လေးရေ ကိုကိုလေ... အဲ မှားလို့ ငယ်လေးကပြောလိုက်တယ်။ သူလည်းနောက်တစ်ယောက်ကို စပယ်ယာထားတာပါတဲ့..:P

ဗီလိန် said...

ကို... ငယ်လေးကို ခွင့်လွှတ်ပါ။ ငယ်လေးတစ်ခါတည်း မှားမိတာပါ။ (ခိုးသားငါးရာနဲ့) ချစ်ရင်ခွင့်လွှတ်ပါ ကိုရယ်။

Moe Cho Thinn said...

အတွေးမို့လို့သာပဲ။ မုတ်ဆိတ်ရိတ်ရင်း ဓားရှတော့မှာ..။
ရွာသားရေ.. ၂၀၁၀ တောင်ရောက်ပြီ၊ တွေးထားကွ..။

ဗီလိန် said...

စိတ်ကူးယဉ်ပေလို့ပဲ
နောက်ပိုင်း စိတ်ကူးမယဉ်ပဲ ကိုယ်တွေ့တွေ ရေးမယ်ဆိုရင် အခုလိုပဲ အပေါ်ဆုံးမှာ ကြိုပြောနော်။ မဖတ်တော့ဘူး။ ကျနော့နှလုံးသား နုနုလေး အချစ်နဲ့ မတွေ့ခင် ဖြုတ်ကနဲ့ ကြွေကျသွားမှာ စိုးလို့ :P

ရီမိုးပြည့်  said...

ဒီလိုသာ စိတ်ကူး အမြဲ ယဉ်နေရင်တော့  အစ်ကိုရေ.. အလုပ်တော့ အမြဲ နောက်ကျမယ်နော်...

Mogok Thar said...

အင်း
ပါးမဟုတ်တဲ့နားက အမွှေးရော ရိတ်မယ်ဆို ရိတ်ပီးဘီလား
(နှုတ်ခမ်း နဲ့ မေးစေ့ကြားက အမွှေး ကိုသာ ဆိုလိုပါသည်)
ငယ်လေးက အဲဒီအမွှေးကို အသည်းယားတယ် ထင်ပါ့....
(စိတ်ကူးယဉ်ပီး..စတာ နောက်တာ။ အတည် မဟုတ်ပါ)

:P said...

ကောမန့်တွေဖတ်ပြီး ပြုံးရတယ်

တန်ခူး said...

ငယ်လေးက တပွင့်ထဲပန်တတ်တဲ့သူဆို စိတ္တဇရောဂါက ယူပစ်လိုက်သလို ပျောက်သွားမှာပါ…

မီယာ said...

မနက်တိုင်း အဲ့လို အတွေး တခုခု ရရင် ပို့စ် အသစ် တင်ပါ ရွာသားရေ ... ဖတ်လို့ ကောင်းလို့... တကယ့် လက်တွေ့ ဘ၀ကျရင်လည်း ကံကောင်းပါစေ

ဂျစ်တူး ( မုံရွာ ) said...

သတိရနေတယ်ပေါ့လေ
ကောင်းလေစွ
ကောင်းလေစွ
ကောင်းလေစွ
စာရေးဆရာကပါးနပ်တော့သတိရနေတာကိုများလူ့ ဘဝ
ကစိတ္တ်ဇဆန်ပြန်ရော------တဲ့ 

ကိုရင်နော်ခင်လေးငယ် said...

ပြုံးပြီး နှစ်သက်စွာ ဖတ်သွားမိတယ်..
ပြုံးတယ် ဆိုတာရဲ့နောက်ကွယ်မှာ တွေးစရာလေးတွေပါ ယူသွားမိသေးတယ်..

ဥပမာ...
တခါတလေကျတော့လည်း လူ့ဘဝဟာ စိတ္တဇဆန်ပြန်ရော...
ဆိုတာမျိုးပေါ့..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်...

WWKM said...

ဖိုးသင်္ကြန် နဲ့ မိုးကုတ်သား.. ရွာသားကို တော်တော်ကြာက်တယ် ထင်ရဲ့.. နောက်မှာ မှတ်ချက်နဲ့..း)

ရုပ်တည်ကြီးနဲ့ နုနေပြန်ပါပြီ။
(စတာနော်.. အတည်မဟုတ်).း)))

ကောင်းကင်ပြာ said...

မနေ့က ရေးခဲ့တာ အတည်ပဲ..