05 October 2009

မြင်ကွင်းတစ်ခု ခံစားမှု


တောင်ဖက်နဲ့မြောက်ဖက်လား

ရှေ့ဖက်နဲ့နောက်ဖက်လား

အောက်ဖက်နဲ့အပေါ်လား

ဆက်စပ်ကယ်ထား

တောင်လားလို့ မြောက်ရွှေ့

ရှေ့များတော့ နောက်ရွေ့

အောက်သွားတော့ အပေါ်ဆင်း

ဘယ်ဒင်းရယ် ဘယ်လောက်ထိ

တောင့်မယ် မသိ...............

27 comments:

Phyo Maw said...

အောက်ဆုံး ၂ ကြောင်းနားမလည်ဘူး
အနော်တို့က စာဖတ်အားနည်းတယ် =D
မျက်လုံးထဲတော့
လက်ထိပ်ပဲ မြင်ယောင်တယ်
ဒါမျိုးတွေဆို ကြောက်တယ်

Anonymous said...

ဟိုက် ဘာကြီးလည်းမသိ.. ကလေးကို ရှင်းအောင်ပြောပါကွယ်..

khin oo may said...

သားတို့က ငယ်သေးတာကိုး။

khin oo may said...

ဘွားလဲ ဝိုးတိုးဝါးတားဘဲ။

yangonthar said...

ဘဝ ဆိုတာ အရပ်မျက်နှာမှမရှိပဲလေ .... ရောက်ချင်တဲ့ အရပ်ရောက် ခေါင်းမော့ ပြီး လျှောက်ဖို့ ပဲ ရှိတာပ .... အတွေးလေး ကောင်း လှတယ် အရေးကား ဆိုဖွယ်မရှိပါ
လေးစားလျှက်
ရန်ကုန်သား :)

Eaindra said...

ဓါတ်ပုံလေးကိုကြည့်ပြီး..
အတွေးတွေ နဲ့ပြန်သွားပါတယ်..
ကဗျာတစ်ပုဒ်လောက်ရေးချင်လာတာအတွက်ကျေးဇူးပါ ရွာသားလေး...

ကဗျာလေးလဲ..ဖတ်ပြီးသဘောကျသွားတယ်

ခင်ခင်မင်မင်

အိန္ဒြာ

ခရေညို said...

ကဗျာလေးကိုဖတ်တော့ဖတ်သွားပါတယ်
ဒါပေမဲ့ ဝေဝေဝါးဝါးပဲ ဟိ

WWKM said...

ဟိုက်..
တို့လည်း ရေးရေးပဲ သဘောပေါက်တယ်.း)

သက်ဝေ said...

ဓါတ်ပုံလေး ကြည့်ပြီး တွေးနေတယ်...
ရေထဲ မဆင်းစေချင်လို့ အန္တရယ်ဖြစ်မှာစိုးလို့ တားထားတာလို့ ခံစားရပါတယ်...
တားထားတဲ့ကြားက အတင်းတိုးထွက်ဖို့များ စိတ်ကူးနေသလား...
စဉ်းးစားပါအုံးနော်...း))

ဖြူတုတ်လေး said...

ဖြူတုတ်တော့ ခပ်ဟုတ်ဟုတ်နဲ့ဖတ်လာတာ နောက်ဆုံးနှစ်ကြောင်း ရောက်တော့ Lost ဖြစ်သွားတယ်။ ဖြူတုတ်က Poem Kind of Personမဟုတ်တော့လည်းလေ...

Unknown said...

bေ gျီး ဒီကဗျာ လိုက်မမှီတော့ဘူး
စိတ်တွေ ယောက်ယက်ခတ်နေလား
ဘာတွေ ခံစားပြီး ရေးထားတာလဲဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါရှင့်
ဘယ်နားမှာ ရိုက်ထားတာလဲ အုန်းပင်ရော ရေပါ တွေ့ နေလို့ 

စိမ်း... said...

ပဟေဠိနန်းတော် အစီအစဉ်လားမသိဘူး...
ပထမဆုက ဘာပေးမှာလဲဟင်....

မ၀င်စေချင်လို့ တားမြစ်ထားတယ်....
ဒါပေမယ့် တားတယ်လို့ နာမည်ပျက်ရုံလေး...
တစ်ဖက်ကလည်း မ၀ံ့မရဲ့နဲ့ ဖိတ်ခေါ်နေသယောင်...
ဒီစည်းကိုကျော်ဖို့ မကျော်ဖို့က ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်အပေါ်ပဲ လုံးလုံးမူတည်တယ်...
ကျော်သင့်လား... မကျော်သင့်ဘူးလား ... ဘာဆက်လုပ်ကြမလဲ...
ဖြစ်လာမယ့် အကျိုးဆက်ကို ငါ.... ခံနိုင်ရည်ရှိပြီလား....???
ငါ... နောင်တမရမှာ သေချာသလား ???

ကဗျာနှင့်ပုံ ဆက်စပ်ခံစား၍ ဤသို့ဤပုံ သဘောပေါက်သွားပါသည်....
:)

:P said...

သူများအဓိပ္ပါယ်ဖော်တာ ထပ်စောင့်လိုက်အုံးမယ်..
ထုံတယ်တော့ အပြောမခံနိုင်ဘူး..။

တောင်ပေါ်သား said...

လိုက်မမှီဘူး ငါ့အကိုရယ် ဘယ်ဒင်းရယ် ဘယ်လောက်ထိ တောင့်မယ် မသိ...း) ဘာတွေတုန်း ထင်တာတော့ လေးထောင့်စပ်လေး ကျကျ တွေးကြည့်လိုက် အဆင်ပြေသွားကော


လေးစားလျက်
တောင်ပေါ်သား

Vista said...

ပုံကိုချဲ့ ကြည့်လိုက်တော့ကာ
စည်းအတွင်းထဲကအဝတ်စုတ်နဲ့ 
ဒီဘက်ကတန်းကနဲ့ ကိုမြင်တယ်
အဆိုးမြင်ဝါဒီလားမသိ ..ဟက်ဟက်

Unknown said...

ဒီမှာ မန့် လို့ ရတယ် ဗစ် သစ်
(ဘ) ဆောဒီးနော် မန့် လို့ ရကြောင်း သက်သေပြတဲ့အနေနဲ့  မန့် တာ ပိုစ့်နဲ့ မဆိုင်ဘူး ဟိ

မျှော်လင့်ခြင်း said...

စိတ်က တောင့်မခံနိုင်ရင်တော့ ပင်လယ်ရဲ့  ဖျားရောင်းမှု ကို မခံနိုင်ဘဲရေထဲကို ဆင်းမှာဘဲ
ရေကူးတတ် မကူးတတ်တောင် မစဉ်းစားမိခင်မှာ ရေထဲကို ရောက်သွားမယ်။
အန္တရယ်ကိုလဲ ဂရုမစိုက်နိုင်ဘူး

အဲဒီအချိန်မှာ
အရှေ့အနောက်တွေ
တောင်တွေမြောက်တွေ ဘာမှမသိ
အမှားတွေ အမှန်တွေမသိ
မျက်ဝန်းထဲမှာ မင်းတယောက်သာရှိ

(အချစ်ကဗျာ လို့ ထင်ပါတယ် မှားသွားရင် sorry ပါ)

NangNyi said...

ရွာသားလေးဝိုင်တီယူ: ကျနော်က စာမရေးတတ်ဘူးရယ် ညံ့ပါတယ်ဆိုနေမှ အားပေးနေပြီ

ရွာသားလေးဝိုင်တီယူ: ညီ ဓါတ်ပုံက focus ယူထားတာကိုကြည့်လေ.. ပြီးတော့ ရေးထားတဲ့ စာနဲ့ ယှဉ်ပြီး ဘာကို ဦးတည်ချင်လဲ သိမယ်ထင်တာပဲ

ဟင့်အင်းတော့.. မသိဘူး..း(
ဘယ်လိုလုပ်ရပါ့

မေလေး said...

ပိန်းပါဒယ်ဆိုမှ

သစ်သစ် said...

လုံးဝကိုနားမလည်ဘူးးးးးးး ရှင်းပြတဲ့ပို့စ်တစ်ပုဒ်ထပ်တင်ပါ ။

လွတ်ငြိမ်းလေပြေ (breeze) said...

ကြားထဲက ချိတ်တွယ်ထားတဲ့ သံကြိုးလေး ဘယ်လောက်ထိ ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ လို့ တွေးနေတာ ထင်ပါရဲ့

Rita said...

အောက်သွားတော့ အပေါ်ဆင်း ဆိုတာ ဘာတုန်း။

ဇောက်ထိုးကြီးလား။

အစအဆုံး မျက်မှောင်ကျုံ့ပြီး ဖတ်ရတယ်။

ရွှေပြည်သူ (ShwePyiThu) said...

ကြိုးက အစကတည်းက သံနဲ့လုပ်ထားတဲ့ သံကြိုးလေးဆိုတော့ တခြားသော သာမာန်ကြိုးတွေထက်တော့ ပိုတောင့်မှာပါ... ပိုမြဲမှာပါ အစ်ကိုရွာသားရာ....း))

ကောင်းကင်ပြာ said...

တို့တော့ အရှေ့အနောက် တောင်မြောက် ကို မသိဘူးးး)

Ree Noe Mann said...

ချစ်ကိုရေ

ညီကတော့ ကဗျာသာ စိတ်ကူးပေါက်ရင်ရေးလိုက်တာ။
သူများရေထားတာဆို တော်တော်နဲ့ သဘောမပေါက်ဘူးဗျာ။
ဒါကြောင့် ကဗျာတွေဆို သိပ်မဝေဖန်ရဲဘူးဗျာ။

တစ်ခုခုကို ရည်ညွန်းနေမှန်းတော့ သိတယ်။
ဒါပင်မဲ့ ချစ်ညီ နားမလည်ပါကြောင်းပါ ချစ်ကိုရေ။

ခင်တဲ့ ညီ ရီနို

T T Sweet said...

တဆိတ်လောက်ရှင်းပါဦး ... ဒီကတွေက ခပ်ပိန်းပိန်းရယ် ...မရှင်းရင်တော့ ဟိုနေ့က ကျောက်ကျော ပန်းကန်အကြောင်း ဖွလိုက်မယ်။းD

သက်ဝေ said...

ရွာသားရေ...
တီတီဆွီကို ရှင်းအုံးဟ...
ဖွတော့မတဲ့...
ဘုရား.. ဘုရား... လို့ ရေရွတ်သွားပါတယ်...
ကြောက်လိုက်တာ...