06 October 2009

ခမ်းခြောက်လာတဲ့မြစ်

မြစ်ပြင်ကျယ်
ထိုတစ်စင်း
စီးနေရင်းနဲ့

နေမင်းရယ် ပူလေသလား
မိုးရယ် ခေါင်လို့လား
ရေကြောင်းရယ် မတည့်တဲ့နောက်
ဖြောင့်ဖြောင့်ရယ် မစီးချင်တော့

ဟိုဝင်လို့ သည်ယိမ်းနွဲ့
တိမ်းဖယ်လို့ မြစ်ပြင်ကျယ်
ရွှေဘုတ်ကယ်အိုးအီတုန်းက
မေ့ခက်လေတယ်

ဒိုက်ပင်တွေမျောလွန်းတယ်
ဆယ်ပါလေ သူမကြား
ကြမ်းတိမ်လို့
ရေမသွားတော့မှ
ခမ်းခြောက်လေအားရက်တယ်လို့
ပြစ်တင်လေနဲ့......

24 comments:

သက်ဝေ said...

ခမ်းခြောက်လာတဲ့ မြစ်...
ဒါမျိုးဆိုတာ နွေရာသီ နေပူပူမှာ ဖြစ်တတ်တာပါ...
မိုးတွေ တဖွဲဖွဲရွာလာရင် သူ့အလိုလို ပြန်လည်စီးဆင်းသွားမှာပေါ့...
ချမ်းမြေ့ပါစေ...

sait phay yar said...

ငယ်ငယ်က ကဗျာလေးနဲ့တူတယ်
ဟိ ကိုယ်တွေယိမ်းယိမ်းပီးဆိုကြတာလေ။ မှတ်မိတယ်။ အဲလိုလေးဆိုသွားတယ်။။။။

စိမ်း... said...

ကောင်းလိုက်တာ... ကောင်းလိုက်တာ.. တကယ်...
မြစ်တို့ဧ။်မာယာကိုပဲပြောနေကြတယ်...
အခုလိုမြစ်တွေနေရာကနေ မြင်စေချင်စမ်းပါဘိ...

Ree Noe Mann said...

ချစ်ကိုရေ တရေးနိုး ထလာတာ။

ဟီးဟီး

ချစ်ညီ
ရီနို

Ree Noe Mann said...
This comment has been removed by the author.
yangonthar said...
This comment has been removed by the author.
yangonthar said...

ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်
မြစ်က ခမ်းသွားပြီ ...... မိုးကို မျှော်ရမလား ..... ဒိုက်ကို ဖယ်ရမလား ........ သူဘယ်ကို စီးမယ်မှန်းသိရင် ... ချစ်မိုးတွေ စွေ လိုက် ချင်စမ်းတယ် ....
လေးစားလျှက်
ရန်ကုန်သား :)

khin oo may said...

...

ဖြူတုတ်လေး said...

ကဗျာအသွားအလာကို ကြည့်ပြီးတော့ ကဗျာကောင်းလေးလို့တော့ ဖြူတုတ်သိတယ်။ ဒီတခါတော့ နဲနဲနားလည်သရောင် ရှိတယ်လို့ ဆိုနိုင်ပါတယ် ကိုရွာသား...

မျှော်လင့်ခြင်း said...

ဇော်ဝင်းထွဋ်ရဲ့  ခြောက်ခမ်းသွားသော အိပ်မက်မြစ်ကို သတိရမိတယ်။

”အားလုံးပြီးဆုံးသွားပြီ ဇာတ်လမ်းလေး
ကိုလေကြိုးစားခဲ့သမျှ ရှုံးနိမ့်ခဲ့ရ
ယုံကြည်ထားသမျှတွေ ဘာတခုမှ ဖြစ်မလာခဲ့ 
အနားမှာ ဘယ်သူမှ မရှိတော့ဘူး
တယောက်ထဲ အထီးကျန် နေ.......”

ခရေညို said...

ဟယ် ခန်းကုန်ပြီလား? ဒါဆိုနွေရာသီပေါ့နော်

ရွှေပြည်သူ (ShwePyiThu) said...

ဒီလိုပဲ ပူတဲ့ရာသီရှိသလို အေးတဲ့ရာသီလည်း ရှိလာဦးမှာပါ။ နွေမို့လို့ပါ မြစ်ကြီးရေ... Hold on! :o)

Vista said...

ကဗျာလေးဖတ်လို့ ကောင်းလိုက်တာ ..
ကိုရွာသားလေးစာရေးကောင်းတယ်ဆိုတာ ဒါ့ကြောင့်ကိုး
မိုးခေါင်နေတယ်ဆိုရင်တော့ ငါးရံမင်းပရိတ် ရွတ်ပေးလေ
ဒါမှာမိုးရွာပြီး မြစ်လေးမခမ်းမှာပေါ့ ...

မေလေး said...

ပြစ်မတင်ရက်ပါဘူး.
ပြစ်မတင်ရက်ပါဘူး
ဒါနဲ့ ခမ်းခြောက်လာတာ ဘာမြစ်တုန်း
မတိလို့နော်


ကိုရွာသား စာရေးကောင်း၏။
(လာရန်တွေ့မှာစိုးလို့ ကြိုကာထားတာ။ အဟဲ)

NangNyi said...

နားတော့သိပ်မလည်ဘူး ဒါမယ့် ဖတ်လို့အဆင်ချောလိုက်တာဗျာ

NangNyi said...

မဟုတ်ဘူး ပြန်ဖတ်ရင်း.. နည်းနည်းနားလည်လာပြီ..

“ဒိုက်ပင်တွေ.. .ပြစ်တင်နဲ့”
အဲ့အပိုဒ်ကို ကောင်းကောင်းနားလည်တယ်

အရုပ်ကလေး said...

နေမင်းရဲ့ ဓါတ်သဘော
ရောယှက်လို့ ဖြာကျတယ်ဆို ..
သူ့အသွင်ဆောင်ကျဉ်းခြင်းနောက် ...
မြစ်ခြောက်ခြောက်အဖြစ် ကျန်တာ
ဘ၀ရဲ့ တစ်ဆစ်ချိုးကွေ့မှာ ...
မိုးမင်းရဲ့ ဓါတ်သဘော
စွတ်စိုဖို့နေနေသာ ကောင်ကင်ကျယ်တစ်ခွင်
ဖြန်းပက်မှု မပေးနိုင်မှတော့
ထိုထိုမြစ်ကြောင်း ရေစီးအား တစ်ကြောင်းထဲဆို
သူ့အသွင် ပုံဆောင်ပမာတည်နေခြင်းက
လူးလွန့်စွာပေါ့ ...
စီးဆင်းဆဲအား .. သူ့အတွက်လမ်းဆိုလည်း
မှောင်ဝင်ဒိုက်တွေ ဖြစ်တည်နေမှ...
သူ့အတွက် လမ်းကြောင်း
တစ်ချက်လေး တိမ်စောင်းသွားတာ ..
ထိုထိုမြစ် .. ကွေ့ကောက်ခြင်းအလျှင်ကို
ပြစ်တင်မယ်ဆို ..
ထိုထိုမြစ်တစ်စင်း အောက်အနယ်ကြမ်း
ခပ်စုစုကလေး ကျန်ရစ်ခြင်းပေါ့ ..။



ခင်မင်စွာ
idulize (အရုပ်ကလေး)

ဂျူနို said...

ဟုတ်တယ် ဟုတ်တယ်။
မြစ်ရေ တိမ်တိုင်း
နေပူလို့  မိုးနည်းလို့ 
ကောင်းကင်ကိုပဲ မော့ လက်ညိုးထိုးနေလို့ မရဘူး။
ရေစီးအားမကောင်းတာ
ကြမ်းတိမ်နေလို့ 
ဒိုက်ဆယ်ကြပါဗျို့ ။

ရေဆိုးမြောင်းထဲက ထွက်ကိုးမထွက်ဘူး ဒီရှူးဂါးကုတ်တက်က:)

Talkii said...

ဒိုက်မဆယ်ပဲ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော ဒီကွေ့ရောက် ဒီတက်နဲ့လှောဆိုပြီး ဖြစ်သလိုနေလာလို့ ဖြစ်မယ်။

ဝေလေး said...

ဖတ်လိုက် အဓိပ္ပာယ်ပြန်ကြည့်လိုက် နောက်တစ်ခေါက်ထပ်ဖတ်လိုက် အဓိပ္ပာယ်ပြန်ကြည့်လိုက်နဲ့လုပ်နေတာ တော်တော်လေးတော့ သဘောပေါက်သလိုလိုရှိလာသား...
သြော် အဲလိုဖြစ်နေတာ ကိုရွာသား အရေးမကောင်းလို့မဟုတ်ပါဘူး။ ဝေလေးကိုက ကဗျာဥာဏ်နုံနဲ့လွန်းလို့ပါ...
ခွင့်လွှတ်.. :)

Ree Noe Mann said...

အကို မေလေးကတော့ လုပ်ပြန်ပြီ။
ခြမ်းခြောက်သွားတာဘာမြစ်လဲတဲ့ မေးနေပြန်ပြီ။
ရထားဘယ်လိုမောင်းသလဲ လို့ မေးနေတာထက် ဆိုးမယ်နော်။

ညီမရေ သိချင်ရင် ကိုသီဟသစ်ကို သွားမေးလေ။
ဘာမြစ်လဲ လို့ ဟဲဟဲ နောက်သွာတယ်နော် အကို။

စိတ်မဆိုးနဲ့

ချစ်ညီ ရီနို

မေလေး said...

ကိုရီနို သူများနောက်ကွယ် အတင်းတုတ်တယ်
မသိဘူးထင်နေလားးး
ဟွမ်းးးးးး

ဂျစ်တူး ( မုံရွာ ) said...

အရမ်းဋ္ဌကိုက်သွားတယ်-

Unknown said...

ခံစားမှု စာစုလေးကို ဖတ်သွားတယ်
အတွေးအရေးလေးက သိပ်ထိမိတယ်
အမြဲတမ်း စီးဆင်းနိုင်တဲ့ မြစ်လေးပဲ ဖြစ်ပါစေလို့ 
ဆုတောင်းပေးတယ်