17 February 2009

နောက်တစ်ကွက်အရွှေ့

ရန်ကုန်ကနေ ကျနော့ရဲ့ နှစ်နှစ်ဆယ်ကြာသည်အထိ မပြောင်းဖြစ်သေးတဲ့ အိမ်မှာနှစ်ညနားအပြီးနောက်တစ်နေ့မှာတော့ တစ်ခေါက်ရွှေ့ဖြစ်ပြန်တယ်။

ဒါက ရေနံချောင်းက အသိအိမ်က နှင်းဆီတွေပါ





ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းလမ်း အပိုင်းတွေ တော်တော်လေးပျက်စီးနေပါပြီ။ မမြဲတဲ့လောကကြီးကို အမြဲထောက်ခံနေတဲ့လမ်းတွေပေါ့။ အခုတော့ လုပ်ပိုင်ခွင့်တွေချပေးပြီးလုပ်နေတာတွေ့ရတယ်။ ဆောင်ပုဒ်လေးက ချစ်စရာလေးပါ တစ်ပေါက်တွေ့ရင်တစ်ပေါက်ဖာတဲ့...

သူတို့ရဲ့ကတ္တရာကျိုလုပ်ငန်းကို ကားပေါ်ကလျှပ်တစ်ပြက် ရိုက်မိခဲ့တယ်


လက်ပန်ပျားမှာထမင်းစားရင်း နာမည်ကျော် ကြက်သားကြော်ဗန်းကိုရိုက်ဖြစ်အောင်ရိုက်ခဲ့ပါတယ် (မမုန့်လုံးကသေချာမှာထားလို့ပါ)


အရင်ငါးနှစ်ကျော်ကသွားခဲ့ဖူးသလို မဟုတ်တော့ပဲ လမ်းတွေပျက်စီးနေခဲ့ပြီ။ ခရီးက ကြန့်ကြာတာမို့ ပင်းတယကိုရောက်တော့ မိုးအတော်ချုပ်သွားခဲ့ပါပြီ။ မနက်မိုးလင်း ပင်းတယမြို့ရဲ့ အာရုဏ်တက်ပါ.




ပင်းတယမြို့စျေးလေးနဲ့ လောင်စာဆီမလိုသေးတဲ့ ကုန်စည်ပို့ဆောင်ရေးပါ




မြူနှင်းတွေကြားက ချစ်စရာမြို့လေး




ရွှေဥမင်









သစ်ပင်ကြီးတွေက မြိုင်မြိုင်ဆိုင်ဆိုင် အုံ့အုံ့မှိုင်းမှိုင်းနဲ့ လွမ်းချင်တိုင်းလွမ်းစရာ





ချယ်ရီတွေဝေနေတဲ့မြေ (ပင်းတယမြို့အထွက်မှာပါ)







ရှေ့တစ်ကွက်ကို ကြိုသိချင်သိနေမှာပါ....

16 comments:

ATN said...

လွန်ခဲ့တဲ့ နှစ် ၂၅ က Field ဆင်းခဲ့ဖူးတဲ့ ပင်းဒယကို ဓါတ်ပုံတွေနဲ့ ပြန်တွေ့ရတော့ အတော် လွမ်းမိသွားပြီ... ရွှေဥမင်ရယ်၊ အနောက်ဂူရယ်၊ ပုန်းတလုပ်ကန်နဲ့ ပင်းဒယ အ.ထ.က ကျောင်းကို အလွမ်းဆုံးပဲ...

ATN said...

ရွာသားလေးရေ့

ပို့စ်တခုမှာ သုံးချင်လို့ ပင်းဒယရဲ့ ဓါတ်ပုံ ၃-၄ ပုံလောက် ကူးယူခွင့်ပြုပါ...
အကယ်၍ တခြား ပင်းဒယရဲ့ ပုံတွေ ရှိသေးရင်လည်း အကို့ မေးလ်ထဲကို ပို့ပေးစေချင်ပါတယ်...

ကျေးဇူးအထူးတင်လျက်
ခင်မင်တဲ့
ATN

Anonymous said...

နေရာလေးတွေ တော်တော် လှတယ် ဒါနဲ့ ပင်းတယ ဆိုတာ ဘယ်နားမှာလဲ မော်လမြိုင်နားမှာလည်းရှိသလားလို့ ပင်းတယဂူ ရောက်ဖူသလိုလိုပဲ အသက်ကြီးတော့မေ့ပြီး ။

Anonymous said...

မရမ်းသီးရော..
mm

kay said...

တို့လည်း အားကျမခံပြောလိုက်အုံးမယ်..လွန်ခဲ့တဲ့ ၁၄ နှစ်က..ပင်းတယ ရေချမ်းစင် တ၀ိုက် ခြေရာတွေ ထပ်ခဲ့တယ်။ ရေချမ်းစင်ကနေ ပင်းတယထိ လမ်းလျှောက်.. ရွှေဥမင်ကို တက်လိုက်ဆင်းလိုက်လုပ်ရင်..စောင်းတန်းက.. လက်ဖက်..အာလူးကျော် ပဲပုပ် ကျော် ဆိုင်ပေါက်စေ့ မြည်းရင်း..နေ့လည်စာ ဖြစ်ခဲ့။ လွမ်းသွားပြီ။ ထင်ပါတယ်..ပင်းတယ ကတော့..အရင်အတိုင်းပါပဲ။

Unknown said...

ပြောရအုံးမယ် ပြောရအုံးမယ်....................
မှတ်မှတ်ရရ အဲ့ဒိပင်းတယပေါ့
ရွှေဥမင်ဂူ ရှေ့က လဘ္ဘက်ဆိုင်မှာ
အလကားမည်းလို့ရတဲ့ လဘ္ဘက်နဲ့ပဲပုတ်တွေကို အတင်းအားဓမစားပြီး
အပြန်ကြတော့ တောင်ကြီးလဲရောက်ရောကားမူးပြီးအန်ပါလေရော ။
ဟီးဟီး
အလွမ်းပြေပေါ့ဗျာ

Anonymous said...

hi..

khin oo may said...

လှလိုက်တာ။ တင်ပြ့ပုံ ကောင်းလွန်းလို့ ကြက်သီး ထမိအောင် ကြည်နူးမိတယ်။ တကယ်ကို မြန်မာ ပါဘဲကွယ်။ ဂုဏ်လဲယူမိတယ်။ သိတ်လှတဲ့ အမိမြေပါ။

khin oo may said...

လူရိုးကလေးမို့နောက်တကွက်ကို မသိပါ။

khin oo may said...

ုkom: တကယ်ပါ။ ဘုရားစူး

Phyo Evergreen said...

ပင်းတယမရောက်တာတောင် ကြာပေါ့...။ ရွှေဥမင်အတက်က လက်ဖက်နဲ့ ပဲပုပ်ရောင်းတဲ့ဆိုင်တွေတောင် သတိရသွားတယ်...။ ချယ်ရီပန်းကိုတော့ အမြတ်တနိုးလေးခူးသွားတယ်..။

khin oo may said...

ပင်းဒယ ပုံလေးတွေ ရှိရင် ထပ်ထည်ကပါသီါ်
ကြည့်ချင်လိုက

RePublic said...

ပုံတွေကြည့်ပီး ဓာတ်ပုံရိုက်ချင်စိတ်တွေပေါ်လာပီ ၊၊

Unknown said...

So you visited Yenangyaung. It is my native town. I lived near MyoMa Zay, Kyan Kaing Pagoda. Did you visit SaNayNan Pagoda and KyaukSarYone Pagoda? I miss my town. :)

Unknown said...

လှပတဲ့ အကွက်လေးပဲ နောက်တကွက်က တောင်ကြီးများလားလို့  မှန်းလိုက်မိတယ်
စကားမစပ် နှင်းဆီကို တော်၂ကြိုက်တာပဲနော့ ဒါ့ပုံလေးတွေ သိပ်ကောင်းတယ် စိတ်ကူးလေးလည်း သိပ်ကောင်းတယ် ချယ်ရီတွေမြင်တော့ တောင်ပေါ်မြို့ လေး ၂ မြို့ ကို ပြန်သတိယမိတယ် (ပင်းတယတောင်ခြေဆိုင်တွေက အမြည်းကျွေးတဲ့ လက်ဖက်နဲ့ ပဲပုတ်ကို စားခဲ့တယ်မလား လက်ဖက်တောင် နည်း၂ထပ်တောင်းမယ့်ပုံပဲ)
ကဲ နောက်တကွက်

Unknown said...

လက်ပန်ပျားက ကြက်ကြော်စားချင်တယ် အရမ်းပဲ