25 February 2009

အိမ်အပြန်အရွှေ့နဲ့ အိမ်နားတ၀ိုက် အရွှေ့

မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့မယ် ဗျိုင်းရှေ့က ပျံကာ ပျံကာရယ်




ဂွေးချိုက ပန်းမြိုင်လယ်က ဥယျဉ်မှူးရိုက်ကွင်းတစ်နေရာ အမှတ်တရ



ပင်းချောင်းတံတားပေါ်မှ


ဒေါင်းသေချောင်း


မေကြးတံတား ညအလွ


အထက်မင်းလှ





မျိုးချစ်စိတ်နဲ့ခုခံခဲ့တဲ့ ရာဇဝင်ထဲက မင်းလှခံတပ်





တစ်ဝက်ကတော့ ပြိုကျ ပျက်စီးနေခဲ့ပြီ


ခရီးက ပြန်အရောက်တော့ ထီပေါက်တယ်ဆိုတဲ့ အသံကြားရတယ်။ မေထိုးခဲ့တဲ့ ဘုရားလှူရန်ဆိုတဲ့ ထီအုပ်က ၁သိန်းဆုပေါက်တာပါ။ ဓမ္မိကဆရာတော်ဘုရားတည်မယ့် ဘုရားအတွက် လှူမယ်ဆိုပြီးထိုးခဲ့တာမို့ ဆရာတော် သီတင်းသုံးတဲ့ မြကင်းတောင်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ မြကင်းတောင်က မင်းလှ-သရက်လမ်းအပိုင်းမှာ ရှိပါတယ်။

ဘုရားစူးကတ္တရာလမ်း (မြေပဲယိုလမ်း)

ဖုန်ကြောက်သူများ မလာရ


ပန်ထွာဘုရင်မ တည်ထားခဲ့သော ဆုတောင်းပြည့်စေတီ



ဘုရားဖူးချင်တယ်လို့ ညတိုင်းအိပ်မက်ပေးလို့ မြကင်းတောင်ရောက် ကျောက်လိပ်


ဆရာတော်များတရား အားထုတ်ရာ ဂူသို့


ကသစ်ပန်း


မလွန်ပတ်ဝန်းကျင်









သမိုင်းထဲက စစ်သူကြီး



ထမနဲရာသီမို့ ထမနဲလေးတော့ ဆွဲခဲ့သေးတယ်


မြူနှင်းကြားက စက်ရုံမြေ



စထွက်ကွက်ကို တစ်ပတ်ပြန်ဖြတ်ရတော့မယ်။ စက်ရုပ်ဆန်တဲ့မြို့ပြမှာ မြို့ပြလရောင်တမ်းချင်းတွေ တသီချည်းနဲ့ ဘဝဆိုတဲ့ အရသာကို ပြန်လည်ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ မဆွေးဘယ်သူရှိနိုင်မလဲ မလွမ်းဘယ်သူရှိနိုင်မလဲ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေးနေပြန်တော့ ခက်တယ်.....

12 comments:

khin oo may said...

ရြွေ့ပည်တော်တစ်ခုထည်းသေချာရဲ့လား။

khin oo may said...

ထန်းပင် ကိုကြိုက်။ ထမနဲကိုကြိုက်၏။ ထွေးညိုကို ကြိုက်ရန်သာလိုတော့သည်။

စူး said...

ဟယ် ကံကောင်းလိုက်တာ ဘုရားလှူဖို့ ထီပေါက်သတဲ့...

ဒေါင်းသေချောင်းကို မြင်တော့ အဲဒီမှာ အသည်းအသန်ကူးခဲ့ရတာ မှတ်မိပါသေးတော့..။
ကားနစ်ခဲ့သေးတယ်လေ..။

အဲဒီတုန်းက တခုခု ဘာများဖြစ်မလဲ စိုးရိမ်ခဲ့မိပေမဲ့
အခုတော့လဲ လွမ်းစရာ။

ထန်းတောတွေအောက်မှာ ရေမြုပ်နေတာလား။

မကွေးက မြသလွန်ဘုရားတော့ မရောက်ဖြစ်ခဲ့ဘူးပေါ့။

sait phay yar said...

မေ... ကထီပေါက်တယ်လား ရွာသားလည်းပြန်လာ ထီကလည်းပေါက်..
ကောင်းပါ့နော်။ ကံတွေ...
ထီလာကိုလွမ်းသွားတယ်။ ပျော်ရာမှာနေချင်ပေမဲ့တော်ရာကိုသွားရမယ်လေ။။။။။။ ဆိုသလိုပေါ့နော်။ ဘ၀ ဘ၀ ဘဝ

Htoo Aung Lwin said...

ကသစ်တွေမြင်တော့နွေကိုလွမ်းသဗျာ သင်္ကြန်နီးပြီဆိုတာစိတ်ထဲအလိုလိုရောက်လာသလို့ပဲ.................

လင်းဒီပ said...

မိတ္ထီလာအလွမ်းပြေ ကြည့်သွားပါတယ်...
နဂါးရုံဘုရား မပါပါလား...

ပန်းမြိုင်လယ်က ဥယျာဉ်မှူးရုပ်ရှင်ထဲမှာ ရွာသားလေးလည်းပါတယ်လေ...ဘယ်အခန်းတွေမှာ ပါတာလဲတော့ ရုပ်ရှင်ကိုပြန်ကြည့်ကြပါ..မပြောတော့ပါဘူး..

မင်းလှခံတပ်ကြီး မြင်တော့ စိတ်က ရာဇဝင်ထဲတောင်ပြန်ရောက်သွားတယ်။။။
ဆိုင်မဆိုင်တော့မသိ..

မဟာဗန္ဓုလက ဓနုဖြူမှာ ကျဆုံးပြီးတော့ ဗိမာန်က မြန်မာပြည်အလယ်ပိုင်းမှာ ဘာလို့ရှိတာလဲ...
သိသူများ ပြောပြပါ။...

့မြို့ပြရဲ့ အသဲကွဲတဲ့ည အင်း...လရောင်လေးကိုလွမ်းတယ်...
(ထူးအိမ်သင်)

Anonymous said...

ဒီတစ်ခါပြန် အိမ်လည်ခေါ်ပါလား အစ်ကိုး) အရမ်းလှတာပဲ မြို့လေးက ရောက်ဖူးချင်ပါ့ ။ရွာသူလေးတစ်ယောက်လောက်ရှာထားပေးပါလား

JulyDream said...

ခြေထောက်မှာ ဗွေပေါက်နေသလားပဲ။ သွားလို့ကို မပြီးနိုင်တော့ဘူး။ ရိုက်ထားတဲ့ပုံတွေကလည်း မနည်းမနှော။ အချိန် ၁ လတောင် မပြည့်တဲ့ကာလမှာ ဘယ်ဆေး သွားစားပြီး ဒီလောက် သွားနိုင် လာနိုင် ဓါတ်ပုံတွေ ရိုက်နိုင်နေတာလဲ မသိဘူး။ အားကျ မနာလို ဖြစ်မိတယ်။ ဟဟ...

Taungoo said...

အမောင်ဂျူလိုင် ပြောတာ မှန်ပေ၏။
သွားလည်း သွားပါပေ၏
စားလည်း စားပါပေ၏
ကောင်းပါ၏
အားကျ၏

Thinzar said...

ပုံလေးတွေ ဝေဝေဆာဆာနဲ့ ကိုယ်လည်း ခရီးသွားလိုက်ရသလို ခံစားလိုက်ရတယ် :)

JulyDream said...

Bokeh ရိုက်ချက်တွေကို အခုမှ သတိထားမိတယ်။ သူများ သားသမီးတွေများ တော်လိုက်တာနော်...

Unknown said...

သွားနိုင်တဲ့သူကို အားကျမိတယ် ကျေးဇူးလည်း တင်မိတယ်
မိတ္ထိလာ ကိုယ်နဲ့  သိပ်မစိမ်းဘူး ဖားကောက်ခဲ့လား
အဘရေ သောက် သောက် ဆိုတဲ့ ပန်းမြိုင်လယ်ကားလား
မင်းလှ ကြာဖူးတယ် မရောက်ဖူးဘူး
ရှေးမြန်မာမင်းတွေလက်က သိပ်ကြီးကျယ်ခန်းနားခဲ့တာ ပဲဆိုတာ ခံတပ်ကြီးကို ကြည့်ပြီး တွေးမိတယ်
ကသစ်ပန်းလေးတွေကို မမြင်ရတာ ဆယ်စုနှစ်တခု လောက်ရှိပြီထင်တယ် ဖုန်ကိုတော့ ကြောက်မိတယ် လည်ပင်းနာမှာစိုးလို့ 
သိပ်တော်တာပဲ နေရာအစုံကို အကွက်စေ့စေ့နဲ့  ရိုက်ထားတာ (သိပ်အကွက်စေ့ ထောင့်စေ့တဲ့သူမျိုးလား)
ထမနဲလေး စားချင်စရာကောင်းတယ်
သမိုင်းထဲက စစ်သူကြီးကိုကြည့်ပြီး တို့ မြန်မာလို့  စိတ်ထဲက တိတ်တိတ်လေး ကြုံးဝါးမိတယ်