19 February 2009

မွေတော်ကက္ကူသို့ အရွှေ့

တောင်ပေါ်မှာတစ်ညတာနားအပြီး မနက်ခင်း ကောင်းကင်ယံ


ရှမ်းခေါက်ဆွဲရယ် ကြက်တောင်ပံနဲ့ကြက်ခြေထောက်ပေါင်းအမှတ်တရ
ရှမ်းခေါက်ဆွဲက ဓါတ်ပုံရိုက်ဖို့မမှီလိုက်ဖူး။ ဗိုက်ထဲရောက်တာ မြန်လွန်းသွားတယ်ဗျာ..


အညာမှာလို စိုက်ပျိုးရေးအတွက် နွားကိုမသုံးပဲ ကျွဲကိုသာ အဓိကထားသုံးတဲ့မြေ






ဘုရားအဆူဆူနဲ့ ကက္ကူ






ဖောင်တော်ဆိုက်စေတီ


အရုပ်တွေစုံတဲ့ ကက္ကူ









ပအို့အမျိုးသားရဲ့ ကုသိုလ်ဝေခြင်း နဲ့ မဟာပထဝီကိုသက်သေတည်ဟန်





ဘုရားဖူးတွေအတွက် ပအို့စျေးတန်းငယ်
မြေပဲလှော်လေးတော့ ဝယ်သွားပါမောင်ငယ်တဲ့ စျေးလျှော့ပေးပါ့မယ်တဲ့ မဆစ်ခင်က စျေးလျှော့ပေးနေကြတဲ့ ရိုးသားတဲ့ ပအို့တွေ








ကက္ကူအနီးအပါးက ရှုခင်း







တောင်ပေါ်ကိုနေ့လည်အမှီ ပြန်တက်ရမယ်။ ရွှေ့ရဦးမယ်လေ....

11 comments:

sait phay yar said...

ပလောင်တွေမြင်ရတော့သိပြီ ပင်းတယဆိုတာ မော်လမြိုင်မှာသေချာတယ်နော့ဟာ

လှတယ် တောာင်ကြီးကိုတော့လွမ်းသွားတယ် အော် ဟုတ်ပါဘူး မော်လမြိုင်ကိုတော့လွမ်းသွားတယ်

Anonymous said...

ကျွဲစီးချင်တယ် အတိတ်ဘ၀ကို ပြန်လွမ်းသွားတယ် ။

Phyo Evergreen said...

ကက္ကူတော့ ပြန်သွားချင်သား ဓာတ်ပုံတွေကြည့်ပြီး..။
ပြောကြတယ်.. ဘုရားတွေကို ရေရင် ဘယ်တော့မှမှန်ဘူး.. တစ်ခါရေတစ်ဆူလျော့ နောက်တစ်ခါရေ တစ်ဆူတိုးနေတတ်တယ်..။

Phyo Evergreen said...

အစားအသောက်ပုံတွေ တောင်ကြီးပုံတွေနဲ့ ပိုလွမ်းအောင်လုပ်ပါ...။ စိတ်မဆိုးတတ်ပါဘူးဗျာ..။

khin oo may said...

ကြည့်လို့သိတ်ကောင်းတယ် ဓါတ်ပုံဆရာ။

khin oo may said...

ထပ်လာကြည့်သွားပါတယ။်

Htoo Aung Lwin said...

နောက်များခါကြုံရင် မွေတော်ကက္ကူသမိုင်းလေး တင်ပေးပါလား ဖတ်ချင်လို့ပါ..................

လင်းဒီပ said...

သာဓုပါဗျာ..သာဓုပါ..
အခုလို ဘုရားပုံလေးတွေတင်ပေးတော့ ကိုယ်တိုင်သွားသလို ဖူးလို့ရတာပေါ့..

မောင်မျိုးလည်း ဘုရားမှန်းတရားမှန်း သိတာပေါ့..သူက အရက်ဆိုင်ဖွင့်ဖို့ လောက်ချောင်းနေတာ..:P

RePublic said...

ညီရွာသား ပုံတွေကြည့်ပီး မြန်မာပြည် တစ်ပတ် လိုက်လည် ပါတယ် ၊၊

Unknown said...

ခုတကွက်က ပိုစိတ်ဝင်စားဖို့ ကောင်းတယ်
အဲဒီ့ဒေသကို ကြားဖူးယုံပဲရှိတာ ခု မောင်ရွာသားလေး ကောင်းမှုနဲ့  ရောက်ပါရောက်ဖူးသွားပြီ မျှဝေပေးတဲ့အတွက် သိပ်ကျေးဇူးတင်တယ် (မသေခင်လေးများ တခါလောက်ရောက်ဖူးရင် သိပ်ပျော်မိမှာပဲ)
ရိုးသားတဲ့ပအို့ ဈေးသည်တွေဆီက စုံအောင်ဝယ်မိမှာပဲ သနားတာရော ဈေးဝယ်ဝါသနာပါတာကြောင့်ရော
အဲ့ဒီမယ် မုန့် လေပွေ ရော့ စား မလုပ်နဲ့  ဒါ့ပုံနဲ့  မရဘူး ပြန်ရင် အပြင်မှာ တကယ်ဝယ်လာခဲ့ ရမယ်
(မုန့် လေပွေပုံရိုက်လာတဲ့ စိတ်ကူးလေးကို ရွှေချထားမယ်) သိပ်တော်တဲ့ ဒါ့ပုံဆရာ အကွက်စေ့အောင် ၇ိုက်နိုင်တယ် စိတ်ဝင်စားလာအောင် အကွက်ရွှေ့ တတ်တယ် ကဲ လာမယ် နောက်တကွက်

Unknown said...

ဒါနဲ့ ဆို မုန့် လေပွေ ၀ယ်ခိုင်းတာ ၃ ခါရှိပြီ (၀ယ်မလာရင်တော့ အသိပဲ)