19 February 2009

ရေထဲသို့အရွှေ့

ပင်းတယကထွက်လာပြီး ဟဲဟိုးလွင်ပြင်ဆီကိုပါ။ ဟဲဟိုးကိုကျော်တော့ နောက်ကဆိုင်ကယ်တစ်စီးက တစ်တီတီနဲ့ လိုက်လာရင်းစကားတွေပြောနေတယ်။ မကြားတစ်ချက်ကြားတစ်ချက်က အင်းထဲကိုသွားမှာလားဆိုလား ဘာဆိုလား။ နောက်တော့ တစ်လမ်းလုံးတောက်လျှောက်ပါလာတာမို့ ကားကိုရပ်ခိုင်းတော့မှ စက်လှေ ငှားချင်လို့ပါတဲ့။ ဧည့်သည်အလာနည်းတာမို့ ဟဲဟိုးအထိ ဧည့်ကြိုလာရတာတဲ့။ သူ့အိမ်မှာ ကားကိုထားခဲ့လို့ရပါတယ် စိတ်ချရပါတယ်တဲ့။ အသက်အန္တရာယ်နဲ့နီးတယ်ဆိုတော့ ဒီလိုပဲလေ စီးပွားရှာရတာမဟုတ်လားတဲ့။

ဒီတစ်ခေါက်အင်းထဲကို ခေါင်တိုင်ကနေဆင်းဖြစ်တယ် (ပုံမှန်က ညောင်ရွှေကသွားနေကြလေ)။ စက်လှေသမားအိမ်က ခရမ်းချဉ်သီးပုံကိုလည်း ကြည့်ပါဦးဗျာ.




ကောင်းကင်ပြာထဲက ဇင်ယော်တွေ






ရေလုပ်သားတို့အားမာန်







ဆောင်းခိုငှက်တွေ



အင်းထဲကကြာ ခရမ်းပြာ





ဒါကတော့ တနင်္ဂနွေထောင့် က နံပါတ် နှစ်အဆူပါ။ ကျောင်းဆောင်မှာပဲ အမြဲသီတင်းသုံးတဲ့အဆူပါ။



အလိုတော်ပေါက်က နောက်ထပ် တူးဖော်နေဆဲ ဘုရားတစ်ဆူ



အင်းထဲက ပဒေါင်လူမျိုးများ
သူတို့တတ်ကျွမ်းတဲ့ ဘာသာရပ်က အင်္ဂလိပ်စာ တရုတ်စာ မြန်မာနဲ့ ရိုးရာဘာသာစကားတွေဆိုတော့ ကိုယ့်ထက်တောင် တော်နေသေးတယ်။ သူတို့ဝတ်တဲ့ ကွင်းတွေကို ၈နှစ် ၁၀နှစ်နဲ့ ၁၅ နှစ်တွေမှာ သုံးကြိမ်တိတိ ဝတ်ဆင်ရတယ်လို့ ရှင်းပြပါတယ်။ နာလားဆိုတော့ မနာဘူးလို့တော့ ပြောပါတယ် ကွင်းတွေကို မ, ကြည့်တော့ အားပါးပါး အလေးသားကလား။






ရှေ့မှာအကြိမ်ကြိမ် ရောက်ခဲ့ဖူးပေမယ့်။ ဒီတစ်ခေါက်တော့ မရောက်ဖူးတဲ့ အင်းတိမ်ဒေသအထိ ထဲထဲဝင်ဝင်သွားဖြစ်ခဲ့တယ်။

အင်းတိမ်သွားလမ်းတစ်ဖက်တစ်ချက် ရှုခင်း


ဘုရားတွေပေါတဲ့ရွှေအင်းတိမ်










ဘီလူးချောင်းမှသည် အင်းလေးကန်ဆီသို့








အင်းထဲက ရေလုပ်သားတွေ







အပြန်မှာတော့ ခရမ်းချဉ်သီးကိုရေဆေး ငြုပ်သီးမှုန့်နဲ့ ဆီဆားနယ်ပြီး မုန့်လေပွေနဲ့အင်းရိုးရာ စားရင်း အချမ်းဓါတ်ကိုဖြေခဲ့ရတယ်။ ရေပူစမ်းကို ဝင်ချင်ပင်မယ့် တောင်ပေါ်မှာ တစ်ထောက်နားရဦးမှာမို့ ဟင့်အင်းလို့ပဲ ငြင်းခဲ့ရတယ်။ အင်းထဲက မပြန်ချင်သေးဘူးလေ။

နောက်ထပ်ရွှေ့ပါဦးမယ်

15 comments:

khin oo may said...

09, 00:59
kom: ကြည့်လို့သိတ်ကောင်းတယ် ဆိုတာထက် သိတ် လှတယ် လို့ဘဲပြောချင်တာဘဲ။

19 Feb 09, 00:59
kom: အချမ်းထါတိကို ခရမ်းချဉ်သီးနဲ့ဖြေရတယ် လို့ ၊ မဟုတ်တာ။ အရက်နဲ့ပါ

19 Feb 09, 00:58
kom: ဆက်မရေးနိုင်တော့ဘူး အားလုံးလှ နေလို့။ ကြည့်နေတယ်။

19 Feb 09, 00:57
kom: ရွာသားလေးပုံ ကဘယ်မှာလဲ ။ လှချင်လို့။
19 Feb 09, 00:57

kom: ခရမ်းချဥင်္ပုံ မိုက်။။ဖင်ယော်ပုံ သိတ်လှတယ်။ အားမာန်ပါတယ။် (လာနောက်နေတယ် လို့ထင်တော့မှာဘဲ) တကယ်။ ရေလုပ်သားလဲလှ. အင်းလဲလှ. အိမ်လဲလှ.ပန်းလဲလှ

မီယာ said...

ဓါတ်ပုံတွေ အရမ်းလှတယ်... ရွှေအင်းတိမ်ဆိုတာ မကြားဖူးဘူး.. အင်းလေးကို ၂ခါပဲ ရောက်ဖူးတယ်။ ထပ်သွားချင်သေးတယ်။

ThuHninSee said...

မရမ်းသီးကိုတွေ့ရတာ စိတ်ချမ်းသာလိုက်တာ။ ကျေးဇူးပဲ။
တောက်.........မစားရတာကြာပြီကွာ။
မရမ်းသီးကို မုန့်လေပွေနဲ့စားတာ မစားဖူးဘူး။
အဆန်းပဲနော်။

khin oo may said...

ဘီလူးချောင်းနဲ့ ရွေအင်းတိမ် က အမြင်ဆန်းတယ်။ တွေ့ရခဲတယ်။

Anonymous said...

အရမ်းကိုလှပါတယ် ငေမော တွေးတော ..........

ဗီလိန် said...

ကောင်းလွန်းတယ်ဗျာ။ တကယ်ကြီးရယ်ပါ။

sait phay yar said...

မကျေနပ်ဘူး
လုံးဝမကျေနပ်ဘူး
သီချင်းဆိုနေတာမထင်နဲ့ မြန်ကိုလွမ်းလို့
ဒါဘဲ

လင်းဒီပ said...

ပင်းတယ..အင်းလေး..ရွှေအင်းတိမ်..ဘယ်လိုဆက်ရွေ့မှာလဲ..ရွာသားရေ...
ဘယ်ရွေ့ရွေ့လိုက်ချောင်းမှ..ဘာတွေဆက်ဖြစ်လဲလို့..:P

Phyo Evergreen said...

ကိုရွာသားရေး ဓာတ်ပုံတွေတကယ်လှပါတယ်..။ ရိုက်တဲ့သူလည်းတော်လို့ပါ...။ ရှမ်းပြည်ကိုလွမ်းသွားတယ်...။

Unknown said...

အင်းလေးကန် အရှေ့ခြမ်းက ပါနွေးဆိုတဲ့ ရွာလေးက
အဖေ့ရဲ့မွေးရပ်မြေပါ ၉ တန်းကျောင်းသားဘဝက တစ်ခေါက်ရောက်ဖူးတယ် အင်းလေးကန်ကြီးထဲကို လှေနဲ့သွားပြီးရေချိုးရတာအရမ်းပျော်ဖို့ကောင်းတယ်
အဲ့ဒိအချိန်လေးတွေကိုပြန်သတိရတယ်............

Thinzar said...

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အင်းထဲ ရောက်ခဲ့သေးတယ်။ သဉ္ဖာလည်း ဒီတစ်ခေါက် ခေါင်တိုင်ဘက်က ဆင်းတာ။ အင်းတိမ်လည်း ရောက်တယ်။ အဲဒီချောင်းလဲ တွေ့ခဲ့တယ်။ ဘီလူးချောင်းဆိုတာတော့ အခုဖတ်မိမှ သိတာ။ ပုံလေးတွေ အရမ်းလှတယ်။

RePublic said...

ပုံတွေက လှလိုက်တာ ၊၊

ရွှန်းမီ said...

ပုံကောင်းတွေ အများကြီးထဲက အင်းထဲကရေလုပ်သားတွေ ပုံ၃ ကို ငေးနေတာ။

Chan Soe Win said...

ပုံလေးတွေ အရမ်းလှတယ်။

တစ်ခုပဲ။ ရေလုပ်သားတို့အားမာန် ဆိုတဲ့ပုံတွေထဲက လူတွေက ရေလုပ်သား(တံငါသည်) တွေ ဟုတ်ဟန်မတူဘူး။ ရေမှော်ဆယ်မလို့ ပြင်နေတာ။ ဆယ်ရတဲ့ရေမှော်တွေကို ကျွန်းမျောပေါ်ဖို့ပြီး ခရမ်းချဉ်သီး အစရှိသဖြင့် စိုက်ကြတယ်။ ရေခြံလုပ်သားဆိုရင် ပိုမှန်မယ်ထင်တယ်။

Unknown said...

မှန်တယ် နောက်တကွက်က တောင်ကြီးဖက်
မရောက်ဖူးလို့  သေ၂ချာ၂ကြည့်သွားတယ်
ခရမ်းချဉ်သီးကိုမြင်တော့ သုပ်စားချင်သွားတယ်
ဇင်ယော်လေးတွေမြင်တော့ ယောနသံဇင်ယော်ကို သတိယတယ် (အစာကျွေးချင်တယ်) အဲ့ ကြာပန်းလေး တွေက သင်း၂လေး မွှေးတယ် ဘုရားပုံတွေ ဖူးရလို့  အရမ်းကို ကျေးဇူးတင်တယ် မောင်ရွာသားကို အင်းထဲက ရေလုပ်သားတွေ ခြေထောက်နဲ့ လှေလှော်တာကို အရမ်းအံ့သြမိတယ် သိပ်တော်တာပဲ
ရောက်ဖူးချင်တယ် (တောင်ကြီးကားလမ်းကိုတော့ ဆိုးလွန်းလို့  စိတ်ပျက်မိတယ်)
လာပြန်ပြီ မုန့် လေပွေ သိပ်နှိပ်စက်တာပဲကိုးကွယ့် တို့ တော့ ကြိုက်လို့ ကို မုန့် လေပွေသုပ်ကိုစားတယ် အချမ်းဓါတ်ဖြေတာ မဟုတ်ဘူး (၂ ခါရှိပြီ မုန့် လေပွေပါတာ ဒီတခါပြန်ရင် ၀ယ်ကိုဝယ်ခဲ့ရမယ်ဒါပဲ)