01 November 2009

နောင်နှစ်နှစ် မတိုင်ခင်မှာ……….

နောင်နှစ်နှစ်မှာ ကမ္ဘာပျက်တော့မယ်တဲ့….

ဘယ်သူပြောတာလဲ။ ဘာတွေလဲ။

ကျနော်စောင့်နေတာလည်း နောင်နှစ်နှစ်အတွက်ပဲ။ ကျနော်နေခွင့်ရခဲ့တာလည်း နောင်နှစ်နှစ်တည်းအတွက်ပဲ။ နောက်နှစ်နှစ်ပြီးရင် ကျနော့ ကမ္ဘာ မရှိတော့ပါဘူး…

ဒါပေမယ့် နောင်နှစ်နှစ် အထိမစောင့်လိုက်ရပါပဲ ကျနော့ကမ္ဘာ ပြိုပျက်သွားခဲ့တာ။ ဝုန်းခနဲမြည်လိုက်သလား ဟင့်အင်း ဘာသံမှကို မကြားလိုက်ရဘူး။ တိုးတိုးလေးကြားတဲ့ အသံတစ်ခု…မဖြစ်နိုင်ဘူး..ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

နှစ်နှစ်တာကာလပြီးရင် ကျနော့ကမ္ဘာပျက်မယ်ဆိုတာ ကျနော်ကြိုသိနေခဲ့ရတယ်။ မတွေးချင်ဘူးဆိုတဲ့အသိနဲ့ ခေါင်းကိုယမ်းလိုက်တိုင်း ပါးနှစ်ဖက်မှာ မြစ်တွေဖြစ်ဖြစ်သွားတယ်။ ဒီကမ္ဘာကို စတည်ဆောက်ခဲ့ကတည်းက ပြိုကွဲဖို့မှ မဟုတ်ခဲ့တာ။ ကြိုသိတဲ့နောက် နေ့နေ့ညညတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ။ အနားက တစ်စုံတစ်ခုကိုလှမ်းဆွဲဖို့ ကြိုးစားတယ်။ ကံဆိုးတယ် ရေနစ်သူ ဝါးကူလို့ထိုးတတ်တယ် မဟုတ်လား….

သေမှာကိုကြောက်လို့မဟုတ်ပါဘူး။ သေခြင်းကို ရင်ဆိုင်ဖို့အသင့်ပြင်ပြီးသားပါ။ ဒါပေမယ့် နှလုံးသားစိတ်အလိုကိုတော့ မထိန်းချုပ်နိုင်ခဲ့ဖူး။ တရားကိုလက်ကိုင်ထားပေမယ့် နှလုံးသားတရားကို နာကြားဖို့ချည်းဖြစ်ဖြစ်နေပြန်တယ်။

အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ကမ္ဘာမပျက်ခင်မှာပဲ ကျနော်သေပါရစေလို့။ ဘာဖြစ်လို့လည်းဆိုတော့ မခွဲခွာနိုင်လို့ပါပဲ။ ဘယ်အရာကိုမှ မစွန့်လွှတ်နိုင်လို့ပါ။ ပုထုဇဉ်ပီပီ ကိလေသာ အမိုက်မှောင်မှာ ချောင်ကြိုက်နေတုန်းလေ။ ဖြစ်နိုင်ရင် အလိုချင်ဆုံးဆုက အဲ့ဒီနှစ်နှစ်တာကာလ မတိုင်ခင် ကျနော်ဒီကမ္ဘာပေါ်က ပျောက်ဆုံးသွားဖို့ပါပဲ။

အခုတော့ အချိန်မစေ့ခင် ကမ္ဘာက ပြိုနှင့်ခဲ့ပြီ။ ကမ္ဘာပြိုပြီဆိုမှတော့ ကျနော်အသက်ရှင် ကျန်ခဲ့ပါဦးတော့မလား။ မပြိုခင်ကတည်း ဆုတောင်းပင်မယ့် ဆုတောင်းကလည်း မပြည့်ဝခဲ့။ အင်းလေ ဆုတောင်းတိုင်း ပြည့်တယ်ဆိုတာကလည်း ရှားပါးဘိချင်း။ တောင်းခဲ့ဖူးတာပေါ့ ဆုတွေ အသက်နဲ့တွက်စစ်ရင်တောင် အသက်ရဲ့ အဆပေါင်း အထောင်အသောင်း။ ဘယ်နှစ်ခုများ ပြည့်ဝခဲ့ဖူးသလဲ။

အချိန်ရရင် ဘာတွေပြင်ဆင်မိမလဲ။ သေချာတယ် ကျနော်ဘာကိုမှ ပြင်ဆင်မိမှာ မဟုတ်ဘူး။ ကျနော်လုပ်ချင်တဲ့ အကြောင်းအရာတစ်ချို့ကို လက်ကျန်ဆယ်ရက်နဲ့ကျနော်ဆိုတဲ့ ပို့စ်လေးမှာ ရေးခဲ့ဖူးပါတယ်။ တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာ ဘယ်သူက ဆန်းစစ်ပေးမတဲ့လဲ။ ကမ္ဘာပြိုပြီဆိုမှတော့ ဒီအရာတွေကို ဘယ်သူမှ လှည့်ကြည့်နိုင်တော့မှာ မဟုတ်ပါဘူး။

မေးခွန်းတွေ ဒီမေးခွန်းတွေကို ဖြေဖို့ အင်အား ကျနော့မှာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာကို ကျနော့နောက်ဆုံးထွက်သက်နဲ့ ရေးနေရလို့ပါ။ ဖတ်ရတာ အဆင်မပြေဘူးဆိုရင် ကျနော်တောင်းပန်ပါတယ်။ သေခါနီးကမှူးရှူးတိုးရေးတာမို့ သွေးပျက်နေတာကို အတိုင်းအသားမြင်ရမှာမို့ပါ။ စာအဆင်ချောဖို့ အကြောင်းအရာအဆင်ပြေဖို့….ဘာကို မှ မတွေးဆနိုင်တော့ဘူး။ အသိဥာဏ်လေးရှိနေတုန်းမှာ ဖျတ်ခနဲပေါ်တာလေးတွေ ရေးပါရစေ………

အားလုံးဟာ ဖြစ်တတ်ပျက်တတ်စမြဲပါ။ ဘယ်တော့ပျက်မလဲဆိုတာကို စောင့်နေရတာ ကျနော့ဘ၀တစ်ခုပါ။ ပျက်လာခဲ့ရင် ခံနိုင်ရည် မရှိဖို့က ရှစ်ဆယ်ရာခိုင်နှုန်းလောက်များပါတယ်။ တရားမချပါနဲ့ ကျနော်တရားမရနိုင်ပါဘူး။ ကျနော်လည်း ဘယ်သူ့ကိုမှ တရားမချပါဘူး။ ကိုယ်တိုင်တရားမရနိုင်တဲ့နောက် ဘယ်သူ့ကို ဖြေသိမ့်ပေးနိုင်မှာတဲ့လဲ။

ဖြစ်နိုင်လား မဖြစ်နိုင်လား စိတ်ပူနေတဲ့သူတွေကိုလည်း တစ်ခုတော့ ဆိုခဲ့ချင်ပါတယ်။ ကျနော်တို့ဘာသာတရားအရ နောင်ဘုရားတစ်ဆူပွင့်ဖို့ ကျန်နေပါသေးတယ်။ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်မယ့် ဘုရားမတိုင်ခင် ကမ္ဘာ ပျက်မယ်ဆိုတာတော့ မဖြစ်နိုင်လောက်ဘူးလို့တော့ ယူဆမိပါတယ်။ ဒီအချက်ကလည်း ကွဲလွဲနိုင်ပါတယ်လေ။

နောင်နှစ်နှစ်မတိုင်ခင် ကျနော့ကမ္ဘာက ပြိုနှင့်ခဲ့တာမို့ နောင်နှစ်နှစ်ကို ကျနော်မရောက်မသိ မရှိနိုင်တော့ပါဘူး။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ကျနော်ဒီကမ္ဘာနဲ့အတူ လိုက်ပါ ပျောက်ဆုံးသွားပါတော့မယ်။ နောင်နှစ်နှစ် အထိ အားလုံးနဲ့အတူ မစောင့်နိုင်တဲ့အတွက်တော့ အပြစ်မတင်ကြလောက်ပါဘူးနော်…………..

31 comments:

Rita said...

မြန်တာ
တခု ဖတ်မပြီးသေးဘူး နောက်တစ်ခု လာပြီ။

သက်ဝေ said...

ဒါက ဘာသဘောလဲ...
စိတ်တွေညစ်အောင် မလုပ်နဲ့နော်... ဒါပဲ...

အချိန်ရရင် ပိုစ့် အသစ်တခု လာဖတ်လှည့်...

Rita said...

သွားနှင့်ပါလေ။
နောက်က လိုက်ခဲ့ပါမယ်။
:D

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဒီလိုအတွေး ဆန်းလေးနဲ့ စာဖတ်သူကိုဖမ်းစားသွားတာ
သိတ်ကြိုက်တာပဲဗျာ...

pandora said...

စဉ်းစားစရာဖြစ်အောင် ရေးသွားတယ် ရွာသားလေး
တချို့တွေကတော့ နိမိတ်မရှိ လို့ ပြောဦးမယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာသစ်လေးတွေက တစ်ခုပြီးတစ်ခု ရှိနေမှာ။ သံသရာမဆုံးမချင်းပေါ့။

khin oo may said...

စာရေးတတ်လို့ရေးတယ်လို့ဘဲထင်ပါရစေ.။ တစ်ကယ် မဖြစ်ပါစေနဲ့။

အိန္ဒြာ said...

ရွာသားလေးရေ...

၂၀၁၂ မှာ ကမ္ဘာပျက်မပျက်ထက် လက်ရှိ ကမ္ဘာကွက်ကျားပျက်နေတဲ့ခေတ်ကြီးထဲမှာ

တစ်မျိုးထူးခြားနေတဲ့ ရွာသားလေးရဲ့ ကမ္ဘာပျက်ခြင်းကို လေးလေးနက်နက် ဖတ်သွားပါတယ်..။

တခုတ်တရဖြေထားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရွာသားလေးရေ

Kmhoo said...

ဘာတွေဖြစ်နေသတုန်းကရွာသား
အမြီးနားမလည်နိုင်တော့ဘူးရယ်တော်
အားတင်းထား
ကမ္ဘာပျက်ရင်လဲကောင်းတာပဲ
အကုန်လုံးတူတူနောက်ဘ၀ကူးကြရတာပေါ့
ကရွာသား.ဘာဖြစ်..စိတ်တွေညစ်?
နေမကောင်း?
ရေးထားတာတော့ရှယ်ကောင်းဗျား

Kmhoo said...

ဘယ်ဖက်ထောင့်ကသီချင်းလဲရှိတော့ဘူး
ပျောက်သွားပြီ:(

ကိုလူထွေး said...

ရေးထားပုံများကောင်းချက်ဗျာ...
တကယ်ကြီး ဖြစ်နေတယ်လားကျလို့...
စောစောစီးစီးသွားတော့လည်း အနည်းဆုံး ဆွမ်းသွပ်ပေးမယ့်သူတော့ ကျန်တာပေါ့လေ...

ကောင်းကင်ပြာ said...

ဂယ်မသွားဘူး မို့လား၊ အလကား အလကား သွားတာမို့လား.. မနောက်နဲ့နော်၊

myaminhtin said...

နှစ်နှစ်ကြာရင် ကမ္ဘာပြိုမယ် ကြိုသိထားတယ်ဆိုမှတော့ စိတ်ထဲမှာ လက်ခံနိုင်ပြီးသားအရာတစ်ခုလို့ ယူဆလိုက်မယ်နော်။ နဂိုမှန်းထားတဲ့အချိန်ထက် နည်းနည်းလေးစောပြီး ဖြစ်လိုက်တာပဲရှိတာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် မလွဲမသွေဖြစ်မယ့်ကိစ္စမို့  စောစောပြီးသွားတာ ပိုကောင်းတယ်လို့ ပဲပြောပါရစေ။
အချိန်တွေအများကြီးပေးပြိးတည်ဆောက်ထားတဲ့ ဒီ blog ကိုရော၊ ဝေဒနာတွေကိုဝေမျှကြတဲ့ မိတ်ဆွေဆွေကိုရော နောက်ပြီး ကိုယ့်ကိုယ်တိုင်ရဲ့ တန်ဖိုးကိုပါ ထည့်သွင်းစဉ်းစားလိုက်ပါဦးလို့ ။

မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ပါစေဗျာ။

Mogok Thar said...

အင်း ကိုရွာစားကတော့ြဲပည်သူ့မေတ္တာ တော်တော် ခံယူချင်တာကိုး။ လူတိုင်းကတော့ သူ့ကမ္ဘာ သူ့ဘာသာ တစ်နည်းနည်းနဲ့ ပျက်နေတတ်ကြတာပါပဲဗျာ။
နှုတ်မဆက်နဲ့ ငိုချင်တယ်

hmwe said...

အချစ်ကထားခဲ့ လို့ 
ကမ္ဘာပျက်သွားတာလား
မဟုတ်လောက်ပါဘူး နော်

ဒါမှ မဟုတ်
သံရုံးမှာ ၂နှစ်ခွဲစာ အခွန်သွားဆောင်လိုက်ရ
လို့ လား ????? ha ha ha

တန်ခူး said...

အမှန်အတိုင်းပြောရရင် ဒီပို့ စ်က ဘာကိုဆိုလိုတယ်ဆိုတာ အမတကယ် နားမလည်ဘူးရွာသားရေ…
ဘာပဲဖြစ်ဖြစ် စာရေးကောင်းတဲ့ ဘလော့ဖော်တယောက် စာတွေ ဆက်ရေးတာတော့ မြင်ချင်မိတယ်… အစစ အဆင်ပြေပါစေ

ခရေညို said...

ဖတ်ပြီး စဉ်းစားလိုက်အုန်းမယ်

WWKM said...

ရွာသားရေ..

အန်၊ညော၊င်၊ ဟာ၊ဆေ၊ယို
ဂျောနုန် ၀ါဝါယယ်ယို.

ဆာယိုနာရ... တာ့တာ.. ဘိုင်းဘိုင်.. ဆိုက်ကျင့်....
အညော်...:P
ချုံမိုင်းဘယာနဲယော(တကယ်စိတ်မကောင်းဘူး)
{သင်ပေးထားတာ ပြန်လည်အသုံးချသွားပါသည်။} :D


ဒီလောက်တောင်နှုတ်ဆက်ချင်နေတာ သွားတော့ ပြန်မလာနဲ့။း)))))))))

ကိုရုပ်ဆိုး said...

ရောက်ရှိ၊ ဖတ်ကြည့်၊ heart ထိ ....
ထို့ကြောင့် ......
ကျွန်ုပ် ... မှတ်မိအောင်
၂-ထပ် တိတိ ရပ်ကြည့်သွားပါသည်။

အပြုံးပန်း said...

puzzle လုပ်ပြန်ပြီ။
(ဗမာလိုရေးမလို့ဟာ ပဟေ... ပြီးတော့ အနောက်က စာလုံး ရှာမတွေ့လို့)

မီယာ said...

ရွာသားရေ... နောက်စရာ မဟုတ်ဘူးနော် လူကြီးတွေ စိတ်ပူအောင် လုပ်ပြန်ပြီလား :D

may said...

တို့ သိထားတဲ့ ရွာသားလေးကတော့ ကမ္ဘာ မပျက်ခင် သက်တမ်းရှိသလောက် တည်ရှိနေမှာပါ
တခါတလေ စိတ်အနှောက်အယှက်ဖြစ်စရာကြုံလို့ 
ဒီလိုခံစားရတယ်ဆိုရင် စိတ်လေးအမြန်ကြည်လင်လို့ 
ပျော်ရွှင်ပါစေ လိုရာဆန္ဒတွေ ပြီးပြည့်စုံပါစေလို့  ဆုတောင်းပေးနေပါတယ်
ကျားယို ရွာသားလေး
အဂျာအဂျာဖိုက်တင်း ရွာသားလေး
အားတင်းထား အမောင်ရွာသား
This too will pass

ကမ္ဘာပေါ်မှာ ကိုယ့်ထက်ဆိုးတဲ့လူတွေ ရှိနေသေးတယ်လို့ သာ တွေးလိုက် အရမ်းနေပျော်သွားပါလိမ့်မယ် အားတင်းထား ဘ၀ကိုရှေ့ ဆက်ဖို့ အတွက်
တတောင်ပေါ် တတောင်ဆင့် တောင်အမြင့်ပတ်ကာရံ
တတောင်ဆုံးပြန်တော့ နောက်တတောင် ကျန်သေးတာမို့  -------- ဆိုတဲ့ ငယ်၂ကသင်ခဲ့ဖူးတဲ့ ကဇာလေးကို ပြန်အမှတ်ယပြီး အားတင်ပါ

may said...

ကဗျာ လို့ ပြောတာ ကဇာဖြစ်သွားတယ်

reenoemann said...

အကို ပိုစ့်အဖြစ်လို့ပဲ သက်မှတ်လိုက်ပါ့မယ်ဗျာ။

တကယ်ကြီးတော့ မလုပ်လိုက်ပါနဲ့။

စိတ်အရမ်းညစ်နေရင်လဲ ခဏလောက်တော့ အနားယူလိုက်ပါ။

မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့လို့ပဲ ခဏခဏ ဆုတောင်းနေမိတယ်အကို။

အကိုနောက်နေတာပါ။ ဟုတ်တယ်နော် ဟုတ်ပါတယ်။

အကယ်ကောင်းတယ်။ ဖတ်ရတဲ့ လူကို အရူးလုပ်နိုင်တဲ့ စာရေးကောင်းတဲ့ ကလောင်ကောင်းတလက်ပါ။

ခင်တဲ့ ရီနို

JulyDream said...

သွားနှင့်လေသူကြီးရေ အဆင်ပြေပါစေ... =)

ကျွန်တော်လည်း နီးနေပါပြီ။ ဒီလိုပါပဲလေ။

မောင်မျိုး said...

labels - TAG တဲ့ စိတ်ပူမိလို့ အရှည်ကြီးမန့်ထားပြီးမှ စိတ်တိုတိုနဲ့ ပြန်ဖျက်သွားတယ်း(

ကလောင်ကထက်ထက်လာတော့ ဖတ်သူရင်ကို လာလာထိပါတယ် နည်းနည်းတော့လျှော့ ၅ မူးဖိုးလောက်ဖြစ်ဖြစ် ။

ကြည်ဖြူပိုင် said...

ကိုရွာသား
လက်ကျန်ဆယ်ရက်ပို့စ်ထဲကလိုလုပ်နေတာလား
ပဟေဠိတွေနဲ့ပရိသတ်ကိုထားခဲ့တာလား
???????????????????????
any way
be happy

ဂရေစ့် said...

After reading this post, I feel so sad. I worry something because I understand that u use to write a piece of story in ur life. Whatever I want to make conversation with u. that's why I try to contact u. but I fail. It make me more worry. If u r ok, pls accept ph call.

ဂျူနို said...

တူမောင် ရွာသားရေ
ရောက်ရာ အရပ်မှ အမြန် ဆက်သွယ်ပါ။

ဦးလေးလည်း စိတ်ပူနေတယ်။
အားလုံး စိတ်တိုင်းကျ ဖြစ်စေရပါ့မယ်။
မှားခဲ့တာလည်း ခွင့်လွတ်ပါတယ်။

ဒေါ်လေး အယ်ဇီ

hmwe said...

အကို
တခုခုတော့ ထပ်ရေးဦးလေ
စိတ်ညစ်ရင်လဲ စိတ်ညစ်တဲ့ အကြောင်းပေါ့
သိပ်စိတ်ညစ်ရင် ခရီးထွက်လဲ ကောင်းတာပဲ
တယောက်ထဲ အိမ်နဲ့  အလုပ်ထဲမှာ နေရင် ပိုဆိုးနေမှာ စိုးလို့ ပါ။

အစစ အဆင်ပြေပါစေ။

ကောင်းကင်ပြာ said...

ဘလော့ လေးဟာ ဘ၀ပါ၊ ဘလော့လေးကို မခွဲနိုင်ဘူး၊ မရေးပဲ မနေနိုင်ဘူးဆို.....ခုတော့.....း(

purplemay said...

အချိန်မစေ့ခင် ပြိုသွားတဲ့ကမ္ဘာမှာ ဘာတွေရှိခဲ့လဲ...ဘယ်လိုမျိုးလေးလဲ သိချင်မိတယ်....။
ဒါလေးဖတ်ပြီး ကိုယ့်မှာကော ကိုယ့်ရဲ့ကမ္ဘာရှိရဲ့လားလို့ တွေးမိသွားတယ်...။
အစ်ကိုရေ...ဖတ်လို့အရမ်းကောင်း...:)