25 November 2013

စိမ်းလန်းသာယာသောမြေ ဂိုဝ (၂)


ဂိုဝတဖက်ကမ်းကို ရောက်တဲ့အခါ သန့်ရှင်းသပ်ရပ်တဲ့မြို့ကို ပထမဆုံး သတိထားမိတယ်။ ဖြတ်ခဲ့ဖူးတဲ့ အိန္ဒိယက မြို့တွေထဲမှာ အတော်ကို သန့်ရှင်းတယ်လို့ ပြောနိုင်တယ်။





အစိုးရရုံးတွေဖြစ်ပုံရတဲ့ အဆောက်အဦးကို  အဆင့်ဆင့်ဖြတ်ပြီး ပထမဆုံး ဗိုက်ဖြည့်ဖို့ကိုသွားရှာတယ်။ ကျနော့သူငယ်ချင်းက ဆိုင်ကောင်းကောင်းကို သူများတွေညွှန်းတာ သူဖတ်ထားဖူးတယ် အဲ့ဒီဆိုင်ကိုရှာမယ်ဆိုပြီး ရှာကြတယ်။



ဆိုင်ကိုရှာနေတဲ့ လမ်းမှာ တွေ့ရင်မြင်ရာ ရိုက်ထားတာလေးကိုလည်း ပြချင်တယ်။ 





ကမ်းနားလမ်းရဲ့ ရှုခင်းပါ


သစ်သီးဆိုင် အခင်းအကျင်းဟာ အရောင်များနှင့်စကားပြောခြင်း

လှေကားထစ်လေးတွေနဲ့ လမ်းကြားလေးတခု




ဆိုင်ကို တွေ့တော့ ဆိုင်က အပေါ်ထပ်ကို ထပ်တက်ရတယ်။ အဝင်ဝမှာကတည်းက ကြက်ဖပုံဟာ အတိုင်းသား။ စားချင်တဲ့ အရာတွေကို မှာပြီးတဲ့အခါ ဆိုင်ဝန်းကျင်ကို စနည်းနာတယ်။














ဆိုင်က အနောက်ဖက်ကို ရှည်ထားတဲ့ပုံစံ။ ဆိုင်ထဲမှာ ခင်းကျင်းထားတဲ့ပုံစံက စိတ်ဝင်စားစရာပါ။ ဘားကောင်တာက အတွင်းထဲမှာ။ ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကျနော့ကို ဆိုင်က မန်နေဂျာက သူတို့မှာ ပြင်ဆင်ထားတဲ့ နောက်ထပ်အခန်းတခု ရှိသေးတယ်လို့ ချဉ်းကပ်ရင်းပြောလာတယ်။ မင်းစိတ်ဝင်စားမယ်ဆိုရင် တံခါးဖွင့်ပေးမယ်တဲ့။ 


အခန်းတွေရဲ့ ဖွဲ့စည်းပုံဟာ သေသပ်လို့နေတယ်။ ဘယ်သူက ဒီဇိုင်နာလည်းဆိုတော့ သူတို့သူဌေးတဲ့။

မှာထားတာတွေ ရောက်လာတဲ့အခါ ရိုက်လက်စနဲ့ စားစရာတွေကိုပါ တွဲရိုက်လိုက်တယ်။ 

ပြည်ကြီးငါးကြော် 




ပုဇွန် အုန်းနို့ချက်



စားလို့ကောင်းတဲ့ ငါးကင်



အချိုတည်းစရာ ရေခဲမုန့်နဲ့ ရိုးရာကိတ်


ဒါက အဆာစားပြီး အစာကြေဖို့ အစာပိတ် စမုံစပါး











ဗိုက်ပြည့်ပြီဆိုတော့ ဘယ်ကိုသွားမလဲပေါ့။ ဂိုဝမြို့ရဲ့ ပထမဆုံးသော ဘုရားကျောင်းကို ရွေးဖြစ်တယ်။ Our Lady of the Immaculate Conception Church လို့ခေါ်ကြတဲ့ ဘုရားကျောင်းပါ။ နေရောင်အောက်မှာ ဖွေးဖွေးဖြူနေပြီး ရှုချင့်စဖွယ် လှေခါးပုံဆန်းနဲ့ သူဟာ ခရီးသွားတွေအားလုံးကို ညှို့ငှင်လို့နေတယ်။



အပြင်ကနေပဲဓါတ်ပုံတွေရိုက်နေရင်း တချက်တွေးမိတယ်။ ဒီဘုရားကျောင်းရဲ့ အလှဟာ ရိုးစင်းမှုပဲလို့။ 











အပြန်မှာ ဖယ်ရီကိုပဲ စီးရင်း ပြန်ခဲ့တယ်။ ဒေသခံတွေနဲ့ အတူ ဘတ်စ်ကားကိုလည်း တိုးဝှေ့စီးခဲ့သေးတယ်။
သူတို့က အထူးအဆန်းဖြစ်ကိုယ့်ကို ကြည့်နေပုံဟာ တချိန်တုန်းက ရန်ကုန်မှာ နိုင်ငံခြားသားခရီးသွားတွေကို ကြည့်ခဲ့ဖူးသလိုမျိုးလို့ စိတ်ထဲမှာ ခံစားလာမိတယ်။ 

ဂိုဝဟာအိန္ဒိယရဲ့ သုခဘုံနိဗ္ဗါန်ပါ။ ချမ်းသာတဲ့ မိဘတွေဟာ သားသမီးတွေကို ဒီနေရာ အပျော်အပါးလာရောက်ဖို့ အိမ်ရာတွေ ဝယ်ပေးထားကြတယ်လို့ တက္ကစီဆရာက ပြောလေရဲ့။ ဟုတ်မှာပါပဲ ကျနော်တို့ ပြန်ဖို့ မနက်လေးနာရီထတော့ လမ်းပေါ်မှာ ပါတီပြန်လူငယ်တွေဆိုတာ လမ်းတွေတိုင်းမှာ ကိုယ်စီရှိလို့။ ကားကောင်းကားလှတွေနဲ့မို့ ချမ်းသာတဲ့ လူ့မလိုင်တွေ နေတဲ့ အရပ်ပါလားလို့ တွေးမိတယ်။

















ဂိုဝကနေ Air India ကိုစီးပြီး မဒရပ်ဆိုတဲ့ အရပ်ကို ကျနော်တို့ သွားကြပြန်တယ်။ လိုက်ခဲ့မယ် မဟုတ်လား... 

No comments: