မဒရပ်ကို
သမိုင်းထဲမှာ အကြိမ်ကြိမ် အလီလီကြားဖူးတယ်။ မဒရပ်ဟာ ချနိုင်း၊ ချနိုင်းဟာ မဒရပ်လို့
အဲ့ဒီကို ခြေချမိတော့မှပဲ သိတော့တာ။ မဒရပ်ဟာ ဘင်္ဂလားပင်လယ်ဝမှာရှိတဲ့မြို့မို့ BOB သီချင်းတွေ
ပြန်လည်ညည်းဆိုစရာပါပဲ။ ဂိုဝကနေ မဒရပ်ကို သွားဖို့ အိန္ဒိယလေကြောင်းလိုင်းနဲ့ပါ။ တယောက်ကို
ယူအက်စ် ၄၈ ကျပ်ကျပါတယ်။ လေယာဉ်မယ်ခေါင်းဆောင် အမျိုးသမီးက ခလေးတွေအပေါ်မှာ အတော်လေး
စိတ်ရှည်တာတွေ့ရတယ်။ ဆာရီလိမ္မော်ရောင်လေးနဲ့ သူမို့ပြုံးလိုက်ရင် အသက်ဝင်ပါပေရဲ့။
လေဆိပ်ကိုရောက်တဲ့အခါ
ပထမဆုံး ကျနော်တို့ ရှာတာက ခရီးဆောင်အိတ်တွေ အပ်ထားဖို့ပါ။ မဒရပ်မှာ ညအိပ်ဖို့ အစီအစဉ်မရှိဘူး။
ညကိုးနာရီ လေယာဉ်နဲ့ ဘင်္ဂလောကို ပြန်တက်ရမယ်။ ခရီးစဉ် တခုလုံးမှာ ဒီတခုပဲ အလွှဲအချော်နိုင်သွားတယ်။
တကယ်ဆို ဘင်္ဂလောကို မပြန်တော့ပဲ ချနိုင်းကနေ တိုက်ရိုက်ပြန်သင့်တယ် မဟုတ်ပါလား။ မှားတဲ့အခါလည်း
မှားပေမပေါ့။
ခရီးဆောင်အိတ်အပ်ပြီးတဲ့အခါ
ကင်မရာအိတ်ကိုယ်စီဆွဲပြီး ပြန်ထွက်လာကြတယ်။ ကားဆရာတွေတောင်းတဲ့စျေးတွေက သိပ်များပါလား။
နောက်ဆုံး စစ်အတွင်းက ကားလို့ထင်ရတဲ့ ကားကိုပဲငှားလိုက်တယ်။ အဲကွန်းမပါဘူး။ မြန်မာပြည်က
တက္ကစီစီးနေကြမို့ ဒီလောက်ကတော့ အေးဆေးပါ။ ကားဆရာက သူ့လုပ်သက် ၁၅နှစ်ကျော်ပြီဆိုလို့
ဘာကြောင့်များ လာကြေငြာနေသလဲမှတ်တာ တကယ်တမ်း လမ်းတွေမှာ ဂျက်လေယာဉ်မောင်းသလို ဝေါခနဲမောင်းတာတွေ့မှ
ဘုရားတရင်း တယ်ဟုတ်ပါလားလို့ သက်ပြင်းချရတယ်။ ကိုယ့်လမ်းကို မမောင်းပဲ တခြားလမ်းတွေကို
မြွေလိမ်မြွေကောက်မောင်းရတဲ့မြို့။ စည်းကမ်းတော့မသိဘူး မောင်းချင်သလိုမောင်းနေကြတာပဲ
တွေ့ရတယ်။
ကားတွေတင်ပဲလားဆိုတော့
မဟုတ်သေးဘူး မြို့ထဲက ရေမြောင်း၊ မြစ်ချောင်းတွေရဲ့ အနံ့အသက်တွေ။ မရောက်ခင် နှစ်မှတ်တိုင်လောက်အလိုကတည်းက
ပုတ်အဲ့အဲ့အနံ့ကိုရတယ်။ အညစ်အကြေးစွန့်သူတွေဟာ ဒီအတိုင်း မြောင်းရဲ့အပေါ်မှာ၊
စွန့်ပစ်နေတာမို့ မြို့ကြီးအင်္ဂ ါရပ်နဲ့ညီအောင် အတော်လေးပြုပြင်ရမယ်နဲ့ တူတယ်။
မဒရပ်မှာ
ကျနော်တို့ပထမဆုံးသွားတာက ကမ်းနားလမ်းက ခံတပ်ပါ။ တကယ်လို့ သမိုင်းကို စိတ်ဝင်စားသူမဟုတ်ရင်
မသွားပါနဲ့လို့အကြံပြုပါရစေ။ ခံတပ်အဆောက်အဦးက လက်ရှိ စစ်တပ်မြေထဲမှာမို့ ကင်မရာယူသွားခွင့်မရပါဘူး။
ခံတပ်ကို ပြတိုက်အနေနဲ့ ပြုလုပ်ထားရှိပြီး သုံးထပ်အဆောက်အဦးမို့ နှစ်နာရီလောက် အချိန်ပေးရင်
ရပါပြီ။ ဝန်းထဲက ဘုရားကျောင်းကို သွားကြည့်ဖို့ အတော်လေးပတ်ရှာရပါတယ်။ ဘုရားကျောင်းကို
ပိတ်ထားတာမို့ ဝင်ခွင့်မရခဲ့ဘူး။ ခြေညောင်းအောင် ပတ်ပြီးလျှောက်ရတာ မတန်ပဲဖြစ်သွားတယ်။
ခံတပ်ကနေထွက်လာတဲ့အခါ
တုပ်တုပ်သမားတွေက ဟိုကဒီက ဝိုင်းဆွဲကြပါလေရော။ အချိန်မရတဲ့ကြားက သွားလိုတဲ့နေရာဟာ မဟာဘာလီပူရမ်ဆိုတဲ့နေရာပါ။
တုပ်တုပ်နဲ့ နှစ်နာရီကျော်ကျော်လောက်မောင်းရမှာ။ စျေးမေးတဲ့အခါ တုပ်တုပ်ဆရာက ကြည့်ပေးပါလို့ပဲပြောတယ်။
မဟာဘာလီပူရမ်ဟာ
မဒရပ်ဆိုတဲ့နေရာကနေ ကီလို၆၀ဝေးတယ်။ တစ်ရာစုကတည်းက အရှေ့တောင်အာရှကုန်သန်းရောင်းဝယ်ရေး
ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး ခုနှစ်ရာစုနဲ့ ရှစ်ရာစုမှာ အင်ပိုင်ယာ ပါလာဘတ်စ်ရဲ့ ဆိပ်ကမ်းမြို့တော်ဖြစ်လို့နေခဲ့ပြီ။ မဟာဘာလီပူရမ်မှာ သမိုင်းအဆောက်အအုံတွေ အများအပြားကြွင်းကျန်ရစ်တယ်။
အဲ့ဒါဟာ ကျနော်တို့အတွက် အဓိက ဆွဲဆောင်မှုပဲ။
တုပ်တုပ်ဆရာက တကယ့် အထင်ကရနေရာမှာ ရပ်ပေးလိုက်ပါတယ်။ အိန္ဒိယတပြည်လုံးမှာ ဒီကျောက်ထွင်းအနုပညာထက်လှပမက်မောစရာ ကောင်းတာ မရှိတော့ဘူးလို့ ဆိုရလောက်အောင် ခမ်းနားတဲ့နေရာတခုပါ။ နတ်ဒေဝတာတွေကို အစီအရီထွင်းထုထားတာဟာ ကျောက်တုံးနှစ်ခုစလုံးမှာ အပိုအလိုမရှိအောင် ပြည့်စုံနေတော့တယ်။
ဘေးနားက ကျောင်းဆောင်ကတော့ ဗုဒ္ဓဘာသာ အငွေ့အသက်တွေရယ် ဒြွာဝီဒီယမ်မျိုးနွယ်စုတွေရဲ့ လက်ရာတွေနဲ့ ဆောက်လုပ်ထားတယ်လို့ သုတေသီတွေက သတ်မှတ်ထားကြပါတယ်။
ကျနော်တို့လား တောင်ကုန်းပေါ်ကို အသေအချာ တက်ကြည့်တာပေါ့။ အဲ့ဒီကုန်းပြင်မြင့် တဝိုက်က ကျောင်းဆောင်လေးတွေထဲမှာ ဘရာဟကျောက်ဂူကိုလည်း ဝင်တယ်။
ကျောက်ဂူဟာ အနောက်ဖက်မှာ မထင်မရှားရှိနေပေမယ့် သူ့ရဲ့ထူးခြားသေသပ်တဲ့ တိုင်တွေ၊ ငုတ်တုပ်ထိုင်နေတဲ့ ခြင်္သေ့နှစ်ကောင်ရယ်နဲ့ အထဲက ထုလုပ်ထားတဲ့အရုပ်တွေကြောင့် ထင်ရှားတယ်။
နေ့လည်
နှစ်နာရီလောက်ရှိနေပြီမို့ ဗိုက်အတော်ဆာနေခဲ့ပြီ။ သူငယ်ချင်းက ဒီတခါလည်း သူရှာဖွေထားတဲ့
စားသောက်ဆိုင်ကို ချီတက်ပြန်တယ်။ ဆိုင်ရဲ့ အခင်းအကျင်းက အတော်လေး ငွေကုန်ကြေးကြနိုင်မယ်။
အိမ်ရဲ့အပေါ်ထပ် လေဟာပြင်ကို ဓနိမိုးထားတာပဲ။ သိပ်ပြီး ကြီးကျယ်ခမ်းနားတာမျိုးမဟုတ်ပဲ
ဒေသထွက် ပရိဘောဂတွေနဲ့ပဲ တန်ဆာဆင်တယ်။ ရှေးသီချင်းတပုဒ်ကို ဆွေးဆွေးမြည့်မြည့်ဖွင့်ထားတာမို့
မသိရင် အဲ့ဒီခေတ်ပြန်ရောက်သွားသလားတောင် ထင်ရပါတယ်။
သူငယ်ချင်းက ပြည်ကြီးငါးကျော်ကို အတော်ကြိုက်ပုံပါပဲ ဒီမှာလည်း မှာပြန်တယ်။
ကျနော်က လီမွန်ထမင်းနဲ့ ငါးအုန်းသီးဟင်း ကိုမှာစားဖြစ်တယ်။ လီမွန်ထမင်းဟာ ချဉ်ပြုံးပြံုးလေးနဲ့ ငါးဟင်းရဲ့ အအီကို ဖြေနေတယ်။ စားသောက်ဆိုင်တွေမှာထားတဲ့ စျေးထက် အတော့ကို သက်သာပါတယ်။
စားသောက်ပြီးတဲ့အခါ ကမ်းခြေက ဘုရားကျောင်းကို ဦးတည်ကြပြန်တယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းရဲ့ ရှေးအကျဆုံးဘုရားတစ်ခုဖြစ်ပြီး ဒီကမ်းခြေဘုရားဟာ အရင်က ဘုရားခုနှစ်ဆူ ဆိုပြီးထင်ရှားခဲ့တဲ့ ဘုရားတွေထဲက တစ်ဆူပဲဖြစ်တယ်။ ကျန်တဲ့ခြောက်ဆူကတော့ ရေအောက်မှာ တိမ်မြုပ်သွားပြီလို့သိရတယ်။ ၂၀၀၄ ခုနှစ် ဆူနာမီကြောင့် တော်တော်များများပျက်စီးခဲ့ပေမယ့် ပင်လယ်ကမ်းစပ်မှာ ရှိနေတဲ့ ဘုရားဟာ အထိအခိုက်သိပ်မရှိတာမို့ ကိုးကွယ်သူတွေကြား ယုံကြည်မှုတွေပိုမိုလာကြတယ်။
သူတို့နတ်ဘုရား လဲလျောင်းနေပုံပါ
ဒူဂ(ခြင်္သေ့)လို့သူတို့က ခေါ်ပေမယ့် စိတ်ထဲမှာ ကြောင်ရုပ်လို့ပဲ မြင်နေပြီး တိုတိုရိုကို သွားသတိရနေမိတယ်။
ခြံစည်ရိုးပေါ်က နွားရုပ်တွေဟာ အကောင်းအတိုင်းရှိနေစဉ်တုန်းကဆို ဘယ်လောက်များ တင့်တယ်လှပနေမလဲ တွေးမိစေတယ်။
အိန္ဒိယက ပြောင်းဖူးက မြန်မာပြည်က ပြောင်းဖူးလိုပါပဲလား...ပြောင်းဖူးဖုတ်သည်တွေ့လို့ရိုက်ထားတာပါ.
သုံးနာရီခွဲလောက်မှာ လာလမ်းက ပြန်လှည့်ဖို့ဖြစ်လာပြီ။ လေဆိပ်ကို နှစ်နာရီလောက် မောင်းရမှာဖြစ်ပြီး ခုနှစ်နာရီမှာ ချက်ကင်ဝင်ရမှာရယ် အိတ်တွေပြန်ထုတ်ရမှာဆိုတော့ စောစောပြန်ကြတယ်။
အိတ်တွေထုတ်ပြီးမှာ ညစာရယ်လို့ ဟုတ်တိပတ်တိ မစားချင်ကြတော့ဘူး။ လူတွေလည်း ပင်ပန်းနေပြီ ချနိုင်းကနေ ဘင်္ဂလောကို ညကိုးနာရီ၁၅ ဂျက်လေကြောင်းလိုင်းနဲ့ ပြန်မှာပါ။ လေယာဉ်လက်မှတ် တယောက်ကို ယူအက်စ် ၄၈ကျပ်ပဲကျပါတယ်။
ဘင်္ဂလော ဟိုတယ်ကို ရောက်တော့ ညဆယ့်နှစ်နာရီကျော်ပြီ။ နောက်နေ့မနက်ရှစ်နာရီမှာ အလူးအလဲထ မနက်စာစား၊ ကိုးနာရီဟိုတယ်ကနေထွက်ခဲ့ပြီး ကေအယ်မှာ သုံးနာရီ ထရန်စစ်နဲ့ စင်္ကာပူကို သန်းခေါင်ကျော်မှပဲ ရောက်ပါတော့တယ်။ နောက်နေ့မနက် ရုံးပြန်တက်မှာမို့ တက်သုတ်ရိုက်နှင်ရင်း အနောက်ဘက်ကုန်းမြေမြင့်ရဲ့ တောင်ပိုင်းဒေသခရီးစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့တယ်။